Carabao & FA Match Report Premier League

ဆောက်သမ်တန်ကို နှစ်ကျော့စလုံးနိုင်ပြီး ကာရာဘောင်းဖိုင်နယ်တက်တဲ့ ငှက်ကျားများ

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို လူစုံအသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂျိုလင်တန်၊ အယ်လ်မီရွန်နဲ့ ဝီလ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဆောက်သမ်တန်အသင်းကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ လီယန်ကို၊ ဘက်ဒ်နာရက်ခ်၊ ဆာလီဆူး၊ ဘရီးနဲ့ ဝေါ်လ်ကာ-ပီတာစ်တို့ ငါးဦးကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဒီယာလို၊ အယ်လ်ကာရက်ဇ်နဲ့ ဝါ့ဒ်-ပရောက်စ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ရှေအက်ဒမ်စ်နဲ့ အက်ဒမ် အမ်းစ်ထရောင်းတို့ကို တင်ကစားခဲ့တာပါ။

ပထမအကျော့မှာ အဝေးကွင်းနိုင်ပွဲ ရထားတဲ့ အိမ်ရှင် ငှက်ကျားတွေအနေနဲ့ ဒီနေ့ပွဲကို အသာထိန်းကစားဖို့ စီစဉ်လာခဲ့ချိန်မှာ ပြန်နိုင်မှ မျှော်လင့်ချက်ရှိမှာဖြစ်တဲ့ စိန့်တို့ကတော့ ခံစစ်မှာ ဂိုးမပေးရအောင် ငါးယောက်အထိထားခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်ကို ချုပ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် နည်းပြ အရည်အသွေးချင်းမှာတော့ အနည်းငယ် ကွာဟမှုတွေ ရှိနေခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာပဲ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆက်တိုက်ဆိုသလို လူပေးမှားနေခဲ့တဲ့ ဆောက်သမ်တန် ခံစစ်က ဘောလုံးပျက်တာကို ပြန်ရသွားခဲ့တဲ့ ကွင်းလယ်ကနေ ပြန်ဖြန့်ပေးတာကို ညာခြမ်းကနေ ထရစ်ပီယာက ဧရိယာထဲ ချိုးပေးတာကို လောင်းစတပ်ဖ်က အနီးကပ်ကန်သွင်းပြီး ဂိုးသမား ဘာဇူးနူးကို အနိုင်ယူသွားနိုင်ခဲ့တာပါ။

ဆောက်သမ်တန်ရဲ့ ခံစစ်ကစားပုံက လူများပြီး ပွဲမစည်ခဲ့သလို ရပ်ကွက်ဆန်လွန်းနေပြီး ဧရိယာထဲမှာပဲ ပိတ်ဆို့ဖို့ ကြိုးစားနေခဲ့တဲ့ အခါမှာ Half Space တွေနဲ့ ဧရိယာထိပ်တွေကနေ နယူးကာဆယ်လ်ရဲ့ လောင်းစတပ်ဖ်နဲ့ ကွင်းလယ်ကစားသမားတွေ မကြာခဏ လွတ်ထွက်နေခဲ့တာကြောင့် အိမ်ရှင်တွေ တိုက်စစ်ပိုဆင်လာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ နယူးကာဆယ်လ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက ဘောလုံးဆွဲလာတဲ့ ဝီလော့ခ်က ဧရိယာထဲကို ထိုးပေးရာမှာ အယ်လ်မီရွန်က ချက်ချင်းပဲ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့တာကို ထုံးစံအတိုင်း ဆုတ်ခံပြီး နေရာလွတ်တွေ ပေးနေတဲ့ ဆောက်သမ်တန်ခံစစ်ကြောင့် ပြေးဝင်လာတဲ့ လောင်းစတပ်ဖ်ကပဲ သူ့ရဲ့ ဒုတိယဂိုးအဖြစ် သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ ဆောက်သမ်တန်တို့ မထင်မှတ်တဲ့ အနေအထားကနေ ပြန်လည်ချေပသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ် ဝီလော့ခ်နဲ့ ဘရူနို ဂီမာရိုင်းစ်တို့ နားလည်မှုလွဲပြီး လူပေးမှားခဲ့ရာကနေ ဖြတ်ယူသွားနိုင်ခဲ့တဲ့ ရှေအက်ဒမ်စ်က ဝင်ဖျက်မခံရခင် အနိမ့်ဘော အပြင်းကန်သွင်းယူခဲ့ရာမှာ ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ Clean Sheet တွေနဲ့ သာယာနေတဲ့ နစ်ခ် ပုပ်တစ်ယောက် မျက်နှာပျက်ခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ဆက်တိုက်ဆိုသလို ခြေပျက်နေခဲ့တဲ့ အယ်လ်မီရွန် ခြေစွမ်းမပြနိုင်ဘဲ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို End Product တွေမှာလည်း ခြေတစ်လှမ်း နောက်ကျပြီး တစ်ကွက်ကျန်သလိုဖြစ်နေခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ နယူးကာဆယ်လ်တို့ ဦးဆောင်နိုင်ခဲ့သလို နှစ်ကျော့ပေါင်းရလဒ်အရ သုံးဂိုး-တစ်ဂိုးဖြစ်နေတာကြောင့် ထိန်းကစားဖို့ ရွေးချယ်လာခဲ့တာပါ။

