Match Report Serie A

ဆန်စီရိုမှာ အေစီမီလန်ကို အံ့ဩစရာ အမှုန့်ကြိတ်ပြီး နာပိုလီကို ပါရမီဖြည့်တဲ့ ဆာဆူအိုလို

လက်ရှိ ချန်ပီယံ အေစီမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာတာရူဆာနူး၊ ခံစစ်မှာ ဂက်ဘီယာ၊ ကာလူးလူး၊ ကာလာဘရီယာနဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ တိုနာလီ၊ ခရူးနစ်ချ်၊ ရီဘစ်ချ်နဲ့ ဆာလာမေကာစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂျီရူးရဲ့ နောက်ကနေ ဒီကက်တယ်လာရေးက ၄-၄-၁-၁ ပုံစံနဲ့ လိုက်ကစားခဲ့တာဖြစ်ပါတယ်။

တန်းဆင်းဇုန်အထက်မှာ ရုန်းကန်နေရတဲ့ ဧည့်သည် ဆာဆူအိုလိုတို့ကတော့ ဂိုးသမား ကွန်ဆစ်ဂလီ၊ ခံစစ်မှာ အာလစ်ချ်၊ ရူအန် ထရက်ဆိုလ်ဒီ၊ ရိုဂျားရီးယိုးနဲ့ မာရှီဇာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ပက်ဒရို အိုဘီယန်း၊ ဖရက်တေဆီ၊ လိုရီယန်တေး၊ ဟာမက် ထရာအိုရေးနဲ့ ဘယ်ရာဒီတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဒီဖရယ်လ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ရှုံးပွဲဆက်နေတဲ့ အေစီမီလန်တို့ ပွဲစကတည်းက ဖိကစားဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာ ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ် ပေးတာကနေ ဝါရင့်တိုက်စစ်မှူးကြီး ဂျီရူးက လှလှပပ ပိတ်သွင်းယူခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ လူကျွံနေခဲ့လို့ အိမ်ရှင်တွေ အောင်ပွဲခံပြီးမှ ရင်ခံခဲ့ရသလို ဧည့်သည်တွေကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားလာခဲ့ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ ဆာဆူအိုလိုတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းတောက်လျှောက် ဆွဲပြေးလာတဲ့ ဘယ်ရာဒီက ကာလူးလူးနဲ့ ဟာနန်ဒက်ဇ်တို့ကြားကနေ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ အဝေးတိုင်ဘက်မှာ နေရာယူထားခဲ့တဲ့ ဒီဖရယ်လ်က အမှားအယွင်းမရှိ ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့တာပါ။

နှစ်မိနစ်အကြာ ပွဲချိန် ၂၁ မိနစ်မှာ ဆာဆူအိုလိုတို့ပဲ ဒုတိယ ဦးဆောင်ဂိုးနဲ့ အိမ်ရှင်တွေကို ထပ်မံထိုးနှက်နိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ အပေးအယူလုပ်လာတဲ့ တွဲလုံးကနေ ဘယ်ရာဒီက ဧရိယာထဲကို ထိုးပေးတာကို ဖရက်တေဆီက အေစီမီလန်နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားက ညာခြမ်းကို ဆွဲထွက်ပြီး ထောင့်ကျဉ်းထဲကို ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား တာတာရူဆာနူး ကာကွယ်ပုံ ညံ့ဖျင်းခဲ့လို့ ဂိုးထပ်ပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ အေစီမီလန်တို့အတွက် မျှော်လင့်ချက်တွေ ရှင်သန်နိုင်စေမယ့် ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဆာလာမေကာစ်က ညာခြမ်းကို ထုတ်ပေးတဲ့ ဘောလုံးကို ကာလာဘရီယာက ဂိုးရှေ့ကို အမြင့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ ဒီတစ်ပေါက်နဲ့ပဲ လုပ်စားနေကျ ဂျီရူးက အမြင့်ဆုံးခုန်ပြီး အဝေးတိုင်ဘက်ကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဆာဆူအိုလိုခံစစ်နဲ့ ဂိုးသမား အငိုက်မိခဲ့ရတာပါ။

