Ligue1 Match Report

နေမာရဲ့ဂိုးနဲ့ ဦးဆောင်ပြီးမှ ဘာလိုဂွန်ကြောင့် သရေနဲ့ မျက်နှာပျက်ခဲ့ရတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဆာဂျီယို ရာမို့စ်၊ မားကင်ညို့စ်၊ ဟာကီမီနဲ့ ဘားနတ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဗီတင်ညာနဲ့ ဖာဘီယန် ရူးဝီးဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကားလို့စ် ဆိုလာ၊ နေမာနဲ့ အမ်ဘာပေတို့ကို တင်ပြီး မက်ဆီက ၄-၂-၁-၃ ပုံစံနဲ့ နောက်က လိုက်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ရင်းမ်စ်အသင်းကတော့ ဂိုးသမား ဒီယော့ဖ်၊ ခံစစ်မှာ အက်ဘ်ဒဲလ်ဟာမစ်ဒ်၊ အက်ဂ်ဘာဒူး၊ ဖိုကေးနဲ့ ဒီစမက်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ မူနက်စီ၊ မာတူစီဝါ၊ ကာယူးစ်တေ၊ အီတိုနဲ့ ဖလစ်ပ်စ်တို့ကို ခံစစ်ဦးစားပေး စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဘာလိုဂွန်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

အိမ်ကွင်းမှာ တရုတ်စာတွေနဲ့ နာမည်ရေးထိုးထားတဲ့ အူကြောင်ကျား အင်္ကျီမည်းကြီးကို ဝတ်ကစားလာတဲ့ ပီအက်စ်ဂျီတို့ ပွဲစကတည်းက ဖိကစားခဲ့ပေမယ့် စောစောစီးစီးပဲ ဟာကီမီရဲ့ ဖန်တီးမှုကို မက်ဆီက အပိုင်မစောင့်ဘဲ ညာခြေနဲ့ ထောင်ကန်ပစ်ခဲ့သလို ရင်းမ်စ်တို့ကတော့ ဂိုးသမား ဒွန်နာရမ်မာရဲ့ ခြေထဲမှာ ဘောလုံးကို မပိုင်နိုင်မှုကြောင့် အသည်းယားရအောင် ခြိမ်းခြောက်ပြနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အသင်းကြီးအသင်းကောင်းတွေရဲ့ နည်းပြအဆင့် မရှိသေးတဲ့ ပီအက်စ်ဂျီရဲ့ ခရစ္စတို့ဖ် ဂယ်လ်တီယေးကို ရှုတ်ချရမှာဖြစ်သလို Pressing ကောင်းကောင်းနဲ့ ရင်ဆိုင်လာခဲ့တဲ့ ရင်းမ်စ်နည်းပြ ဝီလီယမ် စတေးလ်ကိုတော့ ချီးကျူးရမှာဖြစ်ပြီး သူတို့ရဲ့ လုပ်အားနှုန်းကောင်းတဲ့ ကွင်းလယ်က ပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်တွေနဲ့ ဘာလိုဂွန်ဆီ ဘောလုံးပို့ပေးပုံတွေက အဆင့်အတန်း မြင့်မားခဲ့တာပါ။

