Ligue1

ပြန်လည်ထွက်ပေါ်လာတဲ့ ရော်နယ်လ်ဒိုကို ပေးခဲ့တဲ့ မက်ဆီရဲ့ မှတ်ချက်

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြားမှာ ရှည်လျားတဲ့ ယှဉ်ပြိုင်မှုရှိပေမယ့်လည်း ကစားသမား ၂ ဦးစလုံးဟာ တစ်ဦးရဲ့ ကစားသမားဘဝကို တစ်ဦးက လေးစားမှုအများအပြား ရှိနေကြဆဲဖြစ်ပါတယ်။

ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံးကစားသမား ၂ ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ဟာ ၎င်းတို့ရဲ့ ကစားသမားဘဝမှာ အောင်မြင်မှု မိုင်တိုင်အများအပြားကို စိုက်ထူထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ၎င်းတို့ရဲ့ ဘဝသက်တမ်းမှာ ချိုးဖျက်ဖို့တောင် မဖြစ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ စံချိန်အများအပြားကိုလည်း ရိုက်ချိုးနိုင်ခဲ့သလို စံချိန်သစ်တွေလည်း ရေးထိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်တွင်း ဘလွန်ဒေါဆုကို စုစုပေါင်း ၁၂ ကြိမ်အထိ မျှဝေခဲ့ကြပြီး အာဂျင်တီးနားကြယ်ပွင့်က ၇ ကြိမ်၊ ပေါ်တူဂီကြယ်ပွင့်က ၅ ကြိမ် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ တသက်တာအကောင်းဆုံးကစားသမားနှစ်ဦးဟာ နှစ်ပေါင်းများစွာ ဥရောပနဲ့ ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ခဲ့ကြပြီး အနာဂတ်မှာ ၎င်းတို့ရဲ့ ပြိုင်ဆိုင်မှုလောက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုမျိုးကို ဘောလုံးလောကမှာ မြင်တွေ့ရဖို့ မဖြစ်နိုင်သလောက်ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမယ့်လည်း ကစားသမား ၂ ဦးစလုံးဟာ ကွင်းပြင်ပမှာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံတဲ့အချိန်တိုင်း ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး အခွင့်အရေးရတိုင်း တစ်ဦးနဲ့တစ်ဦး မြင့်မားတဲ့ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလို အခိုက်အတန့်တစ်ခုဟာ ၂၀၁၃ ခုနှစ် ဥရောပရွှေဖိနပ်ဆုပေးပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြိး အဲဒီအချိန်တုန်းက ဘာစီလိုနာအတွက် ကစားပေးနေတဲ့ မက်ဆီက ၎င်းရဲ့ ပြိုင်ဘက် ရော်နယ်လ်ဒိုကို ထူးခြားတဲ့ ဂိုးသွင်းစွမ်းရည်အတွက် ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူက ပွဲတိုင်းမှာ ဂိုးတွေ အမြဲတမ်းသွင်းယူဖို့ ရှိနေပြီး သူ့ရဲ့ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းမှာ တစ်စိတ်တပိုင်း ပါဝင်နေပါတယ်။ သူက အဲဒါကို နှစ်ပေါင်းများစွာ လုပ်ခဲ့တာဖြစ်ပြီး သူက ခြေစွမ်းပိုင်း အမြင့်မားဆုံးမှာပဲရှိရှိ၊ နည်းနည်း နိမ့်ကျနေသည်ဖြစ်စေ အဲဒါက ဘာမှ ကွဲပြားခြားနားမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ ၂ ဦးစလုံးဟာ လက်ရှိမှာတော့ ၎င်းတို့ရဲ့ ထူးခြားတဲ့ ကစားသမားဘဝ အဆုံးသတ်ပိုင်းကို ရောက်ရှိနေကြပြီဖြစ်ပြီး အာဂျင်တီးနားဂန္တဝင် ပီအက်စ်ဂျီအသင်းအတွက် ကစားပေးနေချိန်မှာ ပေါ်တူဂီဂန္တဝင်က ဆော်ဒီ အာရေဗျမှာ အယ်လ် နက်ဆာနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နေတာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ၾကားမွာ ရွည္လ်ားတဲ့ ယွဥ္ၿပိဳင္မႈရွိေပမယ့္လည္း ကစားသမား ၂ ဦးစလုံးဟာ တစ္ဦးရဲ႕ ကစားသမားဘဝကို တစ္ဦးက ေလးစားမႈအမ်ားအျပား ရွိေနၾကဆဲျဖစ္ပါတယ္။

