Carabao & FA Match Report Premier League

ငယ်နိုင်လိုဖြစ်နေတဲ့ လီဗာပူးလ်ကို အက်ဖ်အေမှာ ရိုက်စားလိုက်ပြန်တဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား စတီးလ်၊ ခံစစ်မှာ လူးဝစ္စ ဒန့်ခ်၊ ဝက်ဘ်စတာ၊ လမ့်ပ်တေနဲ့ အက်စ်တူပီညန်တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ အသင်းပြောင်းချင်နေတဲ့ ကိုင်စီဒိုကို ချန်ထားခဲ့သလို ဂရော့စ်၊ မက္ကယ်လစ္စတာ၊ မာ့ချ်၊ မီတိုမာတို့နဲ့ အထိုင်ချခဲ့ချိန်မှာ တိုက်စစ်ကိုတော့ ဖာဂူဆန်နဲ့ ဝဲလ်ဘက်ခ်တို့ တွဲကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဂျိုးဂိုမက်ဇ်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘိုင်ချက်တစ်ချ်၊ ကီတာနဲ့ သီယာဂိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဂက်ခ်ပိုနဲ့ အဲလီးယော့တို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာပဲ နှစ်ဆင့်ကန်ထည့်တဲ့ ဆာလားရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုကို လူးဝစ္စ ဒန့်ခ်က ဂိုးစည်းပေါ်က ဖျက်ထုတ်ခဲ့ရသလို အရန်ဂိုးသမား စတီးလ်ရဲ့ ပွဲကြောင်မှုတွေက လီဗာပူးလ်တို့ အကြိုက်တွေ့စရာဖြစ်ခဲ့ပေမယ့် ကျန်တဲ့ ကွင်းထဲက ကစားသမားတွေကတော့ ပထမပွဲထွက်လူစာရင်း ဖြစ်နေခဲ့လို့ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဘရိုက်တန်တို့ဘက် တိုက်စစ်ဆင်လာပြီး ညာခြမ်းက မာ့ချ် ချိုးပေးတာကို ဝဲလ်ဘက်ခ် မပိတ်နိုင်ဘဲ လွတ်သွားခဲ့ပေမယ့် နောက်က ရှိနေတဲ့ ဖာဂူဆန်က တစ်ချက်ထိန်းပြီး ပိတ်သွင်းရာမှာ အယ်လစ်ဆန် မကာကွယ်နိုင်ခဲ့တာကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဂိုးစည်းရှေ့ကနေ ရှင်းထုတ်ခဲ့ရပြီးတဲ့နောက် မီတိုမာရဲ့ ခြိမ်းခြောက်မှုတစ်ကြိမ်ကိုတော့ ဘရာဇီးလ်ဂိုးသမားက နှစ်ဆင့်ဖမ်းယူခဲ့ရတာပါ။

ပွဲချိန် မိနစ် ၃၀ မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းတောက်လျှောက် ဆွဲယူလာတဲ့ ဆာလားက ဧရိယာထဲကို ခင်းပေးရာမှာ အဲလီးယော့က ညာခြေနဲ့ အနိမ့်ဘော ချိုးကန်သွင်းခဲ့တာက ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဂိုးသမား စတီးလ်ရဲ့ ခြေထောက်နဲ့ထိသွားခဲ့ပေမယ့် ဘောလုံးက အဝေးတိုင်ခြေကို ဝင်သွားခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒါက ကြာကြာမခံလိုက်ဘဲ ပွဲချိန် ၃၉ မိနစ်မှာတော့ ဘရိုက်တန်တို့ ပြန်လည်ချေပနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ် ရှင်းထုတ်ရာက ပြန်ထွက်လာတဲ့ ဘောလုံးကို လမ့်ပ်တေက ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ လူးဝစ္စ ဒန့်ခ်ရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ အယ်လစ်ဆန် မကာကွယ်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၄၃ မိနစ်မှာ ကွင်းလယ်ကနေ ဂက်ခ်ပို ထိုးပေးတာကနေ အဲလီးယော့ လွတ်ထွက်သွားခဲ့ပေမယ့် လမ့်ပ်တေက မယုံနိုင်လောက်တဲ့ အမြန်နှုန်းနဲ့ ပြေးလိုက်ပြီး ဘေးကနေ လျှောထိုးဖျက်သွားခဲ့လို့ လီဗာပူးလ်တို့ အပိုင်တစ်ဂိုး လက်လွှတ်ခဲ့ရသလို ပထမပိုင်းမှာတော့ ဘရိုက်တန်တို့နဲ့ တစ်ဂိုးစီသရေဖြစ်နေခဲ့ကြပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဘရိုက်တန်တို့ဘက်က ဝက်ဘ်စတာအစား ဗဲ့လ်မန်းကို နည်းပြ ဒီဇာဘီက လူစားလဲကစားခဲ့ပြီး လူးဝစ္စ ဒန့်ခ်ရဲ့ ဒေးဗစ် လူးဝစ်ဇ်စတိုင် ဖရီးကစ် ကန်ချက်ကတော့ တိုင်ဘေးက ကပ်ထွက်သွားခဲ့တာကို ထူးထူးဆန်းဆန်း တွေ့မြင်ခဲ့ရသလို မီတိုမာကတော့ တဖြည်းဖြည်းနဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို ဘယ်ခြမ်းမှာ နှိပ်စက်စပြုလာခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာ အလက်ဇန်းဒါး-အာနိုးလ်ဒ် ဖြတ်တင်ပေးတာကို ဆာလားက အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် နားလည်မှု မရှိဘဲ ဝင်လုခဲ့တဲ့ ဂက်ခ်ပိုကြောင့် လွဲချော်ခဲ့ရပြီး လီဗာပူးလ်တို့ စိတ်ပျက်စရာဖြစ်ခဲ့ရသလို ဒီနောက်မှာတော့ အပြောင်းအလဲအဖြစ် အာနိုးလ်ဒ်၊ ကီတာနဲ့ အဲလီးယော့တို့အစား မီလ်နာ၊ ဟန်ဒါဆန်နဲ့ ဒါဝင် နူးညက်ဇ်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။

အာနိုးလ်ဒ်တောင် အနိုင်နိုင်ထိန်းနေရတဲ့ မီတိုမာဘက်ခြမ်းကို မီလ်နာနဲ့ လူစားလဲခဲ့တဲ့ ကလော့ပ်ရဲ့ ဦးနှောက်ကတော့ ပြဿနာရှိနေပြီဖြစ်ပြီး သူ့ဘက်ကပဲ မကြာခဏ ပေါက်ထွက်နေခဲ့သလို ပွဲချိန် ၇၁ မိနစ်မှာ ဂျပန်သားရဲ့ ဖန်တီးပေးမှုကနေ မာ့ချ်ရဲ့ ပိတ်သွင်းမှုက အယ်လစ်ဆန်နဲ့ထိပြီး ထွက်ခဲ့လို့ လီဗာပူးလ်တို့ တိုင်မပတ်ခဲ့ဖြစ်သလို ပွဲကတော့ ဘရိုက်တန်ရဲ့ပွဲပဲ ဖြစ်သွားခဲ့တာပါ။

