Carabao & FA Match Report Premier League

ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးမှုတွေနဲ့ ဖောရက်စ်ကို ချေမှုန်းပြီး ဗိုလ်လုပွဲတက်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဟီတန်၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ လုခ်ရှောနဲ့ ဝန်ဘစ်ဆာကာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ ဖရက်ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပထမအကျော့က ရှုံးထားခဲ့တဲ့ ဧည့်သည် ဖောရက်စ်တို့ကတော့ ဂိုးသမား ဟင်နက်ဆီ၊ ခံစစ်မှာ ဘိုလီ၊ မက်ကင်နာ၊ ဝီလီယမ်စ်နဲ့ ရီနန် လိုဒီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မန်ဂါလာ၊ ဖရွိုင်လာ၊ စကာပါတို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဒင်းနစ်၊ ဘရင်နန် ဂျွန်ဆန်နဲ့ ဆာရစ်ချ်တို့ကို တင်ကစားလာခဲ့တာပါ။

အိမ်ရှင် ယူနိုက်တက်တို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို စိုးမိုးကစားသွားခဲ့ကြပြီး ဖောရက်စ်တို့ရဲ့ ခံစစ်ကို ဂါနာချိုနဲ့အဖွဲ့ မကျော်နိုင်ခဲ့သလို ဝီလီယမ်စ်ရဲ့ လက်ထိဘောက ပင်နယ်တီဖြစ်နိုင်တာကိုလည်း မျက်ကွယ်ပြုခံခဲ့ရလို့ စိတ်ပျက်ခဲ့ရပြီး ဗာရွန်းရဲ့ ခေါင်းတိုက်ချက်လည်း ဂိုးသမား ဟင်နက်ဆီရဲ့ ခြေထောက်တည့်တည့်ကို တိုက်မိခဲ့လို့ လေးလံနေတဲ့ ဝေးလ်စ်ဂိုးသမား ကံကောင်းသွားခဲ့တာပါ။

ဂါနာချိုရဲ့ ဖန်တီးမှုတွေက အန်တိုနီနဲ့ ဗက်ဂ်ဟော့စ်တို့အတွက် ဘာမှ အကျိုးမပြုခဲ့သလို ဖောရက်စ်ဘက်က လွတ်ထွက်လာတဲ့ ဂျွန်ဆန်ရဲ့ ကန်ချက်ကိုတော့ ဂိုးသမား ဟီတန် ကာကွယ်သွားနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဒင်းနစ်က အပိုင်အခွင့်အရေးကို ဆာရစ်ချ်တည့်တည့်က ကန်ခဲ့တာကြောင့် ကိုယ့်လူနဲ့ကိုယ် ဖုန်ရှူခဲ့ရပါတယ်။

နာကျင်အချိန်ပိုမှာ ဗက်ဂ်ဟော့စ်ရဲ့ ခေါင်းတိုက်ချက်က တိုင်ထိထွက်ခဲ့တာကြောင့် ယူနိုက်တက်တို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပြန်ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲဖြစ်နေခဲ့သလို အိမ်ရှင်နည်းပြ တန်ဟတ်အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး သူ့အနေနဲ့ ရက်ရှ်ဖို့ဒ်ကို အနားပေးတိုင်း အဆင်မပြေခဲ့တာက ဒီရာသီမှာ ဖြေရှင်းဖို့ ခက်တဲ့ ပြဿနာလည်းဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ယူနိုက်တက်တို့ပဲ ဖိကစားနေခဲ့ပြီး ဖောရက်စ်တို့ကတော့ သုံးဂိုးရှုံးထားတာဖြစ်လို့ ကောင်တာတွေကနေ ဂိုးပြန်ရဖို့ ကြိုးစားနေခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်ရဲ့ ဖိအားမှာ မျောပါနေခဲ့ကြသလို ပွဲချိန် မိနစ် ၆၀ ကျော်မှာတော့ အိမ်ရှင်တွေဘက်က ဂါနာချို၊ ဗက်ဂ်ဟော့စ်၊ အန်တိုနီတို့အစား ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်နဲ့ ဆန်ချိုတို့ ဝင်ကစားခဲ့ကြချိန်မှာ ဧည့်သည်တွေဘက်ကတော့ ဖရွိုင်လာ၊ ဂျွန်ဆန်နဲ့ ရီနန် လိုဒီတို့အစား ဒါနီလို၊ မိုက်တင်နဲ့ အူရီယေးတို့ကို အပြောင်းအလဲလုပ်လာခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်က လူပေးမှားရာကနေ ကာစီမီရို ဖြတ်ယူပြီး ထိုးပေးခဲ့တာကို မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ တွဲလုံးကနေ ရက်ရှ်ဖို့ဒ်က ကန်သွင်းခဲ့ရာမှာ ဖောရက်စ်ခံစစ်နဲ့ထိပြီး လည်ထွက်လာတာကို မာစီယယ်လ်က အနီးကပ် ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

