Premier League

ဇန်နဝါရီအပြောင်းအရွှေ့ကာလရဲ့အကောင်းဆုံးအပြောင်းအရွှေ့ ၅ ခု

အင်္ဂါနေ့ညမှာ ပိတ်သိမ်းခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဟာ ပရိသတ်တွေကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားစေခဲ့ပြီး ပုံမှန်အတိုင်းပဲ အင်္ဂလိပ်ကလပ်တွေဟာ ဇန်နဝါရီလမှာ အပြီးသတ်အပြောင်းအရွှေ့ ၅၂ ခုနဲ့ ယူရို ၈၈၄ သန်းကျော်အထိ သုံးစွဲပြီး ငွေသုံးကြမ်းပြခဲ့တာစြဖ်ပါတယ်။

ဒီနေ့မှာ မကြာသေးမီကမှ ပိတ်သိမ်းသွားခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းက အပြီးသတ်ရော အငှားနဲ့ အပြောင်းအရွှေ့တွေထဲက အကောင်းဆုံး အပြောင်းအရွှေ့ ၅ ခုကို လေ့လာဆန်းစစ်ခဲ့ပြီး အံ့အားသင့်ဖို့ မကောင်းစွာနဲ့ပဲ အင်္ဂလိပ်အသင်းတွေရဲ့ အပြောင်းအရွှေ့တွေက လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။

၅။ မာဆယ် ဆဘစ်ဇာ(မန်ချက်စတာယူနိုက်တက်)

မန်ချက်စတာယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်ကနေ မာဆယ် ဆဘစ်ဇာကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပြီး ဒီအပြောင်းအရွှေ့ဟာ အဲရစ်ဆင်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာကို အတည်ပြုခဲ့ပြီးနောက် သိပ်မကြာခင်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို ဧပြီလနှောင်းပိုင်း သို့မဟုတ် မေလအစောပိုင်းအထိ လွဲချော်တော့မှာဖြစ်ပြီး အဲရစ်ဆင်ဟာ ပွဲအရှိန် ထိန်းချုပ်မှု၊ တိုက်စစ်ကို ဘောလုံးသယ်ဆောင်မှုနဲ့ လစ်ဟာနေတဲ့ အရေးကြီးတဲ့နေရာတွေကို ရှာဖွေဖို့ တာဝန်ယူခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဆဘစ်ဇာက ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့်ရဲ့နေရာမှာ ဖြည့်ကစားနိုင်မှာဖြစ်ပြီး သြစတြီးယန်းကွင်းလယ်ကစားသမားဟာ ဘောလုံးဖြန့်ဝေရာမှာ အလွန်ကောင်းမွန်သလို တိုက်စစ်မှာ ခြိမ်းခြောက်မှုအများအပြားကိုလည်း ပြုလုပ်နိုင်သူဖြစ်ပါတယ်။ ဆဘစ်ဇာဟာ ဘိုင်ယန်မြူးနစ်မှာ ပွဲထွက်ခွင့် ပုံမှန်မရရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်မှာ ၎င်းရဲ့ အစွမ်းအစကို သက်သေပြသချင်နေမှာဖြစ်ပြီး တန်ဟက်ရဲ့ အစီအစဉ်ထဲမှာ အံဝင်မယ်ဆိုရင် လာမယ့်နွေရာသီမှာ အပြီးသတ်ခေါ်ယူခြင်းခံရနိုင်ပါတယ်။

၄။ ဂျော်ဂျင်ညို(အာဆင်နယ်)

