Ligue1 Match Report

ရင်းမ်ကို ဟက်ထရစ်နဲ့ အနိုင်ရစေခဲ့တဲ့ ပြင်သစ်လိဂန်ဂိုးသွင်းဘုရင် ဂန်းနားလူငယ် ဘာလိုဂွန်

ပြီးခဲ့တဲ့ အပတ်က ပီအက်စ်ဂျီကို နှိပ်စက်ပြခဲ့တဲ့ ရင်းမ်စ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယော့ဖ်၊ ခံစစ်မှာ အက်ဂ်ဘာဒူး၊ အက်ဘ်ဒဲလ်ဟာမစ်ဒ်၊ ဖိုကေးနဲ့ ဒီစမက်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မာတူဆီဝါ၊ လိုပီ၊ ဒွမ်ဘီယာ၊ ဖလစ်ပ်စ်နဲ့ အီတိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာ အာဆင်နယ် အသင်းကနေ အငှားချထားတဲ့ ဘာလိုဂွန် တစ်ဦးတည်းနဲ့ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လိုရွန်အသင်းကတော့ ဂိုးသမား မန်နိုနီ၊ ခံစစ်မှာ လာပေါ့တ်၊ တယ်လ်ဘီ၊ ကာလူးလူးနဲ့ လူဂေါ့ဖ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ အင်နိုးဆန့်၊ လူဖေး၊ ပွန်ဆို၊ ဒီယာရာနဲ့ လူဘရယ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အီဘရာဟီမာ ကိုနေးကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာ လိုရွန်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ကွင်းလယ်လူ လူဖေးက လူဘရယ်ရဲ့ ဖန်တီးမှုကနေ အဆုံးသတ်နိုင်ခဲ့သလို ပွဲချိန် ၃၅ မိနစ်မှာလည်း ပွန်ဆိုရဲ့ ဖန်တီးမှုကနေ တိုက်စစ်မှူး ကိုနေးက ဒုတိယ ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့လို့ အိမ်ရှင် ရင်းမ်စ်တို့ နှစ်ဂိုးအရှုံးနဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်စေမယ့် သွင်းဂိုးကို ရင်းမ်စ်တို့ ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အက်ဂ်ဘာဒူးကို ဆွဲလှဲခံရလို့ ရတဲ့ ပင်နယ်တီကနေ ဘာလိုဂွန်က အလယ်တည့်တည့်ကို အပြင်းကန်သွင်းရယူသွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်မှာတော့ ရင်းမ်စ်တို့ ပြန်လာနိုင်ခဲ့ကြပြီး သရေကျစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ကနေ အက်ဘ်ဒဲလ်ဟာမစ်ဒ်က ထိုးပေးတဲ့ ဘောလုံးကို ဒွမ်ဘီယာက လိုရွန်ကစားသမားတွေကို တစ်ကိုယ်တော်အစွမ်းနဲ့ ကျော်ဖြတ်ပြီး ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာကြောင့် နှစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ရင်းမ်စ်တို့ တတိယဂိုးကို Come Back နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘောလုံးရလာတဲ့ အီတိုက ဖြတ်တင်ပေးရာမှာ လိုရွန်ခံစစ်သမားတစ်ဦးနဲ့ထိပြီး ဧရိယာထဲကို ကျလာတဲ့ ဘောလုံးကို ဘာလိုဂွန်ကပဲ အနီးကပ် Volley ကန်သွင်းပြီး အာဆင်နယ် ဂိုးသမားဟောင်းပဲဖြစ်တဲ့ မန်နိုနီကို ကူကယ်ရာမဲ့စေခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ဆက်တိုက် ဖိကစားနေတဲ့ ရင်းမ်စ်တို့ပဲ စတုတ္ထ ဦးဆောင်ဂိုးနဲ့ အနိုင်သေချာသွားခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ လိုရွန်ခံစစ်ပေါ် ထောင့်ဖြတ်ကျော်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘာလိုဂွန်ကပဲ ပြေးလိုက်ပြီး ထိန်းသိမ်းမနေတော့ဘဲ ဘယ်ခြေနဲ့ မြေမကျ ကန်သွင်းယူခဲ့လို့ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကို ပိုင်ဆိုင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက အငှားချထားတဲ့ အင်္ဂလန် ယူ-၂၁ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်အနေနဲ့ ဂန်းနားပရိသတ်တွေ ပီတိဖြစ်ရအောင် ပြင်သစ်လိဂန်မှာ ခြေစွမ်းပြနေပြီး ရင်းမ်စ်တို့အတွက် ပွဲ ၂၀ မှာ ၁၄ ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဒါဟာ ဥရောပထိပ်တန်းလိဂ်တွေမှာ တတိယလိုက်နိုင်ခဲ့ပြီး ပြည်တွင်းမှာတော့ ခီလီယန် အမ်ဘာပေကို ကျော်တက်ပြီး ရွှေဖိနပ်ဆုကို ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် ဘာလိုဂွန်ကိုတော့ အာဆင်နယ်ပရိသတ်တွေက လာမယ့်ရာသီတွေမှာ ဆက်လက်ထိန်းသိမ်းပြီး အသင်းအတွက် အကျိုးပြုစေချင်နေကြသလို ခြေစွမ်းတက်လာတဲ့ အက်ဒီ နကီးတီးယားနဲ့ သူတို့နှစ်ဦးနဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့ရဲ့ အင်အားက နောက်ထပ် တိုက်စစ်မှူး အသစ်ထပ်ဝယ်ဖို့တောင် မလိုတော့ဘူးလို့ လူပြောများနေခဲ့ကြပြီး လက်ရှိမှာတော့ လိဂန်က နာမည်ကြီးတွေ အားလုံးကို တောက်ချနိုင်ခဲ့တာပါ။