ပွဲကြာလာတာနဲ့အမျှ ဘောလုံးကိုင်ပြီး ဘာမှ မလုပ်တတ်တဲ့ ပီအက်စ်ဂျီတို့ ဘောလုံးပျက်တိုင်း ရင်းမ်စ်ဘက်က တိုက်စစ်ကို အမြန်ဆုံးသွားတဲ့ တဒိုင်းဒိုင်း ခြိမ်းခြောက်မှုတွေကို တွေ့မြင်ခဲ့ရပြီး ဘာလိုဂွန်အနေနဲ့ အပိုင်ကန်ခွင့်တွေ မရခဲ့အောင် မာကင်ညို့စ်က ထိန်းသိမ်းထားနိုင်ခဲ့လို့သာ အိမ်ရှင်တွေ စောစောစီးစီး ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ဂယ်လ်တီယေးရဲ့ စုတ်ပြတ်သတ်နေတဲ့ ကစားကွက်က ဧည့်သည် ရင်းမ်စ်တို့သာ တိုက်စစ်တွဲလုံးနဲ့ အဆုံးသတ်ပိုင်နိုင်ရင် သုံးမှတ်ရသွားဖို့တောင် နီးစပ်ခဲ့ပြီး ဧည့်သည်တွေဘက်က မူနက်စီသာ ကောင်းခဲ့ရင် သူတို့တွေအနေနဲ့ ပါရီသားတွေကို အိမ်တိုင်ယာရောက် အရှက်ခွဲပေးနိုင်မှာဖြစ်ပေမယ့် မအောင်မြင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ကြတာပါ။

ပီအက်စ်ဂျီနဲ့ စာချုပ်အဆင်မပြေသေးသလို အနာဂတ်အတွက် အာရုံထွေပြားနေပုံရတဲ့ မက်ဆီတစ်ယောက် ပိတ်ဆို့မှု ကောင်းလွန်းတဲ့ ရင်းမ်စ်တို့ရဲ့ ခံစစ်ကြားမှာ အလုပ်မဖြစ်သလို အမ်ဘာပေကတော့ ကြောင်ပျောက်နေခဲ့လို့ ဂိုးပေါက် ရှာမတွေ့ခဲ့ဘဲ ဒုတိယပိုင်းမှာတော့ ဗီတင်ညာအစား ဗာရက်တီ ဝင်လာခဲ့ချိန်မှာ အိမ်ရှင်တွေ ပိုဖိကစားလာနိုင်ခဲ့သလို ဧည့်သည်တွေရဲ့ ဆုတ်ခံမှုက သူတို့တွေကို အခွင့်အရေးပေးသလိုဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်မှာ ဘောလုံးရသွားတဲ့ မက်ဆီရဲ့ ကန်ချက်က ဘယ်နောက်ခံလူ ဘားနတ်နဲ့ ငြိပြီး ဧရိယာထဲမှာ လည်ကျလာတဲ့ ဘောလုံးကို ရသွားခဲ့တဲ့ နေမာက ပိတ်ထားတဲ့ ဂိုးသမားကို ကန်မသွင်းဘဲ ဘေးကို တစ်ချက်ဆွဲထွက်ပြီးမှ အသာအယာ အဆုံးသတ်သွားခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာ ဘာလိုဂွန်ကို ဆွဲလှဲတဲ့ မားကင်ညို့စ်ကြောင့် ရင်းမ်စ်တို့ ပင်နယ်တီရမလိုဖြစ်ခဲ့ပေမယ့် အနည်းငယ် လူကျွံနေခဲ့လို့ ပယ်ဖျက် ခံခဲ့ရချိန်မှာ ဘောလုံးပေးတဲ့ အီတိုကို ခြေနှစ်ဖက်စလုံးနဲ့ လျှောထိုးတဲ့ လူစားဝင်ကစားသမား ဗာရက်တီကတော့ ကွင်းထဲ ရောက်လို့ ဆယ်မိနစ်အကြာမှာပဲ အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ဒါကတော့ ဆာဂျီယို ရာမို့စ် ရောက်လာပြီးမှ ပီအက်စ်ဂျီတို့ အနီတွေ ပိုများလာခဲ့တာကလည်း ထူးခြားချက်လိုဖြစ်ခဲ့ရပါတယ်။

