Premier League Transfer News

အာဆင်နယ်ကို မပြောင်းရလို့ ဘရိုက်တန်ကို အပြစ်တင်ခဲ့တဲ့ ကိုင်စီဒိုရဲ့ အေးဂျင့်

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းရဲ့ ဦးစားပေး ကွင်းလယ်ပစ်မှတ်ဖြစ်ခဲ့တဲ့ မွိုက်ဆက်စ် ကိုင်စီဒိုအနေနဲ့ အမ်းမရိတ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆန္ဒပြင်းပြခဲ့ပေမယ့်လည်း ကစားသမားရဲ့ အလိုကို မလိုက်လျောဘဲ ဆက်လက်ထိန်းသိမ်းသွားခဲ့တဲ့ ဘရိုက်တန်အသင်း တာဝန်ရှိသူတွေကို အေးဂျင့်ဖြစ်သူက ပြစ်တင်ပြောကြားလိုက်ပါတယ်။

AMEX Stadium ကနေ ထွက်ခွာလိုနေတဲ့ အသက် ၂၁ နှစ်အရွယ် အီကွေဒေါ လက်ရွေးစင်အနေနဲ့ အသင်းဘက်ကို တရားဝင် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် တောင်ပိုင်းကမ်းခြေကလပ်ဘက်ကတော့ ခွင့်မပြုခဲ့သလို နည်းပြ ရောဘတ်တို ဒီဇာဘီကတောင် သူမပါဘဲ ရှေ့ဆက်နိုင်ဖို့အတွက် ပြင်ဆင်ထားခဲ့တာဖြစ်ပြီး တူနီးရှားနွယ်ဖွား ဆွစ်ဇာလန်သား ယာစင် အိုင်ယာရီကို Cover အဖြစ် ခေါ်ယူထားခဲ့တာပါ။

ကိုင်စီဒိုအနေနဲ့ အသင်းပိုင်ရှင် တိုနီ ဘလွန်းမ်ကို လိပ်မူပြီး သူ့ရဲ့ အင်စတာဂရမ်ကနေ တရားဝင် ထွက်ခွင့်တောင်းခဲ့သလို သူ့ရဲ့ ရည်မှန်းချက်နဲ့ အသင်းကိုလည်း စံချိန်တင် ပြောင်းရွှေ့ကြေးရယူဖို့ တိုက်တွန်းရေးသားခဲ့ပေမယ့် အအောင်မြင်ဆုံး အီကွေဒေါကစားသမားဖြစ်ချင်နေတဲ့ အိပ်မက်တွေက ဇန်နဝါရီ Deadline Day မှာ ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

အေးဂျင့်ဖြစ်သူ မာနူယယ်လ် ဆီရဲယားကတော့ “ကမ်းလှမ်းမှုတွေ တရားဝင် ရရှိခဲ့ပြီး မွိုက်ဆက်စ်(ကိုင်စီဒို)အနေနဲ့လည်း လက်ခံခဲ့သလို ရှေ့ဆက်စွန့်စားဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။ ဒါက သူ့ရဲ့ တစ်ဘဝလုံး မက်ခဲ့ရတဲ့ အိပ်မက်မျိုးလည်းဖြစ်ပြီး ဒီလိုအခွင့်အရေးကောင်းမျိုးကို ထပ်ရဖို့ဆိုတာ အနာဂတ်မှာ ဖြစ်နိုင်ပါတော့မလားတောင် မပြောတတ်ပါဘူး”လို့ အာဆင်နယ်ကို မရောက်ခဲ့ရတဲ့အပေါ် ပြစ်တင်ညည်းတွားသွားခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ ကိုင်စီဒိုကို နှစ်သက်တာ မှန်ပေမယ့် ဆောင်းရာသီမှာဖြစ်လို့ ဥရောပပြိုင်ပွဲနဲ့ ချန်ပီယံဆုအတွက် မျှော်လင့်ချက် နည်းသလို တန်းဆင်းဇုန်လည်း ရုန်းစရာမလိုတဲ့ ဘရိုက်တန်လို အသင်းမျိုးကနေ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ခဲ့တာကြောင့် ကမ်းလှမ်းခဲ့တာဖြစ်ပြီး သူတို့ရဲ့ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ဘဲဖြစ်ခဲ့ရပါတယ်။

