Premier League Transfer News

ကိုင်စီဒိုကို ခေါ်ဖို့ ခရိုယန်ကီ ညွှန်ကြားထားပြီး တီးလီးမန်းစ်ပါ ချိတ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီဆောင်းရာသီကာလမှာ သူတို့အတွက် အခြေအနေအကောင်းဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန် ရယူဖို့ကနေ လက်လွှတ်သွားရတာမျိုး မဖြစ်အောင် အသင်းပိုင်ရှင် ခရိုယန်ကီ သားအဖအနေနဲ့ အားကစားဒါရိုက်တာ အီဒူးနဲ့ နည်းပြ အာတီတာတို့ကို အစွမ်းကုန် ပံ့ပိုးပေးဖို့ ထောက်ခံပေးထားတယ်လို့ သိရပါတယ်။

ခရိုယန်ကီတွေအနေနဲ့ အသင်းရဲ့ ကြီးမားတဲ့ အားနည်းချက်တစ်ခုအဖြစ် ရှုမြင်နေရတဲ့ သောမတ်စ် ပါတေးရဲ့ Backup မရှိဘဲ ဂါနာသား မကစားနိုင်တာနဲ့ လစ်သွားတတ်တဲ့ ကစားပုံကို ဖြည့်ဆည်းပေးနိုင်ဖို့ ဘရိုက်တန်ရဲ့ မွိုက်ဆက်စ် ကိုင်စီဒိုကို မြင့်မားတဲ့ ဈေးနှုန်းပေးနိုင်ဖို့ မီးစိမ်းပြထားပြီး အဓိက ခေါ်ယူမှုအဖြစ် အီဒူးကို ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံး ဆွေးနွေးထားတဲ့ ပေါင် ၇၅ သန်းတန် ကမ်းလှမ်းမှုက ဒီနေ့မှာ အဆင်ပြေသွားနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတချို့က ဆိုခဲ့ကြသလို ကစားသမားအနေနဲ့လည်း အသင်းက ထွက်ခွာခွင့်ကို တောင်းခံထားချိန်မှာ သူ့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ စိတ်အားထက်သန်မှုက မြင့်မားနေတာပါ။

ကိုင်စီဒိုအနေနဲ့ အအောင်မြင်ဆုံး အီကွေဒေါကစားသမားဖြစ်လာဖို့ ရည်ရွယ်ထားချိန်မှာ သူ့အနေနဲ့ ဘရိုက်တန်အသင်းကို ဘာအကြွေးမှ တင်နေတာမျိုး မရှိဘူးလို့လည်း နယူးကာဆယ်လ်နဲ့ ချာလ်တန်ကစားသမားဟောင်း ဒါရင်း အမ်ဘရို့စ်က ပြောကြားလိုက်ပြီး အခွင့်အရေးရတုန်းမှာ အသင်းကြီးကို ပြောင်းဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

အမ်ဘရို့စ်က ဘရိုက်တန်အသင်းအနေနဲ့ ကိုင်စီဒိုကို မြေတောင်မြှောက်ပေးခဲ့ရတာဖြစ်လို့ ကျေးဇူးသိတတ်ရမယ်ဆိုတဲ့ ဂျင်းလုံးတွေကို ပယ်ချလိုက်ပြီး သူတို့တွေအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက အိဗ်စ် ဘီဆူးမားကိုသာ စပါးစ်အသင်းဆီ ထုတ်မရောင်းခဲ့ဘူးဆိုရင် အရန်ပဲဖြစ်နေဦးမယ့် ၂၁ နှစ်သား အနေနဲ့ ဘာတွေများ ကျေးဇူးခံကျေးဇူးစား လုပ်ပြနေရဦးမှာလဲလို့ မေးခွန်းထုတ်ခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ သူ့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ပေးနိုင်တဲ့ အသင်းအဖြစ်လည်း ရှုမြင်ခံထားရပြီး ကိုင်စီဒိုအနေနဲ့ လီဗာပူးလ်၊ ချဲလ်ဆီးတို့လို အသင်းတွေကို ပြောင်းရွှေ့မယ်ဆိုရင် အောင်မြင်မှုနဲ့ ဝေးကွာသွားနိုင်တဲ့ အချက်ကလည်း သူ့ကို အမ်းမရိတ်နဲ့ ပူးပေါင်းစေဖို့ တွန်းအားတစ်ခုဖြစ်နေတာဖြစ်ပါတယ်။

ကိုင်စီဒိုကို ဦးစားပေးပြီး ကြိုးစားနေတဲ့ အာဆင်နယ်တို့အနေနဲ့ မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းရဲ့ အပုပ်အသိုးကြီး ဂျော်ဂျင်ညိုကိုတော့ မရှိသုံး ကစားသမားအဖြစ် ဆွဲစားနိုင်ဖို့ စကားတောက်ထားခဲ့ပြီး ပရိသတ်တွေကတော့ နှစ်သက်မှု မရှိဘဲ ကန့်ကွက်နေကြသလို ဝီလီယန် 2.0 ဖြစ်လာမယ့်သူနဲ့ လမ်းဆုံးနေတဲ့ အမှိုက်ကို ဘာဖြစ်လို့ ခေါ်နေမှာလဲလို့ ပြောနေခဲ့ကြတာပါ။

