Ligue1

ရင်းမ်စ်နဲ့ပွဲက ခြေစွမ်းကြောင့် ရော်နယ်လ်ဒိုကတော့ ဂုဏ်ယူနေတော့မှာပဲလို့ အပြောခံခဲ့ရတဲ့ မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ရင်းမ်စ်နဲ့ ကစားခဲ့တဲ့ လိဂန်းပွဲစဉ်အတွင်း ၎င်းရဲ့ စိတ်ပျက်ဖွယ်ခြေစွမ်းကြောင့် တွစ်တာပေါ်က ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ပါတယ်။

ပရိသတ်တွေဟာ အာဂျင်တီးနားတိုက်စစ်မှူးဟာ အမ်ဘာပေကိုပါ ဆွဲချခဲ့တယ်လို့တောင် ပြောဆိုခဲ့ကြပြီး အချို့ကလည်း အသက် ၃၅ နှစ်အရွယ် ကစားသမားရဲ့ ခြေစွမ်းကျဆင်းမှုကို မြင်ရတာ ရော်နယ်လ်ဒိုကတော့ ဂုဏ်ယူနေလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရင်းမ်စ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ၅၁ မိနစ်မှာ နေမာရဲ့ သွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ၅၉ မိနစ်မှာ မာကို ဗာရက်တီ အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။

အီတလီကွင်းလယ်ကစားသမားဟာ ပထမပိုင်းအပြီးမှာမှ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဖိုလာရင် ဘာလိုဂန်က ၉၆ မိနစ်မှာ ရင်းမ်စ်အတွက် အဖိုးတန် သရေ ၁ မှတ် ရရှိစေမယ့် နောက်ကျ ချေပဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နိုင်ပွဲနဲ့အတူ လိဂန်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်မယ့် အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဘာလိုဂန်ရဲ့ ချေပဂိုးကြောင့် လိဂန်းအမှတ်ပေးဇယား ဒုတိယနေရာက လွန်းစ်အသင်းနဲ့ ၃ မှတ်သာ ဖြတ်ထားနိုင်တော့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ရင်းမ်စ်နဲ့ ပွဲစဉ်မှာ ပုံမှန်စွမ်းဆောင်ရည်အောက် ကျဆင်းနေခဲ့ပြီး ဂိုးပေါက်တစ်ကြိမ်မှ ကန်သွင်းနိုင်ခဲ့ခြင်းမရှိဘဲ လိမ်ခေါက်ဖို့ ကြိုးပမ်းမှု ၄ ကြိမ်မှာ တစ်ကြိမ်သာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားဂန္တဝင်ဟာ ပီအက်စ်ဂျီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်မယ့် ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ကြိမ်ကိုလည်း လွဲချော်ခဲ့သေးပြီး မြေပြင်တစ်ဦးချင်းတိုက်ပွဲ ၁၀ ကြိမ်မှာ ၃ ကြိမ်သာ အနိုင်ရခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၁၄ ကြိမ်အထိ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

တွစ်တာပေါ်က ပရိသတ်တွေဟာ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဟာ ကလပ်အသင်းကို လုံးဝကို ဂရုမစိုက်တော့ဘူးလို့ ပြောကြားခဲ့ကြပြီး အချို့ကလည်း ဘလွန်ဒေါ ၇ ဆုရှင်ဟာ ဒီလိုမျိုး ခြေစွမ်းအဆင့်အတန်းမျိုးမှာ ရှိနေခဲ့တာကြာပြီလို့ ထင်မြင်နေကြပါတယ်။

“သူက အမ်ဘာပေကိုပါ ဆွဲချနေတယ်”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီလို မက်ဆီရဲ့ စိတ်ပျက်စရာခြေစွမ်းအဆင့်အတန်းက နှစ်တော်တော်ကြာတဲ့အထိ တစ်ခုတည်းဖြစ်နေခဲ့တယ်။ ရော်နယ်လ်ဒိုကတော့ အရမ်းဂုဏ်ယူနေမှာပဲ။ ဒီစိတ်ပျက်စရာခြေစွမ်းကို ဖုံးကွယ်ဖို့ ကောက်စားဂိုးလေးတစ်ဂိုးလောက်ရဖို့ မျှော်လင့်နေရုံပဲ”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ရင္းမ္စ္နဲ႔ ကစားခဲ့တဲ့ လိဂန္းပြဲစဥ္အတြင္း ၎ရဲ႕ စိတ္ပ်က္ဖြယ္ေျခစြမ္းေၾကာင့္ တြစ္တာေပၚက ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ပါတယ္။

