Premier League Transfer News

ကိုင်စီဒို၊ ‌‌ဂျော်ဂျင်ညိုတို့နဲ့ အာဆင်နယ်ရဲ့ နောက်ဆုံးအခြေအနေများ

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် လက်ကျန် ၂၄ နာရီအတွင်း ဘရိုက်တန်ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို တတ်စွမ်းသမျှ ကြိုးစားဦးမှာ ဖြစ်သလို ဘရိုက်တန်နဲ့ကြားက ညှိနှိုင်းဆွေးနွေးမှုတွေ မပြီးပြတ်သေးကြောင်း အီကွေဒေါအခြေစိုက် သတင်းဌာနတစ်ခုက ထုတ်ဖော်လိုက်တဲ့အတွက် ဂန်းနားပရိသတ်တွေ သွေးမအေးဘဲ သွေးပြန်ပူလာခဲ့ပါတယ်။

တစ်ဖက်ကတော့ ဘယ်သူမှ မရနိုင်ဘူးဆိုရင် ခေါ်ယူသွားဖို့ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုကို ချိတ်ဆက်ထားပြီး ၃၁ နှစ်သားအနေနဲ့ မြို့ခံပြိုင်ဘက်ဆီကို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေခဲ့သလို အာဆင်နယ်တို့အနေနဲ့ သောမတ်စ် ပါတေးနေရာမှာ မတူညီတဲ့ ပုံစံနဲ့ ကစားဖို့ အတွေ့အကြုံ ဦးစားပေး အတွေးအခေါ်နဲ့ အလုပ်ဖြစ်လာနိုင်ဖွယ်ရှိနေတာပါ။

နည်းစနစ်ပိုင်းအရ ဆိုရရင်တော့ ဂျော်ဂျင်ညိုဟာ အာဆင်နယ်တို့အတွက် နွေရာသီမှာမှ ရရှိနိုင်မယ့် လက်စတာကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ရဲ့ ပေါပေါပဲပဲ ခဏတာ လိုသုံးခေါ်ယူမှုတစ်ရပ်နဲ့ ပိုတူနေပြီး ခံစစ်ပိုင်းမှာတော့ အာတီတာအတွက် လွန်းထိုးဖျက်ထုတ်ပေးနိုင်မယ့်သူမျိုး မဟုတ်တာကြောင့် သူ့ရဲ့ အဖျက်တာဝန်ကို ပါတေး နားခဲ့ရင် ကွင်းလယ်က ဂရာနစ် ချာကာက ကူညီပေးရဖွယ်ရှိနေပါတယ်။

အာဆင်နယ်တို့အနေနဲ့ လူသစ် ယာကုဘ် ကီဗီယာကိုတော့ ဂါဘရီယယ်လ် မာဂါလိုင်စ်ရဲ့‌ နေရာမှာ ကစားစေဖို့ထက် ကွင်းလယ်အဖျက်မှာပါ အစားထိုးကစားစေဖို့ လုပ်ဆောင်လာနိုင်သေးပြီး ဒါတွေကတော့ အရန်အစီအစဉ်တွေဖြစ်သလို အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာတော့ ဘရိုက်တန်ဆီက ကိုင်စီဒိုကို ရနိုင်သလောက် ကြိုးစားသွားဦးမှာဖြစ်ပါတယ်။

စပိန်ကနေ လှမ်းခေါ်ရမယ့် ရီးရဲလ် ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကိုတော့ Deadline Day မှာ ခေါ်ယူနိုင်ဖို့က အခွင့်အရေးနည်းပြီလို့ သတ်မှတ်ရမလိုဖြစ်နေပြီး နိုင်ငံဖြတ်ကျော် ခေါ်ယူရမှာတစ်ကြောင်းနဲ့ ဆေးစစ်ဖို့၊ ပုဂ္ဂိုလ်ရေး ညှိနှိုင်းဖို့ ကိစ္စတွေကို အသင်းက ထွက်ချင်စိတ် သိပ်မရှိတဲ့ ၂၃ နှစ်သားနဲ့ အဆင်ပြေအောင်လုပ်ဖို့ကတော့ ဖြစ်နိုင်ခြေ နည်းနေခဲ့တာပါ။

