Premier League

ချန်ပီယံလိဂ်ကစားရမယ့်အခွင့်အရေးကို ငြင်းပယ်ပြီး အသင်းအပေါ် သစ္စာရှိပြခဲ့တဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ အိုးထရက်ဖို့ဒ်ကနေ စိတ်လှုပ်ရှားဖွယ် အငှားနဲ့ ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

မက်ဂွိုင်းယားဟာ ပွဲထွက်လူစာရင်းက နေရာကို ဆုံးရှုံးခဲ့ပေမယ့်လည်း ၂၀၂၂-၂၀၂၃ ရာသီမှာ နည်းပြ တန်ဟက် လက်အောက်မှာ အသင်းခေါင်းဆောင်ရာထူးကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် နောက်ခံကစားသမားဟာ ၂၀၁၉ ခုနှစ်မှာ လက်စတာစီးတီးကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာပြီးကတည်းက ၎င်းရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်ဘဲ မကြာခဏ အမှားကျူးလွန်တတ်တာကြောင့် ဝေဖန်ပြစ်တင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ နည်းပြ တန်ဟက်လက်အောက်မှာ ပထမအသင်းအတွက် ပွဲကစားချိန်ရရှိဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြက ဗာရွမ်းနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့အတွဲကို ဗဟိုခံစစ်မှာ ပိုမို အသုံးပြုနေတာဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံကစားသမားဟာ ယခုရာသီမှာ ပုံမှန်ပွဲကစားချိန် ပိုမိုရရှိဖို့အတွက် အိုးထရက်ဖို့ဒ်ကနေ အငှားနဲ့ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့်လည်း Daily Star ရဲ့ ဖော်ပြချက်အရ မက်ဂွိုင်းယားဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မတိုင်ခင် အင်တာမီလန်ကို အငှားနဲ့ ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟာ နည်းပြ တန်ဟက်လက်အောက်မှာ ယူနိုက်တက်ကစားသမားဘဝကို ပြန်လည်အသက်မသွင်းနိုင်ဘူးဆိုရင် လာမယ့်နွေရာသီမှာ အသင်းကို စွန့်ခွာဖို့ စဉ်းစားလိမ့်မယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ ဟာရီ မက်ဂွိုင်းယားသာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ယခုရာသီကုန်မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ့်အသင်းအများအပြားထဲက တစ်သင်းဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္မွာ အိုးထရက္ဖို႔ဒ္ကေန စိတ္လႈပ္ရွားဖြယ္ အငွားနဲ႔ ေျပာင္းေ႐ႊ႕ႏိုင္မယ့္အခြင့္အေရးကို ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

မက္ဂြိဳင္းယားဟာ ပြဲထြက္လူစာရင္းက ေနရာကို ဆုံးရႈံးခဲ့ေပမယ့္လည္း ၂၀၂၂-၂၀၂၃ ရာသီမွာ နည္းျပ တန္ဟက္ လက္ေအာက္မွာ အသင္းေခါင္းေဆာင္ရာထူးကို ဆက္လက္ ထိန္းသိမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ၂၀၁၉ ခုႏွစ္မွာ လက္စတာစီးတီးကေန ေပါင္သန္း ၈၀ နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ၎ရဲ႕ ေျခစြမ္းပိုင္း မတည္ၿငိမ္ဘဲ မၾကာခဏ အမွားက်ဴးလြန္တတ္တာေၾကာင့္ ေဝဖန္ျပစ္တင္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

မက္ဂြိဳင္းယားဟာ နည္းျပ တန္ဟက္လက္ေအာက္မွာ ပထမအသင္းအတြက္ ပြဲကစားခ်ိန္ရရွိဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပက ဗာ႐ြမ္းနဲ႔ လီဆန္ဒ႐ို မာတီနက္ဇ္တို႔အတြဲကို ဗဟိုခံစစ္မွာ ပိုမို အသုံးျပဳေနတာျဖစ္ပါတယ္။

အဂၤလန္ေနာက္ခံကစားသမားဟာ ယခုရာသီမွာ ပုံမွန္ပြဲကစားခ်ိန္ ပိုမိုရရွိဖို႔အတြက္ အိုးထရက္ဖို႔ဒ္ကေန အငွားနဲ႔ ထြက္ခြာႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ေပမယ့္လည္း Daily Star ရဲ႕ ေဖာ္ျပခ်က္အရ မက္ဂြိဳင္းယားဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔မတိုင္ခင္ အင္တာမီလန္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ႏိုင္မယ့္အခြင့္အေရးကို ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူဟာ နည္းျပ တန္ဟက္လက္ေအာက္မွာ ယူႏိုက္တက္ကစားသမားဘဝကို ျပန္လည္အသက္မသြင္းႏိုင္ဘူးဆိုရင္ လာမယ့္ေႏြရာသီမွာ အသင္းကို စြန႔္ခြာဖို႔ စဥ္းစားလိမ့္မယ္လို႔လည္း ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

အင္တာမီလန္အသင္းဟာ ဟာရီ မက္ဂြိဳင္းယားသာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ယခုရာသီကုန္မွာ ေခၚယူဖို႔ ႀကိဳးပမ္းသြားမယ့္အသင္းအမ်ားအျပားထဲက တစ္သင္းျဖစ္တယ္လို႔ ယုံၾကည္ရပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.