ပရိသတ္ေတြဟာ အာဂ်င္တီးနားတိုက္စစ္မႉးဟာ အမ္ဘာေပကိုပါ ဆြဲခ်ခဲ့တယ္လို႔ေတာင္ ေျပာဆိုခဲ့ၾကၿပီး အခ်ိဳ႕ကလည္း အသက္ ၃၅ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ ေျခစြမ္းက်ဆင္းမႈကို ျမင္ရတာ ေရာ္နယ္လ္ဒိုကေတာ့ ဂုဏ္ယူေနလိမ့္မယ္လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ရင္းမ္စ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း ၅၁ မိနစ္မွာ ေနမာရဲ႕ သြင္းဂိုးေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ၅၉ မိနစ္မွာ မာကို ဗာရက္တီ အနီကတ္နဲ႔ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာ ျဖစ္ပါတယ္။

အီတလီကြင္းလယ္ကစားသမားဟာ ပထမပိုင္းအၿပီးမွာမွ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ဖိုလာရင္ ဘာလိုဂန္က ၉၆ မိနစ္မွာ ရင္းမ္စ္အတြက္ အဖိုးတန္ သေရ ၁ မွတ္ ရရွိေစမယ့္ ေနာက္က် ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ႏိုင္ပြဲနဲ႔အတူ လိဂန္းအမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္အသာနဲ႔ ဆက္လက္ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးေတြ ပိုင္ဆိုင္ခဲ့ေပမယ့္လည္း ဘာလိုဂန္ရဲ႕ ေခ်ပဂိုးေၾကာင့္ လိဂန္းအမွတ္ေပးဇယား ဒုတိယေနရာက လြန္းစ္အသင္းနဲ႔ ၃ မွတ္သာ ျဖတ္ထားႏိုင္ေတာ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ရင္းမ္စ္နဲ႔ ပြဲစဥ္မွာ ပုံမွန္စြမ္းေဆာင္ရည္ေအာက္ က်ဆင္းေနခဲ့ၿပီး ဂိုးေပါက္တစ္ႀကိမ္မွ ကန္သြင္းႏိုင္ခဲ့ျခင္းမရွိဘဲ လိမ္ေခါက္ဖို႔ ႀကိဳးပမ္းမႈ ၄ ႀကိမ္မွာ တစ္ႀကိမ္သာ ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ အာဂ်င္တီးနားဂႏၲဝင္ဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္မယ့္ ႀကီးမားတဲ့ အခြင့္အေရးႀကီးတစ္ႀကိမ္ကိုလည္း လြဲေခ်ာ္ခဲ့ေသးၿပီး ေျမျပင္တစ္ဦးခ်င္းတိုက္ပြဲ ၁၀ ႀကိမ္မွာ ၃ ႀကိမ္သာ အႏိုင္ရခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ ၁၄ ႀကိမ္အထိ ဆုံးရႈံးခဲ့တာ ျဖစ္ပါတယ္။

တြစ္တာေပၚက ပရိသတ္ေတြဟာ ၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံဟာ ကလပ္အသင္းကို လုံးဝကို ဂ႐ုမစိုက္ေတာ့ဘူးလို႔ ေျပာၾကားခဲ့ၾကၿပီး အခ်ိဳ႕ကလည္း ဘလြန္ေဒါ ၇ ဆုရွင္ဟာ ဒီလိုမ်ိဳး ေျခစြမ္းအဆင့္အတန္းမ်ိဳးမွာ ရွိေနခဲ့တာၾကာၿပီလို႔ ထင္ျမင္ေနၾကပါတယ္။

“သူက အမ္ဘာေပကိုပါ ဆြဲခ်ေနတယ္”လို႔ ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဒီလို မက္ဆီရဲ႕ စိတ္ပ်က္စရာေျခစြမ္းအဆင့္အတန္းက ႏွစ္ေတာ္ေတာ္ၾကာတဲ့အထိ တစ္ခုတည္းျဖစ္ေနခဲ့တယ္။ ေရာ္နယ္လ္ဒိုကေတာ့ အရမ္းဂုဏ္ယူေနမွာပဲ။ ဒီစိတ္ပ်က္စရာေျခစြမ္းကို ဖုံးကြယ္ဖို႔ ေကာက္စားဂိုးေလးတစ္ဂိုးေလာက္ရဖို႔ ေမွ်ာ္လင့္ေန႐ုံပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.