Article Premier League

ဂန်းနားသစ် ဂျော်ဂျင်ညိုနဲ့ ပတ်သက်ပြီး အာဖန်တွေ သိထားသင့်တဲ့ အကြောင်းများ

ဇန်နဝါရီ Deadline Day မှာ မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းကနေ အမ်းမရိတ်ကို မထင်မှတ်ဘဲ ပြောင်းရွှေ့လာခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ကစားသမားသစ်တစ်ယောက်ဖြစ်လာခဲ့တဲ့ ကွင်းလယ်လူသစ် ဂျော်ဂျင်ညိုနဲ့ ပတ်သက်ပြီး ဂန်းနားပရိသတ်တွေ သိထားသင့်တဲ့ အကြောင်းတွေနဲ့ အီတလီ ဝါရင့်ကစားသမားအနေနဲ့ အမှတ်ပေးဇယားထိပ်က အသင်းဆီ ဘာတွေ ယူဆောင်လာနိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အီတလီ လက်ရွေးစင်ဆိုပေမယ့်…
ဂျော်ဂျင်ညိုအနေနဲ့ အီတလီ ကစားသမားလို့ တရားဝင် သိရှိနားလည်ထားကြပြီး အာဆင်နယ်အသင်းရဲ့ တစ်ဦးတည်းသော အီတလီသား ဖြစ်နေနိုင်ပေမယ့် တကယ်တမ်းမှာတော့ သူ့ကို လက်ခံသိမ်းပိုက်ကြမယ့် ပေါ်တူဂီသား၊ ဘရာဇီးလ်သားတွေနဲ့အတူ တစ်သားတည်း ရှိလာမှာဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံ၊ အင်မ်ဘီတူဘာမှာ မွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာမှ အဘိုးနောက်လိုက်ပြီး အီတလီကို ရောက်လာခဲ့တဲ့ ၃၁ နှစ်သားဟာ ဂျေဆူးစ်၊ ဂါဘရီယယ်လ်၊ မာတီနယ်လီ၊ ဖာဘီယို ဗီယာရာတို့နဲ့ တစ်ခါတည်း ညီအစ်ကိုတော်သွားနိုင်သူလည်းဖြစ်နေတာပါ။

မေမေ့သားလေး
သူ့အနေနဲ့ ဒီလောက်အထိ အောင်မြင်လာခဲ့တဲ့ ဆုတွေအတွက် အကြောင်းရင်းလို့ ရည်ညွှန်းလေ့ရှိသူကတော့ သူ့ရဲ့ မိခင်ဖြစ်သူ မာရီယာ ထရီဇာ ဖရေးတာ့စ်ပဲဖြစ်ပါတယ်။ အပျော်တမ်း ဘောလုံးသမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ မိခင်ဖြစ်သူဟာ သူ့ကို ဘောလုံးနဲ့ စတင်လေ့ကျင့်ပေးခဲ့သူဖြစ်ပြီး ဘယ်ညာ ဘယ်ညာ ထိန်းသိမ်းကစားဖို့၊ ကမ်းခြေမှာ လေ့ကျင့်ဖို့တွေကို သင်ကြားပေးခဲ့ပြီး ဘောလုံးမျိုးရိုးရှိသူလည်းဖြစ်ပါတယ်။

မဆုတ်မနစ် ကြိုးစားခဲ့မှု
ဖူဆယ်လ်နဲ့ သဲသောင်ပြင်ဘောလုံးကစားနည်းတွေလည်း ထွန်းကားတဲ့ ဘရာဇီးလ်မှာ ၁၁ ယောက်ချင်း ကစားတဲ့ ဘောလုံးကို ရွေးချယ်ဖို့ အတွက်တော့ ဂျော်ဂျင်ညိုအနေနဲ့ အိမ်ကနေ မိုင်ပေါင်း ၁၂၀ ဝေးတဲ့ ဂွါဘီရူဘာမြို့ကို အသက် ၁၃ နှစ်အရွယ်မှာကတည်းက စွန့်စားထွက်ခွာခဲ့ရပါတယ်။ ဒီကနေ ကြိုးစားလေ့ကျင့်မှုတွေနဲ့ ထိုက်တန်တဲ့ ရလဒ်တွေကြောင့် အီတလီကလပ် ဗီရိုနာအသင်းရဲ့ စင်တော်ကောက်ခြင်းကို ခံခဲ့ရပြီး နှစ်နှစ်အကြာမှာ သူ့ရဲ့ ဂျော်ဂျင်ညိုဆိုတဲ့ ခရီးလမ်းကို စတင်နိုင်ခဲ့တာပါ။