သုံးမိနစ်အကြာ ပွဲချိန် ၇၆ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ အနိုင်ပြတ်သားစေမယ့် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆန်ချို ပေးတာကို ညာခြမ်းက ဘရူနို ဖာနန်ဒက်စ်က အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ ရက်ရှ်ဖို့ဒ်က မနားတမ်း ပြေးလိုက်ပြီး ဂိုးရှေ့ကို ပြန်ချိုးပေးခဲ့တာကို ဖရက်ဒ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က နော့တင်ဟမ် ဖောရက်စ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ကြပြီး နှစ်ကျော့ပေါင်း ငါးဂိုး-ဂိုးမရှိ ရလဒ်နဲ့ ကာရာဘောင်းဖလားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို လာမယ့်ပွဲစဉ်မှာတော့ တစ်ဖက်က ဆောက်သမ်တန်အသင်းကို အနိုင်ယူပြီး တက်ရောက်လာခဲ့တဲ့ နယူးကာဆယ်လ်တို့နဲ့ ဗိုလ်လုရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဟီတန္၊ ခံစစ္မွာ ဗာ႐ြန္း၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ လုခ္ေရွာနဲ႔ ဝန္ဘစ္ဆာကာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ ဖရက္ဒ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ပထမအေက်ာ့က ရႈံးထားခဲ့တဲ့ ဧည့္သည္ ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား ဟင္နက္ဆီ၊ ခံစစ္မွာ ဘိုလီ၊ မက္ကင္နာ၊ ဝီလီယမ္စ္နဲ႔ ရီနန္ လိုဒီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မန္ဂါလာ၊ ဖ႐ြိဳင္လာ၊ စကာပါတို႔နဲ႔ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဒင္းနစ္၊ ဘရင္နန္ ဂြၽန္ဆန္နဲ႔ ဆာရစ္ခ်္တို႔ကို တင္ကစားလာခဲ့တာပါ။

အိမ္ရွင္ ယူႏိုက္တက္တို႔အေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ပြဲကို စိုးမိုးကစားသြားခဲ့ၾကၿပီး ေဖာရက္စ္တို႔ရဲ႕ ခံစစ္ကို ဂါနာခ်ိဳနဲ႔အဖြဲ႕ မေက်ာ္ႏိုင္ခဲ့သလို ဝီလီယမ္စ္ရဲ႕ လက္ထိေဘာက ပင္နယ္တီျဖစ္ႏိုင္တာကိုလည္း မ်က္ကြယ္ျပဳခံခဲ့ရလို႔ စိတ္ပ်က္ခဲ့ရၿပီး ဗာ႐ြန္းရဲ႕ ေခါင္းတိုက္ခ်က္လည္း ဂိုးသမား ဟင္နက္ဆီရဲ႕ ေျခေထာက္တည့္တည့္ကို တိုက္မိခဲ့လို႔ ေလးလံေနတဲ့ ေဝးလ္စ္ဂိုးသမား ကံေကာင္းသြားခဲ့တာပါ။