ဒီနောက်မှာတော့ တစ်ယောက်လျော့သွားတဲ့ ပီအက်စ်ဂျီတို့ မပင်ပန်းခင်လေးမှာ ဖိကစားပြီး နောက်တစ်ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် အမ်ဘာပေရဲ့ ကန်ချက်ကို ဂိုးသမား ဒီယော့ဖ် ကာကွယ်ခဲ့သလို ထောင့်ကန်ဘောကနေ ဆာဂျီယို ရာမို့စ်ရဲ့ ခေါင်းတိုက်ချက်ကတော့ ဘားထိထွက်ခဲ့ပြီး ဟာကီမီရဲ သွင်းဂိုးကလည်း လူကျွံနေခဲ့တာကြောင့် အိမ်ရှင်တွေ ဗျာများလာခဲ့တာပါ။

ပီအက်စ်ဂျီတို့ဘက်က ကားလို့စ် ဆိုလာ၊ ဖာဘီယန် ရူးဝီးဇ်နဲ့ နေမာတို့အစား ဒါနီလို ပါရဲရား၊ ရီနာတို ဆန်ချက်စ်နဲ့ ဇိုင်ယာ-အမ်မရီတို့ကို ထည့်သွင်းပြီး ကွင်းလယ်မှာ ဆယ်ယောက်နဲ့ ထိန်းကစားဖို့ လုပ်ဆောင်လာခဲ့သလို တစ်ယောက်သာနေတဲ့ ရင်းမ်စ်တို့ဘက်ကတော့ ဖလစ်ပ်စ်၊ မူနက်စီ၊ အီတိုနဲ့ ကာယူးစ်တေတို့အစား ဇီနယ်လီ၊ ဒွမ်ဘီယာ၊ ဗန်ဘာဂျင်နဲ့ လိုပီတို့ကို ထည့်သွင်းပြီး ချေပဂိုးပြန်ရဖို့ ကြိုးစားလာခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ အမ်ဘာပေနဲ့ မက်ဆီတို့တွေ လွဲချော်ခဲ့ကြလို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပီအက်စ်ဂျီတို့ ပွဲသိမ်းလှတော့မယ်လို့ ထင်နေတုန်းမှာပဲ နာကျင်အချိန်ပို ၆ မိနစ်မှာတော့ ရင်းမ်စ်တို့ သရေဂိုး သွင်းသွားခဲ့ပြီး ကွင်းလယ်က ရီနာတို ဆန်ချက်စ်ရဲ့ အမှားကနေ ဘောလုံးမထိန်းနိုင်ဘဲ လွတ်ထွက်သွားတာကို ဒွမ်ဘီယာက ခံစစ်ကြားက ခင်းပေးလိုက်ချိန်မှာ ဘာလိုဂွန်က ပြေးထွက်ရယူပြီး ဂိုးသမား ဒွန်နာရမ်မာကိုပါ ကျော်ဖြတ်ပြီးမှ သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ရာမို့စ်ဓာတ်ကူးပြီး အနီတွေ ဆက်တိုက်ထိနေတဲ့ ပီအက်စ်ဂျီတို့ အိမ်ကွင်းမှာ တစ်ဂိုးစီသရေနဲ့ မျက်နှာပျက်ခဲ့ရသလို ကစားကွက်ပိုင်းအရလည်း အသာမရခဲ့တဲ့ ပွဲစဉ်မှာ ဒီနည်းပြရဲ့ ကိုင်တွယ်မှုလောက်နဲ့ ဘာမှမဖြစ်နိုင်သေးဘူးဆိုတာ သိသာသွားအောင် အာဆင်နယ်တို့ရဲ့ အငှားချထားတဲ့ တိုက်စစ်မှူး ဘာလိုဂွန်က ရင်းမ်စ်အသင်းနဲ့အတူ မျက်နှာဖုံးကို ခွာချပြီး သတိပေးလိုက်တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ဆာဂ်ီယို ရာမို႔စ္၊ မားကင္ညိဳ႕စ္၊ ဟာကီမီနဲ႔ ဘားနတ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗီတင္ညာနဲ႔ ဖာဘီယန္ ႐ူးဝီးဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ကားလို႔စ္ ဆိုလာ၊ ေနမာနဲ႔ အမ္ဘာေပတို႔ကို တင္ၿပီး မက္ဆီက ၄-၂-၁-၃ ပုံစံနဲ႔ ေနာက္က လိုက္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ရင္းမ္စ္အသင္းကေတာ့ ဂိုးသမား ဒီေယာ့ဖ္၊ ခံစစ္မွာ အက္ဘ္ဒဲလ္ဟာမစ္ဒ္၊ အက္ဂ္ဘာဒူး၊ ဖိုေကးနဲ႔ ဒီစမက္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ မူနက္စီ၊ မာတူစီဝါ၊ ကာယူးစ္ေတ၊ အီတိုနဲ႔ ဖလစ္ပ္စ္တို႔ကို ခံစစ္ဦးစားေပး စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘာလိုဂြန္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

