Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၃.၉.၂၀၂၀

– အာဆင္နယ္အသင္းအေနနဲ႔ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ဒုတိယအႀကိမ္ ကမ္းလွမ္းဖို႔ ရက္ပုိင္းအတြင္းမွာ လုပ္ေဆာင္ဖြယ္ ရွိေနၿပီး ေပါင္ ၃၆ သန္း (ယူ႐ိုသန္း ၄၀) ေက်ာ္နဲ႔ ညႇိႏွဳိင္းေဆြးေႏြးသြားဖြယ္ရွိေန။

– လာမယ့္ လက္စတာနဲ႔ ကာရာေဘာင္းဖလားပြဲစဥ္မွာ လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို ပြဲထြက္ခြင့္ စတင္ေပးဖြယ္ရွိတယ္လို႔ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာ အရိပ္အျမြက္ ေျပာၾကားထားၿပီး သူ႕ရဲ႕ အသင္းနဲ႔ ပထမဆုံး ပြဲဦးထြက္ ျဖစ္လာဖို႔ ရွိေန။

– ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအေနနဲ႔ အာဆင္နယ္အသင္းကေန အက္သလက္တီကို မက္ဒရစ္အသင္းဆီ ေျပာင္းေရႊ႕ဖို႔ ေသခ်ာေနခဲ့ၿပီလို႔ ESPN ဥ႐ုေဂြးက ေဖာ္ျပခဲ့ၿပီး နီးစပ္တဲ့ အသုိင္းအဝိုင္းက အတည္ျပဳခဲ့တယ္လုိ႔ဆုိ။

– လူငယ္ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဂါဘရီယယ္လ္ မာဂါလုိင္စ္နဲ႔ ဝီလီယမ္ ဆာလီဘာတုိ႔အေနနဲ႔ ေဒးဗစ္ လူးဝစ္ဇ္လို ဝါရင့္ကစားသမားတစ္ဦးဆီကေန အေတြ႕အႀကဳံေတြ ရယူႏိုင္ခြင့္ရွိေနတာဟာ ေတာ္ေတာ္ေလး ကံေကာင္းတယ္လို႔ အာတီတာ ေျပာၾကား။

– ဝက္စ္ဟမ္းအသင္းရဲ႕ ကာရာေဘာင္းဖလား ေဆးစစ္မွဳမွာ ကိုဗစ္-၁၉ ပုိး ေတြ႕ရွိခဲ့လုိ႔ စေနေန႔က ကစားထားတဲ့ အာဆင္နယ္အသင္းအတြက္ အားလုံး စိတ္ပူခဲ့ရေပမယ့္ တနလၤာေန႔က ေဆးစစ္မွဳမွာ အားလုံး ဗိုင္းရပ္စ္ကင္းစင္တယ္လို႔ အက္သလက္တစ္ရဲ႕ ေဒးဗစ္ အြန္းစတိန္း ေဖာ္ျပ။

– အာဆင္နယ္အသင္းအေနနဲ႔ ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္ကို ပရီးမီးယားလိဂ္အသင္းေတြဆီ အငွားခ်သြားဖို႔ ျပင္ဆင္ေနၿပီး ကြင္းလယ္လူ အယ္လ္နန္နီရဲ႕ အနာဂတ္ကိုေတာ့ မဆုံးျဖတ္ရေသးဘဲ အသင္းရဲ႕ ပစ္မွတ္ေတြျဖစ္တဲ့ ေအာဝါနဲ႔ ပါေတးတုိ႔ရဲ႕ အေျခအေန အေပၚ မူတည္ဆုံးျဖတ္သြားဖြယ္ရွိ။

– အသင္းရဲ႕ ဒီရာသီႀကဳိ ေျခစမ္းပြဲအျဖစ္ကစားတဲ့ MK Dons နဲ႔ပြဲမွာ ေခါင္းတုိက္ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ေဟးလ္အန္႔ဒ္ အကယ္ဒမီထြက္ ေနာက္ခံလူ မာ့ခ္ မက္ဂင္းနက္စ္ကို ပထမတန္းကလပ္ အစ္ပ္ဆြစ္ခ်္ေတာင္းအသင္းဆီ အငွားခ်ထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ဒုတိယအကြိမ် ကမ်းလှမ်းဖို့ ရက်ပိုင်းအတွင်းမှာ လုပ်ဆောင်ဖွယ် ရှိနေပြီး ပေါင် ၃၆ သန်း (ယူရိုသန်း ၄၀) ကျော်နဲ့ ညှိနှိုင်းဆွေးနွေးသွားဖွယ်ရှိနေ။

– လာမယ့် လက်စတာနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာကို ပွဲထွက်ခွင့် စတင်ပေးဖွယ်ရှိတယ်လို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာ အရိပ်အမြွက် ပြောကြားထားပြီး သူ့ရဲ့ အသင်းနဲ့ ပထမဆုံး ပွဲဦးထွက် ဖြစ်လာဖို့ ရှိနေ။

– ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအနေနဲ့ အာဆင်နယ်အသင်းကနေ အက်သလက်တီကို မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ သေချာနေခဲ့ပြီလို့ ESPN ဥရုဂွေးက ဖော်ပြခဲ့ပြီး နီးစပ်တဲ့ အသိုင်းအဝိုင်းက အတည်ပြုခဲ့တယ်လို့ဆို။

– လူငယ်နောက်ခံလူတွေဖြစ်ကြတဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်နဲ့ ဝီလီယမ် ဆာလီဘာတို့အနေနဲ့ ဒေးဗစ် လူးဝစ်ဇ်လို ဝါရင့်ကစားသမားတစ်ဦးဆီကနေ အတွေ့အကြုံတွေ ရယူနိုင်ခွင့်ရှိနေတာဟာ တော်တော်လေး ကံကောင်းတယ်လို့ အာတီတာ ပြောကြား။

– ဝက်စ်ဟမ်းအသင်းရဲ့ ကာရာဘောင်းဖလား ဆေးစစ်မှုမှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့လို့ စနေနေ့က ကစားထားတဲ့ အာဆင်နယ်အသင်းအတွက် အားလုံး စိတ်ပူခဲ့ရပေမယ့် တနင်္လာနေ့က ဆေးစစ်မှုမှာ အားလုံး ဗိုင်းရပ်စ်ကင်းစင်တယ်လို့ အက်သလက်တစ်ရဲ့ ဒေးဗစ် အွန်းစတိန်း ဖော်ပြ။

– အာဆင်နယ်အသင်းအနေနဲ့ တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်ကို ပရီးမီးယားလိဂ်အသင်းတွေဆီ အငှားချသွားဖို့ ပြင်ဆင်နေပြီး ကွင်းလယ်လူ အယ်လ်နန်နီရဲ့ အနာဂတ်ကိုတော့ မဆုံးဖြတ်ရသေးဘဲ အသင်းရဲ့ ပစ်မှတ်တွေဖြစ်တဲ့ အောဝါနဲ့ ပါတေးတို့ရဲ့ အခြေအနေ အပေါ် မူတည်ဆုံးဖြတ်သွားဖွယ်ရှိ။

– အသင်းရဲ့ ဒီရာသီကြို ခြေစမ်းပွဲအဖြစ်ကစားတဲ့ MK Dons နဲ့ပွဲမှာ ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟေးလ်အန့်ဒ် အကယ်ဒမီထွက် နောက်ခံလူ မာ့ခ် မက်ဂင်းနက်စ်ကို ပထမတန်းကလပ် အစ်ပ်ဆွစ်ချ်တောင်းအသင်းဆီ အငှားချထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.