Premier League Serie A

ကြယ်ပွင့်ကစားသမား အသင်းမှာ ဆက်နေမှာကို ကံဆိုးမှုလို့ ပြောလိုက်တဲ့ မော်ရင်ညို

ဟိုဆေး မော်ရင်ညိုက နီကိုလို ဇာနီအိုလိုဟာ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းမှု မအောင်မြင်ဘဲ အသင်းမှာ ဆက်ရှိနေတော့မယ့်ပုံပေါ်နေတာကို ကံဆိုးတာပဲလို့ ပြောကြားခဲ့ပါတယ်။

ဇာနီအိုလိုဟာ ၎င်းရဲ့အနာဂတ်ကို တခြားတစ်နေရာမှာ မြင်တွေ့ထားတယ်လို့ ကြေညာခဲ့ပြီးနောက် ရိုးမားအသင်းကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပရီးမီးယားလိဂ်ကလ်အသင်း ဘုန်းမောက်ကို ပြောင်းရွှေ့ရမယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ ယခုအပတ်အစောပိုင်းမှာ သတင်းတွေက ဖော်ပြခဲ့ပြီး ကလပ်အသင်း ၂ သင်းကြား ပြောင်းရွှေ့ကြေးပေါင် ၂၆ သန်းဝန်းကျင်နဲ့ သဘောတူညီမှုရခဲ့ပြီးနောက် ရိုးမားကြယ်ပွင့်က ဆွေးနွေးညှိနှိုင်းမှုမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်အပြင် တော့တင်ဟမ်ဟော့စပါးနဲ့ အေစီမီလန်အသင်းတို့ကလည်း ဇာနီအိုလိုရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပေမယ့်လည်း ဘုန်းမောက်အသင်းပြုလုပ်ခဲ့တဲ့ ကမ်းလှမ်းမှုအတိုင်းတော့ ပြုလုပ်လိုတဲ့ဆန္ဒမရှိတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇာနီအိုလိုဟာ အသင်းမှာ ဆက်နေရတော့မယ့်ပုံပေါ်နေပြီဖြစ်ပြီး ရိုးမားနည်းပြ မော်ရင်ညိုက ကစားသမားက အသင်းကို စွန့်ခွာချင်တဲ့ဆန္ဒရှိနေပေမယ့်လည်း ဆက်နေရတာက ကံဆိုးတာပဲလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဇာနီအိုလိုက သူ အသင်းကို စွန့်ခွာချင်တယ်လို့ ပြောနေခဲ့တာ တစ်လလောက်ရှိပြီ။ ကံဆိုးစွာနဲ့ပဲ ကျွန်တော် မှန်ခဲ့တဲ့ပုံပေါ်ပါတယ်။ ကျွန်တော် ကံဆိုးစွာနဲ့လို့ ပြောတာက ကစားသမားက ထွက်ချင်တယ်လို့ တစ်လလောက် ပြောနေခဲ့တာမို့လို့ပါ။ ကစားသမားက အားလုံးကို သူ ရိုးမားဂျာစီကို မဝတ်ချင်တော့ဘူးလို့ ပြောခဲ့ရင် ကျွန်တော် ကံဆိုးစွာနဲ့ပဲလို့ ပြောရမှာပါ။ ကစားသမားက ခင်ဗျားကို၊ အသင်းကို၊ အသင်းဖော်တွေကို ငါ ရိုးမားဂျာစီ မဝတ်ချင်တော့ဘူး။ မကစားချင်တော့ဘူး။ လေ့ကျင့်ရေးကို ပြန်မသွားချင်ဘူးလို့ ပြောတဲ့အချိန်မှာ ကျွန်တော်ကတော့ ကံဆိုးစွာနဲ့ပဲလို့ ပြောရမှာပါ”

“အကောင်းဆုံးအခြေအနေက ကစားသမားအတွက် ပျော်ရွှင်နေဖို့ပါ။ သူ့ကို ဆက်နေမယ်လို့ မျှော်မှန်းထားတယ်လို့ ကျွန်တော် ပြောခဲ့တယ်။ ဒါပေမယ့် ဒီနေ့ အခြေအနေတွေအရ ကျွန်တော် အဲဒီဝါကျထဲကို ကံဆိုးစွာနဲ့ကို ထပ်ထည့်ရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ ဇာနီအိုလိုဟာ ရိုးမားအသင်းအတွက် ၁၂၈ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ကစားသမားဖြစ်ပြီး အီတလီလက်ရွေးစင်အသင်းအတွက်လည်း ၁၁ ပွဲအထိ ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဟိုေဆး ေမာ္ရင္ညိဳက နီကိုလို ဇာနီအိုလိုဟာ အသင္းကေန ထြက္ခြာဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ဘဲ အသင္းမွာ ဆက္ရွိေနေတာ့မယ့္ပုံေပၚေနတာကို ကံဆိုးတာပဲလို႔ ေျပာၾကားခဲ့ပါတယ္။