နာမည်များ
ဂျော်ဂျီ လူးဝစ်ဇ် ဖရယ်လို ဖီလ်ယိုလို့ နာမည်အပြည့်အစုံရှိပေမယ့် ဂျော်ဂျီလေး (အင်္ဂလိပ်လိုဆိုရင် Little George)လို့ အဓိပ္ပါယ်ရတဲ့ ဂျော်ဂျင်ညိုလို့ အားလုံးက ခေါ်ဝေါ်ခဲ့ကြတာပါ။ ငယ်စဉ်ဘဝမှာတော့ သူငယ်ချင်းတွေက သူလေးစားအားကျရတဲ့ ရိုမေးနီးယား ကွင်းလယ်ဖန်တီးရှင် ဂျော်ဂျီ ဟာဂီကို အစွဲပြုပြီး ဟာဂင်ညိုလို့ ဂုဏ်ပြုခေါ်တွင်ခဲ့ကြသလို အီတလီမှာ ထင်ပေါ်လာချိန်မှာတော့ “အီလ် ပရော်ဖက်ဆိုရီ (ပရော်ဖက်ဆာ)”လို့ ဦးဆောင် ညွှန်ကြားနိုင်မှုအတွက် နာမည်ပေးခဲ့ကြပြီး တစ်ကွင်းလုံးမှာ ချိတ်ဆက်နေတဲ့ ပုံစံအရတော့ ရေဒီယို(အော်ပရေတာ) ဂျော်ဂျင်ညိုလို့လည်း ဆိုခဲ့ကြပါတယ်။

အပယ်ခံဖြစ်ခဲ့ဖူးပေမယ့် ဇွဲမလျှော့ခဲ့သူ
ဂျော်ဂျင်ညိုတစ်ယောက် အီတလီ လက်ရွေးစင်ဖြစ်လာခဲ့တာဟာ ဆရာကြီးလုပ်လွန်းတဲ့ ဘရာဇီးလ်ကလပ်တွေကြောင်းလည်း ပါတယ်လို့ ပြောရမှာပါ။ သူ့ရဲ့ လူငယ်ဘဝ အစမ်းသပ်ခံ စာမေးပွဲဖြေဆိုချိန်မှာ ပါးလ်မီးရပ်စ်၊ အင်တာနေစီယွန်နယ်နဲ့ ဆော်ပေါ်လိုတို့လို အသင်းကြီးတွေက ပယ်ချခဲ့ပေမယ့် သူကတော့ ဘောလုံးသမားဖြစ်ဖို့ အိပ်မက်ကို မစွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းတွေက သူ့ရဲ့ ခြေစွမ်းကို ယုံကြည်ခဲ့ကြသလို မိသားစုကလည်း အောင်မြင်မှုရဖို့ ထောက်ခံအားပေးခဲ့ကြလို့ အမြင်ဆုံးတစ်နေရာကို တက်လှမ်းလာနိုင်ခဲ့တာပါ။

အိုင်ဒေါလ်တွေက ဘယ်သူတွေလဲ
ဘရာဇီးလ်သားဖြစ်ပြီး ရော်နယ်လ်ဒို၊ ရော်နယ်လ်ဒင်ညိုနဲ့ ကာကာတို့ကိုမှ ဆရာမတင်ဘူးဆိုရင်တော့ ထူးဆန်းနေမှာပေါ့။ ဘယ်ဟုတ်ပါ့မလဲ… ဂျော်ဂျင်ညိုရဲ့ နှလုံးသားမှာ သူတို့တွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဂွါဘီရူဘာမှာ တိုက်စစ်မကစားရဘဲ ကွင်းလယ်လူတစ်ယောက်အဖြစ် စတင်ခဲ့ရတဲ့ အချိန်မှာတော့ ဟာဂီက သူ့ရဲ့ အိုင်ဒေါလ်ဖြစ်လာခဲ့ပြီး လေ့လာသင်ယူခဲ့ရတဲ့ မြင်ဆရာတွေကတော့ အန်ဒရီးယား ပီယာလိုနဲ့ ဇာဗီ ဟာနန်ဒက်ဇ်တို့ ဖြစ်ခဲ့ကြတာပါ။

အရှုံးပေးဖို့ စိတ်မကူးဘူး
သူ့အနေနဲ့ အီတလီကို စတင် ပြောင်းရွှေ့ခဲ့တုန်းက တစ်ပတ်ကိုမှ ယူရို ၂၀ သာ ရရှိခဲ့ပြီး ဒီကြားထဲမှာ ကလိမ်ကကျစ်ကျတဲ့ အေးဂျင့်က စာရင်းမှန် မပြဘဲ ဖြတ်စားတာကိုလည်း ခံခဲ့ရသေးတာဖြစ်ပါတယ်။ ဂျော်ဂျင်ညိုအနေနဲ့ ဘောလုံးသမားဘဝရဲ့ စိတ်ပျက်စရာတွေကို မခံစားနိုင်လို့ အလုပ်ပြောင်းလုပ်ဖို့တောင် စဉ်းစားခဲ့ဖူးပေမယ့် မိခင်ဖြစ်သူရဲ့ “တစ်ချက်ကလေးမှ စိတ်ပြောင်းဖို့ မစဉ်းစားနဲ့”လို့ တွန်းအားပေးမှုနဲ့ “ပြန်လာမယ်ဆိုရင် အိမ်မှာ လက်မခံနိုင်ဘူး”လို့ ပြောင်ပြောင်တင်းတင်း ကြပ်မတ်ခဲ့မှုတွေကြောင့် ဗီရိုနာမှာ အောင်မြင်လာတဲ့အထိ ဆက်ကစားဖြစ်ခဲ့တာပါ။