ဒုတိယပိုင်းပြန်အစမှာတော့ ဆောက်သမ်တန်တို့ တိုက်စစ်မြှင့်လာခဲ့ကြပြီး ဝေါလ်ကာ-ပီတာစ်၊ လီယန်ကိုနဲ့ အယ်လ်ကာရက်ဇ်တို့အစား ဝင်ကစားခဲ့ကြတဲ့ အီဒိုဇီ၊ ပေရိုနဲ့ လာဗီယာတို့က ပိုမိုထိုးဖောက်နိုင်ခဲ့သလို အိမ်ရှင်တွေဘက်ကတော့ ဝီလ်ဆန်၊ အယ်လ်မီရွန်နဲ့ ဝီလော့ခ်တို့အစား အီဆက်ခ်၊ မာဖီနဲ့ စန်မက်ဇီမန်တို့ကို အပြောင်းအလဲလုပ်လာခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ အီဒိုဇီရဲ့ ခြေကျင်းဝတ်ကို တက်နင်းမိခဲ့တဲ့ ဘရူနို ဂီမာရိုင်းစ် အဝါထိပြီးမှ VAR ပြန်ကြည့်ရာမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဗိုလ်လုပွဲနဲ့‌ လွဲချော်ဖို့ ဖြစ်လာခဲ့ရပြီး ဆော်ဒီပိုင်ရှင်တွေလက်ထက်မှာ ဆုဖလားတွေ ရယူဖို့ ကြိုးစားနေတဲ့ နယူးကာဆယ်လ်တို့ အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ တစ်ယောက်အသာနဲ့ ဆောက်သမ်တန်တို့ ဖိကစားခဲ့ပေမယ့် ဂိုးထပ်ရဖို့တော့ မလုပ်နိုင်ကြတော့တာကြောင့် အိမ်ရှင် နယူးကာဆယ်လ်တို့က နှစ်ကျော့စလုံးမှာ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း သုံးဂိုး-တစ်ဂိုးရလဒ်နဲ့ ကာရာဘောင်းဖလား ဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို နောက်တစ်ဆင့်မှာတော့ တစ်ဖက်က တက်လာဖို့ သေချာသလောက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံဖို့ များနေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ရွား၊ ေဘာ့တ္မန္၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို လူစုံအသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေလာင္းစတပ္ဖ္နဲ႔ ဝီေလာ့ခ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ိဳလင္တန္၊ အယ္လ္မီ႐ြန္နဲ႔ ဝီလ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေဆာက္သမ္တန္အသင္းကေတာ့ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ လီယန္ကို၊ ဘက္ဒ္နာရက္ခ္၊ ဆာလီဆူး၊ ဘရီးနဲ႔ ေဝၚလ္ကာ-ပီတာစ္တို႔ ငါးဦးကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒီယာလို၊ အယ္လ္ကာရက္ဇ္နဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ေရွအက္ဒမ္စ္နဲ႔ အက္ဒမ္ အမ္းစ္ထေရာင္းတို႔ကို တင္ကစားခဲ့တာပါ။

