Premier League Transfer News

အန်ဇို ဖာနန်ဒက်ဇ်ကို ၂၄ နာရီအတွင်း ဆွဲစေ့နိုင်ခဲ့တဲ့ ဈေးညှိဆရာရဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းရဲ့ ဒီဆောင်းရာသီမှာ ရည်မှန်းချက်ကြီးမားစွာနဲ့ ခေါ်ယူခဲ့မှုတွေကတော့ အံ့မခန်း လုပ်ဆောင်မှုတွေဖြစ်ခဲ့ပြီး ဘင်နွာ ဘာဒီယာရှီးလ်၊ နိုနီ မာဒူးကီ၊ မိုက်ခေလို မူဒရစ်ခ်နဲ့ ဂျာအို ဖဲလစ္စတို့ကို သိမ်းပိုက်နိုင်ခဲ့တာတွေက ချီးကျူးစရာဖြစ်ခဲ့သလို ဒီထက်ပို ပြောစမှတ် တွင်ခဲ့တာကတော့ အန်ဇို ဖာနန်ဒက်ဇ်ကို အချိန်ကပ်ပြီး ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘင်ဖီကာအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လကမှ ခေါ်ယူထားခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ခြောက်လတည်းနဲ့ ပြန်လက်လွှတ်ဖို့ ဆန္ဒမရှိဘဲဖြစ်နေခဲ့တာကြောင့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၂၀ (ပေါင် ၁၀၅ သန်း)ရမှ ဖြစ်မယ်လို့ တင်းခံထားခဲ့တာဖြစ်ပြီး ဒါကို ချဲလ်ဆီးတို့က ပြေလည်အောင် ညှိနှိုင်းနိုင်ခဲ့တာပါ။

ယူအီးအက်ဖ်အေရဲ့ ဘဏ္ဏာရေးစည်းမျဉ်းတွေကို ရှောင်လွှဲရမှာဖြစ်တာကြောင့် သန်းရာဂဏန်းပမာဏ ပြောင်းရွှေ့ကြေးတွေကို တစ်လုံးတစ်ခဲတည်း ပေးချေဖို့ မဖြစ်နိုင်တာကြောင့် ချဲလ်ဆီးတို့အနေနဲ့ မူဒရစ်ကိစ္စမှာရော ရှက်ခ်တာဒိုးနက်စ်ခ်နဲ့ ညှိနှိုင်းခဲ့ရပြီး အရစ်ကျ ခွဲဝေမှုတွေနဲ့ ကျော်ဖြတ်ခဲ့သလို ဒီတစ်ခါမှာလည်း ထူးချွန်တဲ့ ညှိနှိုင်းမှုနဲ့ ဖာနန်ဒက်ဇ်ကို ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စတွေအတွက် အဓိကကျသူကတော့ ပိုင်ရှင်သူဌေး တော့ဒ် ဘိုလီရဲ့ တွဲဖက်ပိုင်ရှင် ဘာဒက် အက်ဂ်ဘာလီဖြစ်ပြီး အီရန်နွယ်ဖွား အမေရိကန် လုပ်ငန်းရှင်အနေနဲ့ စီးပွားရေးကိစ္စတွေမှာ ကျွမ်းကျင်သူဖြစ်သလို ဘင်ဖီကာကိုလည်း ရှက်ခ်တာဒိုးနက်စ်ခ်လိုပဲ ချော့မော့သိမ်းသွင်းပြီး လိုချင်တာကို ရအောင် ယူပြနိုင်ခဲ့တာပါ။