အိမ္ကြင္းမွာ တ႐ုတ္စာေတြနဲ႔ နာမည္ေရးထိုးထားတဲ့ အူေၾကာင္က်ား အက်ႌမည္းႀကီးကို ဝတ္ကစားလာတဲ့ ပီအက္စ္ဂ်ီတို႔ ပြဲစကတည္းက ဖိကစားခဲ့ေပမယ့္ ေစာေစာစီးစီးပဲ ဟာကီမီရဲ႕ ဖန္တီးမႈကို မက္ဆီက အပိုင္မေစာင့္ဘဲ ညာေျခနဲ႔ ေထာင္ကန္ပစ္ခဲ့သလို ရင္းမ္စ္တို႔ကေတာ့ ဂိုးသမား ဒြန္နာရမ္မာရဲ႕ ေျခထဲမွာ ေဘာလုံးကို မပိုင္ႏိုင္မႈေၾကာင့္ အသည္းယားရေအာင္ ၿခိမ္းေျခာက္ျပႏိုင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ အသင္းႀကီးအသင္းေကာင္းေတြရဲ႕ နည္းျပအဆင့္ မရွိေသးတဲ့ ပီအက္စ္ဂ်ီရဲ႕ ခရစၥတို႔ဖ္ ဂယ္လ္တီေယးကို ရႈတ္ခ်ရမွာျဖစ္သလို Pressing ေကာင္းေကာင္းနဲ႔ ရင္ဆိုင္လာခဲ့တဲ့ ရင္းမ္စ္နည္းျပ ဝီလီယမ္ စေတးလ္ကိုေတာ့ ခ်ီးက်ဴးရမွာျဖစ္ၿပီး သူတို႔ရဲ႕ လုပ္အားႏႈန္းေကာင္းတဲ့ ကြင္းလယ္က ပိတ္ဆို႔ၿပီး တန္ျပန္တိုက္စစ္ေတြနဲ႔ ဘာလိုဂြန္ဆီ ေဘာလုံးပို႔ေပးပုံေတြက အဆင့္အတန္း ျမင့္မားခဲ့တာပါ။

ပြဲၾကာလာတာနဲ႔အမွ် ေဘာလုံးကိုင္ၿပီး ဘာမွ မလုပ္တတ္တဲ့ ပီအက္စ္ဂ်ီတို႔ ေဘာလုံးပ်က္တိုင္း ရင္းမ္စ္ဘက္က တိုက္စစ္ကို အျမန္ဆုံးသြားတဲ့ တဒိုင္းဒိုင္း ၿခိမ္းေျခာက္မႈေတြကို ေတြ႕ျမင္ခဲ့ရၿပီး ဘာလိုဂြန္အေနနဲ႔ အပိုင္ကန္ခြင့္ေတြ မရခဲ့ေအာင္ မာကင္ညိဳ႕စ္က ထိန္းသိမ္းထားႏိုင္ခဲ့လို႔သာ အိမ္ရွင္ေတြ ေစာေစာစီးစီး ဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။

