Premier League

အန်းဖီးက ကစားသမားဘဝ အဆုံးမသတ်အောင် လုပ်ပြဖို့ ၆ လသာအချိန်ရှိတော့တဲ့ လီဗာပူးလ်ကြယ်ပွင့် ၃ ဦး

လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလကို အပြီးသတ်ခေါ်ယူမှု တစ်ခုတည်းနဲ့သာ အဆုံးသတ်ခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ကွင်းလယ်ကစားသမားမခေါ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ဇန်နဝါရီလကို ပီအက်ဗွီက ကိုဒီ ဂက်ခ်ပိုကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူပြီး ပြီးပြည့်စုံတဲ့ပုံစနဲ့ စတင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက် ရုန်းကန်နေရပေမယ့်လည်း နောက်ထပ် ကစားသမားသစ်ခေါ်ယူမှုမရှိခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာနဲ့ ၁၀ မှတ်အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး လက်ရှိမှာ အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ယခုလနှောင်းပိုင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လာမယ့်ရာသီ ဥရောပထိပ်တန်းပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိဖို့အတွက် ၇ ကြိမ်မြောက် ဥရောပဖလားကို ကိုင်မြှောက်နိုင်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်တာဖြစ်ပါတယ်။

လီဗာပူလ်အသင်းဟာ အဲဒီလို ဖြစ်လာဖို့အတွက် လူစာရင်းကို ပံ့ပိုးကူညီမှုတွေ လိုအပ်မှာဖြစ်ပြီး ဂျိုတာ၊ လူးဝစ္စ ဒီယက်ဇ်နဲ့ ဗန်ဒိုက်တို့ဧာ လာမယ့် ရက်သတ္တပတ်၊ လတွေမှာ ပြန်လည်ပါဝင်လာနိုင်ဖို့ နည်းပြ ယာဂန် ကလော့ပ်က အလွန်မျှော်လင့်နေမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ အနာဂတ်ဆက်လက်သေချာအောင် ယခုကနေ ရာသီကုန်အထိ အလွန်အားကောင်းတဲ့စွမ်းဆောင်ရည်ပြသဖို့ လိုအပ်နေတဲ့ ကစားသမား ၃ ဦးလည်း ရှိနေတာဖြစ်ပါတယ်။

နာဘီ ကီးတား

နာဘီ ကီးတားဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့တာဖြစ်ပြီး ယခုနွေရာသီမှာ အသင်းကို စွန့်ခွာဖွယ်ရှိပါတယ်။ ဂီနီယာလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ကမ္ဘာ့ဖလားမတိုင်ခင် ဒဏ်ရာမရရှိမီ ယခုရာသီမှာ တစ်ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနေပြီဖြစ်ပြီး လီဗာပူးလ်ရဲ့နောက်ဆုံး ၉ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ယခုရာသီမှာ ကွင်းလယ်က အဓိကပြဿနာဖြစ်နေပုံပေါ်နေတာကြောင့် ကီးတားအနေနဲ့ နောက်ထပ် တစ်ကြိမ် ပုံမှန်ပွဲထွက်ခွင့်ရကစားသမားအဖြစ် သက်သေပြသဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး အဲဒါက ၎င်းရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။

ရောဘတ်တို ဖာမီနို

ဖာမီနိုဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ၆ လသာ ကျန်တော့တဲ့ နောက်ထပ်အဓိကကစားသမားတစ်ဦးဖြစ်ပြီး ဆော်ဒီ အာရေဗျနဲ့ ရီးရဲလ်မက်ဒရစ်ဆီကနေ စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ယခုရာသီ ပြိုင်ပွဲစုံ ပွဲ ၂၀ မှာ သွင်းဂိုး ၉ ဂိုး သွင်းယူထားပေမယ့်လည်း ဒီဇင်ဘာလကတည်းက ဒဏ်ရာကြောင့် လွဲချော်နေခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က ဖာမီနိုကို အန်းဖီးမှာ ဆက်လက်ထိန်းသိမ်းထားချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပြီး ကစားသမားရဲ့ အေးဂျင့်ကလည်း အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်က နှစ်ဖက်ကြား စာချုပ်သစ်အတွက် သဘောတူညီမှုရရှိမလားဆိုတာနဲ့ စာချုပ်သစ်က သက်တမ်းဘယ်လောက်ရှိမလဲဆိုတဲ့အပေါ်မှာ ကြီးမားတဲ့လွှမ်းမိုးမှုရှိမှာဖြစ်ပါတယ်။