နွေရာသီမှာ လူသစ်ခေါ်ယူမယ်ဆိုရင်တော့ အာဆင်နယ်တို့အနေနဲ့ ပိုမိုကောင်းမွန်ပြီး ပြည့်စုံတဲ့ ကစားသမားတွေကို ရှာဖွေနိုင်ခွင့်ရှိနေပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒက်ကလန် ရိုက်စ်ရဲ့ ရောက်လာချင်နေတဲ့ ဆန္ဒကြောင့် သူ့ဘက်ကို လှည့်သွားဖို့ များနေသလို ကိုင်စီဒိုကိုတော့ နောက်ထပ် ကမ်းလှမ်းပါဦးမလားဆိုတာကလည်း သူ့ရဲ့ အေးဂျင့်ပြောသလို သံသယဝင်စရာလည်းဖြစ်နေခဲ့တာပါ။

ကိုင်စီဒိုအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ထိပ်ဆုံးက ဦးဆောင်နေတဲ့ အသင်းမှာ ဝင်ရုန်းပေးလိုက်ရင် သူ့အတွက် ဆုဖလားတစ်လုံး အနည်းဆုံး ရယူနိုင်လိမ့်မယ်လို့ အအောင်မြင်ဆုံး အီကွေဒေါကစားသမားအဖြစ် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း အန်တိုနီယို ဗလင်စီယာကို ကျော်ဖြတ်နိုင်ဖို့ အိပ်မက်မက်ခဲ့ပေမယ့် ဘရိုက်တန်အသင်းရဲ့ ပိတ်ပင်မှုကြောင့် စိတ်ပျက်ခဲ့ရကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ အာဆင္နယ္အသင္းရဲ႕ ဦးစားေပး ကြင္းလယ္ပစ္မွတ္ျဖစ္ခဲ့တဲ့ မြိဳက္ဆက္စ္ ကိုင္စီဒိုအေနနဲ႔ အမ္းမရိတ္ကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ဆႏၵျပင္းျပခဲ့ေပမယ့္လည္း ကစားသမားရဲ႕ အလိုကို မလိုက္ေလ်ာဘဲ ဆက္လက္ထိန္းသိမ္းသြားခဲ့တဲ့ ဘ႐ိုက္တန္အသင္း တာဝန္ရွိသူေတြကို ေအးဂ်င့္ျဖစ္သူက ျပစ္တင္ေျပာၾကားလိုက္ပါတယ္။

AMEX Stadium ကေန ထြက္ခြာလိုေနတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ အီေကြေဒါ လက္ေ႐ြးစင္အေနနဲ႔ အသင္းဘက္ကို တရားဝင္ ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ေတာင္ပိုင္းကမ္းေျခကလပ္ဘက္ကေတာ့ ခြင့္မျပဳခဲ့သလို နည္းျပ ေရာဘတ္တို ဒီဇာဘီကေတာင္ သူမပါဘဲ ေရွ႕ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ထားခဲ့တာျဖစ္ၿပီး တူနီးရွားႏြယ္ဖြား ဆြစ္ဇာလန္သား ယာစင္ အိုင္ယာရီကို Cover အျဖစ္ ေခၚယူထားခဲ့တာပါ။

ကိုင္စီဒိုအေနနဲ႔ အသင္းပိုင္ရွင္ တိုနီ ဘလြန္းမ္ကို လိပ္မူၿပီး သူ႔ရဲ႕ အင္စတာဂရမ္ကေန တရားဝင္ ထြက္ခြင့္ေတာင္းခဲ့သလို သူ႔ရဲ႕ ရည္မွန္းခ်က္နဲ႔ အသင္းကိုလည္း စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရယူဖို႔ တိုက္တြန္းေရးသားခဲ့ေပမယ့္ အေအာင္ျမင္ဆုံး အီေကြေဒါကစားသမားျဖစ္ခ်င္ေနတဲ့ အိပ္မက္ေတြက ဇန္နဝါရီ Deadline Day မွာ ပ်က္စီးခဲ့ရတာျဖစ္ပါတယ္။