မိတ်ဆွေကောင်းရဲ့ စောင်မမှု
ဗီရိုနာမှာ အဆင်ပြေသွားပြီး ကစားဖို့အတွက်ပဲ အာရုံစိုက်နိုင်ခဲ့တာကတော့ သူ့ထက် အရင် အသင်းကို ရောက်ရှိနေပြီး ဘရာဇီးလ်သား တစ်ဦးပဲဖြစ်တဲ့ ဂိုးသမား ရာဖေးလ် ပင်ညေရိုကြောင့်ဖြစ်ပါတယ်။ ဖြတ်စားလပ်စားလုပ်တတ်တဲ့ အေးဂျင့်ဆီကနေ ခွာထွက်ပြီး အသစ်ပြောင်းနိုင်အောင် ကူညီပေးခဲ့သလို သူ့ရဲ့အိမ်မှာလည်း နေခွင့်ပေးခဲ့ပြီး အဝတ်အစားနဲ့ အစားအသောက်ကအစ ထောက်ပံ့ပေးခဲ့လို့ ဒီဂိုးသမားဟာ ဂျော်ဂျင်ညိုရဲ့ ကျေးဇူးရှင် တစ်ဦးလို့ ဆိုရမှာဖြစ်ပြီး သူကတော့ အာဆင်နယ်ကစားသမားသစ်ဖြစ်လာခဲ့တဲ့ ယာကုဘ် ကီဗီယာနဲ့ ပြီးခဲ့တဲ့ ရာသီက စပီဇီယာအသင်းမှာ နောက်ဆုံး တွဲကစားပြီး ဘောလုံးသမားဘဝက အနားယူသွားခဲ့တာဖြစ်ပါတယ်။

ဗီရိုနာရဲ့ လူကြီးလူကောင်း
ဗီရိုနာအသင်းကို ၁၁ နှစ်အတွင်း စီးရီးအေကို ပြန်ရောက်အောင် ပို့ဆောင်ပေးခဲ့အပြီးမှာတော့ ၂၀၁၄ ခုနှစ်မှာ နည်းပြ ရာဖာ ဘင်နီတက်ဇ်က သူ့ကို နာပိုလီအသင်းဆီ ခေါ်ယူခဲ့ပါတယ်။ ဘင်နီတက်ဇ်နဲ့ ပူးပေါင်းမှုက အလုပ်ဖြစ်ခဲ့သလို နာပိုလီအသင်းရဲ့ စီးရီးအေ ရပ်တည်မှုတွေကလည်း ချန်ပီယံ ဆုကို ခြိမ်းခြောက်နိုင်တဲ့အထိ မြင့်မားလာခဲ့ပြီး အသင်းဟောင်းကိုလည်း ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းအထိ ရှာဖွေပေးနိုင်ခဲ့တာပါ။ ၂၀၁၂ ခုနှစ်က ဗီရိုနာအသင်းကို ဝယ်ယူခဲ့တဲ့ အသင်းပိုင်ရှင် မော်ရီဇီယို ဆက်တီကတော့ သူဟာ ဂျော်ဂျင်ညိုကြောင့် ဒီအသင်းကို သတိထားမိပြီး ဝယ်ယူဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

အားလုံးသိတဲ့ ဆာရီနဲ့ သံယောဇဉ်
မော်ရီဇီယို ဆာရီလောက် ဘယ်နည်းပြကမှ သူ့ကို ဒီလောက်အထိ အတွဲညီညီနဲ့ မြေတောင်မြှောက်ပေးခဲ့မယ် မထင်ပါဘူး။ ဆာရီဟာ ဂျော်ဂျင်ညိုကို သူ့ရဲ့ ပွဲထွက်လူစာရင်းတွေထဲကို ၁၆၂ ကြိမ်တိုင်တိုင် ထည့်သွင်းခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ အချိန်မှာလည်း တပည့်ဟောင်းကို စတမ်းဖို့ဒ်ဘရစ်ချ်ဆီ အမြန်ဆုံးခေါ်ယူခဲ့သလို အင်္ဂလန်မှာ သူတို့နှစ်ဦးရဲ့ သံယောဇဉ်က ဆက်လက်ကြီးထွားခဲ့တာပါ။

ပင်နယ်တီမှ ရွေးကန်တတ်သူကြီး
ဂျော်ဂျင်ညိုရဲ့ ပင်နယ်တီတွေက ပြိုင်ဘက်ပရိသတ်တွေအတွက်တော့ ခါးသီးစရာဖြစ်ပေမယ့် သူ့ကို ပိုင်ဆိုင်ထားတဲ့ အသင်းအတွက်တော့ ဂုဏ်ယူစရာဖြစ်နေပါလိမ့်မယ်။ ကစားသမားဘဝမှာ ၄၈ ကြိမ်ကန်သွင်းပြီး ၄၁ ကြိမ် အောင်မြင်ခဲ့တဲ့ ဂျော်ဂျင်ညိုဟာ ပရီးမီးယားလိဂ်မှာတော့ ဧရိယာထဲက အမှတ်အသားကနေ ၂၂ ကြိမ် ကန်သွင်းရာမှာ ၁၉ ကြိမ် ပြောင်းလဲနိုင်ခဲ့ပြီး အမြင့်ဆုံး စံချိန်ကိုလည်း တင်ရှိထားတာပါ။ ၂၀၁၉-၂၀ ရာသီမှာ သူ့အနေနဲ့ ပင်နယ်တီကနေပဲ ၇ ဂိုးအထိ သွင်းယူပြီး ချဲလ်ဆီးအသင်းရဲ့ လိဂ်ဂိုးသွင်းဘုရင်လည်းဖြစ်ခဲ့ပါတယ်။

ဘောလိုက်သူ ဂျော်ဂျင်ညို
သူ့ရဲ့ တတိယမြောက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့်မှာတော့ ဂျော်ဂျင်ညိုအနေနဲ့ ဘောလုံးကို သံလိုက်နဲ့ ကပ်သလို ဆွဲယူပြီး ထိချက်အများဆုံး စံချိန်ကိုလည်း တင်ရှိနိုင်ခဲ့သလို နယူးကာဆယ်လ်အသင်းနဲ့ပွဲမှာ ၁၈၆ ကြိမ်အထိ ထိချက်နဲ့ ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေကို အံ့အားသင့်စေခဲ့တာပါ။ လေးပတ်အကြာမှာတော့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ၁၉၁ ကြိမ်အထိ ရရှိခဲ့ပြီး သူ့ရဲ့ ဒီစံချိန်ဟောင်းကိုတော့ ၂၀၂၀ ဖေဖော်ဝါရီလမှာ မန်စီးတီးကွင်းလယ်လူ ရိုဒရီက ၁၉၅ ကြိမ်နဲ့ ချိုးဖျက်သွားခဲ့ပါတယ်။

ယူရိုနဲ့ ချန်ပီယံလိဂ်တစ်ပြိုင်တည်း ရရှိသူ
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ကို ဗိုလ်စွဲခဲ့တဲ့ ကွင်းလယ်လူဟာ အီတလီအသင်းနဲ့လည်း ယူရို ၂၀၂၀(၂၀၂၁)ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့လို့ အမြင့်မားဆုံး ဆုဖလားမှတ်တမ်းကိုလည်း ရရှိခဲ့သလို အဲ့ဒီနှစ်ရဲ့ ဘယ်လွန်ဒေါဆုကို သိမ်းပိုက်နိုင်ဖို့လည်း ရေပန်းစားခဲ့တာပါ။ ဒါပေမယ့် လက်သင့်ရာ စားတော်ခေါ်ပြီး တိုက်စစ်မှူးနဲ့ ဂိုးသွင်းရှင်မှ လူထင်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ ဂျာနယ်လစ်တွေကြောင့် မက်ဆီနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ရဲ့ နောက်က တတိယနေရာနဲ့ ကျေနပ်ခဲ့ရပြီး သူတို့တွေကိုတော့ အားလုံးက လှောင်ပြောင်စရာလည်းဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး အီတလီကွင်းလယ်လူ
အီတလီကွင်းလယ်လူတွေထဲမှာတော့ သူ့လောက် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းထားနိုင်သူမရှိဘဲ တခြား အီတလီတိုက်စစ်မှူးတွေကသာ သူ့ထက် ဂိုးပိုမိုသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အနီးဆုံးနေရာက ချဲလ်ဆီးကစားသမားဟောင်းပဲဖြစ်တဲ့ ရောဘတ်တို ဒီမက်တီယိုက ၁၅ ဂိုး သွင်းယူထားခဲ့ချိန်မှာ ဂျော်ဂျင်ညိုအနေနဲ့ ၂၁ ဂိုးအထိ ရရှိခဲ့ပြီး အာဆင်နယ်အသင်းမှာ ဒီအရေအတွက်ကို ဆက်လက်တိုးမြှင့်နိုင်မလား စောင့်ကြည့်ရမှာပါ။

သမိုင်းသစ် ရေးနိုင်ခဲ့တဲ့သူ
ဂျော်ဂျင်ညိုအနေနဲ့ အီတလီ လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ရာမှာ သူတို့ရဲ့ ထူးခြားတဲ့ သမိုင်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့တာပါ။ အဲ့ဒါကတော့ သူ့ရဲ့ ၃၈ ပွဲမြောက် ကစားခွင့်ဖြစ်တဲ့ လစ်သူယေးနီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာဖြစ်ပြီး အီတလီတို့က ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါဟာ ၁၉၆၀ ခုနှစ်တုန်းက အာဂျင်တီးနားနွယ်ဖွား မီဂယ်လ် အန်ဟဲလ် မွန်တူရီရဲ့နောက်ပိုင်းမှာ ၆၁ နှစ်ကြာမှ ၂၀၂၁ စက်တင်ဘာလမှာ နောက်ထပ် နိုင်ငံခြားသားတစ်ဦးက လက်ပတ်ကို ရယူနိုင်ခဲ့မှုနဲ့ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဇန္နဝါရီ Deadline Day မွာ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းကေန အမ္းမရိတ္ကို မထင္မွတ္ဘဲ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး အာဆင္နယ္အသင္းရဲ႕ ကစားသမားသစ္တစ္ေယာက္ျဖစ္လာခဲ့တဲ့ ကြင္းလယ္လူသစ္ ေဂ်ာ္ဂ်င္ညိဳနဲ႔ ပတ္သက္ၿပီး ဂန္းနားပရိသတ္ေတြ သိထားသင့္တဲ့ အေၾကာင္းေတြနဲ႔ အီတလီ ဝါရင့္ကစားသမားအေနနဲ႔ အမွတ္ေပးဇယားထိပ္က အသင္းဆီ ဘာေတြ ယူေဆာင္လာႏိုင္သလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