အိမ်ရှင်တွေရဲ့ မျှော်လင့်ချက်ကိုတော့ ဆာဆူအိုလိုတို့က ပွဲချိန် မိနစ် ၃၀ မှာ ရိုက်ချိုးခဲ့ပြန်ပြီး တတိယဂိုး သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဟာမက် ထရာအိုရေးရဲ့ ညာထောင့်ကန်ဘောကနေ ပထမ နှစ်ဂိုးစလုံးကို ဖန်တီးပေးထားတဲ့ ဘယ်ရာဒီက သူ့အတွက် ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးမှာ အေစီမီလန်ခံစစ်က စုဖွဲ့ကာကွယ်ပုံ ညံ့ဖျင်းလွန်းတာကြောင့် ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ‌တော့ ဆာဆူအိုလိုတို့က အေစီမီလန်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ အိမ်ရှင်တွေဘက်က လူပျောက်တိုင်ရမလိုဖြစ်နေတဲ့ ဒီကက်တယ်လာရေးအစား ရာဖေးလ် လီယာအိုကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့သလို ဧည့်သည်တွေဘက်ကတော့ မာရှီဇာအစား ကီရီယာကိုပူးလော့စ်ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၄၇ မိနစ်မှာတော့ ဆာဆူအိုလိုတို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တောင်ပံကနေ တစ်ဟုန်ထိုးပြေးပြီး ဧရိယာထဲမှာ ဘောလုံးရယူဖို့ ကြိုးစားတဲ့ လော်ရီယန်တေးကို အမြန်နှုန်းအရ မထိန်းနိုင်ချိန်မှာ နောက်က တွန်းလှဲခဲ့တဲ့ ကာလာဘရီယာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို လော်ရီယန်တေးက ဘယ်ဘက်တိုင်ခြေကို ကိုယ်တိုင်ပဲ အပြင်းကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာ တိုနာလီရဲ့ ဖရီးကစ်ကနေ ဆာဆူအိုလို ဧရိယာထဲ ကျလာတာကို ဘယ်တောင်ပံက ပြေးဝင်လာတဲ့ ရီဘစ်ချ်က Volley ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်အပြီးမှာ လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရသလို အေစီမီလန်တို့အတွက်တော့ ဒီနေ့ထက် ဆိုးတဲ့နေ့ ရှိပါ့ဦးမလားလို့ ထင်ချင်စရာလည်းဖြစ်ခဲ့ရတာပါ။

အေစီမီလန်တို့ဘက်က ပွဲအဖြေကို ပြောင်းလဲနိုင်ဖို့ ဆာလာမေကာစ်၊ ခရူးနစ်ချ်နဲ့ ရီဘစ်ချ်တို့အစား ဂျူနီယာ မက်ဆီယာ့စ်၊ ပိုဘီဂါနဲ့ အိုရီဂီတို့ကို ထည့်သွင်းလာခဲ့ပြီး ဆာဆူအိုလိုတို့ဘက်ကတော့ ဒီဖရယ်လ်၊ လော်ရီယန်တေးနဲ့ ဖရက်တေဆီတို့အစား မက်သီယူးစ် ဟင်နရီကေး၊ အယ်လ်ဗာရက်ဇ်နဲ့ သော့စ်ဗက်ဒ်တို့ကို လူစားလဲပြီး ထိန်းကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ ဂိုးထပ်ရခဲ့သူတွေကတော့ ဂိုးလိုချင်နေတဲ့ မီလန်သားတွေ မဟုတ်ခဲ့ဘဲ ဆာဆူအိုလိုတို့ပဲ ပဉ္စမဂိုးကို သွင်းယူနိုင်ခဲ့ကြြပန်သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းက ခံစစ်ဇုန်မှာ ပလာတာများနေတဲ့ သီယို ဟာနန်ဒက်ဇ်ဆီက လုယူနိုင်ခဲ့တဲ့ ဘယ်ရာဒီက သူ့ရဲ့ တတိယမြောက် ဖန်တီးမှုအဖြစ် ဧရိယာထိပ်ကို ပြန်ချိုးပေးရာမှာ လူစားဝင်ကွင်းလယ်လူ ဟင်နရီကေးက ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းရယူသွားခဲ့တာပါ။

