Premier League Transfer News

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၂၃.၉.၂၀၂၀


isamaila sarr







REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့် ၂၀၂၁ နွေရာသီမှာ မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ နှစ်ဦးထဲက တစ်ဦးကို ရောင်းချဖို့ စီစဉ်နေပြီး ပြင်သစ်တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေနဲ့ ပြန်လည်အင်အားဖြည့်တင်းသွားဖွယ်ရှိနေ။

isamaila sarr

– ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အစ္စမိုင်လာ ဆားရ်အတွက် လီဗာပူးလ်အသင်းနဲ့ ဝတ်ဖို့ဒ်အသင်းတို့ကြားမှာ ပေါင် ၃၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့ပြီဖြစ်တယ်လို့ အင်္ဂလန်သတင်းဌာနတွေ ဖော်ပြ။

– ဘာစီလိုနာနဲ့ ချိတ်ဆက်နေခဲ့ပြီးမှာ အန်းဖီးလ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ အသင်းရဲ့ စာချုပ်သစ် သက်တမ်းတိုးမှုကို ငြင်းဆန်ထားပြီး လာမယ့်ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ စီစဉ်။

– အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်အနေနဲ့ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ တခြားဆုဖလားတွေကို ရယူနိုင်ခဲ့အပြီးမှာ လီဗာပူးလ်အသင်းရဲ့ အကြီးကျယ်ဆုံး အသင်းခေါင်းဆောင်တွေ စာရင်းထဲဝင် ဝင်ရောက်နိုင်လိမ့်မယ်လို့ ပရိသတ်တွေ ခန့်မှန်းနေကြ။

– ဘာစီလိုနာအသင်းရဲ့ အရောင်းစာရင်းထဲက ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ လစာငွေကို လျှော့ချချင်နေခဲ့တဲ့ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို တစ်ရာသီအငှားနဲ့ ခေါ်ယူသွားဖို့ မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် လီဗာပူးလ် စိတ်ဝင်စား။

– ဖာဘင်ညိုဟာ တကယ့်အကောင်ကြီးတစ်ကောင်ပဲလို့ အသင်းဖော် ဂိုးသမား အယ်လီဆန်က ချီးကျူးလိုက်ပြီး သူ့ရဲ့ စွမ်းရည်နဲ့ နည်းစနစ်ပိုင်း ပြည့်ဝမှုက ကွင်းလယ်မှာသာမက ဗဟိုခံစစ်မှာပါ အခက်အခဲမရှိ ခြေစွမ်းပြနိုင်စေခဲ့တယ်လို့ဆို။

– အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေအရ တိုက်စစ်နဲ့ ကွင်းလယ်ကို အားဖြည့်ဖို့ပဲ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ခံလူသစ် ခေါ်ယူဖို့ မရှိတော့သလို ဗဟိုခံစစ်မှာ ဖာဘင်ညိုနဲ့ ဗန်ဒိုက်တို့ တွဲဖက်ကစားမှာဖြစ်ပြီး ကွင်းလယ်အထိုင်မှာ သီယာဂို ကစားသွားဖို့ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.