နောက်ဆုံးနေ့ကို ရောက်တဲ့အထိ အာဆင်နယ်တို့အနေနဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်နေရာအတွက် တိုက်စစ်မှူးတစ်ဦးနဲ့ တောင်ပံသမားတစ်ဦးကို ထပ်မံခေါ်ယူဖို့ကတော့ ဘာသံမှ မကြားသေးဘဲဖြစ်နေခဲ့ပြီး ဘရာဇီးလ်သား မားကင်ညို့စ်ကို နော့ဝစ်ချ်စီးတီးဆီ အငှားချလိုက်တာကတော့ သူတို့အနေနဲ့ မထင်မှတ်တာ တစ်ခုခု လုပ်ပြဦးမလားတော့ မျှော်လင့်စရာဖြစ်နေပါတယ်။

ဖြစ်နိုင်ခြေအရပ်ရပ်ကို တွက်စစ်ထားတဲ့ နောက်ဆုံးအနေအထားတွေအရတော့ အာဆင်နယ်တို့အနေနဲ့ ချဲလ်ဆီးက ရှင်းထုတ်ချင်နေတဲ့ ဂျော်ဂျင်ညိုကို ခြင်းထဲက ကြက်လို သဘောထားပြီး ဘယ်သူနဲ့မှ အဆင်မပြေမှ ရိုက်ချက်စားနိုင်ဖို့ ရှိနေသလို ဘရိုက်တန်ရဲ့ ကိုင်စီဒိုကို ဦးစားပေး ကြိုးစားနေပြီး ဘာမဆိုဖြစ်သွားနိုင်တဲ့ ပရီးမီးယားလိဂ်ရဲ့ အနေအထားအရ အဲဗာတန်ရဲ့ အာမာဒူ အိုနာနာရဲ့ နောက်ဆုံး အနေအထားကိုလည်း စောင့်ကြည့်နေသေးကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ လက္က်န္ ၂၄ နာရီအတြင္း ဘ႐ိုက္တန္ကြင္းလယ္လူ မြိဳက္ဆက္စ္ ကိုင္စီဒိုကို တတ္စြမ္းသမွ် ႀကိဳးစားဦးမွာ ျဖစ္သလို ဘ႐ိုက္တန္နဲ႔ၾကားက ညႇိႏႈိင္းေဆြးေႏြးမႈေတြ မၿပီးျပတ္ေသးေၾကာင္း အီေကြေဒါအေျခစိုက္ သတင္းဌာနတစ္ခုက ထုတ္ေဖာ္လိုက္တဲ့အတြက္ ဂန္းနားပရိသတ္ေတြ ေသြးမေအးဘဲ ေသြးျပန္ပူလာခဲ့ပါတယ္။

တစ္ဖက္ကေတာ့ ဘယ္သူမွ မရႏိုင္ဘူးဆိုရင္ ေခၚယူသြားဖို႔ ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳကို ခ်ိတ္ဆက္ထားၿပီး ၃၁ ႏွစ္သားအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ဆီကို ေျပာင္းေ႐ႊ႕ဖို႔ အဆင္သင့္ျဖစ္ေနခဲ့သလို အာဆင္နယ္တို႔အေနနဲ႔ ေသာမတ္စ္ ပါေတးေနရာမွာ မတူညီတဲ့ ပုံစံနဲ႔ ကစားဖို႔ အေတြ႕အႀကဳံ ဦးစားေပး အေတြးအေခၚနဲ႔ အလုပ္ျဖစ္လာႏိုင္ဖြယ္ရွိေနတာပါ။