အီတလီ လက္ေ႐ြးစင္ဆိုေပမယ့္…
ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ အီတလီ ကစားသမားလို႔ တရားဝင္ သိရွိနားလည္ထားၾကၿပီး အာဆင္နယ္အသင္းရဲ႕ တစ္ဦးတည္းေသာ အီတလီသား ျဖစ္ေနႏိုင္ေပမယ့္ တကယ္တမ္းမွာေတာ့ သူ႔ကို လက္ခံသိမ္းပိုက္ၾကမယ့္ ေပၚတူဂီသား၊ ဘရာဇီးလ္သားေတြနဲ႔အတူ တစ္သားတည္း ရွိလာမွာျဖစ္ပါတယ္။ ဘရာဇီးလ္ႏိုင္ငံ၊ အင္မ္ဘီတူဘာမွာ ေမြးဖြားခဲ့ၿပီး အသက္ ၁၅ ႏွစ္အ႐ြယ္မွာမွ အဘိုးေနာက္လိုက္ၿပီး အီတလီကို ေရာက္လာခဲ့တဲ့ ၃၁ ႏွစ္သားဟာ ေဂ်ဆူးစ္၊ ဂါဘရီယယ္လ္၊ မာတီနယ္လီ၊ ဖာဘီယို ဗီယာရာတို႔နဲ႔ တစ္ခါတည္း ညီအစ္ကိုေတာ္သြားႏိုင္သူလည္းျဖစ္ေနတာပါ။

ေမေမ့သားေလး
သူ႔အေနနဲ႔ ဒီေလာက္အထိ ေအာင္ျမင္လာခဲ့တဲ့ ဆုေတြအတြက္ အေၾကာင္းရင္းလို႔ ရည္ၫႊန္းေလ့ရွိသူကေတာ့ သူ႔ရဲ႕ မိခင္ျဖစ္သူ မာရီယာ ထရီဇာ ဖေရးတာ့စ္ပဲျဖစ္ပါတယ္။ အေပ်ာ္တမ္း ေဘာလုံးသမားတစ္ဦးျဖစ္ခဲ့ဖူးတဲ့ မိခင္ျဖစ္သူဟာ သူ႔ကို ေဘာလုံးနဲ႔ စတင္ေလ့က်င့္ေပးခဲ့သူျဖစ္ၿပီး ဘယ္ညာ ဘယ္ညာ ထိန္းသိမ္းကစားဖို႔၊ ကမ္းေျခမွာ ေလ့က်င့္ဖို႔ေတြကို သင္ၾကားေပးခဲ့ၿပီး ေဘာလုံးမ်ိဳး႐ိုးရွိသူလည္းျဖစ္ပါတယ္။

မဆုတ္မနစ္ ႀကိဳးစားခဲ့မႈ
ဖူဆယ္လ္နဲ႔ သဲေသာင္ျပင္ေဘာလုံးကစားနည္းေတြလည္း ထြန္းကားတဲ့ ဘရာဇီးလ္မွာ ၁၁ ေယာက္ခ်င္း ကစားတဲ့ ေဘာလုံးကို ေ႐ြးခ်ယ္ဖို႔ အတြက္ေတာ့ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ အိမ္ကေန မိုင္ေပါင္း ၁၂၀ ေဝးတဲ့ ဂြါဘီ႐ူဘာၿမိဳ႕ကို အသက္ ၁၃ ႏွစ္အ႐ြယ္မွာကတည္းက စြန႔္စားထြက္ခြာခဲ့ရပါတယ္။ ဒီကေန ႀကိဳးစားေလ့က်င့္မႈေတြနဲ႔ ထိုက္တန္တဲ့ ရလဒ္ေတြေၾကာင့္ အီတလီကလပ္ ဗီ႐ိုနာအသင္းရဲ႕ စင္ေတာ္ေကာက္ျခင္းကို ခံခဲ့ရၿပီး ႏွစ္ႏွစ္အၾကာမွာ သူ႔ရဲ႕ ေဂ်ာ္ဂ်င္ညိဳဆိုတဲ့ ခရီးလမ္းကို စတင္ႏိုင္ခဲ့တာပါ။

နာမည္မ်ား
ေဂ်ာ္ဂ်ီ လူးဝစ္ဇ္ ဖရယ္လို ဖီလ္ယိုလို႔ နာမည္အျပည့္အစုံရွိေပမယ့္ ေဂ်ာ္ဂ်ီေလး (အဂၤလိပ္လိုဆိုရင္ Little George)လို႔ အဓိပၸါယ္ရတဲ့ ေဂ်ာ္ဂ်င္ညိဳလို႔ အားလုံးက ေခၚေဝၚခဲ့ၾကတာပါ။ ငယ္စဥ္ဘဝမွာေတာ့ သူငယ္ခ်င္းေတြက သူေလးစားအားက်ရတဲ့ ႐ိုေမးနီးယား ကြင္းလယ္ဖန္တီးရွင္ ေဂ်ာ္ဂ်ီ ဟာဂီကို အစြဲျပဳၿပီး ဟာဂင္ညိဳလို႔ ဂုဏ္ျပဳေခၚတြင္ခဲ့ၾကသလို အီတလီမွာ ထင္ေပၚလာခ်ိန္မွာေတာ့ “အီလ္ ပေရာ္ဖက္ဆိုရီ (ပေရာ္ဖက္ဆာ)”လို႔ ဦးေဆာင္ ၫႊန္ၾကားႏိုင္မႈအတြက္ နာမည္ေပးခဲ့ၾကၿပီး တစ္ကြင္းလုံးမွာ ခ်ိတ္ဆက္ေနတဲ့ ပုံစံအရေတာ့ ေရဒီယို(ေအာ္ပေရတာ) ေဂ်ာ္ဂ်င္ညိဳလို႔လည္း ဆိုခဲ့ၾကပါတယ္။

