Article Ligue1 Premier League Serie A

ယခုရာသီ ကမ္ဘာပေါ်က အကောင်းဆုံး ဘယ်ကျော် ၅ ဦး

ဘယ်သန်ဘောလုံးသမားတွေဟာ ဘောလုံးလောကမှာ အနည်းငယ် ရှားပါးပြီး အဲဒါကြောင့်လည်း တစ်ယောက်ဆိုရင် ဆိုသလောက် ကောင်းမွန်ကြတာဖြစ်ပါတယ်။

ဘယ်သန်ကစားသမားတွေဟာ ထူးခြားတဲ့ကစားဟန်ကြောင့် ထင်ပေါ်ကျော်ကြားပြီး အဲဒီထူးခြားချက်က ပြိုင်ဘက်တွေကို အသာစီး ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ဘယ်သန်ကစားသမားတွေဟာ ညာသန် ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာ အားသာချက်ရှိပြီး ပွဲကစားရာမှာလည်း မမျှော်မှန်းထားတဲ့ အံ့အားသင့်မှုမျိုး ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တသက်တာအကောင်းဆုံးဘောလုံးသမားတွေထဲက အချို့ဟာ ဘယ်သန်ကစားသမားတွေ ဖြစ်ခဲ့ကြပြီး ဥပမာအားဖြင့် ဒီယေဂို မာရာဒိုနာ၊ လီယွန်နယ် မက်ဆီ၊ အာယန် ရော်ဘင်၊ ဂါရတ် ဘေးလ်တို့အားလုံးဟာ ဘယ်သန်ကစားသမားတွေ ဖြစ်ပြီး အခုဖော်ပြပေးသွားမှာတော့ ယခုရာသီ ကမ္ဘာပေါ်က အကောင်းဆုံးဘယ်သန်ကစားသမား ၅ ဦးပဲ ဖြစ်ပါတယ်။

၅။ ပေါ်လို ဒီဘားလား(ရိုးမား)

ပေါ်လို ဒီဘားလားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်ကနေ ရိုးမားကို အလွတ်ပြောင်းရွှေ့ကြေး ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုရာသီမှာ မော်ရင်ညိုရဲ့အသင်းအတွက် အကောင်းဆုံးကစားသမားဖြစ်နေတာဖြစ်ပါတယ်။ ဒီဘားလားဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ကျော်ဖြတ်ခဲ့ပြီလို့ လျှော့တွက်ခဲ့ကြသူတွေကို တိတ်ဆိတ်စေခဲ့ပြီး အသက် ၂၉ နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်ဟာ ကမ္ဘာပေါ်က ဖန်တီးမှုအားအကောင်းဆုံးနဲ့ အတက်ကြွဆုံး တိုက်စစ်မှူးတွေထဲကတစ်ဦးဖြစ်နေဆဲဆိုတာကို ပြသခဲ့ပြီး ယခုရာသီ ရိုးမားအတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ မှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။

၄။ ဘူကာယို ဆာကာ(အာဆင်နယ်)

အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပြီး ၎င်းတို့ရဲ့ ကစားသမားတွေထဲက အချို့ဟာ တောက်ပတဲ့ ခြေစွမ်း ပြသနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီကစားသမားတွေထဲမှာ ဘူကာယိုဆာကာကလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ယခုရာသီမှာ အလွန်အထင်ကြီးဖွယ်ကောင်းတဲ့ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနေခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ နည်းစနစ်ပိုင်း ပါရမီပါတဲ့ကစားသမားဖြစ်ပြီး အမြဲတမ်းလိုလို နောက်ခံကစားသမားတွေထက် ပိုမိုကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ ဆာကာရဲ့ ရင့်ကျက်တဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းနဲ့ အလွန်ကောင်းမွန်တဲ့ ဘောလုံးပေးပို့နိုင်စွမ်းတို့က ၎င်းကို ပရီးမိးယားလိဂ်မှာ အန္တရာယ်အရှိဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်စေခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ ယခုရာသီမှာ ဂန်းနားတွေအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

၃။ မာတင် အော်ဒီဂွါဒ်(အာဆင်နယ်)

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါဒ်ဟာ ဒုတိယ အိုဇေးလ်အဖြစ် ရှုမြင်ခြင်းခံခဲ့ရသူဖြစ်ပြီး နော်ဝေကွင်းလယ်စားသမားဟာ ယခုရာသီမှာ အလွန်ကောင်းမွန်တဲ့ပုံစံကောင်း ရရှိနေတာ ဖြစ်ပါတယ်။ အော်ဒီဂွါဒ်ရဲ့ အလွန်ကောင်းမွန်တဲ့ နည်းစနစ်ပိုင်း၊ ဉာဏ်ရည်ထက်မြက်မှုနဲ့ ပွဲဖတ်နိုင်စွမ်းတွေက ၎င်းကို ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တွေထဲက တစ်ဦး ဖြစ်လာစေခဲ့တာဖြစ်ပြီး ဘယ်သန်ကွင်းလယ်ကစားသမားဟာ ယခုရာသီ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။

