Other Leagues

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထဲက အကောင်းဆုံးကစားသမားကို ရွေးချယ်ပေးခဲ့တဲ့ ဂျာမန်ဂိုးသမား

ဂျာမနီလက်ရွေးစင်ဂိုးသမားဟောင်းရိုမန် ဝိုက်ဒန်ဖယ်လာက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြား ရွေးချယ်မှု ပြုလုပ်ခဲ့ပြီး တသက်တာအကောင်းဆုံးကစားသမား ၂ ဦးဟာ နောက်ဆုံး ဆယ်စုနှစ် ၂ ခုအတွင်း ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ သွင်းဂိုးစံချိန်တိုင်းနီးပါးကို ချိုးဖျက်နိုင်ခဲ့ကြသူတွေဖြစ်ပြီး ကလပ်အသင်းနဲ့ရော လက်ရွေးစင်အသင်းနဲ့ပါ အလွန်အောင်မြင်ခဲ့ကြပေမယ့်လည်း လက်ရှိမှာတော့ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ ကစားသမားဘဝ အမြင့်မားဆုံးအချိန်မှာ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ လာလီဂါပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့အတွက် ကစားပေးနေရင်း ၉ ရာသီကြာ အချိန်ကုန်ဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ဦးပေါင်း အဓိက ဆုဖလားပေါင်း ၇၆ လုံး(မက်ဆီ ၄၂၊ ရော်နယ်လ်ဒို ၃၄)အထိ ရရှိခဲ့တာကြောင့် ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံး ကစားသမားတွေဖြစ်ခဲ့ကြတာဖြစ်ပြီး ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၇၀၀ ကျော် သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ၈ ဦးထဲမှာ အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဝိုက်ဒန်ဖယ်လာက KhelNow နဲ့ အင်တာဗျူးမှာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ၎င်းနဲ့ ကွင်းထဲမှာ အတူတူ ကစားခွင့်ရခဲ့တဲ့ကစားသမားထဲမှာ အကောင်းဆုံးကစားသမားတွေ ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဂိုးသမားက မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့ အောင်မြင်မှု ရရှိခဲ့ပြီးနောက်ပိုင်း လက်ရှိမှာ ဘောလုံးလောကမှာ ရရှိနိုင်တဲ့ ဆုဖလားအားလုံးကို အနိုင်ရရှိခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ကွင်းထဲမှာ အတူတူ ကစားခဲ့ဖူးသမျှထဲမှာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့က အကောင်းဆုံးကစားသမားတွေဆိုတာ အရမ်းကို သိသာထင်ရှားပါတယ်။ အခုတော့ လီယွန်နယ် မက်ဆီ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူက ခင်ဗျား ဘောလုံးလောကမှာ အနိုင်ရရှိနိုင်တဲ့ ဆုဖလားအားလုံးကို အနိုင်ရရှိခဲ့ပြီးပါပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဂ်ာမနီလက္ေ႐ြးစင္ဂိုးသမားေဟာင္း႐ိုမန္ ဝိုက္ဒန္ဖယ္လာက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ၾကား ေ႐ြးခ်ယ္မႈ ျပဳလုပ္ခဲ့ၿပီး တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးဟာ ေနာက္ဆုံး ဆယ္စုႏွစ္ ၂ ခုအတြင္း ေဘာလုံးေလာကကို လႊမ္းမိုးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ဟာ သြင္းဂိုးစံခ်ိန္တိုင္းနီးပါးကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၾကသူေတြျဖစ္ၿပီး ကလပ္အသင္းနဲ႔ေရာ လက္ေ႐ြးစင္အသင္းနဲ႔ပါ အလြန္ေအာင္ျမင္ခဲ့ၾကေပမယ့္လည္း လက္ရွိမွာေတာ့ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ကို ေရာက္ရွိေနၾကၿပီ ျဖစ္ပါတယ္။ ကစားသမားဘဝ အျမင့္မားဆုံးအခ်ိန္မွာ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ဟာ လာလီဂါၿပိဳင္ဘက္အသင္းေတြျဖစ္တဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔အတြက္ ကစားေပးေနရင္း ၉ ရာသီၾကာ အခ်ိန္ကုန္ဆုံးခဲ့ၾကတာ ျဖစ္ပါတယ္။

ႏွစ္ဦးေပါင္း အဓိက ဆုဖလားေပါင္း ၇၆ လုံး(မက္ဆီ ၄၂၊ ေရာ္နယ္လ္ဒို ၃၄)အထိ ရရွိခဲ့တာေၾကာင့္ ေဘာလုံးသမိုင္းမွာ အေအာင္ျမင္ဆုံး ကစားသမားေတြျဖစ္ခဲ့ၾကတာျဖစ္ၿပီး ကလပ္နဲ႔ ႏိုင္ငံအသင္းအတြက္ ဂိုးေပါင္း ၇၀၀ ေက်ာ္ သြင္းယူႏိုင္ခဲ့တဲ့ ကစားသမား ၈ ဦးထဲမွာ အပါအဝင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဝိုက္ဒန္ဖယ္လာက KhelNow နဲ႔ အင္တာဗ်ဴးမွာ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ၎နဲ႔ ကြင္းထဲမွာ အတူတူ ကစားခြင့္ရခဲ့တဲ့ကစားသမားထဲမွာ အေကာင္းဆုံးကစားသမားေတြ ျဖစ္တယ္လို႔ သတ္မွတ္ခဲ့ပါတယ္။

အသက္ ၄၂ ႏွစ္အ႐ြယ္ ဂိုးသမားက မက္ဆီဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားနဲ႔ ေအာင္ျမင္မႈ ရရွိခဲ့ၿပီးေနာက္ပိုင္း လက္ရွိမွာ ေဘာလုံးေလာကမွာ ရရွိႏိုင္တဲ့ ဆုဖလားအားလုံးကို အႏိုင္ရရွိခဲ့ၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ကြင္းထဲမွာ အတူတူ ကစားခဲ့ဖူးသမွ်ထဲမွာ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔က အေကာင္းဆုံးကစားသမားေတြဆိုတာ အရမ္းကို သိသာထင္ရွားပါတယ္။ အခုေတာ့ လီယြန္နယ္ မက္ဆီ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သူက ခင္ဗ်ား ေဘာလုံးေလာကမွာ အႏိုင္ရရွိႏိုင္တဲ့ ဆုဖလားအားလုံးကို အႏိုင္ရရွိခဲ့ၿပီးပါၿပီ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ အာဂ်င္တီးနားအသင္းအတြက္ ကမာၻ႔ဖလား ရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့ၿပီး ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.