ဒါ့အပြင် အားကစားဒါရိုက်တာ အီဒူးအနေနဲ့ ပရိသတ်တွေကို နှစ်သိမ့်ဖို့အတွက် လာမယ့် နွေရာသီမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေခဲ့တဲ့ လက်စတာစီးတီး ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကို အရေးပေါ် အစီအစဉ်အဖြစ် ခေါ်ယူသွားဖို့လည်း စောင့်ကြည့်နေပြီး တစ်ပြားမှ မရဘဲ လက်လွှတ်ဖို့ထက် ငွေဖော်ချင်နေတဲ့ မြေခွေးတွေကြောင့် တစ်ခုခုတော့ ထူးခြားလာနိုင်တယ်လို့ ဆိုနေကြပါတယ်။

အာဆင်နယ်တို့အနေနဲ့ တီးလီးမန်းစ်ကိုသာ ခေါ်ယူခဲ့မယ်ဆိုရင်တော့ ကွင်းလယ်မှာ ဘောလုံးကို ပိုမိုကိုင်ကစားနိုင်မှာဖြစ်ပြီး ပါတေးကိုသာ အနားပေးခဲ့မယ်ဆိုရင်တော့ လူသစ်နောက်ခံလူ ယာကုဘ် ကီဗီယာကို ကွင်းလယ်ခံစစ်မှာ အသုံးပြုသွားနိုင်သလို ကိုင်စီဒိုကို လွဲချော်ခဲ့မယ်ဆိုရင်လည်း ဂျော်ဂျင်ညိုလို ကစားသမားနဲ့ လက်တွဲတာထက်တော့ ခုသာခံသာရှိမှာဖြစ်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေဆာင္းရာသီကာလမွာ သူတို႔အတြက္ အေျခအေနအေကာင္းဆုံးျဖစ္တဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို တစ္ေက်ာ့ျပန္ ရယူဖို႔ကေန လက္လႊတ္သြားရတာမ်ိဳး မျဖစ္ေအာင္ အသင္းပိုင္ရွင္ ခ႐ိုယန္ကီ သားအဖအေနနဲ႔ အားကစားဒါ႐ိုက္တာ အီဒူးနဲ႔ နည္းျပ အာတီတာတို႔ကို အစြမ္းကုန္ ပံ့ပိုးေပးဖို႔ ေထာက္ခံေပးထားတယ္လို႔ သိရပါတယ္။

ခ႐ိုယန္ကီေတြအေနနဲ႔ အသင္းရဲ႕ ႀကီးမားတဲ့ အားနည္းခ်က္တစ္ခုအျဖစ္ ရႈျမင္ေနရတဲ့ ေသာမတ္စ္ ပါေတးရဲ႕ Backup မရွိဘဲ ဂါနာသား မကစားႏိုင္တာနဲ႔ လစ္သြားတတ္တဲ့ ကစားပုံကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ဘ႐ိုက္တန္ရဲ႕ မြိဳက္ဆက္စ္ ကိုင္စီဒိုကို ျမင့္မားတဲ့ ေဈးႏႈန္းေပးႏိုင္ဖို႔ မီးစိမ္းျပထားၿပီး အဓိက ေခၚယူမႈအျဖစ္ အီဒူးကို ၫႊန္ၾကားထားတယ္လို႔လည္း ဆိုပါတယ္။

ေနာက္ဆုံး ေဆြးေႏြးထားတဲ့ ေပါင္ ၇၅ သန္းတန္ ကမ္းလွမ္းမႈက ဒီေန႔မွာ အဆင္ေျပသြားႏိုင္ဖြယ္ရွိေနတယ္လို႔ သတင္းတခ်ိဳ႕က ဆိုခဲ့ၾကသလို ကစားသမားအေနနဲ႔လည္း အသင္းက ထြက္ခြာခြင့္ကို ေတာင္းခံထားခ်ိန္မွာ သူ႔ရဲ႕ ႀကီးမားတဲ့ ရည္မွန္းခ်က္နဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚဖို႔ စိတ္အားထက္သန္မႈက ျမင့္မားေနတာပါ။

ကိုင္စီဒိုအေနနဲ႔ အေအာင္ျမင္ဆုံး အီေကြေဒါကစားသမားျဖစ္လာဖို႔ ရည္႐ြယ္ထားခ်ိန္မွာ သူ႔အေနနဲ႔ ဘ႐ိုက္တန္အသင္းကို ဘာအေႂကြးမွ တင္ေနတာမ်ိဳး မရွိဘူးလို႔လည္း နယူးကာဆယ္လ္နဲ႔ ခ်ာလ္တန္ကစားသမားေဟာင္း ဒါရင္း အမ္ဘ႐ို႕စ္က ေျပာၾကားလိုက္ၿပီး အခြင့္အေရးရတုန္းမွာ အသင္းႀကီးကို ေျပာင္းဖို႔လည္း တိုက္တြန္းသြားခဲ့ပါတယ္။