အပယ္ခံျဖစ္ခဲ့ဖူးေပမယ့္ ဇြဲမေလွ်ာ့ခဲ့သူ
ေဂ်ာ္ဂ်င္ညိဳတစ္ေယာက္ အီတလီ လက္ေ႐ြးစင္ျဖစ္လာခဲ့တာဟာ ဆရာႀကီးလုပ္လြန္းတဲ့ ဘရာဇီးလ္ကလပ္ေတြေၾကာင္းလည္း ပါတယ္လို႔ ေျပာရမွာပါ။ သူ႔ရဲ႕ လူငယ္ဘဝ အစမ္းသပ္ခံ စာေမးပြဲေျဖဆိုခ်ိန္မွာ ပါးလ္မီးရပ္စ္၊ အင္တာေနစီယြန္နယ္နဲ႔ ေဆာ္ေပၚလိုတို႔လို အသင္းႀကီးေတြက ပယ္ခ်ခဲ့ေပမယ့္ သူကေတာ့ ေဘာလုံးသမားျဖစ္ဖို႔ အိပ္မက္ကို မစြန႔္လႊတ္ခဲ့တာျဖစ္ပါတယ္။ သူငယ္ခ်င္းေတြက သူ႔ရဲ႕ ေျခစြမ္းကို ယုံၾကည္ခဲ့ၾကသလို မိသားစုကလည္း ေအာင္ျမင္မႈရဖို႔ ေထာက္ခံအားေပးခဲ့ၾကလို႔ အျမင္ဆုံးတစ္ေနရာကို တက္လွမ္းလာႏိုင္ခဲ့တာပါ။

အိုင္ေဒါလ္ေတြက ဘယ္သူေတြလဲ
ဘရာဇီးလ္သားျဖစ္ၿပီး ေရာ္နယ္လ္ဒို၊ ေရာ္နယ္လ္ဒင္ညိဳနဲ႔ ကာကာတို႔ကိုမွ ဆရာမတင္ဘူးဆိုရင္ေတာ့ ထူးဆန္းေနမွာေပါ့။ ဘယ္ဟုတ္ပါ့မလဲ… ေဂ်ာ္ဂ်င္ညိဳရဲ႕ ႏွလုံးသားမွာ သူတို႔ေတြ ရွိၿပီးသားျဖစ္ပါတယ္။ ဒါေပမယ့္ ဂြါဘီ႐ူဘာမွာ တိုက္စစ္မကစားရဘဲ ကြင္းလယ္လူတစ္ေယာက္အျဖစ္ စတင္ခဲ့ရတဲ့ အခ်ိန္မွာေတာ့ ဟာဂီက သူ႔ရဲ႕ အိုင္ေဒါလ္ျဖစ္လာခဲ့ၿပီး ေလ့လာသင္ယူခဲ့ရတဲ့ ျမင္ဆရာေတြကေတာ့ အန္ဒရီးယား ပီယာလိုနဲ႔ ဇာဗီ ဟာနန္ဒက္ဇ္တို႔ ျဖစ္ခဲ့ၾကတာပါ။

အရႈံးေပးဖို႔ စိတ္မကူးဘူး
သူ႔အေနနဲ႔ အီတလီကို စတင္ ေျပာင္းေ႐ႊ႕ခဲ့တုန္းက တစ္ပတ္ကိုမွ ယူ႐ို ၂၀ သာ ရရွိခဲ့ၿပီး ဒီၾကားထဲမွာ ကလိမ္ကက်စ္က်တဲ့ ေအးဂ်င့္က စာရင္းမွန္ မျပဘဲ ျဖတ္စားတာကိုလည္း ခံခဲ့ရေသးတာျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ေဘာလုံးသမားဘဝရဲ႕ စိတ္ပ်က္စရာေတြကို မခံစားႏိုင္လို႔ အလုပ္ေျပာင္းလုပ္ဖို႔ေတာင္ စဥ္းစားခဲ့ဖူးေပမယ့္ မိခင္ျဖစ္သူရဲ႕ “တစ္ခ်က္ကေလးမွ စိတ္ေျပာင္းဖို႔ မစဥ္းစားနဲ႔”လို႔ တြန္းအားေပးမႈနဲ႔ “ျပန္လာမယ္ဆိုရင္ အိမ္မွာ လက္မခံႏိုင္ဘူး”လို႔ ေျပာင္ေျပာင္တင္းတင္း ၾကပ္မတ္ခဲ့မႈေတြေၾကာင့္ ဗီ႐ိုနာမွာ ေအာင္ျမင္လာတဲ့အထိ ဆက္ကစားျဖစ္ခဲ့တာပါ။