နည္းစနစ္ပိုင္းအရ ဆိုရရင္ေတာ့ ေဂ်ာ္ဂ်င္ညိဳဟာ အာဆင္နယ္တို႔အတြက္ ေႏြရာသီမွာမွ ရရွိႏိုင္မယ့္ လက္စတာကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ရဲ႕ ေပါေပါပဲပဲ ခဏတာ လိုသုံးေခၚယူမႈတစ္ရပ္နဲ႔ ပိုတူေနၿပီး ခံစစ္ပိုင္းမွာေတာ့ အာတီတာအတြက္ လြန္းထိုးဖ်က္ထုတ္ေပးႏိုင္မယ့္သူမ်ိဳး မဟုတ္တာေၾကာင့္ သူ႔ရဲ႕ အဖ်က္တာဝန္ကို ပါေတး နားခဲ့ရင္ ကြင္းလယ္က ဂရာနစ္ ခ်ာကာက ကူညီေပးရဖြယ္ရွိေနပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ လူသစ္ ယာကုဘ္ ကီဗီယာကိုေတာ့ ဂါဘရီယယ္လ္ မာဂါလိုင္စ္ရဲ႕‌ ေနရာမွာ ကစားေစဖို႔ထက္ ကြင္းလယ္အဖ်က္မွာပါ အစားထိုးကစားေစဖို႔ လုပ္ေဆာင္လာႏိုင္ေသးၿပီး ဒါေတြကေတာ့ အရန္အစီအစဥ္ေတြျဖစ္သလို အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးေန႔မွာေတာ့ ဘ႐ိုက္တန္ဆီက ကိုင္စီဒိုကို ရႏိုင္သေလာက္ ႀကိဳးစားသြားဦးမွာျဖစ္ပါတယ္။

စပိန္ကေန လွမ္းေခၚရမယ့္ ရီးရဲလ္ ဆိုစီဒက္ ကြင္းလယ္လူ မာတင္ ဇူဘီမန္ဒီကိုေတာ့ Deadline Day မွာ ေခၚယူႏိုင္ဖို႔က အခြင့္အေရးနည္းၿပီလို႔ သတ္မွတ္ရမလိုျဖစ္ေနၿပီး ႏိုင္ငံျဖတ္ေက်ာ္ ေခၚယူရမွာတစ္ေၾကာင္းနဲ႔ ေဆးစစ္ဖို႔၊ ပုဂၢိဳလ္ေရး ညႇိႏႈိင္းဖို႔ ကိစၥေတြကို အသင္းက ထြက္ခ်င္စိတ္ သိပ္မရွိတဲ့ ၂၃ ႏွစ္သားနဲ႔ အဆင္ေျပေအာင္လုပ္ဖို႔ကေတာ့ ျဖစ္ႏိုင္ေျခ နည္းေနခဲ့တာပါ။

ေနာက္ဆုံးေန႔ကို ေရာက္တဲ့အထိ အာဆင္နယ္တို႔အေနနဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ေနရာအတြက္ တိုက္စစ္မႉးတစ္ဦးနဲ႔ ေတာင္ပံသမားတစ္ဦးကို ထပ္မံေခၚယူဖို႔ကေတာ့ ဘာသံမွ မၾကားေသးဘဲျဖစ္ေနခဲ့ၿပီး ဘရာဇီးလ္သား မားကင္ညိဳ႕စ္ကို ေနာ့ဝစ္ခ်္စီးတီးဆီ အငွားခ်လိုက္တာကေတာ့ သူတို႔အေနနဲ႔ မထင္မွတ္တာ တစ္ခုခု လုပ္ျပဦးမလားေတာ့ ေမွ်ာ္လင့္စရာျဖစ္ေနပါတယ္။

ျဖစ္ႏိုင္ေျခအရပ္ရပ္ကို တြက္စစ္ထားတဲ့ ေနာက္ဆုံးအေနအထားေတြအရေတာ့ အာဆင္နယ္တို႔အေနနဲ႔ ခ်ဲလ္ဆီးက ရွင္းထုတ္ခ်င္ေနတဲ့ ေဂ်ာ္ဂ်င္ညိဳကို ျခင္းထဲက ၾကက္လို သေဘာထားၿပီး ဘယ္သူနဲ႔မွ အဆင္မေျပမွ ႐ိုက္ခ်က္စားႏိုင္ဖို႔ ရွိေနသလို ဘ႐ိုက္တန္ရဲ႕ ကိုင္စီဒိုကို ဦးစားေပး ႀကိဳးစားေနၿပီး ဘာမဆိုျဖစ္သြားႏိုင္တဲ့ ပရီးမီးယားလိဂ္ရဲ႕ အေနအထားအရ အဲဗာတန္ရဲ႕ အာမာဒူ အိုနာနာရဲ႕ ေနာက္ဆုံး အေနအထားကိုလည္း ေစာင့္ၾကည့္ေနေသးေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.