ဂါနာခ်ိဳရဲ႕ ဖန္တီးမႈေတြက အန္တိုနီနဲ႔ ဗက္ဂ္ေဟာ့စ္တို႔အတြက္ ဘာမွ အက်ိဳးမျပဳခဲ့သလို ေဖာရက္စ္ဘက္က လြတ္ထြက္လာတဲ့ ဂြၽန္ဆန္ရဲ႕ ကန္ခ်က္ကိုေတာ့ ဂိုးသမား ဟီတန္ ကာကြယ္သြားႏိုင္ခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာ ဒင္းနစ္က အပိုင္အခြင့္အေရးကို ဆာရစ္ခ်္တည့္တည့္က ကန္ခဲ့တာေၾကာင့္ ကိုယ့္လူနဲ႔ကိုယ္ ဖုန္ရႉခဲ့ရပါတယ္။

နာက်င္အခ်ိန္ပိုမွာ ဗက္ဂ္ေဟာ့စ္ရဲ႕ ေခါင္းတိုက္ခ်က္က တိုင္ထိထြက္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရျပန္ၿပီး ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရပဲျဖစ္ေနခဲ့သလို အိမ္ရွင္နည္းျပ တန္ဟတ္အတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး သူ႔အေနနဲ႔ ရက္ရွ္ဖို႔ဒ္ကို အနားေပးတိုင္း အဆင္မေျပခဲ့တာက ဒီရာသီမွာ ေျဖရွင္းဖို႔ ခက္တဲ့ ျပႆနာလည္းျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ယူႏိုက္တက္တို႔ပဲ ဖိကစားေနခဲ့ၿပီး ေဖာရက္စ္တို႔ကေတာ့ သုံးဂိုးရႈံးထားတာျဖစ္လို႔ ေကာင္တာေတြကေန ဂိုးျပန္ရဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ဖိအားမွာ ေမ်ာပါေနခဲ့ၾကသလို ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္မွာေတာ့ အိမ္ရွင္ေတြဘက္က ဂါနာခ်ိဳ၊ ဗက္ဂ္ေဟာ့စ္၊ အန္တိုနီတို႔အစား ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္နဲ႔ ဆန္ခ်ိဳတို႔ ဝင္ကစားခဲ့ၾကခ်ိန္မွာ ဧည့္သည္ေတြဘက္ကေတာ့ ဖ႐ြိဳင္လာ၊ ဂြၽန္ဆန္နဲ႔ ရီနန္ လိုဒီတို႔အစား ဒါနီလို၊ မိုက္တင္နဲ႔ အူရီေယးတို႔ကို အေျပာင္းအလဲလုပ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္က လူေပးမွားရာကေန ကာစီမီ႐ို ျဖတ္ယူၿပီး ထိုးေပးခဲ့တာကို မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ တြဲလုံးကေန ရက္ရွ္ဖို႔ဒ္က ကန္သြင္းခဲ့ရာမွာ ေဖာရက္စ္ခံစစ္နဲ႔ထိၿပီး လည္ထြက္လာတာကို မာစီယယ္လ္က အနီးကပ္ ကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

သုံးမိနစ္အၾကာ ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ပဲ အႏိုင္ျပတ္သားေစမယ့္ ဒုတိယဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆန္ခ်ိဳ ေပးတာကို ညာျခမ္းက ဘ႐ူႏို ဖာနန္ဒက္စ္က အေဝးတိုင္ဘက္ကို ျဖတ္တင္ေပးရာမွာ ရက္ရွ္ဖို႔ဒ္က မနားတမ္း ေျပးလိုက္ၿပီး ဂိုးေရွ႕ကို ျပန္ခ်ိဳးေပးခဲ့တာကို ဖရက္ဒ္က လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၾကၿပီး ႏွစ္ေက်ာ့ေပါင္း ငါးဂိုး-ဂိုးမရွိ ရလဒ္နဲ႔ ကာရာေဘာင္းဖလားဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကသလို လာမယ့္ပြဲစဥ္မွာေတာ့ တစ္ဖက္က ေဆာက္သမ္တန္အသင္းကို အႏိုင္ယူၿပီး တက္ေရာက္လာခဲ့တဲ့ နယူးကာဆယ္လ္တို႔နဲ႔ ဗိုလ္လုရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.