မိတ္ေဆြေကာင္းရဲ႕ ေစာင္မမႈ
ဗီ႐ိုနာမွာ အဆင္ေျပသြားၿပီး ကစားဖို႔အတြက္ပဲ အာ႐ုံစိုက္ႏိုင္ခဲ့တာကေတာ့ သူ႔ထက္ အရင္ အသင္းကို ေရာက္ရွိေနၿပီး ဘရာဇီးလ္သား တစ္ဦးပဲျဖစ္တဲ့ ဂိုးသမား ရာေဖးလ္ ပင္ေည႐ိုေၾကာင့္ျဖစ္ပါတယ္။ ျဖတ္စားလပ္စားလုပ္တတ္တဲ့ ေအးဂ်င့္ဆီကေန ခြာထြက္ၿပီး အသစ္ေျပာင္းႏိုင္ေအာင္ ကူညီေပးခဲ့သလို သူ႔ရဲ႕အိမ္မွာလည္း ေနခြင့္ေပးခဲ့ၿပီး အဝတ္အစားနဲ႔ အစားအေသာက္ကအစ ေထာက္ပံ့ေပးခဲ့လို႔ ဒီဂိုးသမားဟာ ေဂ်ာ္ဂ်င္ညိဳရဲ႕ ေက်းဇူးရွင္ တစ္ဦးလို႔ ဆိုရမွာျဖစ္ၿပီး သူကေတာ့ အာဆင္နယ္ကစားသမားသစ္ျဖစ္လာခဲ့တဲ့ ယာကုဘ္ ကီဗီယာနဲ႔ ၿပီးခဲ့တဲ့ ရာသီက စပီဇီယာအသင္းမွာ ေနာက္ဆုံး တြဲကစားၿပီး ေဘာလုံးသမားဘဝက အနားယူသြားခဲ့တာျဖစ္ပါတယ္။

ဗီ႐ိုနာရဲ႕ လူႀကီးလူေကာင္း
ဗီ႐ိုနာအသင္းကို ၁၁ ႏွစ္အတြင္း စီးရီးေအကို ျပန္ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့အၿပီးမွာေတာ့ ၂၀၁၄ ခုႏွစ္မွာ နည္းျပ ရာဖာ ဘင္နီတက္ဇ္က သူ႔ကို နာပိုလီအသင္းဆီ ေခၚယူခဲ့ပါတယ္။ ဘင္နီတက္ဇ္နဲ႔ ပူးေပါင္းမႈက အလုပ္ျဖစ္ခဲ့သလို နာပိုလီအသင္းရဲ႕ စီးရီးေအ ရပ္တည္မႈေတြကလည္း ခ်န္ပီယံ ဆုကို ၿခိမ္းေျခာက္ႏိုင္တဲ့အထိ ျမင့္မားလာခဲ့ၿပီး အသင္းေဟာင္းကိုလည္း ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၀ သန္းအထိ ရွာေဖြေပးႏိုင္ခဲ့တာပါ။ ၂၀၁၂ ခုႏွစ္က ဗီ႐ိုနာအသင္းကို ဝယ္ယူခဲ့တဲ့ အသင္းပိုင္ရွင္ ေမာ္ရီဇီယို ဆက္တီကေတာ့ သူဟာ ေဂ်ာ္ဂ်င္ညိဳေၾကာင့္ ဒီအသင္းကို သတိထားမိၿပီး ဝယ္ယူျဖစ္ခဲ့တာလို႔လည္း ဆိုပါတယ္။

အားလုံးသိတဲ့ ဆာရီနဲ႔ သံေယာဇဥ္
ေမာ္ရီဇီယို ဆာရီေလာက္ ဘယ္နည္းျပကမွ သူ႔ကို ဒီေလာက္အထိ အတြဲညီညီနဲ႔ ေျမေတာင္ေျမႇာက္ေပးခဲ့မယ္ မထင္ပါဘူး။ ဆာရီဟာ ေဂ်ာ္ဂ်င္ညိဳကို သူ႔ရဲ႕ ပြဲထြက္လူစာရင္းေတြထဲကို ၁၆၂ ႀကိမ္တိုင္တိုင္ ထည့္သြင္းခဲ့သူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ အခ်ိန္မွာလည္း တပည့္ေဟာင္းကို စတမ္းဖို႔ဒ္ဘရစ္ခ်္ဆီ အျမန္ဆုံးေခၚယူခဲ့သလို အဂၤလန္မွာ သူတို႔ႏွစ္ဦးရဲ႕ သံေယာဇဥ္က ဆက္လက္ႀကီးထြားခဲ့တာပါ။

ပင္နယ္တီမွ ေ႐ြးကန္တတ္သူႀကီး
ေဂ်ာ္ဂ်င္ညိဳရဲ႕ ပင္နယ္တီေတြက ၿပိဳင္ဘက္ပရိသတ္ေတြအတြက္ေတာ့ ခါးသီးစရာျဖစ္ေပမယ့္ သူ႔ကို ပိုင္ဆိုင္ထားတဲ့ အသင္းအတြက္ေတာ့ ဂုဏ္ယူစရာျဖစ္ေနပါလိမ့္မယ္။ ကစားသမားဘဝမွာ ၄၈ ႀကိမ္ကန္သြင္းၿပီး ၄၁ ႀကိမ္ ေအာင္ျမင္ခဲ့တဲ့ ေဂ်ာ္ဂ်င္ညိဳဟာ ပရီးမီးယားလိဂ္မွာေတာ့ ဧရိယာထဲက အမွတ္အသားကေန ၂၂ ႀကိမ္ ကန္သြင္းရာမွာ ၁၉ ႀကိမ္ ေျပာင္းလဲႏိုင္ခဲ့ၿပီး အျမင့္ဆုံး စံခ်ိန္ကိုလည္း တင္ရွိထားတာပါ။ ၂၀၁၉-၂၀ ရာသီမွာ သူ႔အေနနဲ႔ ပင္နယ္တီကေနပဲ ၇ ဂိုးအထိ သြင္းယူၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ လိဂ္ဂိုးသြင္းဘုရင္လည္းျဖစ္ခဲ့ပါတယ္။