ဇာနီအိုလိုဟာ ၎ရဲ႕အနာဂတ္ကို တျခားတစ္ေနရာမွာ ျမင္ေတြ႕ထားတယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ ႐ိုးမားအသင္းကေန ထြက္ခြာဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ပရီးမီးယားလိဂ္ကလ္အသင္း ဘုန္းေမာက္ကို ေျပာင္းေ႐ႊ႕ရမယ့္အခြင့္အေရးကို ျငင္းပယ္ခဲ့တယ္လို႔ ယခုအပတ္အေစာပိုင္းမွာ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ကလပ္အသင္း ၂ သင္းၾကား ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၂၆ သန္းဝန္းက်င္နဲ႔ သေဘာတူညီမႈရခဲ့ၿပီးေနာက္ ႐ိုးမားၾကယ္ပြင့္က ေဆြးေႏြးညႇိႏႈိင္းမႈမွာ ပါဝင္ဖို႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

ဘုန္းေမာက္အျပင္ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ေအစီမီလန္အသင္းတို႔ကလည္း ဇာနီအိုလိုရဲ႕ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနၾကေပမယ့္လည္း ဘုန္းေမာက္အသင္းျပဳလုပ္ခဲ့တဲ့ ကမ္းလွမ္းမႈအတိုင္းေတာ့ ျပဳလုပ္လိုတဲ့ဆႏၵမရွိတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဇာနီအိုလိုဟာ အသင္းမွာ ဆက္ေနရေတာ့မယ့္ပုံေပၚေနၿပီျဖစ္ၿပီး ႐ိုးမားနည္းျပ ေမာ္ရင္ညိဳက ကစားသမားက အသင္းကို စြန႔္ခြာခ်င္တဲ့ဆႏၵရွိေနေပမယ့္လည္း ဆက္ေနရတာက ကံဆိုးတာပဲလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ဇာနီအိုလိုက သူ အသင္းကို စြန႔္ခြာခ်င္တယ္လို႔ ေျပာေနခဲ့တာ တစ္လေလာက္ရွိၿပီ။ ကံဆိုးစြာနဲ႔ပဲ ကြၽန္ေတာ္ မွန္ခဲ့တဲ့ပုံေပၚပါတယ္။ ကြၽန္ေတာ္ ကံဆိုးစြာနဲ႔လို႔ ေျပာတာက ကစားသမားက ထြက္ခ်င္တယ္လို႔ တစ္လေလာက္ ေျပာေနခဲ့တာမို႔လို႔ပါ။ ကစားသမားက အားလုံးကို သူ ႐ိုးမားဂ်ာစီကို မဝတ္ခ်င္ေတာ့ဘူးလို႔ ေျပာခဲ့ရင္ ကြၽန္ေတာ္ ကံဆိုးစြာနဲ႔ပဲလို႔ ေျပာရမွာပါ။ ကစားသမားက ခင္ဗ်ားကို၊ အသင္းကို၊ အသင္းေဖာ္ေတြကို ငါ ႐ိုးမားဂ်ာစီ မဝတ္ခ်င္ေတာ့ဘူး။ မကစားခ်င္ေတာ့ဘူး။ ေလ့က်င့္ေရးကို ျပန္မသြားခ်င္ဘူးလို႔ ေျပာတဲ့အခ်ိန္မွာ ကြၽန္ေတာ္ကေတာ့ ကံဆိုးစြာနဲ႔ပဲလို႔ ေျပာရမွာပါ”

“အေကာင္းဆုံးအေျခအေနက ကစားသမားအတြက္ ေပ်ာ္႐ႊင္ေနဖို႔ပါ။ သူ႔ကို ဆက္ေနမယ္လို႔ ေမွ်ာ္မွန္းထားတယ္လို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္။ ဒါေပမယ့္ ဒီေန႔ အေျခအေနေတြအရ ကြၽန္ေတာ္ အဲဒီဝါက်ထဲကို ကံဆိုးစြာနဲ႔ကို ထပ္ထည့္ရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဇာနီအိုလိုဟာ ႐ိုးမားအသင္းအတြက္ ၁၂၈ ပြဲ ပါဝင္ကစားေပးခဲ့တဲ့ကစားသမားျဖစ္ၿပီး အီတလီလက္ေ႐ြးစင္အသင္းအတြက္လည္း ၁၁ ပြဲအထိ ပါဝင္ကစားေပးထားသူ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.