Ligue1 Match Report

ပိန္နဲသီးတောင် မစားတတ်တော့တဲ့ လိပ်ကြီးကြောင့် မက်ဆီရဲ့ ရုန်းအားနဲ့မှ နိုင်ပွဲရတဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာတော့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဆာဂျီယို ရာမို့စ်၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒါနီလို ပါရဲရား၊ ဖာဘီယန် ရူးဝီးဇ်၊ ဗီတင်ညာနဲ့ ကားလို့စ် ဆိုလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မက်ဆီနဲ့ အမ်ဘာပေတို့ကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် မွန့်ပယ်လီယေးတို့ကတော့ ဂိုးသမား လူကွမ့်တ်၊ ခံစစ်မှာ ကူယာတေး၊ ဂျူလီယန်နဲ့ အက်စ်တဲဗာတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာ ရှိတာ့ဒ်၊ လီရွိုင်း၊ ဆာဗားနီးယေး၊ မာအွက်ဆာနဲ့ ဆက်ကိုတို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဂျယ်ရ်မန်နဲ့ မာဗီဒီဒီတို့ကို ပွဲထုတ်လာခဲ့ကြတာပါ။


ပွဲချိန် ၇ မိနစ်မှာပဲ ဖရီးကစ်ကို ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ဆာဂျီယို ရာမို့စ် ဆွဲလှဲခံရလို့ ပင်နယ်တီ ရခဲ့ပေမယ့် အမ်ဘာပေ ကန်ချက်ကို ဂိုးသမား လူကွမ့်တ်က ညာဘက်ကို မှန်မှန်ကန်ကန် ဒိုက်ပစ်ပြီး ပုတ်ထုတ်သွားခဲ့သလို ကန်ချိန်မှာ ဧရိယာထဲကို မွန့်ပယ်လီယေး ကစားသမားတွေ ဝင်နေတယ်ဆိုပြီး နောက်တစ်ကြိမ် ပြန်ကန်ခိုင်းရာမှာလည်း အမ်ဘာပေ တိုင်ထိအောင်ကန်ပြီး ပြန်ထွက်လာတာကိုလည်း ဘားပေါ်ကျော်ကန်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ ပေါင်နောက်ကြော ဒဏ်ရာရသွားပုံပေါ်တဲ့ အမ်ဘာပေကို အီကီတီကီနဲ့ လဲကစားခဲ့ရလို့ ပြင်သစ်တိုက်စစ်မှူးအနေနဲ့ လိဂန်မှာ လေးပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ရသလို ပီအက်စ်ဂျီတို့ရဲ့ တိုက်စစ်ကိုတော့ မက်ဆီနဲ့ ဖာဘီယန် ရူးဝီးဇ်တို့က အဓိက ဦးဆောင်ခဲ့ကြရပြီး MNM တိုက်စစ်မှာ အာဂျင်တီးနား GOAT တစ်ယောက်တည်း ရုန်းကန်ခဲ့တဲ့နောက် ဆာဂျီယို ရာမို့စ်ပါ နာသွားခဲ့လို့ လူစားလဲခဲ့ရသေးတာပါ။

ပွဲချိန် ၃၄ မိနစ်မှာ မက်ဆီက ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဗီတင်ညာ ခေါင်းတိုက်ချပေးချိန်မှာ လူကျွံနေခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရသလို ဖရီးကစ် ကန်ရာမှာလည်း လူတံတိုင်း မကျော်ခဲ့လို့ ပထမပိုင်းမှာ ပီအက်စ်ဂျီတို့အနေနဲ့ စိတ်ပျက်စရာ ပုံစံကိုပဲ ပြသနိုင်ခဲ့ပြီး မွန့်ပယ်လီယေးကွင်းမှာ ဂိုးမရှိသရေ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပီအက်စ်ဂျီတို့ပဲ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ကြပြီး အိမ်ရှင်တွေကတော့ ခံစစ်ပဲ ပိတ်ကစားနေခဲ့ကြသလို ဧည့်သည်တွေဘက်က ပွဲချိန် ၅၂ မိနစ်မှာ ဟာကီမီက အဝေးကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ကစားကွက်ဖော်နေချိန်မှာ လူကျွံနေတဲ့ ဖာဘီယန် ရူးဝီးဇ်ကို ပေးခဲ့မိတာကြောင့် ဂိုးအဖြစ်က ပယ်ဖျက်ခံခဲ့ရတာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ ပီအက်စ်ဂျီတို့အတွက် ဖာဘီယန် ရူးဝီးဇ်က သူ့ရဲ့ အမှားကို ပြင်ဆင်တဲ့အနေနဲ့ အဖွင့်ဂိုး စတင်သွင်းယူပြီး မွန်ပယ်လီယေးခံစစ်ကို ချိုးဖျက်သွားခဲ့သလို ဒီဂိုးကိုတော့ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ခဲ့တဲ့ ဟာကီမီရဲ့ ပိတ်သွင်းမှုကနေ ပြန်ထွက်လာတာကို အီကီတီကီက ခေါင်းတိုက်ပြီး ပြန်ချအပေးမှာ ရူးဝီးဇ်က ပြေးဝင်ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မွန့်ပယ်လီယေးတို့ဘက်က ဂျယ်ရ်မန်နဲ့ လီရွိုင်းတို့အစား ဖာယေးနဲ့ ဖယ်ရီတို့ ဝင်ကစားလာခဲ့ကြသလို ပီအက်စ်ဂျီတို့ဘက်ကတော့ ဗီတင်ညာနဲ့ နူနို မန်ဒက်စ်တို့အစား ဇိုင်ယာ-အမ်မရီနဲ့ ဘားနတ်တို့ကို ထည့်သွင်းလာခဲ့ပြီး ဧည့်သည်တွေ ကစားကွက် ပိုမိလာခဲ့ကြသလို အိမ်ရှင်တွေဘက်ကတော့ မာဗီဒီဒီက ကောင်တာတွေကနေ ခြိမ်းခြောက်နေခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အီကီတီကီ ပေးတာကို ဖာဘီယန် ရူးဝီးဇ်က မွန့်ပယ်လီယေးခံစစ်ကြားကနေ ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ မက်ဆီက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမား လူကွမ့်တ်ကို ပညာသားပါပါနဲ့ အသာလေး ချိုးကန်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

မွန့်ပယ်လီယေးတို့ဘက်က မာအွက်ဆာ၊ ရှိုတာ့ဒ်နဲ့ ဆက်ကိုတို့အစား ဖာယက်ဒ်၊ နော်ဒန်နဲ့ ချတ်တိုတို့ကို ထည့်သွင်းပြီး တိုက်စစ်မြင့်လာခဲ့သလို ပွဲချိန် ၈၉ မိနစ်မှာတော့ မျှော်လင့်ချက်ရောင်ခြည်သန်းစေမယ့် ချေပဂိုးတစ်ဂိုးကို ပြန်လည်ရှာဖွေသွားခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်က ဘားနတ်ရဲ့ ဆရာကြီးစတိုင်နဲ့ အမှားကြောင့် ဘောလုံးပျက်ရာမှာ နော်ဒင်က ဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ရဲ့ အနိုင်အတွက် စိတ်ချရစေမယ့် တတိယဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဘောလုံးပြန်ဆယ်ယူနိုင်ခဲ့တဲ့ ဇိုင်ယာ-အမ်မရီက ညာခြမ်းကနေ ဟာကီမီနဲ့ ဝမ်းတူးရိုက်ထွက်ပြီး လွတ်လာခဲ့ရာကနေ ဘယ်သူ့မှ မပေးတော့ဘဲ တစ်ကိုယ်တော် ကန်သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် ၁၆ နှစ်နဲ့ ရက်ပေါင်း ၃၃၀ မှာ စံချိန်တင်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မက်ဆီရဲ့ ခြေစွမ်းပြမှုနဲ့အတူ ပီအက်စ်ဂျီတို့ မွန့်ပယ်လီယေးကို သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီပွဲကို အနိုင်ရရှိခဲ့တဲ့အတွက် ဒုတိယနေရာက မာဆေးလ် ၅ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့သလို