Premier League Serie A

သရဲနီတွေရဲ့ပစ်မှတ်ကို ဒရော့ဂ်ဘာနဲ့နှိုင်းယှဉ်ခဲ့ပေမယ့် ဒိုင်ဗင်လျှော့ထိုးလို့ ပြောခဲ့တဲ့ မော်ရင်ညို

ရိုးမားနည်းပြ ဟိုဆေး မော်ရင်ညိုက မန်ချက်စတာယူနိုက်တက်ပစ်မှတ် ဗစ်တာ အိုဆီမန်ကို ချဲလ်ဆီးဂန္တဝင် ဒရော့ဂ်ဘာနဲ့ နှိုင်းယှဉ်ခဲ့ပေမယ့်လည်း နာပိုလီကြယ်ပွင့်ရဲ့ ဒိုင်ဗင်ထိုးတတ်တဲ့အကျင့်က အင်္ဂလန်မှာ အဆင်မပြေနိုင်ဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။

နာပိုလီ တိုက်စစ်မှူး အိုဆီမန်ဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကြာပြီဖြစ်ပြီး Manchester Evening News ရဲ့ ဖော်ပြချက်အရ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ တန်ဟက်ရဲ့ နွေရာသီထိပ်တန်းပစ်မှတ်စာရင်းမှာ ထိပ်ဆုံးမှာ ပါဝင်နေတဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အိုဆီမန်ဟာ လက်ရှိမှာ နာပိုလီအသင်းအတွက် ၁၆ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူပေးထားပြီး စီးရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ဦးဆောင်နေတဲ့ ကစားသမား ဖြစ်ပါတယ်။

ဗစ်တာ အိုဆီမန်ရဲ့ စွမ်းဆောင်ရည်ဟာ နာပိုလီအသင်းကို ယခုရာသီ စီးရီးအေအမှတ်ပေးဇယားမှာ ထိပ်ဆုံးကနေ ဦးဆောင်နိုင်အောင် အကူအညီပေးနိုင်ခဲ့တာဖြစ်ပြီး နိုင်ဂျီးရီးယားကြယ်ပွင့်ဟာ မော်ရင်ညိုရဲ့ ရိုးမားကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ပေါ်တူဂီလူမျိုးနည်းပြက မန်ချက်စတာယူနိုက်တက် ပစ်မှတ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ချဲလ်ဆီးဂန္တဝင် ဒရော့ဂ်ဘာနဲ့ တူညီတဲ့အဆင့်အတန်းရှိတဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုက ၎င်းမှာသာ ပိုက်ဆံရှိမယ်ဆိုရင် အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူခဲ့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ဒိုင်ဗင်ထိုးတာ လျှော့ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“သူက ဒရော့ဂ်ဘာနဲ့ တူညီတဲ့အဆင့်အတန်းမျိုးရှိတဲ့ ကစားသမားပါ။ ဒါပေမယ့် ဒရော့ဂ်ဘာကတော့ ဒိုင်ဗင်မထိုးပါဘူး။ ဗစ်တာသာ ပြောင်းလဲမယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ ကျွန်တော်သာ ပိုက်ဆံအများကြီးရှိတဲ့ အသင်းမှာသာဆိုရင် သူ့ကို ဝယ်မှာပါ။ ဒါပေမယ့်လည်း သူ အင်္ဂလန်ကို တစ်နေ့ကျ သွားမယ်ဆိုရင် သူ ပြောင်းလဲဖို့ လိုပါတယ်”

“ဘာလို့လဲဆိုတော့ အီတလီမှာက ဒီလိုမျိုး အပြုအမူမျိုးကို လက်ခံပေမယ့်လည်း ပရီးမီးယားလိဂ်မှာကျတော့ သူ့အပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ကြလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