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် ကိုင်ဆေဒိုကို ဇန်နဝါရီလတစ်လလုံး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ်လည်း ကမ်းလှမ်းမှု ၂ ကြိမ်စလုံး ငြင်းပယ်ခံခဲ့ရပြီးနောက် ချဲလ်ဆီးကွင်းလယ်ကစားသမားကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဂျော်ဂျင်ညိုဟာ ဂန်းနားတွေနဲ့ ၁၈ လ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အီတလီကွင်းလယ်ကြယ်ပွင့်ဟာ ချဲလ်ဆီးနဲ့အတူ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေကို အနိုင်ရရှိခဲ့တဲ့ အတွေ့အကြုံရင့် ကစားသမားဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒူးဒဏ်ရာကြောင့် အယ်လ်နန်နီကို ဆုံးရှုံးခဲ့ရပြီးနောက် ပါတေးနေရာမှာ ဖြည့်ကစားနိုင်မယ့်သူ တစ်ယောက်မှ မရှိတော့တာကြောင့် ချဲလ်ဆီးကြယ်ပွင့်ဟာ ဂါနာကြယ်ပွင့်လိုမျိုး ရုပ်ပိုင်းဆိုင်ရာအားကောင်းခြင်းမရှိပေမယ့်လည်း လိုအပ်တဲ့အချိန်မှာ ကျိန်းသေပေါက် ဖြည့်ကစားပေးနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဂျော်ဂျင်ညိုဟာ လူစာရင်းကို မျိုးစုံစမ်းသပ်ချင်တဲ့ အာတီတာအတွက် ပိုပြီး လုပ်သာကိုင်သာ ရှိလာစေမယ့်ကစားသမားဖြစ်ပါတယ်။

၃။ လီအန်ဒရို ထရော့ဆာ့ဒ်(အာဆင်နယ်)

ချဲလ်ဆီးအသင်းဆီ မာဒရစ်ခ်ကို ဆုံရှုံးခဲ့ရတဲ့ အာဆင်နယ်ဟာ ဘရိုက်တန်ကြယ်ပွင့် ထရော့ဆာ့ဒ်ကို အလျင်အမြန် ခေါ်ယူခဲ့ပြီး ပြောင်းရွှေ့ကြေးက ယူရို ၂၄ သန်းလောက်သာ ဖြစ်တာကြောင့် တော်တော်လေး ဈေးသက်သက်သာသာနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ထရော့ဆာ့ဒ်ဟာ အာဆင်နယ်ရဲ့ ပထမဦးစားပေးဘယ်တောင်ပံကစားသမား မာတီနယ်လီရဲ့နေရာကို လုယူနိုင်တဲ့ အရည်အချင်းတွေ အားလုံးပိုင်ဆိုင်ထားပြီး ပိတ်ဆို့မှုတွေမှာ လျင်မြန်သလို အသင်းဖော်တွေနဲ့လည်း ကောင်းကောင်း ပေါင်းစပ်ကစားနိုင်တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာနိုင်ခြေရှိတဲ့အသင်းတိုင်းဟာ အရည်အသွေးရှိတဲ့ လူစာရင်းလိုအပ်ပြီး ထရော့ဆာ့ဒ်ကို ခေါ်ယူခဲ့မှုက ဒီရာသီ အာဆင်နယ်ရဲ့ ရည်မှန်းချက်တွေအတွက် သက်သေတစ်ခု ဖြစ်ခဲ့ပါတယ်။

၂။ အန်ဇို ဖာနန်ဒက်ဇ်(ချဲလ်ဆီး)

အချိန်အတော်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ အပြီးမှာ ချဲလ်ဆီးအသင်းဟာ နောက်ဆုံးမှာတော့ ဘင်ဖီကာအသင်းကို ၎င်းတို့ရဲ့ ကွင်းလယ်ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်ကို အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ထွက်ခွာခွင့်ပြုအောင် စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဟာ ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာတဲ့ ယူရို ၁၂၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်လူဟာ လက်ရှိမှာတော့ အနောက်လန်ဒန်အသင်းနဲ့ ၂၀၃၁ ခုနှစ် ဇွန်လအထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ ဖာနန်ဒက်ဇ်ဟာ ချဲလ်ဆီးအသင်းမှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေအားလုံးရှိပြီး နေရာစုံကစားနိုင်သလို ဂိုးပေါက်ကန်သွင်းရတာကို နှစ်သက်တဲ့ ကစားသမားဖြစ်ပါတယ်။ ဘင်ဖီကာကြယ်ပွင့်ဟောင်းဟာ အလွန်ကောင်းမွန်တဲ့ ဘောလုံးပေးပို့နိုင်စွမ်း၊ ပွဲကို ထူးထူးခြားခြား ဖတ်နိုင်စွမ်း၊ မထင်မှတ်တဲ့ ပေးပို့မှုတွေနဲ့ ပြိုင်ဘက်ခံစစ်တွေကို ပွင့်သွားအောင် လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ရာသီ ပထမပိုင်းမှာ ဘင်ဖီကာအသင်းအတွက် အန်ဇို ဖာနန်ဒက်ဇ်ဟာ ၂၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၁။ ဂျာအို ကန်ဆယ်လို(ဘိုင်ယန်မြူးနစ်)

ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံတောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရတဲ့ ကန်ဆယ်လိုဟာ မန်စီးတီးကနေ ဘိုင်ယန်မြူနစ်ကို အငှားနဲ့ ပြောင်းရွှေ့ပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ရဲ့ အငှားစာချုပ်ထဲမှာ ယူရိုသန်း ၇၀ နဲ့ အပြီးသတ်ဝယ်ယူခွင့်လည်း ပါဝင်ပေမယ့်လည်း မဖြစ်မနေ ဝယ်ယူရမှာတော့မဟုတ်ဘူးလို့ သိရပါတယ်။ သတင်းရင်းမြစ်အများအပြားရဲ့ ပြောကြားချက်အရ ကန်ဆယ်လိုရဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ ၎င်းရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးကြောင့် အစ်တီဟတ်ကို အံ့အားသင့်ဖွယ် စွန့်ခွာခဲ့တာဖြစ်တယ်လို့ သိရပြီး ပေါ်တူဂီကြယ်ပွင့်ဟာ နောက်ခံတောင်ပံ ၂ ဖက်စလုံးမှာ ကစားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဂျူဗင်တပ်ကြယ်ပွင့်ဟောင်းဟာ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်နိုင်သူဖြစ်ပြီး ချီးကျူးစရာကောင်းတဲ့ ဘောလုံးအမြင်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ယူလီယန် နာဂယ်စ်မန်းသာ ၎င်းရဲ့ ကစားကွက်ထဲမှာ ကန်ဆယ်လိုကို အံဝင်အောင်လုပ်နိုင်မယ်ဆိုရင် ပေါ်တူဂီနောက်ခံလူဟာ ယခုရာသီရဲ့ အကောင်းဆုံးအပြောင်းအရွှေ့တွေထဲက တစ်ခုဆိုတာကို သက်သေပြသနိုင်မှာဖြစ်ပါတယ်။ ကန်ဆယ်လိုဟာ ၂၀၂၂-၂၀၂၃ ရာသီပထမပိုင်းမှာ မန်စီးတီးအတွက် ၂၆ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အဂၤါေန႔ညမွာ ပိတ္သိမ္းခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ဟာ ပရိသတ္ေတြကို မထင္မွတ္ထားတဲ့ အလွည့္အေျပာင္းေတြနဲ႔ စိတ္လႈပ္ရွားေစခဲ့ၿပီး ပုံမွန္အတိုင္းပဲ အဂၤလိပ္ကလပ္ေတြဟာ ဇန္နဝါရီလမွာ အၿပီးသတ္အေျပာင္းအေ႐ႊ႕ ၅၂ ခုနဲ႔ ယူ႐ို ၈၈၄ သန္းေက်ာ္အထိ သုံးစြဲၿပီး ေငြသုံးၾကမ္းျပခဲ့တာျစဖ္ပါတယ္။

ဒီေန႔မွာ မၾကာေသးမီကမွ ပိတ္သိမ္းသြားခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္းက အၿပီးသတ္ေရာ အငွားနဲ႔ အေျပာင္းအေ႐ႊ႕ေတြထဲက အေကာင္းဆုံး အေျပာင္းအေ႐ႊ႕ ၅ ခုကို ေလ့လာဆန္းစစ္ခဲ့ၿပီး အံ့အားသင့္ဖို႔ မေကာင္းစြာနဲ႔ပဲ အဂၤလိပ္အသင္းေတြရဲ႕ အေျပာင္းအေ႐ႊ႕ေတြက လႊမ္းမိုးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