ပေါင် ၁၀၅ သန်းမှလို့ တင်းခံနေခဲ့တဲ့ ဘင်ဖီကာကို ကနဦးမှာ ပေါင်သန်း ၄၀ ပေးမယ်လို့ ချွေးသိပ်လိုက်ချိန်မှာ အရည်ပျော်ဆင်းသွားခဲ့တာဖြစ်ပြီး ကျန်တဲ့ ပေါင် ၆၅ သန်းကိုတော့ အရစ် ၆ ရစ်ခွဲပြီး ပေးချေသွားမှာဖြစ်သလို ကစားသမားနဲ့ ၂၀၃၁ နွေရာသီအထိ ၈ နှစ်ခွဲစာချုပ် ချုပ်ဆိုထားခဲ့လို့ ပေးရချေရ အဆင်ပြေစေမှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ ကမ္ဘာ့ဖလား အကောင်းဆုံးလူငယ်ဆုရှင် အန်ဇို ဖာနန်ဒက်ဇ်ကို သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ ပေါ်တူဂီမှာပဲ သွားရောက်ပြီး ဆေးစစ်ခဲ့သလို အောင်မြင်ခဲ့တဲ့နောက် ဒီနေ့မှာပဲ လန်ဒန်ကို လေယာဉ်နဲ့ ပျံသန်းခရီးနှင်ပြီး ကစားသမားသစ်အဖြစ် ကြေညာဖို့ ရှိနေသလို ကျောနံပါတ် ကိုတော့ အာဆင်နယ်ရောက် ဂျော်ဂျင်ညိုရဲ့ နံပါတ် ၅ ကိုပဲ ဆက်ခံခိုင်းဖွယ်ရှိနေတာပါ။

ဒီဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာတော့ ချဲလ်ဆီးတို့အနေနဲ့ ကနဦး ပေးချေထားတဲ့ ပြောင်းရွှေ့ကြေးတွေအပြင် ဂျာအို ဖဲလစ္စရဲ့ အငှားကြေး အပါအဝင် စုစုပေါင်း ပေါင် ၂၂၆ သန်းအထိ သုံးစွဲထားခဲ့ပြီး ဒီငွေကြေးပမာဏက သူတို့ကို အဆင့် ၁၀ ကနေ ဘယ်လောက်အထိ ဇယားအပေါ် ပြန်တက်အောင် စွမ်းဆောင်ပေးနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းရဲ႕ ဒီေဆာင္းရာသီမွာ ရည္မွန္းခ်က္ႀကီးမားစြာနဲ႔ ေခၚယူခဲ့မႈေတြကေတာ့ အံ့မခန္း လုပ္ေဆာင္မႈေတြျဖစ္ခဲ့ၿပီး ဘင္ႏြာ ဘာဒီယာရွီးလ္၊ ႏိုနီ မာဒူးကီ၊ မိုက္ေခလို မူဒရစ္ခ္နဲ႔ ဂ်ာအို ဖဲလစၥတို႔ကို သိမ္းပိုက္ႏိုင္ခဲ့တာေတြက ခ်ီးက်ဴးစရာျဖစ္ခဲ့သလို ဒီထက္ပို ေျပာစမွတ္ တြင္ခဲ့တာကေတာ့ အန္ဇို ဖာနန္ဒက္ဇ္ကို အခ်ိန္ကပ္ၿပီး ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘင္ဖီကာအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ဇြန္လကမွ ေခၚယူထားခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားကို ေျခာက္လတည္းနဲ႔ ျပန္လက္လႊတ္ဖို႔ ဆႏၵမရွိဘဲျဖစ္ေနခဲ့တာေၾကာင့္ သူ႔ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၁၂၀ (ေပါင္ ၁၀၅ သန္း)ရမွ ျဖစ္မယ္လို႔ တင္းခံထားခဲ့တာျဖစ္ၿပီး ဒါကို ခ်ဲလ္ဆီးတို႔က ေျပလည္ေအာင္ ညႇိႏႈိင္းႏိုင္ခဲ့တာပါ။