ချိန်ဘာလိန်

ချိန်ဘာလိန်ဟာ ကလော့ပ်လက်ထက် အစောပိုင်း နေ့တွေတုန်းက လီဗာပူးလ်အတွက် အဓိကကစားသမားဖြစ်ခဲ့ပြီး ဂျာမန်လူမျိုးနည်းပြက အင်္ဂလန်တောင်ပံကစားသမားကို ၎င်းရဲ့ ပထမဆုံးကစားသမားခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရိုးမားနဲ့ ကစားခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလတုန်းက ပွဲစဉ်အတွင်း ကြောက်မက်ဖွယ် ဒူးဒဏ်ရာရရှိခဲ့တာကြောင့် တိုးတက်မှုတွေဟာ အနှောင့်အယှက်ဖြစ်ခဲ့ရပြီး အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ၁၆ လအထိ နောက်ထပ်ပွဲမကစားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တောင်ပံကစားသမားဟာ အဲဒီနောက်ပိုင်းမှာလည်း နောက်ထပ် ဒဏ်ရာပြဿနာတစ်ခု ခံစားခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ပြန်လည်ကစားနိုင်ခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် လီဗာပူးလ်အနေနဲ့ စာချုပ်သစ် ချုပ်၊ မချုပ်ကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ ရာသီကို အားကောင်းတဲ့ပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင်တော့ ချိန်ဘာလိန်ရဲ့ အန်းဖီးက အနာဂတ်ဟာ ဆက်ရှိကောင်း ရှိနေနိုင်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလကို အၿပီးသတ္ေခၚယူမႈ တစ္ခုတည္းနဲ႔သာ အဆုံးသတ္ခဲ့ၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ ကြင္းလယ္ကစားသမားမေခၚယူဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ဇန္နဝါရီလကို ပီအက္ဗြီက ကိုဒီ ဂက္ခ္ပိုကို ေပါင္ ၃၇ သန္းနဲ႔ ေခၚယူၿပီး ၿပီးျပည့္စုံတဲ့ပုံစနဲ႔ စတင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ဆက္လက္ ႐ုန္းကန္ေနရေပမယ့္လည္း ေနာက္ထပ္ ကစားသမားသစ္ေခၚယူမႈမရွိခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၄ ေနရာနဲ႔ ၁၀ မွတ္အကြာ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနရတာျဖစ္ၿပီး လက္ရွိမွာ အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ယခုလေႏွာင္းပိုင္းမွာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး လာမယ့္ရာသီ ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာ ပါဝင္ခြင့္ရရွိဖို႔အတြက္ ၇ ႀကိမ္ေျမာက္ ဥေရာပဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ လိုအပ္ေကာင္း လိုအပ္ႏိုင္တာျဖစ္ပါတယ္။

လီဗာပူလ္အသင္းဟာ အဲဒီလို ျဖစ္လာဖို႔အတြက္ လူစာရင္းကို ပံ့ပိုးကူညီမႈေတြ လိုအပ္မွာျဖစ္ၿပီး ဂ်ိဳတာ၊ လူးဝစၥ ဒီယက္ဇ္နဲ႔ ဗန္ဒိုက္တို႔ဧာ လာမယ့္ ရက္သတၱပတ္၊ လေတြမွာ ျပန္လည္ပါဝင္လာႏိုင္ဖို႔ နည္းျပ ယာဂန္ ကေလာ့ပ္က အလြန္ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းမွာ အနာဂတ္ဆက္လက္ေသခ်ာေအာင္ ယခုကေန ရာသီကုန္အထိ အလြန္အားေကာင္းတဲ့စြမ္းေဆာင္ရည္ျပသဖို႔ လိုအပ္ေနတဲ့ ကစားသမား ၃ ဦးလည္း ရွိေနတာျဖစ္ပါတယ္။