၅။ မာဆယ္ ဆဘစ္ဇာ(မန္ခ်က္စတာယူႏိုက္တက္)

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္ ေနာက္ဆုံးေန႔မွာ ဘိုင္ယန္ျမဴးနစ္ကေန မာဆယ္ ဆဘစ္ဇာကို အငွားနဲ႔ ေခၚယူႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ၿပီး ဒီအေျပာင္းအေ႐ႊ႕ဟာ အဲရစ္ဆင္ရဲ႕ ေျခက်င္းဝတ္ဒဏ္ရာကို အတည္ျပဳခဲ့ၿပီးေနာက္ သိပ္မၾကာခင္မွာ ေၾကညာခဲ့တာျဖစ္ပါတယ္။ ဒိန္းမတ္ကြင္းလယ္ၾကယ္ပြင့္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပြဲစဥ္ေတြကို ဧၿပီလေႏွာင္းပိုင္း သို႔မဟုတ္ ေမလအေစာပိုင္းအထိ လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး အဲရစ္ဆင္ဟာ ပြဲအရွိန္ ထိန္းခ်ဳပ္မႈ၊ တိုက္စစ္ကို ေဘာလုံးသယ္ေဆာင္မႈနဲ႔ လစ္ဟာေနတဲ့ အေရးႀကီးတဲ့ေနရာေတြကို ရွာေဖြဖို႔ တာဝန္ယူခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ဆဘစ္ဇာက ဒိန္းမတ္ကြင္းလယ္ၾကယ္ပြင့္ရဲ႕ေနရာမွာ ျဖည့္ကစားႏိုင္မွာျဖစ္ၿပီး ၾသစႀတီးယန္းကြင္းလယ္ကစားသမားဟာ ေဘာလုံးျဖန႔္ေဝရာမွာ အလြန္ေကာင္းမြန္သလို တိုက္စစ္မွာ ၿခိမ္းေျခာက္မႈအမ်ားအျပားကိုလည္း ျပဳလုပ္ႏိုင္သူျဖစ္ပါတယ္။ ဆဘစ္ဇာဟာ ဘိုင္ယန္ျမဴးနစ္မွာ ပြဲထြက္ခြင့္ ပုံမွန္မရရွိခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္မွာ ၎ရဲ႕ အစြမ္းအစကို သက္ေသျပသခ်င္ေနမွာျဖစ္ၿပီး တန္ဟက္ရဲ႕ အစီအစဥ္ထဲမွာ အံဝင္မယ္ဆိုရင္ လာမယ့္ေႏြရာသီမွာ အၿပီးသတ္ေခၚယူျခင္းခံရႏိုင္ပါတယ္။

၄။ ေဂ်ာ္ဂ်င္ညိဳ(အာဆင္နယ္)

ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္အသင္းဟာ ဘ႐ိုက္တန္ကြင္းလယ္ၾကယ္ပြင့္ ကိုင္ေဆဒိုကို ဇန္နဝါရီလတစ္လလုံး ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ္လည္း ကမ္းလွမ္းမႈ ၂ ႀကိမ္စလုံး ျငင္းပယ္ခံခဲ့ရၿပီးေနာက္ ခ်ဲလ္ဆီးကြင္းလယ္ကစားသမားကို ေပါင္ ၁၂ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ညိဳဟာ ဂန္းနားေတြနဲ႔ ၁၈ လ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အီတလီကြင္းလယ္ၾကယ္ပြင့္ဟာ ခ်ဲလ္ဆီးနဲ႔အတူ ယူ႐ိုပါလိဂ္၊ ခ်န္ပီယံလိဂ္ဖလားေတြကို အႏိုင္ရရွိခဲ့တဲ့ အေတြ႕အႀကဳံရင့္ ကစားသမားျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ဒူးဒဏ္ရာေၾကာင့္ အယ္လ္နန္နီကို ဆုံးရႈံးခဲ့ရၿပီးေနာက္ ပါေတးေနရာမွာ ျဖည့္ကစားႏိုင္မယ့္သူ တစ္ေယာက္မွ မရွိေတာ့တာေၾကာင့္ ခ်ဲလ္ဆီးၾကယ္ပြင့္ဟာ ဂါနာၾကယ္ပြင့္လိုမ်ိဳး ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းျခင္းမရွိေပမယ့္လည္း လိုအပ္တဲ့အခ်ိန္မွာ က်ိန္းေသေပါက္ ျဖည့္ကစားေပးႏိုင္မွာ ျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ ယူအီးအက္ဖ္ေအရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု ရရွိခဲ့တဲ့ ေဂ်ာ္ဂ်င္ညိဳဟာ လူစာရင္းကို မ်ိဳးစုံစမ္းသပ္ခ်င္တဲ့ အာတီတာအတြက္ ပိုၿပီး လုပ္သာကိုင္သာ ရွိလာေစမယ့္ကစားသမားျဖစ္ပါတယ္။

၃။ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္(အာဆင္နယ္)

ခ်ဲလ္ဆီးအသင္းဆီ မာဒရစ္ခ္ကို ဆုံရႈံးခဲ့ရတဲ့ အာဆင္နယ္ဟာ ဘ႐ိုက္တန္ၾကယ္ပြင့္ ထေရာ့ဆာ့ဒ္ကို အလ်င္အျမန္ ေခၚယူခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးက ယူ႐ို ၂၄ သန္းေလာက္သာ ျဖစ္တာေၾကာင့္ ေတာ္ေတာ္ေလး ေဈးသက္သက္သာသာနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။ ထေရာ့ဆာ့ဒ္ဟာ အာဆင္နယ္ရဲ႕ ပထမဦးစားေပးဘယ္ေတာင္ပံကစားသမား မာတီနယ္လီရဲ႕ေနရာကို လုယူႏိုင္တဲ့ အရည္အခ်င္းေတြ အားလုံးပိုင္ဆိုင္ထားၿပီး ပိတ္ဆို႔မႈေတြမွာ လ်င္ျမန္သလို အသင္းေဖာ္ေတြနဲ႔လည္း ေကာင္းေကာင္း ေပါင္းစပ္ကစားႏိုင္တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာႏိုင္ေျခရွိတဲ့အသင္းတိုင္းဟာ အရည္အေသြးရွိတဲ့ လူစာရင္းလိုအပ္ၿပီး ထေရာ့ဆာ့ဒ္ကို ေခၚယူခဲ့မႈက ဒီရာသီ အာဆင္နယ္ရဲ႕ ရည္မွန္းခ်က္ေတြအတြက္ သက္ေသတစ္ခု ျဖစ္ခဲ့ပါတယ္။

၂။ အန္ဇို ဖာနန္ဒက္ဇ္(ခ်ဲလ္ဆီး)

