Ligue1

နေမာရဲ့ အမိုက်စား ဖရီးကစ်ကို ရယ်မောဖွယ်တုံ့ပြန်ခဲ့တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ ရင်းမ်စ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ရေးအတွင်း နေမာရဲ့ အံ့အားသင့်ဖွယ် အလွတ်တည်ကန်ဘောကို ကြည့်ရှုခဲ့ပြီးနောက် အလွန်ရယ်မောဖွယ်ကောင်းတဲ့ တုံ့ပြန်မှု ပြုလုပ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ညနေမှာ ပြင်သစ်လိဂန်းအမှတ်ပေးဇယား ဦးဆောင်သူတွေဟာ ဒုတိယနေရာက လွန်းစ်အသင်းဟာ ထွာရေးနဲ့ ပွဲစဉ်မှာ ရမှတ်လျော့ကျခဲ့ပြီးနောက် ရမှတ်ကွာဟမှုကို ပိုမိုကြီးမားအောင် လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရင်းနေးနဲ့ ကစားခဲ့တဲ့ လိဂန်းပွဲစဉ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ ရက်နေ့နောက်ပိုင်း ပထမဆုံးလိဂ်နိုင်ပွဲကို ရှာဖွေဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

သွေးပူလေ့ကျင့်ရေးအတွင်း ပီအက်စ်ဂျီကြယ်ပွင့်တွေဟာ အလွတ်တည်ကန်ဘော လေ့ကျင့်ခဲ့ကြတာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်က အံ့အားသင့်ဖွယ် ကန်သွင်းမှု ပြုလုပ်ခဲ့တာကြောင့် အမ်ဘာပေက အလွန်ကောင်းမွန်တဲ့ တုံ့ပြန်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ နေမာဆီကနေ မှော်ဆန်တဲ့ အခိုက်အတန့်ကို မြင်တွေ့ခဲ့ရပြီးနောက် ခေါင်းညိတ်ပြီး နှုတ်ခမ်းကို စူရင်း အံ့အားသင့်တဲ့ပုံစံ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နေမာနဲ့ အမ်ဘာပေတို့ဟာ ရင်းမ်စ်နဲ့ပွဲစဉ်မှာ အဲဒီလိုမျိုး တိကျသေချာမှုမျိုး ထပ်တူ မလုပ်ပြနိုင်ခဲ့ဘဲ ဘရာဇီးလ်တိုက်စစ်မှူးက ၅၁ မိနစ်မှာ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းပွဲကစားချိန်ပြည့်မြောက်လို့ နာကျင်အချိန်မှာ ဘာလိုဂန်ရဲ့ နောက်ကျချေပဂိုးကို ခွင့်ပြုခဲ့ရပြီး သရေနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရင်းမ်စ်နဲ့ သရေကျခဲ့တာကြောင့် လိဂန်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၃ မှတ်သာ ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ မောင့်ပယ်လီယေးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခီလီယန္ အမ္ဘာေပဟာ ရင္းမ္စ္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မတိုင္မီ ေသြးပူေလ့က်င့္ေရးအတြင္း ေနမာရဲ႕ အံ့အားသင့္ဖြယ္ အလြတ္တည္ကန္ေဘာကို ၾကည့္ရႈခဲ့ၿပီးေနာက္ အလြန္ရယ္ေမာဖြယ္ေကာင္းတဲ့ တုံ႔ျပန္မႈ ျပဳလုပ္ခဲ့ပါတယ္။

တနဂၤေႏြေန႔ညေနမွာ ျပင္သစ္လိဂန္းအမွတ္ေပးဇယား ဦးေဆာင္သူေတြဟာ ဒုတိယေနရာက လြန္းစ္အသင္းဟာ ထြာေရးနဲ႔ ပြဲစဥ္မွာ ရမွတ္ေလ်ာ့က်ခဲ့ၿပီးေနာက္ ရမွတ္ကြာဟမႈကို ပိုမိုႀကီးမားေအာင္ လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ရင္းေနးနဲ႔ ကစားခဲ့တဲ့ လိဂန္းပြဲစဥ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဇန္နဝါရီ ၁၁ ရက္ေန႔ေနာက္ပိုင္း ပထမဆုံးလိဂ္ႏိုင္ပြဲကို ရွာေဖြဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ေသြးပူေလ့က်င့္ေရးအတြင္း ပီအက္စ္ဂ်ီၾကယ္ပြင့္ေတြဟာ အလြတ္တည္ကန္ေဘာ ေလ့က်င့္ခဲ့ၾကတာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္က အံ့အားသင့္ဖြယ္ ကန္သြင္းမႈ ျပဳလုပ္ခဲ့တာေၾကာင့္ အမ္ဘာေပက အလြန္ေကာင္းမြန္တဲ့ တုံ႔ျပန္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ေနမာဆီကေန ေမွာ္ဆန္တဲ့ အခိုက္အတန႔္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေခါင္းညိတ္ၿပီး ႏႈတ္ခမ္းကို စူရင္း အံ့အားသင့္တဲ့ပုံစံ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနမာနဲ႔ အမ္ဘာေပတို႔ဟာ ရင္းမ္စ္နဲ႔ပြဲစဥ္မွာ အဲဒီလိုမ်ိဳး တိက်ေသခ်ာမႈမ်ိဳး ထပ္တူ မလုပ္ျပႏိုင္ခဲ့ဘဲ ဘရာဇီးလ္တိုက္စစ္မႉးက ၅၁ မိနစ္မွာ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ဒုတိယပိုင္းပြဲကစားခ်ိန္ျပည့္ေျမာက္လို႔ နာက်င္အခ်ိန္မွာ ဘာလိုဂန္ရဲ႕ ေနာက္က်ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရၿပီး သေရနဲ႔သာ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ရင္းမ္စ္နဲ႔ သေရက်ခဲ့တာေၾကာင့္ လိဂန္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၃ မွတ္သာ ျဖတ္ၿပီး ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္ ဗုဒၶဟူးေန႔ညမွာ ေမာင့္ပယ္လီေယးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.