၂။ အာလင်း ဟာလန်း(မန်ချက်စတာစီးတီး)

အာလင်း ဟာလန်းရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဂိုးသွင်းစွမ်းရည်တွေဟာ ကမ္ဘာတလွှားက ပရိသတ်တွေကို ဆက်လက် ဆွဲဆောင်နေပြီး ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ ဟက်ထရစ် ၄ ကြိမ်အထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဟာလန်းဟာ အသက်၂၂ နှစ်အရွယ်သာရှိသေးပေမယ့်လည်း ကမ္ဘာပေါ်က အကောင်းဆုံးအထောင်တိုက်စစ်မှူးတွေထဲကတစ်ဦးဖြစ်နေခဲ့ပြီးဖြစ်ပြီး ဘယ်သန်တိုက်စစ်မှူးဟာ ယခုရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲမှာ သွင်းဂိုး ၃၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပြီးဖြစ်ပါတယ်။

၁။ လီယွန်နယ် မက်ဆီ(ပီအက်စ်ဂျီ)

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ အာဂျင်တီးနားကို ကမ္ဘာ့ဖလားအောင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက်လည်း ကမ္ဘာ့ထိပ်တန်းခြေစွမ်းပြသနေသူဖြစ်ပါတယ်။ မက်ဆီဟာ လိဂန်းချန်ပီယံတွေအတွက် ဖန်တီးမှုနဲ့ ဂိုးသွင်းယူရာမှာလည်း အကောင်းဆုံးပုံစံမှာ ရှိနေတာဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ထားပြီးဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဘယ္သန္ေဘာလုံးသမားေတြဟာ ေဘာလုံးေလာကမွာ အနည္းငယ္ ရွားပါးၿပီး အဲဒါေၾကာင့္လည္း တစ္ေယာက္ဆိုရင္ ဆိုသေလာက္ ေကာင္းမြန္ၾကတာျဖစ္ပါတယ္။

ဘယ္သန္ကစားသမားေတြဟာ ထူးျခားတဲ့ကစားဟန္ေၾကာင့္ ထင္ေပၚေက်ာ္ၾကားၿပီး အဲဒီထူးျခားခ်က္က ၿပိဳင္ဘက္ေတြကို အသာစီး ရရွိေစခဲ့တာ ျဖစ္ပါတယ္။ ဘယ္သန္ကစားသမားေတြဟာ ညာသန္ ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရမွာ အားသာခ်က္ရွိၿပီး ပြဲကစားရာမွာလည္း မေမွ်ာ္မွန္းထားတဲ့ အံ့အားသင့္မႈမ်ိဳး ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

တသက္တာအေကာင္းဆုံးေဘာလုံးသမားေတြထဲက အခ်ိဳ႕ဟာ ဘယ္သန္ကစားသမားေတြ ျဖစ္ခဲ့ၾကၿပီး ဥပမာအားျဖင့္ ဒီေယဂို မာရာဒိုနာ၊ လီယြန္နယ္ မက္ဆီ၊ အာယန္ ေရာ္ဘင္၊ ဂါရတ္ ေဘးလ္တို႔အားလုံးဟာ ဘယ္သန္ကစားသမားေတြ ျဖစ္ၿပီး အခုေဖာ္ျပေပးသြားမွာေတာ့ ယခုရာသီ ကမာၻေပၚက အေကာင္းဆုံးဘယ္သန္ကစားသမား ၅ ဦးပဲ ျဖစ္ပါတယ္။

၅။ ေပၚလို ဒီဘားလား(႐ိုးမား)

ေပၚလို ဒီဘားလားဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ဴဗင္တပ္ကေန ႐ိုးမားကို အလြတ္ေျပာင္းေ႐ႊ႕ေၾကး ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ယခုရာသီမွာ ေမာ္ရင္ညိဳရဲ႕အသင္းအတြက္ အေကာင္းဆုံးကစားသမားျဖစ္ေနတာျဖစ္ပါတယ္။ ဒီဘားလားဟာ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ကို ေက်ာ္ျဖတ္ခဲ့ၿပီလို႔ ေလွ်ာ့တြက္ခဲ့ၾကသူေတြကို တိတ္ဆိတ္ေစခဲ့ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ကမာၻေပၚက ဖန္တီးမႈအားအေကာင္းဆုံးနဲ႔ အတက္ႂကြဆုံး တိုက္စစ္မႉးေတြထဲကတစ္ဦးျဖစ္ေနဆဲဆိုတာကို ျပသခဲ့ၿပီး ယခုရာသီ ႐ိုးမားအတြက္ ၿပိဳင္ပြဲစုံ ပြဲ ၂၀ မွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ျပဳလုပ္ထားတာျဖစ္ပါတယ္။