ပထမအေက်ာ့မွာ အေဝးကြင္းႏိုင္ပြဲ ရထားတဲ့ အိမ္ရွင္ ငွက္က်ားေတြအေနနဲ႔ ဒီေန႔ပြဲကို အသာထိန္းကစားဖို႔ စီစဥ္လာခဲ့ခ်ိန္မွာ ျပန္ႏိုင္မွ ေမွ်ာ္လင့္ခ်က္ရွိမွာျဖစ္တဲ့ စိန႔္တို႔ကေတာ့ ခံစစ္မွာ ဂိုးမေပးရေအာင္ ငါးေယာက္အထိထားခဲ့ၿပီး ကြင္းလယ္နဲ႔ ခံစစ္ကို ခ်ဳပ္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ နည္းျပ အရည္အေသြးခ်င္းမွာေတာ့ အနည္းငယ္ ကြာဟမႈေတြ ရွိေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာပဲ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆက္တိုက္ဆိုသလို လူေပးမွားေနခဲ့တဲ့ ေဆာက္သမ္တန္ ခံစစ္က ေဘာလုံးပ်က္တာကို ျပန္ရသြားခဲ့တဲ့ ကြင္းလယ္ကေန ျပန္ျဖန႔္ေပးတာကို ညာျခမ္းကေန ထရစ္ပီယာက ဧရိယာထဲ ခ်ိဳးေပးတာကို ေလာင္းစတပ္ဖ္က အနီးကပ္ကန္သြင္းၿပီး ဂိုးသမား ဘာဇူးႏူးကို အႏိုင္ယူသြားႏိုင္ခဲ့တာပါ။

ေဆာက္သမ္တန္ရဲ႕ ခံစစ္ကစားပုံက လူမ်ားၿပီး ပြဲမစည္ခဲ့သလို ရပ္ကြက္ဆန္လြန္းေနၿပီး ဧရိယာထဲမွာပဲ ပိတ္ဆို႔ဖို႔ ႀကိဳးစားေနခဲ့တဲ့ အခါမွာ Half Space ေတြနဲ႔ ဧရိယာထိပ္ေတြကေန နယူးကာဆယ္လ္ရဲ႕ ေလာင္းစတပ္ဖ္နဲ႔ ကြင္းလယ္ကစားသမားေတြ မၾကာခဏ လြတ္ထြက္ေနခဲ့တာေၾကာင့္ အိမ္ရွင္ေတြ တိုက္စစ္ပိုဆင္လာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာ နယူးကာဆယ္လ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက ေဘာလုံးဆြဲလာတဲ့ ဝီေလာ့ခ္က ဧရိယာထဲကို ထိုးေပးရာမွာ အယ္လ္မီ႐ြန္က ခ်က္ခ်င္းပဲ ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့တာကို ထုံးစံအတိုင္း ဆုတ္ခံၿပီး ေနရာလြတ္ေတြ ေပးေနတဲ့ ေဆာက္သမ္တန္ခံစစ္ေၾကာင့္ ေျပးဝင္လာတဲ့ ေလာင္းစတပ္ဖ္ကပဲ သူ႔ရဲ႕ ဒုတိယဂိုးအျဖစ္ သြင္းယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ မထင္မွတ္တဲ့ အေနအထားကေန ျပန္လည္ေခ်ပသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ ဝီေလာ့ခ္နဲ႔ ဘ႐ူႏို ဂီမာ႐ိုင္းစ္တို႔ နားလည္မႈလြဲၿပီး လူေပးမွားခဲ့ရာကေန ျဖတ္ယူသြားႏိုင္ခဲ့တဲ့ ေရွအက္ဒမ္စ္က ဝင္ဖ်က္မခံရခင္ အနိမ့္ေဘာ အျပင္းကန္သြင္းယူခဲ့ရာမွာ ဘယ္ဘက္တိုင္ေျခကို ဝင္သြားခဲ့လို႔ Clean Sheet ေတြနဲ႔ သာယာေနတဲ့ နစ္ခ္ ပုပ္တစ္ေယာက္ မ်က္ႏွာပ်က္ခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ဆက္တိုက္ဆိုသလို ေျခပ်က္ေနခဲ့တဲ့ အယ္လ္မီ႐ြန္ ေျခစြမ္းမျပႏိုင္ဘဲ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို End Product ေတြမွာလည္း ေျခတစ္လွမ္း ေနာက္က်ၿပီး တစ္ကြက္က်န္သလိုျဖစ္ေနခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ နယူးကာဆယ္လ္တို႔ ဦးေဆာင္ႏိုင္ခဲ့သလို ႏွစ္ေက်ာ့ေပါင္းရလဒ္အရ သုံးဂိုး-တစ္ဂိုးျဖစ္ေနတာေၾကာင့္ ထိန္းကစားဖို႔ ေ႐ြးခ်ယ္လာခဲ့တာပါ။