နာဘီ ကီးတား

နာဘီ ကီးတားဟာ လီဗာပူးလ္နဲ႔ စာခ်ဳပ္သက္တမ္း ၆ လသာ က်န္ရွိေတာ့တာျဖစ္ၿပီး ယခုေႏြရာသီမွာ အသင္းကို စြန႔္ခြာဖြယ္ရွိပါတယ္။ ဂီနီယာလက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ ကမာၻ႔ဖလားမတိုင္ခင္ ဒဏ္ရာမရရွိမီ ယခုရာသီမွာ တစ္ပြဲသာ ပါဝင္ကစားေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိမွာေတာ့ အသင္းအတြက္ ျပန္လည္ပါဝင္ကစားေပးေနၿပီျဖစ္ၿပီး လီဗာပူးလ္ရဲ႕ေနာက္ဆုံး ၉ ပြဲစလုံးမွာ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အတြက္ ယခုရာသီမွာ ကြင္းလယ္က အဓိကျပႆနာျဖစ္ေနပုံေပၚေနတာေၾကာင့္ ကီးတားအေနနဲ႔ ေနာက္ထပ္ တစ္ႀကိမ္ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားအျဖစ္ သက္ေသျပသဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး အဲဒါက ၎ရဲ႕အနာဂတ္အတြက္ အဆုံးအျဖတ္ျဖစ္လာႏိုင္ပါတယ္။

ေရာဘတ္တို ဖာမီႏို

ဖာမီႏိုဟာ လီဗာပူးလ္နဲ႔ စာခ်ဳပ္သက္တမ္း ၆ လသာ က်န္ေတာ့တဲ့ ေနာက္ထပ္အဓိကကစားသမားတစ္ဦးျဖစ္ၿပီး ေဆာ္ဒီ အာေရဗ်နဲ႔ ရီးရဲလ္မက္ဒရစ္ဆီကေန စိတ္ဝင္စားျခင္းကို ခံေနရတာျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ပြဲ ၂၀ မွာ သြင္းဂိုး ၉ ဂိုး သြင္းယူထားေပမယ့္လည္း ဒီဇင္ဘာလကတည္းက ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္က ဖာမီႏိုကို အန္းဖီးမွာ ဆက္လက္ထိန္းသိမ္းထားခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ကစားသမားရဲ႕ ေအးဂ်င့္ကလည္း အသင္းနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ စြမ္းေဆာင္ရည္က ႏွစ္ဖက္ၾကား စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈရရွိမလားဆိုတာနဲ႔ စာခ်ဳပ္သစ္က သက္တမ္းဘယ္ေလာက္ရွိမလဲဆိုတဲ့အေပၚမွာ ႀကီးမားတဲ့လႊမ္းမိုးမႈရွိမွာျဖစ္ပါတယ္။

ခ်ိန္ဘာလိန္

ခ်ိန္ဘာလိန္ဟာ ကေလာ့ပ္လက္ထက္ အေစာပိုင္း ေန႔ေတြတုန္းက လီဗာပူးလ္အတြက္ အဓိကကစားသမားျဖစ္ခဲ့ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပက အဂၤလန္ေတာင္ပံကစားသမားကို ၎ရဲ႕ ပထမဆုံးကစားသမားေခၚယူမႈေတြထဲက တစ္ခုအျဖစ္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ႐ိုးမားနဲ႔ ကစားခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဧၿပီလတုန္းက ပြဲစဥ္အတြင္း ေၾကာက္မက္ဖြယ္ ဒူးဒဏ္ရာရရွိခဲ့တာေၾကာင့္ တိုးတက္မႈေတြဟာ အေႏွာင့္အယွက္ျဖစ္ခဲ့ရၿပီး အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ၁၆ လအထိ ေနာက္ထပ္ပြဲမကစားႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အဲဒီေနာက္ပိုင္းမွာလည္း ေနာက္ထပ္ ဒဏ္ရာျပႆနာတစ္ခု ခံစားခဲ့ရေပမယ့္လည္း ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ ျပန္လည္ကစားႏိုင္ခဲ့တာျဖစ္ၿပီး ယခုေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ လီဗာပူးလ္အေနနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္၊ မခ်ဳပ္ကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။ ရာသီကို အားေကာင္းတဲ့ပုံစံနဲ႔ အဆုံးသတ္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ခ်ိန္ဘာလိန္ရဲ႕ အန္းဖီးက အနာဂတ္ဟာ ဆက္ရွိေကာင္း ရွိေနႏိုင္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.