၄။ ဘူကာယို ဆာကာ(အာဆင္နယ္)

အာဆင္နယ္ဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္ေနၿပီး ၎တို႔ရဲ႕ ကစားသမားေတြထဲက အခ်ိဳ႕ဟာ ေတာက္ပတဲ့ ေျခစြမ္း ျပသေနခဲ့တာ ျဖစ္ပါတယ္။ အဲဒီကစားသမားေတြထဲမွာ ဘူကာယိုဆာကာကလည္း တစ္ဦးအပါအဝင္ျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ယခုရာသီမွာ အလြန္အထင္ႀကီးဖြယ္ေကာင္းတဲ့ေျခစြမ္းနဲ႔ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးေတာင္ပံကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသေနခဲ့တာျဖစ္ပါတယ္။ ဆာကာဟာ နည္းစနစ္ပိုင္း ပါရမီပါတဲ့ကစားသမားျဖစ္ၿပီး အၿမဲတမ္းလိုလို ေနာက္ခံကစားသမားေတြထက္ ပိုမိုေကာင္းမြန္ခဲ့တာျဖစ္ပါတယ္။ ဆာကာရဲ႕ ရင့္က်က္တဲ့ ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္စြမ္းနဲ႔ အလြန္ေကာင္းမြန္တဲ့ ေဘာလုံးေပးပို႔ႏိုင္စြမ္းတို႔က ၎ကို ပရီးမိးယားလိဂ္မွာ အႏၲရာယ္အရွိဆုံး တိုက္စစ္ကစားသမားေတြထဲက တစ္ဦးျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ဆာကာဟာ ယခုရာသီမွာ ဂန္းနားေတြအတြက္ ၿပိဳင္ပြဲစုံ ၂၇ ပြဲမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္တဲ့ ကစားသမားျဖစ္ပါတယ္။

၃။ မာတင္ ေအာ္ဒီဂြါဒ္(အာဆင္နယ္)

အာဆင္နယ္အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္ဟာ ဒုတိယ အိုေဇးလ္အျဖစ္ ရႈျမင္ျခင္းခံခဲ့ရသူျဖစ္ၿပီး ေနာ္ေဝကြင္းလယ္စားသမားဟာ ယခုရာသီမွာ အလြန္ေကာင္းမြန္တဲ့ပုံစံေကာင္း ရရွိေနတာ ျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ နည္းစနစ္ပိုင္း၊ ဉာဏ္ရည္ထက္ျမက္မႈနဲ႔ ပြဲဖတ္ႏိုင္စြမ္းေတြက ၎ကို ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကြင္းလယ္ဖန္တီးရွင္ေတြထဲက တစ္ဦး ျဖစ္လာေစခဲ့တာျဖစ္ၿပီး ဘယ္သန္ကြင္းလယ္ကစားသမားဟာ ယခုရာသီ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ ၂၅ ပြဲမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ထားတာျဖစ္ပါတယ္။

၂။ အာလင္း ဟာလန္း(မန္ခ်က္စတာစီးတီး)

အာလင္း ဟာလန္းရဲ႕ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ဂိုးသြင္းစြမ္းရည္ေတြဟာ ကမာၻတလႊားက ပရိသတ္ေတြကို ဆက္လက္ ဆြဲေဆာင္ေနၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မြန္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပရီးမီးယားလိဂ္ပြဲဦးထြက္ရာသီမွာ ဟက္ထရစ္ ၄ ႀကိမ္အထိ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ ဟာလန္းဟာ အသက္၂၂ ႏွစ္အ႐ြယ္သာရွိေသးေပမယ့္လည္း ကမာၻေပၚက အေကာင္းဆုံးအေထာင္တိုက္စစ္မႉးေတြထဲကတစ္ဦးျဖစ္ေနခဲ့ၿပီးျဖစ္ၿပီး ဘယ္သန္တိုက္စစ္မႉးဟာ ယခုရာသီ မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံ ၂၇ ပြဲမွာ သြင္းဂိုး ၃၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

၁။ လီယြန္နယ္ မက္ဆီ(ပီအက္စ္ဂ်ီ)

လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ အာဂ်င္တီးနားကို ကမာၻ႔ဖလားေအာင္ပြဲရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ ေ႐ႊေဘာလုံးကို ဆြတ္ခူးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္လည္း ကမာၻ႔ထိပ္တန္းေျခစြမ္းျပသေနသူျဖစ္ပါတယ္။ မက္ဆီဟာ လိဂန္းခ်န္ပီယံေတြအတြက္ ဖန္တီးမႈနဲ႔ ဂိုးသြင္းယူရာမွာလည္း အေကာင္းဆုံးပုံစံမွာ ရွိေနတာျဖစ္ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၂၂ ပြဲမွာ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္အထိ ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.