နိုင်ဂျီးရီးယားနွယ်ဖွားတိုက်စစ်မှူးအနေနဲ့ လိုရွန်ကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးပေါက်တည့်မှု ၇ ကြိမ်ရှိခဲ့ရာကနေ ဟက်ထရစ်အဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာဖြစ်သလို ဈေးကွက်တန်ကြေးလည်း မြင့်တက်လာခဲ့ပြီး ဂန်းနားတွေဘက်ကတော့ တန်ကြေး ယူရိုသန်း ၄၀ နဲ့အထက် သတ်မှတ်ထားချိန်မှာ ကစားသမားကတော့ သူ့ရဲ့ အနာဂတ်က လန်ဒန်မှာပဲ ရှိနေတယ်လို့ သူ့ကို မွေးထုတ်ပေးတဲ့ အာဆင်နယ်အသင်းဆီကို သတင်းစကားပါးထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ အပတ္က ပီအက္စ္ဂ်ီကို ႏွိပ္စက္ျပခဲ့တဲ့ ရင္းမ္စ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီေယာ့ဖ္၊ ခံစစ္မွာ အက္ဂ္ဘာဒူး၊ အက္ဘ္ဒဲလ္ဟာမစ္ဒ္၊ ဖိုေကးနဲ႔ ဒီစမက္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မာတူဆီဝါ၊ လိုပီ၊ ဒြမ္ဘီယာ၊ ဖလစ္ပ္စ္နဲ႔ အီတိုတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာ အာဆင္နယ္ အသင္းကေန အငွားခ်ထားတဲ့ ဘာလိုဂြန္ တစ္ဦးတည္းနဲ႔ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ လို႐ြန္အသင္းကေတာ့ ဂိုးသမား မန္ႏိုနီ၊ ခံစစ္မွာ လာေပါ့တ္၊ တယ္လ္ဘီ၊ ကာလူးလူးနဲ႔ လူေဂါ့ဖ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ အင္ႏိုးဆန႔္၊ လူေဖး၊ ပြန္ဆို၊ ဒီယာရာနဲ႔ လူဘရယ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အီဘရာဟီမာ ကိုေနးကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာ လို႐ြန္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ကြင္းလယ္လူ လူေဖးက လူဘရယ္ရဲ႕ ဖန္တီးမႈကေန အဆုံးသတ္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၃၅ မိနစ္မွာလည္း ပြန္ဆိုရဲ႕ ဖန္တီးမႈကေန တိုက္စစ္မႉး ကိုေနးက ဒုတိယ ဦးေဆာင္ဂိုး သြင္းယူသြားႏိုင္ခဲ့လို႔ အိမ္ရွင္ ရင္းမ္စ္တို႔ ႏွစ္ဂိုးအရႈံးနဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ဒီပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ေစမယ့္ သြင္းဂိုးကို ရင္းမ္စ္တို႔ ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန အက္ဂ္ဘာဒူးကို ဆြဲလွဲခံရလို႔ ရတဲ့ ပင္နယ္တီကေန ဘာလိုဂြန္က အလယ္တည့္တည့္ကို အျပင္းကန္သြင္းရယူသြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ရင္းမ္စ္တို႔ ျပန္လာႏိုင္ခဲ့ၾကၿပီး သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္ကေန အက္ဘ္ဒဲလ္ဟာမစ္ဒ္က ထိုးေပးတဲ့ ေဘာလုံးကို ဒြမ္ဘီယာက လို႐ြန္ကစားသမားေတြကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ေက်ာ္ျဖတ္ၿပီး ဧရိယာထိပ္ကေန အနိမ့္ေဘာ ကန္သြင္းယူသြားႏိုင္ခဲ့တာေၾကာင့္ ႏွစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ရင္းမ္စ္တို႔ တတိယဂိုးကို Come Back ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေဘာလုံးရလာတဲ့ အီတိုက ျဖတ္တင္ေပးရာမွာ လို႐ြန္ခံစစ္သမားတစ္ဦးနဲ႔ထိၿပီး ဧရိယာထဲကို က်လာတဲ့ ေဘာလုံးကို ဘာလိုဂြန္ကပဲ အနီးကပ္ Volley ကန္သြင္းၿပီး အာဆင္နယ္ ဂိုးသမားေဟာင္းပဲျဖစ္တဲ့ မန္ႏိုနီကို ကူကယ္ရာမဲ့ေစခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဆက္တိုက္ ဖိကစားေနတဲ့ ရင္းမ္စ္တို႔ပဲ စတုတၳ ဦးေဆာင္ဂိုးနဲ႔ အႏိုင္ေသခ်ာသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန လို႐ြန္ခံစစ္ေပၚ ေထာင့္ျဖတ္ေက်ာ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဘာလိုဂြန္ကပဲ ေျပးလိုက္ၿပီး ထိန္းသိမ္းမေနေတာ့ဘဲ ဘယ္ေျခနဲ႔ ေျမမက် ကန္သြင္းယူခဲ့လို႔ သူ႔ရဲ႕ ကစားသမားဘဝ ပထမဆုံး ဟက္ထရစ္ကို ပိုင္ဆိုင္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းက အငွားခ်ထားတဲ့ အဂၤလန္ ယူ-၂၁ တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္အေနနဲ႔ ဂန္းနားပရိသတ္ေတြ ပီတိျဖစ္ရေအာင္ ျပင္သစ္လိဂန္မွာ ေျခစြမ္းျပေနၿပီး ရင္းမ္စ္တို႔အတြက္ ပြဲ ၂၀ မွာ ၁၄ ဂိုး သြင္းယူေပးႏိုင္ခဲ့သလို ဒါဟာ ဥေရာပထိပ္တန္းလိဂ္ေတြမွာ တတိယလိုက္ႏိုင္ခဲ့ၿပီး ျပည္တြင္းမွာေတာ့ ခီလီယန္ အမ္ဘာေပကို ေက်ာ္တက္ၿပီး ေ႐ႊဖိနပ္ဆုကို ထိပ္ဆုံးကေန ဦးေဆာင္ႏိုင္ခဲ့တာပါ။