႐ိုးမားနည္းျပ ဟိုေဆး ေမာ္ရင္ညိဳက မန္ခ်က္စတာယူႏိုက္တက္ပစ္မွတ္ ဗစ္တာ အိုဆီမန္ကို ခ်ဲလ္ဆီးဂႏၲဝင္ ဒေရာ့ဂ္ဘာနဲ႔ ႏႈိင္းယွဥ္ခဲ့ေပမယ့္လည္း နာပိုလီၾကယ္ပြင့္ရဲ႕ ဒိုင္ဗင္ထိုးတတ္တဲ့အက်င့္က အဂၤလန္မွာ အဆင္မေျပႏိုင္ဘူးလို႔ သတိေပးေျပာၾကားခဲ့ပါတယ္။

နာပိုလီ တိုက္စစ္မႉး အိုဆီမန္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာၾကာၿပီျဖစ္ၿပီး Manchester Evening News ရဲ႕ ေဖာ္ျပခ်က္အရ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးဟာ တန္ဟက္ရဲ႕ ေႏြရာသီထိပ္တန္းပစ္မွတ္စာရင္းမွာ ထိပ္ဆုံးမွာ ပါဝင္ေနတဲ့ကစားသမားေတြထဲက တစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

အိုဆီမန္ဟာ လက္ရွိမွာ နာပိုလီအသင္းအတြက္ ၁၆ ပြဲမွာ ၁၄ ဂိုးအထိ သြင္းယူေပးထားၿပီး စီးရီးေအရဲ႕ ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ဦးေဆာင္ေနတဲ့ ကစားသမား ျဖစ္ပါတယ္။

ဗစ္တာ အိုဆီမန္ရဲ႕ စြမ္းေဆာင္ရည္ဟာ နာပိုလီအသင္းကို ယခုရာသီ စီးရီးေအအမွတ္ေပးဇယားမွာ ထိပ္ဆုံးကေန ဦးေဆာင္ႏိုင္ေအာင္ အကူအညီေပးႏိုင္ခဲ့တာျဖစ္ၿပီး ႏိုင္ဂ်ီးရီးယားၾကယ္ပြင့္ဟာ ေမာ္ရင္ညိဳရဲ႕ ႐ိုးမားကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ တနဂၤေႏြေန႔ညပြဲစဥ္မွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ ပြဲအၿပီးမွာ ေပၚတူဂီလူမ်ိဳးနည္းျပက မန္ခ်က္စတာယူႏိုက္တက္ ပစ္မွတ္ကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ခ်ဲလ္ဆီးဂႏၲဝင္ ဒေရာ့ဂ္ဘာနဲ႔ တူညီတဲ့အဆင့္အတန္းရွိတဲ့ ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ညိဳက ၎မွာသာ ပိုက္ဆံရွိမယ္ဆိုရင္ အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေခၚယူခဲ့မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ဒိုင္ဗင္ထိုးတာ ေလွ်ာ့ဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

“သူက ဒေရာ့ဂ္ဘာနဲ႔ တူညီတဲ့အဆင့္အတန္းမ်ိဳးရွိတဲ့ ကစားသမားပါ။ ဒါေပမယ့္ ဒေရာ့ဂ္ဘာကေတာ့ ဒိုင္ဗင္မထိုးပါဘူး။ ဗစ္တာသာ ေျပာင္းလဲမယ္ဆိုရင္ အဆင္ေျပသြားပါလိမ့္မယ္။ ကြၽန္ေတာ္သာ ပိုက္ဆံအမ်ားႀကီးရွိတဲ့ အသင္းမွာသာဆိုရင္ သူ႔ကို ဝယ္မွာပါ။ ဒါေပမယ့္လည္း သူ အဂၤလန္ကို တစ္ေန႔က် သြားမယ္ဆိုရင္ သူ ေျပာင္းလဲဖို႔ လိုပါတယ္”

“ဘာလို႔လဲဆိုေတာ့ အီတလီမွာက ဒီလိုမ်ိဳး အျပဳအမူမ်ိဳးကို လက္ခံေပမယ့္လည္း ပရီးမီးယားလိဂ္မွာက်ေတာ့ သူ႔အေပၚမွာ ျပင္းျပင္းထန္ထန္ ေဝဖန္ၾကလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.