အခ်ိန္အေတာ္ၾကာ ေဆြးေႏြးညႇိႏႈိင္းမႈေတြ အၿပီးမွာ ခ်ဲလ္ဆီးအသင္းဟာ ေနာက္ဆုံးမွာေတာ့ ဘင္ဖီကာအသင္းကို ၎တို႔ရဲ႕ ကြင္းလယ္ၾကယ္ပြင့္ အန္ဇို ဖာနန္ဒက္ဇ္ကို အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔မွာ ထြက္ခြာခြင့္ျပဳေအာင္ စည္း႐ုံးႏိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံဟာ ခ်ဲလ္ဆီးအသင္းကို ပရီးမီးယားလိဂ္သမိုင္းမွာ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္လာတဲ့ ယူ႐ို ၁၂၁ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ အာဂ်င္တီးနားကြင္းလယ္လူဟာ လက္ရွိမွာေတာ့ အေနာက္လန္ဒန္အသင္းနဲ႔ ၂၀၃၁ ခုႏွစ္ ဇြန္လအထိ ရွိေနမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္ပါတယ္။ ဖာနန္ဒက္ဇ္ဟာ ခ်ဲလ္ဆီးအသင္းမွာ ေအာင္ျမင္ဖို႔အတြက္ လိုအပ္တဲ့အရည္အေသြးေတြအားလုံးရွိၿပီး ေနရာစုံကစားႏိုင္သလို ဂိုးေပါက္ကန္သြင္းရတာကို ႏွစ္သက္တဲ့ ကစားသမားျဖစ္ပါတယ္။ ဘင္ဖီကာၾကယ္ပြင့္ေဟာင္းဟာ အလြန္ေကာင္းမြန္တဲ့ ေဘာလုံးေပးပို႔ႏိုင္စြမ္း၊ ပြဲကို ထူးထူးျခားျခား ဖတ္ႏိုင္စြမ္း၊ မထင္မွတ္တဲ့ ေပးပို႔မႈေတြနဲ႔ ၿပိဳင္ဘက္ခံစစ္ေတြကို ပြင့္သြားေအာင္ လုပ္ႏိုင္စြမ္းရွိသူျဖစ္ပါတယ္။ ၂၀၂၂-၂၀၂၃ ရာသီ ပထမပိုင္းမွာ ဘင္ဖီကာအသင္းအတြက္ အန္ဇို ဖာနန္ဒက္ဇ္ဟာ ၂၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၁။ ဂ်ာအို ကန္ဆယ္လို(ဘိုင္ယန္ျမဴးနစ္)

ကမာၻေပၚက အေကာင္းဆုံးေနာက္ခံေတာင္ပံကစားသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရတဲ့ ကန္ဆယ္လိုဟာ မန္စီးတီးကေန ဘိုင္ယန္ျမဴနစ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ၿပီး တစ္ကမာၻလုံးကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္ရဲ႕ အငွားစာခ်ဳပ္ထဲမွာ ယူ႐ိုသန္း ၇၀ နဲ႔ အၿပီးသတ္ဝယ္ယူခြင့္လည္း ပါဝင္ေပမယ့္လည္း မျဖစ္မေန ဝယ္ယူရမွာေတာ့မဟုတ္ဘူးလို႔ သိရပါတယ္။ သတင္းရင္းျမစ္အမ်ားအျပားရဲ႕ ေျပာၾကားခ်က္အရ ကန္ဆယ္လိုရဲ႕ မန္စီးတီးနည္းျပ ဂြါဒီယိုလာ၊ ၎ရဲ႕ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ဆိုး႐ြားတဲ့ ဆက္ဆံေရးေၾကာင့္ အစ္တီဟတ္ကို အံ့အားသင့္ဖြယ္ စြန႔္ခြာခဲ့တာျဖစ္တယ္လို႔ သိရၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ေနာက္ခံေတာင္ပံ ၂ ဖက္စလုံးမွာ ကစားႏိုင္တဲ့ ကစားသမားျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ၾကယ္ပြင့္ေဟာင္းဟာ အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈေတြ ျပဳလုပ္ႏိုင္သူျဖစ္ၿပီး ခ်ီးက်ဴးစရာေကာင္းတဲ့ ေဘာလုံးအျမင္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ယူလီယန္ နာဂယ္စ္မန္းသာ ၎ရဲ႕ ကစားကြက္ထဲမွာ ကန္ဆယ္လိုကို အံဝင္ေအာင္လုပ္ႏိုင္မယ္ဆိုရင္ ေပၚတူဂီေနာက္ခံလူဟာ ယခုရာသီရဲ႕ အေကာင္းဆုံးအေျပာင္းအေ႐ႊ႕ေတြထဲက တစ္ခုဆိုတာကို သက္ေသျပသႏိုင္မွာျဖစ္ပါတယ္။ ကန္ဆယ္လိုဟာ ၂၀၂၂-၂၀၂၃ ရာသီပထမပိုင္းမွာ မန္စီးတီးအတြက္ ၂၆ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.