လိဂန်အမှတ်ပေးချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ဆာဂ်ီယို ရာမို႔စ္၊ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒါနီလို ပါရဲရား၊ ဖာဘီယန္ ႐ူးဝီးဇ္၊ ဗီတင္ညာနဲ႔ ကားလို႔စ္ ဆိုလာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီနဲ႔ အမ္ဘာေပတို႔ကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ မြန႔္ပယ္လီေယးတို႔ကေတာ့ ဂိုးသမား လူကြမ့္တ္၊ ခံစစ္မွာ ကူယာေတး၊ ဂ်ဴလီယန္နဲ႔ အက္စ္တဲဗာတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာ ရွိတာ့ဒ္၊ လီ႐ြိဳင္း၊ ဆာဗားနီးေယး၊ မာအြက္ဆာနဲ႔ ဆက္ကိုတို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂ်ယ္ရ္မန္နဲ႔ မာဗီဒီဒီတို႔ကို ပြဲထုတ္လာခဲ့ၾကတာပါ။


ပြဲခ်ိန္ ၇ မိနစ္မွာပဲ ဖရီးကစ္ကို ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ဆာဂ်ီယို ရာမို႔စ္ ဆြဲလွဲခံရလို႔ ပင္နယ္တီ ရခဲ့ေပမယ့္ အမ္ဘာေပ ကန္ခ်က္ကို ဂိုးသမား လူကြမ့္တ္က ညာဘက္ကို မွန္မွန္ကန္ကန္ ဒိုက္ပစ္ၿပီး ပုတ္ထုတ္သြားခဲ့သလို ကန္ခ်ိန္မွာ ဧရိယာထဲကို မြန႔္ပယ္လီေယး ကစားသမားေတြ ဝင္ေနတယ္ဆိုၿပီး ေနာက္တစ္ႀကိမ္ ျပန္ကန္ခိုင္းရာမွာလည္း အမ္ဘာေပ တိုင္ထိေအာင္ကန္ၿပီး ျပန္ထြက္လာတာကိုလည္း ဘားေပၚေက်ာ္ကန္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ေပါင္ေနာက္ေၾကာ ဒဏ္ရာရသြားပုံေပၚတဲ့ အမ္ဘာေပကို အီကီတီကီနဲ႔ လဲကစားခဲ့ရလို႔ ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ လိဂန္မွာ ေလးပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့ရသလို ပီအက္စ္ဂ်ီတို႔ရဲ႕ တိုက္စစ္ကိုေတာ့ မက္ဆီနဲ႔ ဖာဘီယန္ ႐ူးဝီးဇ္တို႔က အဓိက ဦးေဆာင္ခဲ့ၾကရၿပီး MNM တိုက္စစ္မွာ အာဂ်င္တီးနား GOAT တစ္ေယာက္တည္း ႐ုန္းကန္ခဲ့တဲ့ေနာက္ ဆာဂ်ီယို ရာမို႔စ္ပါ နာသြားခဲ့လို႔ လူစားလဲခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာ မက္ဆီက ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ဗီတင္ညာ ေခါင္းတိုက္ခ်ေပးခ်ိန္မွာ လူကြၽံေနခဲ့လို႔ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရသလို ဖရီးကစ္ ကန္ရာမွာလည္း လူတံတိုင္း မေက်ာ္ခဲ့လို႔ ပထမပိုင္းမွာ ပီအက္စ္ဂ်ီတို႔အေနနဲ႔ စိတ္ပ်က္စရာ ပုံစံကိုပဲ ျပသႏိုင္ခဲ့ၿပီး မြန႔္ပယ္လီေယးကြင္းမွာ ဂိုးမရွိသေရ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ပီအက္စ္ဂ်ီတို႔ပဲ ပြဲကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၾကၿပီး အိမ္ရွင္ေတြကေတာ့ ခံစစ္ပဲ ပိတ္ကစားေနခဲ့ၾကသလို ဧည့္သည္ေတြဘက္က ပြဲခ်ိန္ ၅၂ မိနစ္မွာ ဟာကီမီက အေဝးကန္ခ်က္နဲ႔ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ကစားကြက္ေဖာ္ေနခ်ိန္မွာ လူကြၽံေနတဲ့ ဖာဘီယန္ ႐ူးဝီးဇ္ကို ေပးခဲ့မိတာေၾကာင့္ ဂိုးအျဖစ္က