ဂယ္လ္တီေယးရဲ႕ စုတ္ျပတ္သတ္ေနတဲ့ ကစားကြက္က ဧည့္သည္ ရင္းမ္စ္တို႔သာ တိုက္စစ္တြဲလုံးနဲ႔ အဆုံးသတ္ပိုင္ႏိုင္ရင္ သုံးမွတ္ရသြားဖို႔ေတာင္ နီးစပ္ခဲ့ၿပီး ဧည့္သည္ေတြဘက္က မူနက္စီသာ ေကာင္းခဲ့ရင္ သူတို႔ေတြအေနနဲ႔ ပါရီသားေတြကို အိမ္တိုင္ယာေရာက္ အရွက္ခြဲေပးႏိုင္မွာျဖစ္ေပမယ့္ မေအာင္ျမင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကတာပါ။

ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္အဆင္မေျပေသးသလို အနာဂတ္အတြက္ အာ႐ုံေထြျပားေနပုံရတဲ့ မက္ဆီတစ္ေယာက္ ပိတ္ဆို႔မႈ ေကာင္းလြန္းတဲ့ ရင္းမ္စ္တို႔ရဲ႕ ခံစစ္ၾကားမွာ အလုပ္မျဖစ္သလို အမ္ဘာေပကေတာ့ ေၾကာင္ေပ်ာက္ေနခဲ့လို႔ ဂိုးေပါက္ ရွာမေတြ႕ခဲ့ဘဲ ဒုတိယပိုင္းမွာေတာ့ ဗီတင္ညာအစား ဗာရက္တီ ဝင္လာခဲ့ခ်ိန္မွာ အိမ္ရွင္ေတြ ပိုဖိကစားလာႏိုင္ခဲ့သလို ဧည့္သည္ေတြရဲ႕ ဆုတ္ခံမႈက သူတို႔ေတြကို အခြင့္အေရးေပးသလိုျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္မွာ ေဘာလုံးရသြားတဲ့ မက္ဆီရဲ႕ ကန္ခ်က္က ဘယ္ေနာက္ခံလူ ဘားနတ္နဲ႔ ၿငိၿပီး ဧရိယာထဲမွာ လည္က်လာတဲ့ ေဘာလုံးကို ရသြားခဲ့တဲ့ ေနမာက ပိတ္ထားတဲ့ ဂိုးသမားကို ကန္မသြင္းဘဲ ေဘးကို တစ္ခ်က္ဆြဲထြက္ၿပီးမွ အသာအယာ အဆုံးသတ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာ ဘာလိုဂြန္ကို ဆြဲလွဲတဲ့ မားကင္ညိဳ႕စ္ေၾကာင့္ ရင္းမ္စ္တို႔ ပင္နယ္တီရမလိုျဖစ္ခဲ့ေပမယ့္ အနည္းငယ္ လူကြၽံေနခဲ့လို႔ ပယ္ဖ်က္ ခံခဲ့ရခ်ိန္မွာ ေဘာလုံးေပးတဲ့ အီတိုကို ေျခႏွစ္ဖက္စလုံးနဲ႔ ေလွ်ာထိုးတဲ့ လူစားဝင္ကစားသမား ဗာရက္တီကေတာ့ ကြင္းထဲ ေရာက္လို႔ ဆယ္မိနစ္အၾကာမွာပဲ အနီကတ္နဲ႔ အထုတ္ခံခဲ့ရၿပီး ဒါကေတာ့ ဆာဂ်ီယို ရာမို႔စ္ ေရာက္လာၿပီးမွ ပီအက္စ္ဂ်ီတို႔ အနီေတြ ပိုမ်ားလာခဲ့တာကလည္း ထူးျခားခ်က္လိုျဖစ္ခဲ့ရပါတယ္။