လီဗာပူးလ်တို့ဘက်က လက်ကျန်လူစားလဲမှုအဖြစ် သီယာဂိုနဲ့ ဘိုင်ချက်တစ်ချ်တို့အစား ကားတစ်ဂျုံးစ်နဲ့ ဖာဘင်ညိုတို့ကို လဲကစားလာခဲ့ပြီး ဘရိုက်တန်တို့ကတော့ ဝဲလ်ဘက်ခ်နဲ့ ဖာဂူဆန်တို့အစား ဂီးလ်မိုးနဲ့ အန်ဒက်ဗ်တို့ကို အပြောင်းအလဲလုပ်ခဲ့သလို ဖာဘင်ညိုကတော့ ကံကောင်းလို့ အနီကတ် မထိခဲ့ပေမယ့် ပွဲကတော့ မိနစ် ၉၀ အထိ အဖြေမပေါ်ဘဲ ဖြစ်နေခဲ့လို့ Replay ကန်ရတော့မယ်လို့ ထင်ခဲ့ရပေမယ့် မထင်မှတ်တာတွေ ဖြစ်လာခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဘရိုက်တန်တို့က လီဗာပူးလ်ကို နောက်ကောက်ချခဲ့ပြီး ဒီပွဲသိမ်းဂိုးကိုတော့ ဖရီးကစ်ကနေ ဂရော့စ် ကန်တင်ပေးတာကို ဘယ်ခြမ်းက ရသွားတဲ့ အက်စ်တူပီညန်က ဂိုးရှေ့ကို ပြန်မ,ပေးရာမှာ ရသွားခဲ့တဲ့ မီတိုမာက နောက်ခံလူနှစ်ယောက်ကို ပညာသားပါတဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ ဖြတ်ကျော်ပြီး အနီးကပ်ကန်သွင်းနိုင်ခဲ့လို့ အယ်လစ်ဆန်တို့အဖွဲ့ ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘရိုက်တန်တို့က နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံသွားခဲ့ကြပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်ရောက်သွားခဲ့ကြသလို ဒီရာသီ ပရီးမီးယားလိဂ်မှာ ငယ်နိုင်လေးလိုဖြစ်နေတဲ့ လီဗာပူးလ်တို့ကို နောက်ထပ်တစ်ပွဲ ထပ်မံအနိုင်ယူလိုက်ပြီးတဲ့နောက် ယာဂန် ကလော့ပ်ရဲ့ ဦးဆောင်မှုနဲ့ နည်းစနစ်ပိုင်းကတော့ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား စတီးလ္၊ ခံစစ္မွာ လူးဝစၥ ဒန႔္ခ္၊ ဝက္ဘ္စတာ၊ လမ့္ပ္ေတနဲ႔ အက္စ္တူပီညန္တို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ အသင္းေျပာင္းခ်င္ေနတဲ့ ကိုင္စီဒိုကို ခ်န္ထားခဲ့သလို ဂေရာ့စ္၊ မကၠယ္လစၥတာ၊ မာ့ခ်္၊ မီတိုမာတို႔နဲ႔ အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္ကိုေတာ့ ဖာဂူဆန္နဲ႔ ဝဲလ္ဘက္ခ္တို႔ တြဲကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ လီဗာပူးလ္တို႔ကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဂ်ိဳးဂိုမက္ဇ္၊ ကိုနာေတ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘိုင္ခ်က္တစ္ခ်္၊ ကီတာနဲ႔ သီယာဂိုတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ဂက္ခ္ပိုနဲ႔ အဲလီးေယာ့တို႔ကို ပြဲထုတ္လာခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာပဲ ႏွစ္ဆင့္ကန္ထည့္တဲ့ ဆာလားရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္မႈကို လူးဝစၥ ဒန႔္ခ္က ဂိုးစည္းေပၚက ဖ်က္ထုတ္ခဲ့ရသလို အရန္ဂိုးသမား