Ligue1

ပင်နယ်တီ ၂ လုံးလွဲပြီး နာသွားတဲ့ ဥက္ကကြီးအခြေအနေကို ပြောပြခဲ့တဲ့ ဂယ်လ်တီယေး

ခီလီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းက မောင့်ပယ်လီယေးကို ဗုဒ္ဓဟူးနေ့ညက ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပင်နယ်တီ ကန်ခွင့် ရရှိခဲ့ရာမှာ ပထမကန်သွင်းချက်ကို ဘန်ဂျမင် လူကွမ့်တ်က ကာကွယ်နိုင်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်က ပြန်ကန်ဖို့ ညွှန်ကြားခဲ့တာကြောင့် ထပ်မံကန်သွင်းချိန်မှာလည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပြီး စိတ်ပျက်စရာအချိန်တွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီထက် ပိုပြီး ဆိုးရွားသွားခဲ့တာကတော့ သိပ်မကြာခင်မှာ အမ်ဘာပေဟာ တံကောက်ကြောဒဏ်ရာ ရရှိသွားတာကြောင့် ကွင်းထဲကနေ ထော့နဲ့ထော့နဲ့ပုံစံနဲ့ ထွက်ခွာသွားခဲ့ရတာဖြစ်ပြီး ဖေဘီယန် ရူးဝီးဇ်၊ လီယွန်နယ် မက်ဆီနဲ့ ၁၆ နှစ်သား ဝါရန် ဇာရဲ-အမ်မရီတို့က ပီအက်စ်ဂျီအသင်းအတွက် အနိုင် ၃ မှတ် အပြည့်ရရှိစေမယ့် သွင်းဂိုးတွေကို သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေရဲ့ ဒဏ်ရာဟာ လာမယ့် ၂ ပတ်အတွင်း ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်ကစားရတော့မယ့်အချိန်မှာ အချိန်ကိုက် ရရှိသွားခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းအတွက် စိုးရိမ်စရာဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ မောင့်ပယ်လီယေးကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီး စကားပြောဆိုရာမှာ ပီအက်စ်ဂျီနည်းပြ ခရစ္စတို့ဖ် ဂယ်လ်တီယေးက အမ်ဘာပေရဲ့ ဒဏ်ရာဟာ သာမန်ဒဏ်ရာသာဖြစ်ပြီး ပြင်းထန်တဲ့ ဒဏ်ရာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“သူ ပေါင်အနောက် ဒူးနေရာမှာ ဒဏ်ရာ ရရှိသွားခဲ့တယ်။ သူက ကြွက်သား နာကျင်မှုလည်း ခံစားနေရပါတယ်။ ကျွန်တော်တို့ အဲဒါက အရမ်းကြီး မပြင်းထန်ဘူးလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂယ်လ်တီယေးက အမ်ဘာပေရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး စိုးရိမ်ခြင်းမရှိဘူးလို့လည်း ထပ်လောင်း ပြောကြားခဲ့ပြီး ပွဲကြပ်ကာလမတိုင်ခင် မစွန့်စားချင်တာကြောင့် အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို လူစားလဲလှယ်ခဲ့တာလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အရမ်း မစိုးရိမ်ပါဘူး။ အဲဒါက ပွန်းပဲ့ဒဏ်ရာ ဒါမှမဟုတ် ရောင်ရမ်းသွားတာလားဆိုတာ ကျွန်တော်တို့မသိသေးပါဘူး။ ပွဲတွေဆက်နေတာကြောင့် ကျွန်တော်တို့ အရမ်းအလုပ်များတဲ့ ပွဲချိန်စာရင်းအတွက် မစွန့်စားချင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒဏ်ရာက ပြင်းထန်တဲ့ပုံမပေါ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခီလီယန္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းက ေမာင့္ပယ္လီေယးကို ဗုဒၶဟူးေန႔ညက ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ခက္ခဲတဲ့ အခ်ိန္ေတြကို ရင္ဆိုင္ခဲ့ရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ပင္နယ္တီ ကန္ခြင့္ ရရွိခဲ့ရာမွာ ပထမကန္သြင္းခ်က္ကို ဘန္ဂ်မင္ လူကြမ့္တ္က ကာကြယ္ႏိုင္ခဲ့ေပမယ့္လည္း ကြင္းလယ္ဒိုင္က ျပန္ကန္ဖို႔ ၫႊန္ၾကားခဲ့တာေၾကာင့္ ထပ္မံကန္သြင္းခ်ိန္မွာလည္း ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ၿပီး စိတ္ပ်က္စရာအခ်ိန္ေတြကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