ဒီေနာက္မွာေတာ့ တစ္ေယာက္ေလ်ာ့သြားတဲ့ ပီအက္စ္ဂ်ီတို႔ မပင္ပန္းခင္ေလးမွာ ဖိကစားၿပီး ေနာက္တစ္ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အမ္ဘာေပရဲ႕ ကန္ခ်က္ကို ဂိုးသမား ဒီေယာ့ဖ္ ကာကြယ္ခဲ့သလို ေထာင့္ကန္ေဘာကေန ဆာဂ်ီယို ရာမို႔စ္ရဲ႕ ေခါင္းတိုက္ခ်က္ကေတာ့ ဘားထိထြက္ခဲ့ၿပီး ဟာကီမီရဲ သြင္းဂိုးကလည္း လူကြၽံေနခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ဗ်ာမ်ားလာခဲ့တာပါ။

ပီအက္စ္ဂ်ီတို႔ဘက္က ကားလို႔စ္ ဆိုလာ၊ ဖာဘီယန္ ႐ူးဝီးဇ္နဲ႔ ေနမာတို႔အစား ဒါနီလို ပါရဲရား၊ ရီနာတို ဆန္ခ်က္စ္နဲ႔ ဇိုင္ယာ-အမ္မရီတို႔ကို ထည့္သြင္းၿပီး ကြင္းလယ္မွာ ဆယ္ေယာက္နဲ႔ ထိန္းကစားဖို႔ လုပ္ေဆာင္လာခဲ့သလို တစ္ေယာက္သာေနတဲ့ ရင္းမ္စ္တို႔ဘက္ကေတာ့ ဖလစ္ပ္စ္၊ မူနက္စီ၊ အီတိုနဲ႔ ကာယူးစ္ေတတို႔အစား ဇီနယ္လီ၊ ဒြမ္ဘီယာ၊ ဗန္ဘာဂ်င္နဲ႔ လိုပီတို႔ကို ထည့္သြင္းၿပီး ေခ်ပဂိုးျပန္ရဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ အမ္ဘာေပနဲ႔ မက္ဆီတို႔ေတြ လြဲေခ်ာ္ခဲ့ၾကလို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပီအက္စ္ဂ်ီတို႔ ပြဲသိမ္းလွေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ နာက်င္အခ်ိန္ပို ၆ မိနစ္မွာေတာ့ ရင္းမ္စ္တို႔ သေရဂိုး သြင္းသြားခဲ့ၿပီး ကြင္းလယ္က ရီနာတို ဆန္ခ်က္စ္ရဲ႕ အမွားကေန ေဘာလုံးမထိန္းႏိုင္ဘဲ လြတ္ထြက္သြားတာကို ဒြမ္ဘီယာက ခံစစ္ၾကားက ခင္းေပးလိုက္ခ်ိန္မွာ ဘာလိုဂြန္က ေျပးထြက္ရယူၿပီး ဂိုးသမား ဒြန္နာရမ္မာကိုပါ ေက်ာ္ျဖတ္ၿပီးမွ သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ရာမို႔စ္ဓာတ္ကူးၿပီး အနီေတြ ဆက္တိုက္ထိေနတဲ့ ပီအက္စ္ဂ်ီတို႔ အိမ္ကြင္းမွာ တစ္ဂိုးစီသေရနဲ႔ မ်က္ႏွာပ်က္ခဲ့ရသလို ကစားကြက္ပိုင္းအရလည္း အသာမရခဲ့တဲ့ ပြဲစဥ္မွာ ဒီနည္းျပရဲ႕ ကိုင္တြယ္မႈေလာက္နဲ႔ ဘာမွမျဖစ္ႏိုင္ေသးဘူးဆိုတာ သိသာသြားေအာင္ အာဆင္နယ္တို႔ရဲ႕ အငွားခ်ထားတဲ့ တိုက္စစ္မႉး ဘာလိုဂြန္က ရင္းမ္စ္အသင္းနဲ႔အတူ မ်က္ႏွာဖုံးကို ခြာခ်ၿပီး သတိေပးလိုက္တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.