ယူအီးအက္ဖ္ေအရဲ႕ ဘဏၰာေရးစည္းမ်ဥ္းေတြကို ေရွာင္လႊဲရမွာျဖစ္တာေၾကာင့္ သန္းရာဂဏန္းပမာဏ ေျပာင္းေ႐ႊ႕ေၾကးေတြကို တစ္လုံးတစ္ခဲတည္း ေပးေခ်ဖို႔ မျဖစ္ႏိုင္တာေၾကာင့္ ခ်ဲလ္ဆီးတို႔အေနနဲ႔ မူဒရစ္ကိစၥမွာေရာ ရွက္ခ္တာဒိုးနက္စ္ခ္နဲ႔ ညႇိႏႈိင္းခဲ့ရၿပီး အရစ္က် ခြဲေဝမႈေတြနဲ႔ ေက်ာ္ျဖတ္ခဲ့သလို ဒီတစ္ခါမွာလည္း ထူးခြၽန္တဲ့ ညႇိႏႈိင္းမႈနဲ႔ ဖာနန္ဒက္ဇ္ကို ရရွိႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီကိစၥေတြအတြက္ အဓိကက်သူကေတာ့ ပိုင္ရွင္သူေဌး ေတာ့ဒ္ ဘိုလီရဲ႕ တြဲဖက္ပိုင္ရွင္ ဘာဒက္ အက္ဂ္ဘာလီျဖစ္ၿပီး အီရန္ႏြယ္ဖြား အေမရိကန္ လုပ္ငန္းရွင္အေနနဲ႔ စီးပြားေရးကိစၥေတြမွာ ကြၽမ္းက်င္သူျဖစ္သလို ဘင္ဖီကာကိုလည္း ရွက္ခ္တာဒိုးနက္စ္ခ္လိုပဲ ေခ်ာ့ေမာ့သိမ္းသြင္းၿပီး လိုခ်င္တာကို ရေအာင္ ယူျပႏိုင္ခဲ့တာပါ။

ေပါင္ ၁၀၅ သန္းမွလို႔ တင္းခံေနခဲ့တဲ့ ဘင္ဖီကာကို ကနဦးမွာ ေပါင္သန္း ၄၀ ေပးမယ္လို႔ ေခြၽးသိပ္လိုက္ခ်ိန္မွာ အရည္ေပ်ာ္ဆင္းသြားခဲ့တာျဖစ္ၿပီး က်န္တဲ့ ေပါင္ ၆၅ သန္းကိုေတာ့ အရစ္ ၆ ရစ္ခြဲၿပီး ေပးေခ်သြားမွာျဖစ္သလို ကစားသမားနဲ႔ ၂၀၃၁ ေႏြရာသီအထိ ၈ ႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆိုထားခဲ့လို႔ ေပးရေခ်ရ အဆင္ေျပေစမွာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔အေနနဲ႔ ကမာၻ႔ဖလား အေကာင္းဆုံးလူငယ္ဆုရွင္ အန္ဇို ဖာနန္ဒက္ဇ္ကို သူတို႔ရဲ႕ ဝန္ထမ္းေတြနဲ႔ ေပၚတူဂီမွာပဲ သြားေရာက္ၿပီး ေဆးစစ္ခဲ့သလို ေအာင္ျမင္ခဲ့တဲ့ေနာက္ ဒီေန႔မွာပဲ လန္ဒန္ကို ေလယာဥ္နဲ႔ ပ်ံသန္းခရီးႏွင္ၿပီး ကစားသမားသစ္အျဖစ္ ေၾကညာဖို႔ ရွိေနသလို ေက်ာနံပါတ္ ကိုေတာ့ အာဆင္နယ္ေရာက္ ေဂ်ာ္ဂ်င္ညိဳရဲ႕ နံပါတ္ ၅ ကိုပဲ ဆက္ခံခိုင္းဖြယ္ရွိေနတာပါ။

ဒီေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာေတာ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ကနဦး ေပးေခ်ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေတြအျပင္ ဂ်ာအို ဖဲလစၥရဲ႕ အငွားေၾကး အပါအဝင္ စုစုေပါင္း ေပါင္ ၂၂၆ သန္းအထိ သုံးစြဲထားခဲ့ၿပီး ဒီေငြေၾကးပမာဏက သူတို႔ကို အဆင့္ ၁၀ ကေန ဘယ္ေလာက္အထိ ဇယားအေပၚ ျပန္တက္ေအာင္ စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.