အမ္ဘ႐ို႕စ္က ဘ႐ိုက္တန္အသင္းအေနနဲ႔ ကိုင္စီဒိုကို ေျမေတာင္ေျမႇာက္ေပးခဲ့ရတာျဖစ္လို႔ ေက်းဇူးသိတတ္ရမယ္ဆိုတဲ့ ဂ်င္းလုံးေတြကို ပယ္ခ်လိုက္ၿပီး သူတို႔ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီက အိဗ္စ္ ဘီဆူးမားကိုသာ စပါးစ္အသင္းဆီ ထုတ္မေရာင္းခဲ့ဘူးဆိုရင္ အရန္ပဲျဖစ္ေနဦးမယ့္ ၂၁ ႏွစ္သား အေနနဲ႔ ဘာေတြမ်ား ေက်းဇူးခံေက်းဇူးစား လုပ္ျပေနရဦးမွာလဲလို႔ ေမးခြန္းထုတ္ခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ သူ႔ရဲ႕ ရည္မွန္းခ်က္ေတြကို အေကာင္အထည္ ေဖာ္ေပးႏိုင္တဲ့ အသင္းအျဖစ္လည္း ရႈျမင္ခံထားရၿပီး ကိုင္စီဒိုအေနနဲ႔ လီဗာပူးလ္၊ ခ်ဲလ္ဆီးတို႔လို အသင္းေတြကို ေျပာင္းေ႐ႊ႕မယ္ဆိုရင္ ေအာင္ျမင္မႈနဲ႔ ေဝးကြာသြားႏိုင္တဲ့ အခ်က္ကလည္း သူ႔ကို အမ္းမရိတ္နဲ႔ ပူးေပါင္းေစဖို႔ တြန္းအားတစ္ခုျဖစ္ေနတာျဖစ္ပါတယ္။

ကိုင္စီဒိုကို ဦးစားေပးၿပီး ႀကိဳးစားေနတဲ့ အာဆင္နယ္တို႔အေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းရဲ႕ အပုပ္အသိုးႀကီး ေဂ်ာ္ဂ်င္ညိဳကိုေတာ့ မရွိသုံး ကစားသမားအျဖစ္ ဆြဲစားႏိုင္ဖို႔ စကားေတာက္ထားခဲ့ၿပီး ပရိသတ္ေတြကေတာ့ ႏွစ္သက္မႈ မရွိဘဲ ကန႔္ကြက္ေနၾကသလို ဝီလီယန္ 2.0 ျဖစ္လာမယ့္သူနဲ႔ လမ္းဆုံးေနတဲ့ အမႈိက္ကို ဘာျဖစ္လို႔ ေခၚေနမွာလဲလို႔ ေျပာေနခဲ့ၾကတာပါ။

ဒါ့အျပင္ အားကစားဒါ႐ိုက္တာ အီဒူးအေနနဲ႔ ပရိသတ္ေတြကို ႏွစ္သိမ့္ဖို႔အတြက္ လာမယ့္ ေႏြရာသီမွ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေနခဲ့တဲ့ လက္စတာစီးတီး ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကို အေရးေပၚ အစီအစဥ္အျဖစ္ ေခၚယူသြားဖို႔လည္း ေစာင့္ၾကည့္ေနၿပီး တစ္ျပားမွ မရဘဲ လက္လႊတ္ဖို႔ထက္ ေငြေဖာ္ခ်င္ေနတဲ့ ေျမေခြးေတြေၾကာင့္ တစ္ခုခုေတာ့ ထူးျခားလာႏိုင္တယ္လို႔ ဆိုေနၾကပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ တီးလီးမန္းစ္ကိုသာ ေခၚယူခဲ့မယ္ဆိုရင္ေတာ့ ကြင္းလယ္မွာ ေဘာလုံးကို ပိုမိုကိုင္ကစားႏိုင္မွာျဖစ္ၿပီး ပါေတးကိုသာ အနားေပးခဲ့မယ္ဆိုရင္ေတာ့ လူသစ္ေနာက္ခံလူ ယာကုဘ္ ကီဗီယာကို ကြင္းလယ္ခံစစ္မွာ အသုံးျပဳသြားႏိုင္သလို ကိုင္စီဒိုကို လြဲေခ်ာ္ခဲ့မယ္ဆိုရင္လည္း ေဂ်ာ္ဂ်င္ညိဳလို ကစားသမားနဲ႔ လက္တြဲတာထက္ေတာ့ ခုသာခံသာရွိမွာျဖစ္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.