စတီးလ္ရဲ႕ ပြဲေၾကာင္မႈေတြက လီဗာပူးလ္တို႔ အႀကိဳက္ေတြ႕စရာျဖစ္ခဲ့ေပမယ့္ က်န္တဲ့ ကြင္းထဲက ကစားသမားေတြကေတာ့ ပထမပြဲထြက္လူစာရင္း ျဖစ္ေနခဲ့လို႔ တျဖည္းျဖည္း ပုံမွန္ျပန္ျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ဘက္ တိုက္စစ္ဆင္လာၿပီး ညာျခမ္းက မာ့ခ်္ ခ်ိဳးေပးတာကို ဝဲလ္ဘက္ခ္ မပိတ္ႏိုင္ဘဲ လြတ္သြားခဲ့ေပမယ့္ ေနာက္က ရွိေနတဲ့ ဖာဂူဆန္က တစ္ခ်က္ထိန္းၿပီး ပိတ္သြင္းရာမွာ အယ္လစ္ဆန္ မကာကြယ္ႏိုင္ခဲ့တာကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ဂိုးစည္းေရွ႕ကေန ရွင္းထုတ္ခဲ့ရၿပီးတဲ့ေနာက္ မီတိုမာရဲ႕ ၿခိမ္းေျခာက္မႈတစ္ႀကိမ္ကိုေတာ့ ဘရာဇီးလ္ဂိုးသမားက ႏွစ္ဆင့္ဖမ္းယူခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းေတာက္ေလွ်ာက္ ဆြဲယူလာတဲ့ ဆာလားက ဧရိယာထဲကို ခင္းေပးရာမွာ အဲလီးေယာ့က ညာေျခနဲ႔ အနိမ့္ေဘာ ခ်ိဳးကန္သြင္းခဲ့တာက ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ဂိုးသမား စတီးလ္ရဲ႕ ေျခေထာက္နဲ႔ထိသြားခဲ့ေပမယ့္ ေဘာလုံးက အေဝးတိုင္ေျခကို ဝင္သြားခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ဒါက ၾကာၾကာမခံလိုက္ဘဲ ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ရွင္းထုတ္ရာက ျပန္ထြက္လာတဲ့ ေဘာလုံးကို လမ့္ပ္ေတက ဧရိယာထိပ္ကေန အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ လူးဝစၥ ဒန႔္ခ္ရဲ႕ ေျခေထာက္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ အယ္လစ္ဆန္ မကာကြယ္ႏိုင္ဘဲ ျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာ ကြင္းလယ္ကေန ဂက္ခ္ပို ထိုးေပးတာကေန အဲလီးေယာ့ လြတ္ထြက္သြားခဲ့ေပမယ့္ လမ့္ပ္ေတက မယုံႏိုင္ေလာက္တဲ့ အျမန္ႏႈန္းနဲ႔ ေျပးလိုက္ၿပီး ေဘးကေန ေလွ်ာထိုးဖ်က္သြားခဲ့လို႔ လီဗာပူးလ္တို႔ အပိုင္တစ္ဂိုး လက္လႊတ္ခဲ့ရသလို ပထမပိုင္းမွာေတာ့ ဘ႐ိုက္တန္တို႔နဲ႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ဘ႐ိုက္တန္တို႔ဘက္က ဝက္ဘ္စတာအစား ဗဲ့လ္မန္းကို နည္းျပ ဒီဇာဘီက လူစားလဲကစားခဲ့ၿပီး လူးဝစၥ ဒန႔္ခ္ရဲ႕ ေဒးဗစ္ လူးဝစ္ဇ္စတိုင္ ဖရီးကစ္ ကန္ခ်က္ကေတာ့ တိုင္ေဘးက ကပ္ထြက္သြားခဲ့တာကို ထူးထူးဆန္းဆန္း ေတြ႕ျမင္ခဲ့ရသလို မီတိုမာကေတာ့ တျဖည္းျဖည္းနဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို ဘယ္ျခမ္းမွာ ႏွိပ္စက္စျပဳလာခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ျဖတ္တင္ေပးတာကို ဆာလားက အပိုင္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ နားလည္မႈ မရွိဘဲ ဝင္လုခဲ့တဲ့ ဂက္ခ္ပိုေၾကာင့္ လြဲေခ်ာ္ခဲ့ရၿပီး လီဗာပူးလ္တို႔ စိတ္ပ်က္စရာျဖစ္ခဲ့ရသလို ဒီေနာက္မွာေတာ့ အေျပာင္းအလဲအျဖစ္ အာႏိုးလ္ဒ္၊ ကီတာနဲ႔ အဲလီးေယာ့တို႔အစား မီလ္နာ၊ ဟန္ဒါဆန္နဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ကို ထည့္သြင္းလာခဲ့ပါတယ္။

အာႏိုးလ္ဒ္ေတာင္ အႏိုင္ႏိုင္ထိန္းေနရတဲ့ မီတိုမာဘက္ျခမ္းကို မီလ္နာနဲ႔ လူစားလဲခဲ့တဲ့ ကေလာ့ပ္ရဲ႕ ဦးေႏွာက္ကေတာ့ ျပႆနာရွိေနၿပီျဖစ္ၿပီး သူ႔ဘက္ကပဲ မၾကာခဏ ေပါက္ထြက္ေနခဲ့သလို ပြဲခ်ိန္ ၇၁ မိနစ္မွာ ဂ်ပန္သားရဲ႕ ဖန္တီးေပးမႈကေန မာ့ခ်္ရဲ႕ ပိတ္သြင္းမႈက အယ္လစ္ဆန္နဲ႔ထိၿပီး ထြက္ခဲ့လို႔ လီဗာပူးလ္တို႔ တိုင္မပတ္ခဲ့ျဖစ္သလို ပြဲကေတာ့ ဘ႐ိုက္တန္ရဲ႕ပြဲပဲ ျဖစ္သြားခဲ့တာပါ။

လီဗာပူးလ္တို႔ဘက္က လက္က်န္လူစားလဲမႈအျဖစ္ သီယာဂိုနဲ႔ ဘိုင္ခ်က္တစ္ခ်္တို႔အစား ကားတစ္ဂ်ဳံးစ္နဲ႔ ဖာဘင္ညိဳတို႔ကို လဲကစားလာခဲ့ၿပီး ဘ႐ိုက္တန္တို႔ကေတာ့ ဝဲလ္ဘက္ခ္နဲ႔ ဖာဂူဆန္တို႔အစား ဂီးလ္မိုးနဲ႔ အန္ဒက္ဗ္တို႔ကို အေျပာင္းအလဲလုပ္ခဲ့သလို ဖာဘင္ညိဳကေတာ့ ကံေကာင္းလို႔ အနီကတ္ မထိခဲ့ေပမယ့္ ပြဲကေတာ့ မိနစ္ ၉၀ အထိ အေျဖမေပၚဘဲ ျဖစ္ေနခဲ့လို႔ Replay ကန္ရေတာ့မယ္လို႔ ထင္ခဲ့ရေပမယ့္ မထင္မွတ္တာေတြ ျဖစ္လာခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔က လီဗာပူးလ္ကို ေနာက္ေကာက္ခ်ခဲ့ၿပီး ဒီပြဲသိမ္းဂိုးကိုေတာ့ ဖရီးကစ္ကေန ဂေရာ့စ္ ကန္တင္ေပးတာကို ဘယ္ျခမ္းက ရသြားတဲ့ အက္စ္တူပီညန္က ဂိုးေရွ႕ကို ျပန္မ,ေပးရာမွာ ရသြားခဲ့တဲ့ မီတိုမာက ေနာက္ခံလူႏွစ္ေယာက္ကို ပညာသားပါတဲ့ ေဘာလုံးအထိန္းအသိမ္းနဲ႔ ျဖတ္ေက်ာ္ၿပီး အနီးကပ္ကန္သြင္းႏိုင္ခဲ့လို႔ အယ္လစ္ဆန္တို႔အဖြဲ႕ ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘ႐ိုက္တန္တို႔က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံသြားခဲ့ၾကၿပီး အက္ဖ္ေအဖလား ပၪၥမအဆင့္ကို တက္ေရာက္သြားခဲ့ၾကသလို ဒီရာသီ ပရီးမီးယားလိဂ္မွာ ငယ္ႏိုင္ေလးလိုျဖစ္ေနတဲ့ လီဗာပူးလ္တို႔ကို ေနာက္ထပ္တစ္ပြဲ ထပ္မံအႏိုင္ယူလိုက္ၿပီးတဲ့ေနာက္ ယာဂန္ ကေလာ့ပ္ရဲ႕ ဦးေဆာင္မႈနဲ႔ နည္းစနစ္ပိုင္းကေတာ့ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.