ေအးဂ်င့္ျဖစ္သူ မာႏူယယ္လ္ ဆီရဲယားကေတာ့ “ကမ္းလွမ္းမႈေတြ တရားဝင္ ရရွိခဲ့ၿပီး မြိဳက္ဆက္စ္(ကိုင္စီဒို)အေနနဲ႔လည္း လက္ခံခဲ့သလို ေရွ႕ဆက္စြန႔္စားဖို႔ အဆင္သင့္ျဖစ္ေနခဲ့တာပါ။ ဒါက သူ႔ရဲ႕ တစ္ဘဝလုံး မက္ခဲ့ရတဲ့ အိပ္မက္မ်ိဳးလည္းျဖစ္ၿပီး ဒီလိုအခြင့္အေရးေကာင္းမ်ိဳးကို ထပ္ရဖို႔ဆိုတာ အနာဂတ္မွာ ျဖစ္ႏိုင္ပါေတာ့မလားေတာင္ မေျပာတတ္ပါဘူး”လို႔ အာဆင္နယ္ကို မေရာက္ခဲ့ရတဲ့အေပၚ ျပစ္တင္ညည္းတြားသြားခဲ့တာပါ။

အာဆင္နယ္အသင္းအေနနဲ႔ ကိုင္စီဒိုကို ႏွစ္သက္တာ မွန္ေပမယ့္ ေဆာင္းရာသီမွာျဖစ္လို႔ ဥေရာပၿပိဳင္ပြဲနဲ႔ ခ်န္ပီယံဆုအတြက္ ေမွ်ာ္လင့္ခ်က္ နည္းသလို တန္းဆင္းဇုန္လည္း ႐ုန္းစရာမလိုတဲ့ ဘ႐ိုက္တန္လို အသင္းမ်ိဳးကေန ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ခဲ့တာေၾကာင့္ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ မွန္းခ်က္နဲ႔ ႏွမ္းထြက္က မကိုက္ဘဲျဖစ္ခဲ့ရပါတယ္။

ေႏြရာသီမွာ လူသစ္ေခၚယူမယ္ဆိုရင္ေတာ့ အာဆင္နယ္တို႔အေနနဲ႔ ပိုမိုေကာင္းမြန္ၿပီး ျပည့္စုံတဲ့ ကစားသမားေတြကို ရွာေဖြႏိုင္ခြင့္ရွိေနၿပီး ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ဒက္ကလန္ ႐ိုက္စ္ရဲ႕ ေရာက္လာခ်င္ေနတဲ့ ဆႏၵေၾကာင့္ သူ႔ဘက္ကို လွည့္သြားဖို႔ မ်ားေနသလို ကိုင္စီဒိုကိုေတာ့ ေနာက္ထပ္ ကမ္းလွမ္းပါဦးမလားဆိုတာကလည္း သူ႔ရဲ႕ ေအးဂ်င့္ေျပာသလို သံသယဝင္စရာလည္းျဖစ္ေနခဲ့တာပါ။

ကိုင္စီဒိုအေနနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ အသင္းမွာ ဝင္႐ုန္းေပးလိုက္ရင္ သူ႔အတြက္ ဆုဖလားတစ္လုံး အနည္းဆုံး ရယူႏိုင္လိမ့္မယ္လို႔ အေအာင္ျမင္ဆုံး အီေကြေဒါကစားသမားအျဖစ္ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားေဟာင္း အန္တိုနီယို ဗလင္စီယာကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အိပ္မက္မက္ခဲ့ေပမယ့္ ဘ႐ိုက္တန္အသင္းရဲ႕ ပိတ္ပင္မႈေၾကာင့္ စိတ္ပ်က္ခဲ့ရေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.