Carabao & FA Match Report Premier League

ဘိုဝင် ခြေစွမ်းပြနေပြီး မန်ယူနဲ့တွေ့ဖို့ ဒါဘီကို ကျော်ဖြတ်ခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ အာဂွါဒ်၊ အော့ဘွန်နာနဲ့ ခယ်ရာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆိုးချက်ခ်၊ ဖလင်း ဒေါင်းစ်၊ ဂျွန်ဆန်နဲ့ အီမာဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖော်နယ်လ်စ်၊ ဘိုဝင်နဲ့ အန်တိုနီယိုတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဒါဘီကောင်တီအသင်းကတော့ ဂိုးသမား ဝိုင်းလ်ဒ်စမစ်၊ ခံစစ်မှာ ဒေးဗီးစ်၊ ဖော်ဆိုက်သ်၊ စမစ်နဲ့ ရောဘတ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အူရီဟန်း၊ ဘာ့ဒ်၊ ဘာ့ခ်ဟွီဇန်၊ မန်ဒက်ဇ်-လိုင်း၊ နိုက်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကောလင်းစ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ဒက်ကလန် ရိုက်စ်နဲ့ ဘင်ရာမာတို့ မပါတဲ့ ဝက်စ်ဟမ်းကွင်းလယ်က သိပ်တော့ အချိုးမပြေခဲ့ပေမယ့် ခပ်ချာချာ ဒါဘီတို့ကို အချိတ်အဆက်တချို့ ပျက်ခဲ့တာကလွဲလို့ ကောင်းကောင်းထိန်းကစားသွားနိုင်ခဲ့ပြီး အရန်တွေထဲက ဒေါင်းစ်က အလုပ်သိပ်မဖြစ်ပေမယ့် ပွဲထွက်ကစားသမားဘဝကနေ အရန်ခုံကို ရာထူးကျထားလို့ ကြိုးစားပြနေခဲ့တဲ့ ဖော်နယ်လ်စ်နဲ့ ဆိုးချက်ခ်တို့ရဲ့ ဘယ်ခြမ်းကတော့ ပုံစံကောင်းပြန်ရခဲ့ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အန်တိုနီယိုက ဧရိယာထဲကို ချပေးရာမှာ ဘယ်ခြမ်းကို ပြေးဝင်လာခဲ့တဲ့ ဆိုးချက်ခ်က အတွင်းကို ခေါင်းပြန်တိုက်ပြီး ထည့်ပေးတာကို ဘေးကနေ ဂိုးရှေ့ကို ပါလာတဲ့ ဘိုဝင်က ဒါဘီဂိုးသမားထက်ဦးအောင် ကန်သွင်းယူနိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ အိမ်ရှင် ဒါဘီတို့ကို ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း ခြေစွမ်းချင်းနဲ့ ပြိုင်ပွဲအဆင့်အတန်းချင်း ကွာခြားမှုကို အခွင့်ကောင်းယူပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၆ မှာ ရှိနေတဲ့ အသင်းရဲ့ ပရိသတ်တွေကို နှစ်သိမ့်နိုင်ဖို့ ပိုမိုကြိုးစားလာခဲ့ကြပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ ဝက်စ်ဟမ်းတို့ကပဲ အနိုင်သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဒါဘီခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ညာခြမ်းက ပြန်ရသွားခဲ့တဲ့ ဘိုဝင်က တစ်ချက်ဆွဲပြေးပြီးမှ ဂိုးရှေ့ကို ဖြတ်ချိုးပေးတာကို အိမ်ရှင်နောက်ခံလူတွေကြားက ထွက်လာခဲ့ရာမှာ တိုက်စစ်မှူး အန်တိုနီယိုက အနီးကပ် အပိုင်ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အဝေးကွင်း ပရိုက်ဒ်ပါ့ခ်မှာ ဒါဘီကောင်တီအသင်းကို ဝက်စ်ဟမ်းယူနိုက်တက်တို့က နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူပြီး အက်ဖ်အေဖလား ပဉ္စမအဆင့် ၁၆ သင်းထဲကို ပါဝင်သွားနိုင်ခဲ့ကြသလို လာမယ့်ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ကစားရဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အာရီယိုးလား၊ ခံစစ္မွာ အာဂြါဒ္၊ ေအာ့ဘြန္နာနဲ႔ ခယ္ရာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆိုးခ်က္ခ္၊ ဖလင္း ေဒါင္းစ္၊ ဂြၽန္ဆန္နဲ႔ အီမာဆန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေဖာ္နယ္လ္စ္၊ ဘိုဝင္နဲ႔ အန္တိုနီယိုတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဒါဘီေကာင္တီအသင္းကေတာ့ ဂိုးသမား ဝိုင္းလ္ဒ္စမစ္၊ ခံစစ္မွာ ေဒးဗီးစ္၊ ေဖာ္ဆိုက္သ္၊ စမစ္နဲ႔ ေရာဘတ္စ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အူရီဟန္း၊ ဘာ့ဒ္၊ ဘာ့ခ္ဟြီဇန္၊ မန္ဒက္ဇ္-လိုင္း၊ ႏိုက္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေကာလင္းစ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ဒက္ကလန္ ႐ိုက္စ္နဲ႔ ဘင္ရာမာတို႔ မပါတဲ့ ဝက္စ္ဟမ္းကြင္းလယ္က သိပ္ေတာ့ အခ်ိဳးမေျပခဲ့ေပမယ့္ ခပ္ခ်ာခ်ာ ဒါဘီတို႔ကို အခ်ိတ္အဆက္တခ်ိဳ႕ ပ်က္ခဲ့တာကလြဲလို႔ ေကာင္းေကာင္းထိန္းကစားသြားႏိုင္ခဲ့ၿပီး အရန္ေတြထဲက ေဒါင္းစ္က အလုပ္သိပ္မျဖစ္ေပမယ့္ ပြဲထြက္ကစားသမားဘဝကေန အရန္ခုံကို ရာထူးက်ထားလို႔ ႀကိဳးစားျပေနခဲ့တဲ့ ေဖာ္နယ္လ္စ္နဲ႔ ဆိုးခ်က္ခ္တို႔ရဲ႕ ဘယ္ျခမ္းကေတာ့ ပုံစံေကာင္းျပန္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အန္တိုနီယိုက ဧရိယာထဲကို ခ်ေပးရာမွာ ဘယ္ျခမ္းကို ေျပးဝင္လာခဲ့တဲ့ ဆိုးခ်က္ခ္က အတြင္းကို ေခါင္းျပန္တိုက္ၿပီး ထည့္ေပးတာကို ေဘးကေန ဂိုးေရွ႕ကို ပါလာတဲ့ ဘိုဝင္က ဒါဘီဂိုးသမားထက္ဦးေအာင္ ကန္သြင္းယူႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ဝက္စ္ဟမ္းတို႔ကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ အိမ္ရွင္ ဒါဘီတို႔ကို ဦးေဆာင္ထားႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း ေျခစြမ္းခ်င္းနဲ႔ ၿပိဳင္ပြဲအဆင့္အတန္းခ်င္း ကြာျခားမႈကို အခြင့္ေကာင္းယူၿပီး ပရီးမီးယားလိဂ္မွာ အဆင့္ ၁၆ မွာ ရွိေနတဲ့ အသင္းရဲ႕ ပရိသတ္ေတြကို ႏွစ္သိမ့္ႏိုင္ဖို႔ ပိုမိုႀကိဳးစားလာခဲ့ၾကပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဝက္စ္ဟမ္းတို႔ကပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဒါဘီခံစစ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ညာျခမ္းက ျပန္ရသြားခဲ့တဲ့ ဘိုဝင္က တစ္ခ်က္ဆြဲေျပးၿပီးမွ ဂိုးေရွ႕ကို ျဖတ္ခ်ိဳးေပးတာကို အိမ္ရွင္ေနာက္ခံလူေတြၾကားက ထြက္လာခဲ့ရာမွာ တိုက္စစ္မႉး အန္တိုနီယိုက အနီးကပ္ အပိုင္ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အေဝးကြင္း ပ႐ိုက္ဒ္ပါ့ခ္မွာ ဒါဘီေကာင္တီအသင္းကို ဝက္စ္ဟမ္းယူႏိုက္တက္တို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရယူၿပီး အက္ဖ္ေအဖလား ပၪၥမအဆင့္ ၁၆ သင္းထဲကို ပါဝင္သြားႏိုင္ခဲ့ၾကသလို လာမယ့္ပြဲစဥ္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ သြားေရာက္ကစားရဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.