ဒုတိယပိုင္းျပန္အစမွာေတာ့ ေဆာက္သမ္တန္တို႔ တိုက္စစ္ျမႇင့္လာခဲ့ၾကၿပီး ေဝါလ္ကာ-ပီတာစ္၊ လီယန္ကိုနဲ႔ အယ္လ္ကာရက္ဇ္တို႔အစား ဝင္ကစားခဲ့ၾကတဲ့ အီဒိုဇီ၊ ေပ႐ိုနဲ႔ လာဗီယာတို႔က ပိုမိုထိုးေဖာက္ႏိုင္ခဲ့သလို အိမ္ရွင္ေတြဘက္ကေတာ့ ဝီလ္ဆန္၊ အယ္လ္မီ႐ြန္နဲ႔ ဝီေလာ့ခ္တို႔အစား အီဆက္ခ္၊ မာဖီနဲ႔ စန္မက္ဇီမန္တို႔ကို အေျပာင္းအလဲလုပ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ အီဒိုဇီရဲ႕ ေျခက်င္းဝတ္ကို တက္နင္းမိခဲ့တဲ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္ အဝါထိၿပီးမွ VAR ျပန္ၾကည့္ရာမွာ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ဗိုလ္လုပြဲနဲ႔‌ လြဲေခ်ာ္ဖို႔ ျဖစ္လာခဲ့ရၿပီး ေဆာ္ဒီပိုင္ရွင္ေတြလက္ထက္မွာ ဆုဖလားေတြ ရယူဖို႔ ႀကိဳးစားေနတဲ့ နယူးကာဆယ္လ္တို႔ အတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ တစ္ေယာက္အသာနဲ႔ ေဆာက္သမ္တန္တို႔ ဖိကစားခဲ့ေပမယ့္ ဂိုးထပ္ရဖို႔ေတာ့ မလုပ္ႏိုင္ၾကေတာ့တာေၾကာင့္ အိမ္ရွင္ နယူးကာဆယ္လ္တို႔က ႏွစ္ေက်ာ့စလုံးမွာ အႏိုင္ရရွိခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္း သုံးဂိုး-တစ္ဂိုးရလဒ္နဲ႔ ကာရာေဘာင္းဖလား ဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကသလို ေနာက္တစ္ဆင့္မွာေတာ့ တစ္ဖက္က တက္လာဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံဖို႔ မ်ားေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.