ေဘာလုံးေလာကရဲ႕ တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ ၎တို႔ရဲ႕ ကစားသမားဘဝမွာ ေအာင္ျမင္မႈ မိုင္တိုင္အမ်ားအျပားကို စိုက္ထူထားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ၎တို႔ရဲ႕ ဘဝသက္တမ္းမွာ ခ်ိဳးဖ်က္ဖို႔ေတာင္ မျဖစ္ႏိုင္တာ ျဖစ္ေကာင္းျဖစ္ႏိုင္တဲ့ စံခ်ိန္အမ်ားအျပားကိုလည္း ႐ိုက္ခ်ိဳးႏိုင္ခဲ့သလို စံခ်ိန္သစ္ေတြလည္း ေရးထိုးႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ၂၀၀၈ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္တြင္း ဘလြန္ေဒါဆုကို စုစုေပါင္း ၁၂ ႀကိမ္အထိ မွ်ေဝခဲ့ၾကၿပီး အာဂ်င္တီးနားၾကယ္ပြင့္က ၇ ႀကိမ္၊ ေပၚတူဂီၾကယ္ပြင့္က ၅ ႀကိမ္ ရရွိခဲ့ၾကတာ ျဖစ္ပါတယ္။ တသက္တာအေကာင္းဆုံးကစားသမားႏွစ္ဦးဟာ ႏွစ္ေပါင္းမ်ားစြာ ဥေရာပနဲ႔ ကမာၻ႔ေဘာလုံးေလာကကို လႊမ္းမိုးထားႏိုင္ခဲ့ၾကၿပီး အနာဂတ္မွာ ၎တို႔ရဲ႕ ၿပိဳင္ဆိုင္မႈေလာက္ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈမ်ိဳးကို ေဘာလုံးေလာကမွာ ျမင္ေတြ႕ရဖို႔ မျဖစ္ႏိုင္သေလာက္ျဖစ္တယ္လို႔ ယုံၾကည္ရပါတယ္။

ဒါေပမယ့္လည္း ကစားသမား ၂ ဦးစလုံးဟာ ကြင္းျပင္ပမွာ တစ္ဦးနဲ႔တစ္ဦး ေတြ႕ဆုံတဲ့အခ်ိန္တိုင္း ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ ဆက္ဆံေရးကို ထိန္းသိမ္းထားႏိုင္ဆဲျဖစ္ၿပီး အခြင့္အေရးရတိုင္း တစ္ဦးနဲ႔တစ္ဦး ျမင့္မားတဲ့ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီလို အခိုက္အတန႔္တစ္ခုဟာ ၂၀၁၃ ခုႏွစ္ ဥေရာပေ႐ႊဖိနပ္ဆုေပးပြဲအတြင္းမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပိး အဲဒီအခ်ိန္တုန္းက ဘာစီလိုနာအတြက္ ကစားေပးေနတဲ့ မက္ဆီက ၎ရဲ႕ ၿပိဳင္ဘက္ ေရာ္နယ္လ္ဒိုကို ထူးျခားတဲ့ ဂိုးသြင္းစြမ္းရည္အတြက္ ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူက ပြဲတိုင္းမွာ ဂိုးေတြ အၿမဲတမ္းသြင္းယူဖို႔ ရွိေနၿပီး သူ႔ရဲ႕ ကလပ္အသင္းနဲ႔ လက္ေ႐ြးစင္အသင္းမွာ တစ္စိတ္တပိုင္း ပါဝင္ေနပါတယ္။ သူက အဲဒါကို ႏွစ္ေပါင္းမ်ားစြာ လုပ္ခဲ့တာျဖစ္ၿပီး သူက ေျခစြမ္းပိုင္း အျမင့္မားဆုံးမွာပဲရွိရွိ၊ နည္းနည္း နိမ့္က်ေနသည္ျဖစ္ေစ အဲဒါက ဘာမွ ကြဲျပားျခားနားမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ ၂ ဦးစလုံးဟာ လက္ရွိမွာေတာ့ ၎တို႔ရဲ႕ ထူးျခားတဲ့ ကစားသမားဘဝ အဆုံးသတ္ပိုင္းကို ေရာက္ရွိေနၾကၿပီျဖစ္ၿပီး အာဂ်င္တီးနားဂႏၲဝင္ ပီအက္စ္ဂ်ီအသင္းအတြက္ ကစားေပးေနခ်ိန္မွာ ေပၚတူဂီဂႏၲဝင္က ေဆာ္ဒီ အာေရဗ်မွာ အယ္လ္ နက္ဆာနဲ႔ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ေနတာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.