အဲဒီထက္ ပိုၿပီး ဆိုး႐ြားသြားခဲ့တာကေတာ့ သိပ္မၾကာခင္မွာ အမ္ဘာေပဟာ တံေကာက္ေၾကာဒဏ္ရာ ရရွိသြားတာေၾကာင့္ ကြင္းထဲကေန ေထာ့နဲ႔ေထာ့နဲ႔ပုံစံနဲ႔ ထြက္ခြာသြားခဲ့ရတာျဖစ္ၿပီး ေဖဘီယန္ ႐ူးဝီးဇ္၊ လီယြန္နယ္ မက္ဆီနဲ႔ ၁၆ ႏွစ္သား ဝါရန္ ဇာရဲ-အမ္မရီတို႔က ပီအက္စ္ဂ်ီအသင္းအတြက္ အႏိုင္ ၃ မွတ္ အျပည့္ရရွိေစမယ့္ သြင္းဂိုးေတြကို သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ခီလီယန္ အမ္ဘာေပရဲ႕ ဒဏ္ရာဟာ လာမယ့္ ၂ ပတ္အတြင္း ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္ကစားရေတာ့မယ့္အခ်ိန္မွာ အခ်ိန္ကိုက္ ရရွိသြားခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းအတြက္ စိုးရိမ္စရာျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ ေမာင့္ပယ္လီေယးကို အႏိုင္ရရွိခဲ့တဲ့ပြဲအၿပီး စကားေျပာဆိုရာမွာ ပီအက္စ္ဂ်ီနည္းျပ ခရစၥတို႔ဖ္ ဂယ္လ္တီေယးက အမ္ဘာေပရဲ႕ ဒဏ္ရာဟာ သာမန္ဒဏ္ရာသာျဖစ္ၿပီး ျပင္းထန္တဲ့ ဒဏ္ရာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“သူ ေပါင္အေနာက္ ဒူးေနရာမွာ ဒဏ္ရာ ရရွိသြားခဲ့တယ္။ သူက ႂကြက္သား နာက်င္မႈလည္း ခံစားေနရပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါက အရမ္းႀကီး မျပင္းထန္ဘူးလို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂယ္လ္တီေယးက အမ္ဘာေပရဲ႕ ဒဏ္ရာနဲ႔ပတ္သက္ၿပီး စိုးရိမ္ျခင္းမရွိဘူးလို႔လည္း ထပ္ေလာင္း ေျပာၾကားခဲ့ၿပီး ပြဲၾကပ္ကာလမတိုင္ခင္ မစြန႔္စားခ်င္တာေၾကာင့္ အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို လူစားလဲလွယ္ခဲ့တာလို႔ အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ အရမ္း မစိုးရိမ္ပါဘူး။ အဲဒါက ပြန္းပဲ့ဒဏ္ရာ ဒါမွမဟုတ္ ေရာင္ရမ္းသြားတာလားဆိုတာ ကြၽန္ေတာ္တို႔မသိေသးပါဘူး။ ပြဲေတြဆက္ေနတာေၾကာင့္ ကြၽန္ေတာ္တို႔ အရမ္းအလုပ္မ်ားတဲ့ ပြဲခ်ိန္စာရင္းအတြက္ မစြန႔္စားခ်င္ခဲ့ပါဘူး။ ဒါေပမယ့္လည္း ဒဏ္ရာက ျပင္းထန္တဲ့ပုံမေပၚပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.