ပွဲချိန် ၈၁ မိနစ်မှာတော့ အေစီမီလန်တို့ အရှက်ပြေဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ထိုးဖောက်လာတဲ့ လီယာအို ချန်ထားပေးတာကို ဂျူနီယာ မက်ဆီယာ့စ်က ဘယ်ခြမ်းကို ပြန်ချပေးခဲ့ရာမှာ အိုရီဂီက လှပတဲ့ အဝေးကန်ချက်နဲ့ ရှေ့ရောက်နေတဲ့ ဂိုးသမား ကွန်ဆစ်ဂလီကို အငိုက်ဖမ်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဆာဆူအိုလိုတို့ဘက်က တစ်ဂိုးသွင်း၊ သုံးဂိုးဖန်တီးပြီး အကောင်းဆုံး ကစားသမားဖြစ်ခဲ့တဲ့ ဘယ်ရာဒီအစား နောက်ခံလူ ဖယ်ရာရီကို ထည့်သွင်းပြီး ခံစစ်ကို အားပြုကစားသွားခဲ့တာကြောင့် ပွဲအပြီးမှာတော့ အေစီမီလန်တို့ အိမ်ကွင်း ဆန်စီရိုမှာ အရှက်တကွဲနဲ့ ရှုံးပွဲဆက်ခဲ့ပြီး စီးရီးအေ ချန်ပီယံဆုကတော့ မာရာဒိုနာအတွက် ဖလားယူချင်နေတဲ့ နာပိုလီတို့ ကောင်းစားဖို့ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ပဲဖြစ်လာခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္ရွိ ခ်န္ပီယံ ေအစီမီလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာတာ႐ူဆာႏူး၊ ခံစစ္မွာ ဂက္ဘီယာ၊ ကာလူးလူး၊ ကာလာဘရီယာနဲ႔ သီယို ဟာနန္ဒက္ဇ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ တိုနာလီ၊ ခ႐ူးနစ္ခ်္၊ ရီဘစ္ခ်္နဲ႔ ဆာလာေမကာစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ီ႐ူးရဲ႕ ေနာက္ကေန ဒီကက္တယ္လာေရးက ၄-၄-၁-၁ ပုံစံနဲ႔ လိုက္ကစားခဲ့တာျဖစ္ပါတယ္။