အသက္ ၂၁ ႏွစ္အ႐ြယ္ ဘာလိုဂြန္ကိုေတာ့ အာဆင္နယ္ပရိသတ္ေတြက လာမယ့္ရာသီေတြမွာ ဆက္လက္ထိန္းသိမ္းၿပီး အသင္းအတြက္ အက်ိဳးျပဳေစခ်င္ေနၾကသလို ေျခစြမ္းတက္လာတဲ့ အက္ဒီ နကီးတီးယားနဲ႔ သူတို႔ႏွစ္ဦးနဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တို႔ရဲ႕ အင္အားက ေနာက္ထပ္ တိုက္စစ္မႉး အသစ္ထပ္ဝယ္ဖို႔ေတာင္ မလိုေတာ့ဘူးလို႔ လူေျပာမ်ားေနခဲ့ၾကၿပီး လက္ရွိမွာေတာ့ လိဂန္က နာမည္ႀကီးေတြ အားလုံးကို ေတာက္ခ်ႏိုင္ခဲ့တာပါ။

ႏိုင္ဂ်ီးရီးယားႏြယ္ဖြားတိုက္စစ္မႉးအေနနဲ႔ လို႐ြန္ကို ေလးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးေပါက္တည့္မႈ ၇ ႀကိမ္ရွိခဲ့ရာကေန ဟက္ထရစ္အျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာျဖစ္သလို ေဈးကြက္တန္ေၾကးလည္း ျမင့္တက္လာခဲ့ၿပီး ဂန္းနားေတြဘက္ကေတာ့ တန္ေၾကး ယူ႐ိုသန္း ၄၀ နဲ႔အထက္ သတ္မွတ္ထားခ်ိန္မွာ ကစားသမားကေတာ့ သူ႔ရဲ႕ အနာဂတ္က လန္ဒန္မွာပဲ ရွိေနတယ္လို႔ သူ႔ကို ေမြးထုတ္ေပးတဲ့ အာဆင္နယ္အသင္းဆီကို သတင္းစကားပါးထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.