ေဘာလိုက္သူ ေဂ်ာ္ဂ်င္ညိဳ
သူ႔ရဲ႕ တတိယေျမာက္ ပရီးမီးယားလိဂ္ ပြဲထြက္ခြင့္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ေဘာလုံးကို သံလိုက္နဲ႔ ကပ္သလို ဆြဲယူၿပီး ထိခ်က္အမ်ားဆုံး စံခ်ိန္ကိုလည္း တင္ရွိႏိုင္ခဲ့သလို နယူးကာဆယ္လ္အသင္းနဲ႔ပြဲမွာ ၁၈၆ ႀကိမ္အထိ ထိခ်က္နဲ႔ ပရိသတ္ေတြနဲ႔ ကြၽမ္းက်င္သူေတြကို အံ့အားသင့္ေစခဲ့တာပါ။ ေလးပတ္အၾကာမွာေတာ့ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ၁၉၁ ႀကိမ္အထိ ရရွိခဲ့ၿပီး သူ႔ရဲ႕ ဒီစံခ်ိန္ေဟာင္းကိုေတာ့ ၂၀၂၀ ေဖေဖာ္ဝါရီလမွာ မန္စီးတီးကြင္းလယ္လူ ႐ိုဒရီက ၁၉၅ ႀကိမ္နဲ႔ ခ်ိဳးဖ်က္သြားခဲ့ပါတယ္။

ယူ႐ိုနဲ႔ ခ်န္ပီယံလိဂ္တစ္ၿပိဳင္တည္း ရရွိသူ
ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ကို ဗိုလ္စြဲခဲ့တဲ့ ကြင္းလယ္လူဟာ အီတလီအသင္းနဲ႔လည္း ယူ႐ို ၂၀၂၀(၂၀၂၁)ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ခဲ့လို႔ အျမင့္မားဆုံး ဆုဖလားမွတ္တမ္းကိုလည္း ရရွိခဲ့သလို အဲ့ဒီႏွစ္ရဲ႕ ဘယ္လြန္ေဒါဆုကို သိမ္းပိုက္ႏိုင္ဖို႔လည္း ေရပန္းစားခဲ့တာပါ။ ဒါေပမယ့္ လက္သင့္ရာ စားေတာ္ေခၚၿပီး တိုက္စစ္မႉးနဲ႔ ဂိုးသြင္းရွင္မွ လူထင္တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းရဲ႕ ဂ်ာနယ္လစ္ေတြေၾကာင့္ မက္ဆီနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ရဲ႕ ေနာက္က တတိယေနရာနဲ႔ ေက်နပ္ခဲ့ရၿပီး သူတို႔ေတြကိုေတာ့ အားလုံးက ေလွာင္ေျပာင္စရာလည္းျဖစ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ ဂိုးသြင္းအမ်ားဆုံး အီတလီကြင္းလယ္လူ
အီတလီကြင္းလယ္လူေတြထဲမွာေတာ့ သူ႔ေလာက္ ပရီးမီးယားလိဂ္မွာ ဂိုးသြင္းထားႏိုင္သူမရွိဘဲ တျခား အီတလီတိုက္စစ္မႉးေတြကသာ သူ႔ထက္ ဂိုးပိုမိုသြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ အနီးဆုံးေနရာက ခ်ဲလ္ဆီးကစားသမားေဟာင္းပဲျဖစ္တဲ့ ေရာဘတ္တို ဒီမက္တီယိုက ၁၅ ဂိုး သြင္းယူထားခဲ့ခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ၂၁ ဂိုးအထိ ရရွိခဲ့ၿပီး အာဆင္နယ္အသင္းမွာ ဒီအေရအတြက္ကို ဆက္လက္တိုးျမႇင့္ႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

သမိုင္းသစ္ ေရးႏိုင္ခဲ့တဲ့သူ
ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ အီတလီ လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးခဲ့ရာမွာ သူတို႔ရဲ႕ ထူးျခားတဲ့ သမိုင္းသစ္တစ္ခုကို ေရးထိုးႏိုင္ခဲ့တာပါ။ အဲ့ဒါကေတာ့ သူ႔ရဲ႕ ၃၈ ပြဲေျမာက္ ကစားခြင့္ျဖစ္တဲ့ လစ္သူေယးနီးယားနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ရတာျဖစ္ၿပီး အီတလီတို႔က ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒါဟာ ၁၉၆၀ ခုႏွစ္တုန္းက အာဂ်င္တီးနားႏြယ္ဖြား မီဂယ္လ္ အန္ဟဲလ္ မြန္တူရီရဲ႕ေနာက္ပိုင္းမွာ ၆၁ ႏွစ္ၾကာမွ ၂၀၂၁ စက္တင္ဘာလမွာ ေနာက္ထပ္ ႏိုင္ငံျခားသားတစ္ဦးက လက္ပတ္ကို ရယူႏိုင္ခဲ့မႈနဲ႔ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.