တန္းဆင္းဇုန္အထက္မွာ ႐ုန္းကန္ေနရတဲ့ ဧည့္သည္ ဆာဆူအိုလိုတို႔ကေတာ့ ဂိုးသမား ကြန္ဆစ္ဂလီ၊ ခံစစ္မွာ အာလစ္ခ်္၊ ႐ူအန္ ထရက္ဆိုလ္ဒီ၊ ႐ိုဂ်ားရီးယိုးနဲ႔ မာရွီဇာတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပက္ဒ႐ို အိုဘီယန္း၊ ဖရက္ေတဆီ၊ လိုရီယန္ေတး၊ ဟာမက္ ထရာအိုေရးနဲ႔ ဘယ္ရာဒီတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒီဖရယ္လ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ရႈံးပြဲဆက္ေနတဲ့ ေအစီမီလန္တို႔ ပြဲစကတည္းက ဖိကစားဖို႔ ႀကိဳးစားခဲ့ၿပီး ပြဲခ်ိန္ ၈ မိနစ္မွာ ဘယ္ေနာက္ခံလူ သီယို ဟာနန္ဒက္ဇ္ ေပးတာကေန ဝါရင့္တိုက္စစ္မႉးႀကီး ဂ်ီ႐ူးက လွလွပပ ပိတ္သြင္းယူခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ လူကြၽံေနခဲ့လို႔ အိမ္ရွင္ေတြ ေအာင္ပြဲခံၿပီးမွ ရင္ခံခဲ့ရသလို ဧည့္သည္ေတြကေတာ့ စိတ္ဓာတ္ပိုင္းဆိုင္ရာ ျမင့္မားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာ ဆာဆူအိုလိုတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းေတာက္ေလွ်ာက္ ဆြဲေျပးလာတဲ့ ဘယ္ရာဒီက ကာလူးလူးနဲ႔ ဟာနန္ဒက္ဇ္တို႔ၾကားကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ အေဝးတိုင္ဘက္မွာ ေနရာယူထားခဲ့တဲ့ ဒီဖရယ္လ္က အမွားအယြင္းမရွိ ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ႏွစ္မိနစ္အၾကာ ပြဲခ်ိန္ ၂၁ မိနစ္မွာ ဆာဆူအိုလိုတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးနဲ႔ အိမ္ရွင္ေတြကို ထပ္မံထိုးႏွက္ႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ အေပးအယူလုပ္လာတဲ့ တြဲလုံးကေန ဘယ္ရာဒီက ဧရိယာထဲကို ထိုးေပးတာကို ဖရက္ေတဆီက ေအစီမီလန္ေနာက္ခံလူေတြ ပိတ္ဆို႔ထားတဲ့ၾကားက ညာျခမ္းကို ဆြဲထြက္ၿပီး ေထာင့္က်ဥ္းထဲကို ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား တာတာ႐ူဆာႏူး ကာကြယ္ပုံ ညံ့ဖ်င္းခဲ့လို႔ ဂိုးထပ္ေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ေအစီမီလန္တို႔အတြက္ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္ႏိုင္ေစမယ့္ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆာလာေမကာစ္က ညာျခမ္းကို ထုတ္ေပးတဲ့ ေဘာလုံးကို ကာလာဘရီယာက ဂိုးေရွ႕ကို အျမင့္ေဘာ ျဖတ္တင္ေပးခဲ့ရာမွာ ဒီတစ္ေပါက္နဲ႔ပဲ လုပ္စားေနက် ဂ်ီ႐ူးက အျမင့္ဆုံးခုန္ၿပီး အေဝးတိုင္ဘက္ကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ဆာဆူအိုလိုခံစစ္နဲ႔ ဂိုးသမား အငိုက္မိခဲ့ရတာပါ။

အိမ္ရွင္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကိုေတာ့ ဆာဆူအိုလိုတို႔က ပြဲခ်ိန္ မိနစ္ ၃၀ မွာ ႐ိုက္ခ်ိဳးခဲ့ျပန္ၿပီး တတိယဂိုး သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဟာမက္ ထရာအိုေရးရဲ႕ ညာေထာင့္ကန္ေဘာကေန ပထမ ႏွစ္ဂိုးစလုံးကို ဖန္တီးေပးထားတဲ့ ဘယ္ရာဒီက သူ႔အတြက္ ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးမွာ ေအစီမီလန္ခံစစ္က စုဖြဲ႕ကာကြယ္ပုံ ညံ့ဖ်င္းလြန္းတာေၾကာင့္ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းမွာ‌ေတာ့ ဆာဆူအိုလိုတို႔က ေအစီမီလန္တို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ အိမ္ရွင္ေတြဘက္က လူေပ်ာက္တိုင္ရမလိုျဖစ္ေနတဲ့ ဒီကက္တယ္လာေရးအစား ရာေဖးလ္ လီယာအိုကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို ဧည့္သည္ေတြဘက္ကေတာ့ မာရွီဇာအစား ကီရီယာကိုပူးေလာ့စ္ကို ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ဆာဆူအိုလိုတို႔ပဲ စတုတၳ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေတာင္ပံကေန တစ္ဟုန္ထိုးေျပးၿပီး ဧရိယာထဲမွာ ေဘာလုံးရယူဖို႔ ႀကိဳးစားတဲ့ ေလာ္ရီယန္ေတးကို အျမန္ႏႈန္းအရ မထိန္းႏိုင္ခ်ိန္မွာ ေနာက္က တြန္းလွဲခဲ့တဲ့ ကာလာဘရီယာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ေလာ္ရီယန္ေတးက ဘယ္ဘက္တိုင္ေျခကို ကိုယ္တိုင္ပဲ အျပင္းကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာ တိုနာလီရဲ႕ ဖရီးကစ္ကေန ဆာဆူအိုလို ဧရိယာထဲ က်လာတာကို ဘယ္ေတာင္ပံက ေျပးဝင္လာတဲ့ ရီဘစ္ခ်္က Volley ကန္ခ်က္နဲ႔ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ VAR ျပန္ၾကည့္အၿပီးမွာ လူကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရသလို ေအစီမီလန္တို႔အတြက္ေတာ့ ဒီေန႔ထက္ ဆိုးတဲ့ေန႔ ရွိပါ့ဦးမလားလို႔ ထင္ခ်င္စရာလည္းျဖစ္ခဲ့ရတာပါ။

