International Ligue1

ပီအက်စ်ဂျီမှာသာမက လက်ရွေးစင်မှာပါ မော်မကြည့်ရဲအောင် ဘုန်းတန်ခိုးကြီးလာတော့မယ့် အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ အသက် ၂၄ နှစ်အရွယ်မှာပဲ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာတော့မယ်လို့ ပြင်သစ်က သတင်းတွေအရ သိရပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဟူဂို လိုရစ်ကြောင့် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ရာထူးဟာ လစ်လပ်သွားခဲ့တာဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ဂိုးသမားဟာ ၂၀၀၈ ခုနှစ်မှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီးနောက် စုစုပေါင်း ၁၄၅ ပွဲအထိ ကစားပေးခဲ့တာဖြစ်ပါတယ်။

ရာဖေးလ် ဗာရွမ်းက လိုရစ်ရဲ့နေရာမှာ ပြင်သစ်အသင်းခေါင်းဆောင်ဖြစ်လာဖို့ ရှိပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားကလည်း လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ ကြေညာသွားတော့မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရာဖေးလ် ဗာရွမ်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ဗိုလ်စွဲအောင် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ကစားပေးခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ စုစုပေါင်း ၉၃ ပွဲ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာအများအပြား ရရှိခဲ့ပြီးနောက် ကလပ်အသင်းအပေါ်မှာပဲ အာရုံစိုက်ချင်နေတယ်လို့ သိရပြီး လိုရစ်နဲ့ ဗာရွမ်းတို့ ၂ ဦးစလုံး ပြင်သစ်လက်ရွေးစင်အသင်းမှာမရှိတော့မှာဖြစ်တာကြောင့် အမ်ဘာပေက အသင်းခေါင်းဆောင်သစ်အဖြစ် သတ်မှတ်ခံရတော့မယ့်ပုံ ပေါ်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်လာမယ့် စာရင်းထဲမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ Get French Football News က ဖော်ပြခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၇ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘဝ ပွဲဦးထွက်ပါဝင်ပြီးကတည်းက ပြင်သစ်အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦး ဖြစ်လာခဲ့သူဖြစ်ပါတယ်။ အမ်ဘာပေဟာ လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစဉ် ၆၆ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး ပြင်သစ်အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် စံချိန်တင်ထားတဲ့ ဂျီရူးရဲ့ စံချိန်ကို လိုက်မီဖို့ ၁၈ ဂိုးသာ လိုတော့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ရုရှားမှာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရရှိအောင် ကူညီပေးထားနိုင်ခဲ့ပြီးဖြစ်ပြီး ပီအက်စ်ဂျီအသင်းမှာ ဒုတိယအသင်းခေါင်းဆောင်ရာထူးကို တိုးမြှင့်ခန့်အပ်ခံခဲ့ရပြီးနောက်ပိုင်း လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခီလီယန္ အမ္ဘာေပဟာ အသက္ ၂၄ ႏွစ္အ႐ြယ္မွာပဲ ျပင္သစ္လက္ေ႐ြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္လာေတာ့မယ္လို႔ ျပင္သစ္က သတင္းေတြအရ သိရပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူခဲ့တဲ့ ဟူဂို လိုရစ္ေၾကာင့္ ျပင္သစ္လက္ေ႐ြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္ရာထူးဟာ လစ္လပ္သြားခဲ့တာျဖစ္ၿပီး အသက္ ၃၆ ႏွစ္အ႐ြယ္ဂိုးသမားဟာ ၂၀၀၈ ခုႏွစ္မွာ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ၿပီးေနာက္ စုစုေပါင္း ၁၄၅ ပြဲအထိ ကစားေပးခဲ့တာျဖစ္ပါတယ္။

ရာေဖးလ္ ဗာ႐ြမ္းက လိုရစ္ရဲ႕ေနရာမွာ ျပင္သစ္အသင္းေခါင္းေဆာင္ျဖစ္လာဖို႔ ရွိေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမားကလည္း လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူဖို႔ ေၾကညာသြားေတာ့မွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ရာေဖးလ္ ဗာ႐ြမ္းဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းကို ဗိုလ္စြဲေအာင္ အဓိကက်တဲ့ အခန္းက႑ကေန ကစားေပးခဲ့တာျဖစ္ၿပီး ၂၀၁၃ ခုႏွစ္ကေန ၂၀၂၂ ခုႏွစ္အထိ စုစုေပါင္း ၉၃ ပြဲ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ဒဏ္ရာအမ်ားအျပား ရရွိခဲ့ၿပီးေနာက္ ကလပ္အသင္းအေပၚမွာပဲ အာ႐ုံစိုက္ခ်င္ေနတယ္လို႔ သိရၿပီး လိုရစ္နဲ႔ ဗာ႐ြမ္းတို႔ ၂ ဦးစလုံး ျပင္သစ္လက္ေ႐ြးစင္အသင္းမွာမရွိေတာ့မွာျဖစ္တာေၾကာင့္ အမ္ဘာေပက အသင္းေခါင္းေဆာင္သစ္အျဖစ္ သတ္မွတ္ခံရေတာ့မယ့္ပုံ ေပၚေနတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ျဖစ္လာမယ့္ စာရင္းထဲမွာ ထိပ္ဆုံးကေန ဦးေဆာင္ေနတယ္လို႔ Get French Football News က ေဖာ္ျပခဲ့တာျဖစ္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၂၀၁၇ ခုႏွစ္မွာ လက္ေ႐ြးစင္ကစားသမားဘဝ ပြဲဦးထြက္ပါဝင္ၿပီးကတည္းက ျပင္သစ္အသင္းရဲ႕ မရွိမျဖစ္ ကစားသမားတစ္ဦး ျဖစ္လာခဲ့သူျဖစ္ပါတယ္။ အမ္ဘာေပဟာ လက္ေ႐ြးစင္အသင္းအတြက္ ႏိုင္ငံတကာပြဲစဥ္ ၆၆ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၃၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ျပင္သစ္အသင္းရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္အျဖစ္ စံခ်ိန္တင္ထားတဲ့ ဂ်ီ႐ူးရဲ႕ စံခ်ိန္ကို လိုက္မီဖို႔ ၁၈ ဂိုးသာ လိုေတာ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ႐ုရွားမွာ ျပင္သစ္အသင္းကို ကမာၻ႔ဖလားရရွိေအာင္ ကူညီေပးထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းမွာ ဒုတိယအသင္းေခါင္းေဆာင္ရာထူးကို တိုးျမႇင့္ခန႔္အပ္ခံခဲ့ရၿပီးေနာက္ပိုင္း လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ျဖစ္လာႏိုင္ေျခရွိတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.