Other Leagues

အသင်းဖော်ဟောင်း ၄ ဦးကို အယ်လ် နက်ဆာမှာ ကစားတာကြည့်ဖို့ ဖိတ်ခေါ်ထားတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်းတွေထဲက ၄ ဦးကို အယ်လ် နက်ဆာအသင်းမှာ ကစားနေတာကို ကြည့်ရှုဖို့နဲ့ သေသေချာချာ နှုတ်ဆက်ပွဲလုပ်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

The Sun ရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းဟာ အိုးထရက်ဖို့ဒ်မှာတုန်းက အနီးစပ်ဆုံး သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ် ပြုလုပ်ခဲ့ပြီး အသင်းဖော်ဟောင်းတွေကို ၎င်းရဲ့ မွေးရပ်မြေ သို့မဟုတ် ဆော်ဒီ အာရေဗျကိုတောင် လာလည်ဖို့အတွက် စီစဉ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ကိုယ်စားပြု ကစားပေးနေချိန် ထူးခြားတဲ့ အခြေအနေတွေအောက်မှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဒုတိယအကြိမ်မြောက် မစွန့်ခွာမီ အသင်းဖော်တွေကို သေသေချာချာ နှုတ်ဆက်နိုင်မယ့် အခွင့်အရေးမျိုး မရရှိခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းဟာ ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူး ဖြေဆိုခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်နဲ့ နိုဝင်ဘာလမှာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အင်တာဗျူးထဲမှာ နည်းပြ အဲရစ်တန်ဟက်၊ နည်းပြဟောင်း ရာ့လ်ဖ် ရန်းနစ်ခ်နဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဝိန်း ရူနီ၊ ဂယ်ရီ နဗီးတို့လို သရဲနီဂန္တဝင်တွေကိုတောင် ဝေဖန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း နောက်ဆုံးမှာတော့ ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာအသင်းကို တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၁၇၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘောလုံးသမိုင်းမှာ လစာအမြင့်မားဆုံး ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ပေါ်တူဂီမြို့တော် လစ္စဘွန်း အပြင်ဘက်မှာ ဇိမ်ခံစံအိမ်ကြီးကို ပိုင်ဆိုင်ပြီး အသင်းဖော်ဟောင်းအများအပြားကို နွေရာသီမှာ အတူတူ အချိန်ကုန်ဆုံးကြဖို့ စာပို့ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဖြစ်နိုင်မယ်ဆိုရင် အယ်လ် နက်ဆာအသင်းအတွက် ကစားပေးတာကို ကြည့်ရှုဖို့ မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်းတွေကို ပြောကြားခဲ့ပြီး The Sun ရဲ့သတင်းအရ ဟာရီ မက်ဂွိုင်းယား၊ ဘရူနို ဖာနန်ဒက်စ်၊ ကာစီမီရိုနဲ့ ရာဖေးလ် ဗာရွမ်းတို့ဟာ ပေါ်တူဂီတိုက်စစ်မှူးနဲ့ အဆက်အသွယ်မပြတ် ရှိနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာအသင်းအတွက် လက်ရှိအချိန်အထိ ၂ ပွဲ ပါဝင်ကစားပေးထားခဲ့ပြီးဖြစ်ပေမယ့်လည်း ဆော်ဒီ အာရေဗျကလပ်အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်မှ ပြုလုပ်ပေးနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေဟာင္းေတြထဲက ၄ ဦးကို အယ္လ္ နက္ဆာအသင္းမွာ ကစားေနတာကို ၾကည့္ရႈဖို႔နဲ႔ ေသေသခ်ာခ်ာ ႏႈတ္ဆက္ပြဲလုပ္ဖို႔ ဖိတ္ေခၚခဲ့တယ္လို႔ သိရပါတယ္။

The Sun ရဲ႕သတင္းအရ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးေဟာင္းဟာ အိုးထရက္ဖို႔ဒ္မွာတုန္းက အနီးစပ္ဆုံး သူငယ္ခ်င္းေတြနဲ႔ အဆက္အသြယ္မျပတ္ ျပဳလုပ္ခဲ့ၿပီး အသင္းေဖာ္ေဟာင္းေတြကို ၎ရဲ႕ ေမြးရပ္ေျမ သို႔မဟုတ္ ေဆာ္ဒီ အာေရဗ်ကိုေတာင္ လာလည္ဖို႔အတြက္ စီစဥ္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေပၚတူဂီလက္ေ႐ြးစင္အသင္းကို ကိုယ္စားျပဳ ကစားေပးေနခ်ိန္ ထူးျခားတဲ့ အေျခအေနေတြေအာက္မွာ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာခဲ့တာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဒုတိယအႀကိမ္ေျမာက္ မစြန႔္ခြာမီ အသင္းေဖာ္ေတြကို ေသေသခ်ာခ်ာ ႏႈတ္ဆက္ႏိုင္မယ့္ အခြင့္အေရးမ်ိဳး မရရွိခဲ့တာ ျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းဟာ ပီးယာ့စ္ ေမာ္ဂန္နဲ႔ အျငင္းပြားဖြယ္ အင္တာဗ်ဴး ေျဖဆိုခဲ့တဲ့ ေပၚတူဂီၾကယ္ပြင့္နဲ႔ ႏိုဝင္ဘာလမွာ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အင္တာဗ်ဴးထဲမွာ နည္းျပ အဲရစ္တန္ဟက္၊ နည္းျပေဟာင္း ရာ့လ္ဖ္ ရန္းနစ္ခ္နဲ႔ အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ဝိန္း ႐ူနီ၊ ဂယ္ရီ နဗီးတို႔လို သရဲနီဂႏၲဝင္ေတြကိုေတာင္ ေဝဖန္တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္း ေနာက္ဆုံးမွာေတာ့ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္ နက္ဆာအသင္းကို တစ္ႏွစ္လုပ္ခလစာ ေပါင္သန္း ၁၇၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ေဘာလုံးသမိုင္းမွာ လစာအျမင့္မားဆုံး ကစားသမား ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေပၚတူဂီၿမိဳ႕ေတာ္ လစၥဘြန္း အျပင္ဘက္မွာ ဇိမ္ခံစံအိမ္ႀကီးကို ပိုင္ဆိုင္ၿပီး အသင္းေဖာ္ေဟာင္းအမ်ားအျပားကို ေႏြရာသီမွာ အတူတူ အခ်ိန္ကုန္ဆုံးၾကဖို႔ စာပို႔ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ျဖစ္ႏိုင္မယ္ဆိုရင္ အယ္လ္ နက္ဆာအသင္းအတြက္ ကစားေပးတာကို ၾကည့္ရႈဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေဟာင္းေတြကို ေျပာၾကားခဲ့ၿပီး The Sun ရဲ႕သတင္းအရ ဟာရီ မက္ဂြိဳင္းယား၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ ကာစီမီ႐ိုနဲ႔ ရာေဖးလ္ ဗာ႐ြမ္းတို႔ဟာ ေပၚတူဂီတိုက္စစ္မႉးနဲ႔ အဆက္အသြယ္မျပတ္ ရွိေနၾကသူေတြျဖစ္တယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုဟာ အယ္လ္ နက္ဆာအသင္းအတြက္ လက္ရွိအခ်ိန္အထိ ၂ ပြဲ ပါဝင္ကစားေပးထားခဲ့ၿပီးျဖစ္ေပမယ့္လည္း ေဆာ္ဒီ အာေရဗ်ကလပ္အသင္းအတြက္ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ တစ္ႀကိမ္မွ ျပဳလုပ္ေပးႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.