ေအစီမီလန္တို႔ဘက္က ပြဲအေျဖကို ေျပာင္းလဲႏိုင္ဖို႔ ဆာလာေမကာစ္၊ ခ႐ူးနစ္ခ်္နဲ႔ ရီဘစ္ခ်္တို႔အစား ဂ်ဴနီယာ မက္ဆီယာ့စ္၊ ပိုဘီဂါနဲ႔ အိုရီဂီတို႔ကို ထည့္သြင္းလာခဲ့ၿပီး ဆာဆူအိုလိုတို႔ဘက္ကေတာ့ ဒီဖရယ္လ္၊ ေလာ္ရီယန္ေတးနဲ႔ ဖရက္ေတဆီတို႔အစား မက္သီယူးစ္ ဟင္နရီေကး၊ အယ္လ္ဗာရက္ဇ္နဲ႔ ေသာ့စ္ဗက္ဒ္တို႔ကို လူစားလဲၿပီး ထိန္းကစားဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာ ဂိုးထပ္ရခဲ့သူေတြကေတာ့ ဂိုးလိုခ်င္ေနတဲ့ မီလန္သားေတြ မဟုတ္ခဲ့ဘဲ ဆာဆူအိုလိုတို႔ပဲ ပၪၥမဂိုးကို သြင္းယူႏိုင္ခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ခံစစ္ဇုန္မွာ ပလာတာမ်ားေနတဲ့ သီယို ဟာနန္ဒက္ဇ္ဆီက လုယူႏိုင္ခဲ့တဲ့ ဘယ္ရာဒီက သူ႔ရဲ႕ တတိယေျမာက္ ဖန္တီးမႈအျဖစ္ ဧရိယာထိပ္ကို ျပန္ခ်ိဳးေပးရာမွာ လူစားဝင္ကြင္းလယ္လူ ဟင္နရီေကးက ညာဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းရယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ေအစီမီလန္တို႔ အရွက္ေျပဂိုးတစ္ဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ထိုးေဖာက္လာတဲ့ လီယာအို ခ်န္ထားေပးတာကို ဂ်ဴနီယာ မက္ဆီယာ့စ္က ဘယ္ျခမ္းကို ျပန္ခ်ေပးခဲ့ရာမွာ အိုရီဂီက လွပတဲ့ အေဝးကန္ခ်က္နဲ႔ ေရွ႕ေရာက္ေနတဲ့ ဂိုးသမား ကြန္ဆစ္ဂလီကို အငိုက္ဖမ္းကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ဆာဆူအိုလိုတို႔ဘက္က တစ္ဂိုးသြင္း၊ သုံးဂိုးဖန္တီးၿပီး အေကာင္းဆုံး ကစားသမားျဖစ္ခဲ့တဲ့ ဘယ္ရာဒီအစား ေနာက္ခံလူ ဖယ္ရာရီကို ထည့္သြင္းၿပီး ခံစစ္ကို အားျပဳကစားသြားခဲ့တာေၾကာင့္ ပြဲအၿပီးမွာေတာ့ ေအစီမီလန္တို႔ အိမ္ကြင္း ဆန္စီ႐ိုမွာ အရွက္တကြဲနဲ႔ ရႈံးပြဲဆက္ခဲ့ၿပီး စီးရီးေအ ခ်န္ပီယံဆုကေတာ့ မာရာဒိုနာအတြက္ ဖလားယူခ်င္ေနတဲ့ နာပိုလီတို႔ ေကာင္းစားဖို႔ နတ္တို႔ဖန္ ေရကန္အသင့္ ၾကာအသင့္ပဲျဖစ္လာခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.