အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်တဲ့ ကာဇူယောရှိ မီအုရဟာ အသက် ၅၆ နှစ်ပြည့်ခါနီး လပိုင်းအနည်းငယ်အလိုမှာ ဥရောပဘောလုံးလောကကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။
‘King Kazu’လို့ နာမည်ပေးခြင်းခံထားရတဲ့ ဂျပန်ကြယ်ပွင့်ဟာ ဂျပန်ကလပ်အသင်းဖြစ်တဲ့ ယိုကိုဟားမားအသင်းကနေ ပေါ်တူဂီဒုတိယတန်းကလပ်အသင်းဖြစ်တဲ့ အိုလီဗေရင်ဆီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိအုရအတွက် ၃၈ ရာသီမြောက် ရာသီဖြစ်လာမှာ ဖြစ်ပါတယ်။
“ကျွန်တော် အားစိုက်ထုတ်မှုပြုလုပ်သွားတော့မှာပါ။ အဲဒီတော့မှ လူတွေက ပတ်ဝန်းကျင်အသစ်မှာတောင်မှ ကျွန်တော့်ရဲ့ ဘောလုံး ကစားပုံမျိုးကို မြင်တွေ့နိုင်ပါလိမ့်မယ်”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။ မိအုရ ကစားသမားဘဝ စတင်ခဲ့တဲ့အချိန်တုန်းက ဂျပန်မှာ ပရော်ဖက်ရှင်နယ်လိဂ်မရှိသေးသာကြောင့် ဘရာဇီးလ်နိုင်ငံက ဆန်းတို့စ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်မှာ မိအုရဟာ ၄ နှစ်တာ ကာလအတွင်း အသင်း ၆ သင်းအတွက် ကစားပေးခဲ့ပေမယ့်လည်း ဂျေလိဂ် စတင်ခဲ့တဲ့အချိန်မှာတော့ မွေးရပ်နိုင်ငံကို ပြန်သွားခဲ့ပြီး ပြိုင်ပွဲသစ်ရဲ့ မျက်နှာဖုံးဖြစ်လာခဲ့ပါတယ်။ မိအုရဟာ ဗာဒီ ကာဝါဆာကီအတွက် ကစားပေးခဲ့ပြီး ၁၉၉၃ နဲ့ ၁၉၉၄ ခုနှစ်တွေမှာ ၂ နှစ်ဆက်တိုက် အမှတ်ပေးဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ဂျီအိုနာကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ချိန်မှာ စီးရီးအေမှာ ကစားဖူးတဲ့ ပထမဆုံး ဂျပန်ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
ကာဇူယောရှိ မိအုရဟာ ၂၀၀၅ ခုနှစ်မှာ သြစတြေးလျ အေလိဂ်စတင်ခဲ့ချိန်မှာ ဆစ်ဒနီအက်ဖ်စီအသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ အာရှကစားပွဲအတွက် ဂျပန်လက်ရွေးစင်အသင်းလူစာရင်းမှာ ထည့်သွင်းခံခဲ့ရတာ ဖြစ်ပါတယ်။ မိအုရဟာ ဂျပန်လက်ရွေးစင်အသင်းကနေ ၂၀၀၀ ပြည့်နှစ်မှာ အနားယူခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၈၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၅၅ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ မိအုရဟာ သမိုင်းမှာ အသက်အကြီးဆုံးပရော်ဖက်ရှင်နယ် ဂိုးသွင်းသူဖြစ်လာခဲ့တာဖြစ်ပြီး ဂျပန်စတုတ္ထတန်းပွဲစဉ်မှာ ၈၄ မိနစ်မှ လူစားဝင်ကစားခဲ့ပေမယ့်လည်း ပင်နယ်တီကနေတဆင့် ဂိုးကန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ဘောလုံးလိဂ်မှာ အရင်တုန်းက အသက်အကြီးဆုံးဂိုးသွင်းရှင်အဖြစ် စံချိန်သစ် တင်ထားသူဟာ ၂၀၁၃ ခုနှစ်တုန်းက ရူးကရူးအက်ဖ်စီကစားသမားဟောင်း ဟိဒဲခိ နာဂအိက အသက် ၄၂ နှစ် ၅၀ ရက်နဲ့ စံချိန်တင်ထားခဲ့တာဖြစ်ပြီး မိအုရက အရင်တုန်းက အသက် ၆၀ အထိ ဘောလုံးဆက်ကစားဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အသက္အႀကီးဆုံး ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားျဖစ္တဲ့ ကာဇူေယာရွိ မီအုရဟာ အသက္ ၅၆ ႏွစ္ျပည့္ခါနီး လပိုင္းအနည္းငယ္အလိုမွာ ဥေရာပေဘာလုံးေလာကကို ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္ပါတယ္။