ပယ္ဖ်က္ခံခဲ့ရတာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔အတြက္ ဖာဘီယန္ ႐ူးဝီးဇ္က သူ႔ရဲ႕ အမွားကို ျပင္ဆင္တဲ့အေနနဲ႔ အဖြင့္ဂိုး စတင္သြင္းယူၿပီး မြန္ပယ္လီေယးခံစစ္ကို ခ်ိဳးဖ်က္သြားခဲ့သလို ဒီဂိုးကိုေတာ့ ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕ခဲ့တဲ့ ဟာကီမီရဲ႕ ပိတ္သြင္းမႈကေန ျပန္ထြက္လာတာကို အီကီတီကီက ေခါင္းတိုက္ၿပီး ျပန္ခ်အေပးမွာ ႐ူးဝီးဇ္က ေျပးဝင္ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ မြန႔္ပယ္လီေယးတို႔ဘက္က ဂ်ယ္ရ္မန္နဲ႔ လီ႐ြိဳင္းတို႔အစား ဖာေယးနဲ႔ ဖယ္ရီတို႔ ဝင္ကစားလာခဲ့ၾကသလို ပီအက္စ္ဂ်ီတို႔ဘက္ကေတာ့ ဗီတင္ညာနဲ႔ ႏူႏို မန္ဒက္စ္တို႔အစား ဇိုင္ယာ-အမ္မရီနဲ႔ ဘားနတ္တို႔ကို ထည့္သြင္းလာခဲ့ၿပီး ဧည့္သည္ေတြ ကစားကြက္ ပိုမိလာခဲ့ၾကသလို အိမ္ရွင္ေတြဘက္ကေတာ့ မာဗီဒီဒီက ေကာင္တာေတြကေန ၿခိမ္းေျခာက္ေနခဲ့တာပါ။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အီကီတီကီ ေပးတာကို ဖာဘီယန္ ႐ူးဝီးဇ္က မြန႔္ပယ္လီေယးခံစစ္ၾကားကေန ဧရိယာထဲကို ခင္းေပးခဲ့ရာမွာ မက္ဆီက လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ဂိုးသမား လူကြမ့္တ္ကို ပညာသားပါပါနဲ႔ အသာေလး ခ်ိဳးကန္သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

မြန႔္ပယ္လီေယးတို႔ဘက္က မာအြက္ဆာ၊ ရႈိတာ့ဒ္နဲ႔ ဆက္ကိုတို႔အစား ဖာယက္ဒ္၊ ေနာ္ဒန္နဲ႔ ခ်တ္တိုတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမင့္လာခဲ့သလို ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းေစမယ့္ ေခ်ပဂိုးတစ္ဂိုးကို ျပန္လည္ရွာေဖြသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ခံစစ္က ဘားနတ္ရဲ႕ ဆရာႀကီးစတိုင္နဲ႔ အမွားေၾကာင့္ ေဘာလုံးပ်က္ရာမွာ ေနာ္ဒင္က ဧရိယာထိပ္ကေန အျပင္းကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ရဲ႕ အႏိုင္အတြက္ စိတ္ခ်ရေစမယ့္ တတိယဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ေဘာလုံးျပန္ဆယ္ယူႏိုင္ခဲ့တဲ့ ဇိုင္ယာ-အမ္မရီက ညာျခမ္းကေန ဟာကီမီနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး လြတ္လာခဲ့ရာကေန ဘယ္သူ႔မွ မေပးေတာ့ဘဲ တစ္ကိုယ္ေတာ္ ကန္သြင္းယူႏိုင္ခဲ့ၿပီး အသင္းရဲ႕ အသက္အငယ္ဆုံး ဂိုးသြင္းရွင္အျဖစ္ ၁၆ ႏွစ္နဲ႔ ရက္ေပါင္း ၃၃၀ မွာ စံခ်ိန္တင္ရွိႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မက္ဆီရဲ႕ ေျခစြမ္းျပမႈနဲ႔အတူ ပီအက္စ္ဂ်ီတို႔ မြန႔္ပယ္လီေယးကို သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့အတြက္ ဒုတိယေနရာက မာေဆးလ္ ၅ မွတ္ျဖတ္ၿပီး ဦးေဆာင္ႏိုင္ခဲ့သလို လိဂန္အမွတ္ေပးခ်န္ပီယံဆုကို ဆက္လက္ထိန္းသိမ္းဖို႔ အေျခအေနေကာင္းကို ပိုင္ဆိုင္ထားဆဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.