‘King Kazu’လို႔ နာမည္ေပးျခင္းခံထားရတဲ့ ဂ်ပန္ၾကယ္ပြင့္ဟာ ဂ်ပန္ကလပ္အသင္းျဖစ္တဲ့ ယိုကိုဟားမားအသင္းကေန ေပၚတူဂီဒုတိယတန္းကလပ္အသင္းျဖစ္တဲ့ အိုလီေဗရင္ဆီအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ၁၉၈၆ ခုႏွစ္မွာ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးေလာကမွာ ကစားသမားဘဝကို စတင္ခဲ့တဲ့ အသက္ ၅၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မိအုရအတြက္ ၃၈ ရာသီေျမာက္ ရာသီျဖစ္လာမွာ ျဖစ္ပါတယ္။
“ကြၽန္ေတာ္ အားစိုက္ထုတ္မႈျပဳလုပ္သြားေတာ့မွာပါ။ အဲဒီေတာ့မွ လူေတြက ပတ္ဝန္းက်င္အသစ္မွာေတာင္မွ ကြၽန္ေတာ့္ရဲ႕ ေဘာလုံး ကစားပုံမ်ိဳးကို ျမင္ေတြ႕ႏိုင္ပါလိမ့္မယ္”လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေျပာၾကားခဲ့ပါတယ္။ မိအုရ ကစားသမားဘဝ စတင္ခဲ့တဲ့အခ်ိန္တုန္းက ဂ်ပန္မွာ ပေရာ္ဖက္ရွင္နယ္လိဂ္မရွိေသးသာေၾကာင့္ ဘရာဇီးလ္ႏိုင္ငံက ဆန္းတို႔စ္အသင္းမွာ ကစားသမားဘဝကို စတင္ခဲ့တာ ျဖစ္ပါတယ္။
ဘရာဇီးလ္မွာ မိအုရဟာ ၄ ႏွစ္တာ ကာလအတြင္း အသင္း ၆ သင္းအတြက္ ကစားေပးခဲ့ေပမယ့္လည္း ေဂ်လိဂ္ စတင္ခဲ့တဲ့အခ်ိန္မွာေတာ့ ေမြးရပ္ႏိုင္ငံကို ျပန္သြားခဲ့ၿပီး ၿပိဳင္ပြဲသစ္ရဲ႕ မ်က္ႏွာဖုံးျဖစ္လာခဲ့ပါတယ္။ မိအုရဟာ ဗာဒီ ကာဝါဆာကီအတြက္ ကစားေပးခဲ့ၿပီး ၁၉၉၃ နဲ႔ ၁၉၉၄ ခုႏွစ္ေတြမွာ ၂ ႏွစ္ဆက္တိုက္ အမွတ္ေပးဖလား ရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့ၿပီး ၁၉၉၄ ခုႏွစ္မွာ ဂ်ီအိုနာကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာ စီးရီးေအမွာ ကစားဖူးတဲ့ ပထမဆုံး ဂ်ပန္ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။
ကာဇူေယာရွိ မိအုရဟာ ၂၀၀၅ ခုႏွစ္မွာ ၾသစေၾတးလ် ေအလိဂ္စတင္ခဲ့ခ်ိန္မွာ ဆစ္ဒနီအက္ဖ္စီအသင္းကို ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး ၁၉၉၀ ျပည့္ႏွစ္မွာ အာရွကစားပြဲအတြက္ ဂ်ပန္လက္ေ႐ြးစင္အသင္းလူစာရင္းမွာ ထည့္သြင္းခံခဲ့ရတာ ျဖစ္ပါတယ္။ မိအုရဟာ ဂ်ပန္လက္ေ႐ြးစင္အသင္းကေန ၂၀၀၀ ျပည့္ႏွစ္မွာ အနားယူခဲ့ၿပီး လက္ေ႐ြးစင္အသင္းအတြက္ ၈၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၅၅ ဂိုး သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလမွာ မိအုရဟာ သမိုင္းမွာ အသက္အႀကီးဆုံးပေရာ္ဖက္ရွင္နယ္ ဂိုးသြင္းသူျဖစ္လာခဲ့တာျဖစ္ၿပီး ဂ်ပန္စတုတၳတန္းပြဲစဥ္မွာ ၈၄ မိနစ္မွ လူစားဝင္ကစားခဲ့ေပမယ့္လည္း ပင္နယ္တီကေနတဆင့္ ဂိုးကန္သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဂ်ပန္ေဘာလုံးလိဂ္မွာ အရင္တုန္းက အသက္အႀကီးဆုံးဂိုးသြင္းရွင္အျဖစ္ စံခ်ိန္သစ္ တင္ထားသူဟာ ၂၀၁၃ ခုႏွစ္တုန္းက ႐ူးက႐ူးအက္ဖ္စီကစားသမားေဟာင္း ဟိဒဲခိ နာဂအိက အသက္ ၄၂ ႏွစ္ ၅၀ ရက္နဲ႔ စံခ်ိန္တင္ထားခဲ့တာျဖစ္ၿပီး မိအုရက အရင္တုန္းက အသက္ ၆၀ အထိ ေဘာလုံးဆက္ကစားဖို႔ စီစဥ္ထားတယ္လို႔ ေျပာၾကားခဲ့ဖူးပါတယ္။
PHOTOS CREDIT TO OWNERS
SPORTS A2Z.