Premier League Transfer News

ေနာက္ဆုံးရ ပရီးမီးယားလိဂ္အေျပာင္းအေရႊ႕သတင္းမ်ား စုစည္းမွဳ – ၂၃.၉.၂၀၂၀

– လိဒ္စ္ယူႏုိက္တက္အသင္းကေတာ့ ပရီးမီးယားလိဂ္ကို တက္ေရာက္လာအၿပီးမွာ အားျဖည့္မွဳေတြ ျပဳလုပ္ေနၿပီး ဒီေန႔မွာ ရီးရဲလ္ ဆုိစီဒက္ရဲ႕ ဒီေယဂို ေယာ္ရန္ေတးကို ယူ႐ို ၂၅ သန္းနဲ႔ ေခၚယူခဲ့။

– ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ကြင္းလယ္အဖ်က္နဲ႔ ခံစစ္ကစားသမား ဟာဗီ မာတီနက္ဇ္ဟာ အသင္းကေန ထြက္ခြာခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ အသင္းတခ်ဳိ႕အေနနဲ႔ စိတ္ဝင္စားမွဳျပသထား။

– အက္စ္တန္ဗီလာအသင္းအတြက္ စီနီယာတုိက္စစ္မွဴးေတြ တစ္ေယာက္မွ မရွိခ်ိန္မွာ ကစားေပးထားတဲ့ လူငယ္ကစားသမား ကီနန္ ေဒးဗစ္ကို ေလးႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆုိသြားခဲ့။

– အဲဗာတန္အသင္းရဲ႕ လက္ပတ္ကို မၾကာခဏ ဝတ္ဆင္ခြင့္ရေနတဲ့ အကယ္ဒမီထြက္ကစားသမား တြမ္ ေဒးဗီးစ္ရဲ႕ ေနရာေပ်ာက္ဆုံးလာႏိုင္မွဳကို ပစ္မွတ္ထားေနတဲ့ ေဆာက္သမ္တန္အသင္းက အငွားနဲ႔ စတင္ေခၚယူၿပီး ရာသီကုန္မွာ စာခ်ဳပ္ဖို႔ ခ်ိတ္ဆက္ေန။

– စီးရီးေအကလပ္ ဆာဆူအိုလိုအသင္းရဲ႕ ဘရာဇီးလ္သား ညာေနာက္ခံလူ မာလြန္ ဆန္တုိ႔စ္ကို ေခၚယူဖို႔ ဖူလ္ဟမ္အသင္းက ယူ႐ို ၁၅ သန္းနဲ႔ သေဘာတူညီမွဳရခဲ့ၿပီး ေျပာင္းေရႊ႕ေၾကးကိုေတာ့ ဘာစီလိုနာအသင္းက ခြဲေဝရရွိသြားဖို႔ရွိေန။

– ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းရဲ႕ ကြင္းလယ္လူ ဒယ္လီ အယ္လီကို ရီးရဲလ္မက္ဒရစ္အသင္းက စိတ္မဝင္စားတဲ့အတြက္ အေျပာင္းအေရႊ႕မျဖစ္ႏုိင္ေတာ့ဘဲ အစားထိုးမယ့္ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ လင္ဂတ္ကိစၥလည္း ရပ္တန္႔သြား။

– ေတာင္ပံကစားသမား ဆန္ဂ်စ္ အန္ဒါကို ရာသီကုန္မွာ အၿပီးသတ္ေခၚယူခြင့္နဲ႔ ႐ိုးမားဆီက အငွားေခၚယူအၿပီးမွာ ခံစစ္ပုိင္းအတြက္ အာဆင္နယ္က ဆာလီဘာနဲ႔ အတြဲညီခဲ့ဖူးတဲ့ စိန္႔အက္တီယန္ေနာက္ခံလူ ဝက္စ္လီ ဖိုဖာနာကို ေခၚယူဖို႔ လက္စတာစီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လိဒ်စ်ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ်ကို တက်ရောက်လာအပြီးမှာ အားဖြည့်မှုတွေ ပြုလုပ်နေပြီး ဒီနေ့မှာ ရီးရဲလ် ဆိုစီဒက်ရဲ့ ဒီယေဂို ယော်ရန်တေးကို ယူရို ၂၅ သန်းနဲ့ ခေါ်ယူခဲ့။

– ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်အဖျက်နဲ့ ခံစစ်ကစားသမား ဟာဗီ မာတီနက်ဇ်ဟာ အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ် အသင်းတချို့အနေနဲ့ စိတ်ဝင်စားမှုပြသထား။

– အက်စ်တန်ဗီလာအသင်းအတွက် စီနီယာတိုက်စစ်မှူးတွေ တစ်ယောက်မှ မရှိချိန်မှာ ကစားပေးထားတဲ့ လူငယ်ကစားသမား ကီနန် ဒေးဗစ်ကို လေးနှစ်စာချုပ်သစ် ချုပ်ဆိုသွားခဲ့။

– အဲဗာတန်အသင်းရဲ့ လက်ပတ်ကို မကြာခဏ ဝတ်ဆင်ခွင့်ရနေတဲ့ အကယ်ဒမီထွက်ကစားသမား တွမ် ဒေးဗီးစ်ရဲ့ နေရာပျောက်ဆုံးလာနိုင်မှုကို ပစ်မှတ်ထားနေတဲ့ ဆောက်သမ်တန်အသင်းက အငှားနဲ့ စတင်ခေါ်ယူပြီး ရာသီကုန်မှာ စာချုပ်ဖို့ ချိတ်ဆက်နေ။

– စီးရီးအေကလပ် ဆာဆူအိုလိုအသင်းရဲ့ ဘရာဇီးလ်သား ညာနောက်ခံလူ မာလွန် ဆန်တို့စ်ကို ခေါ်ယူဖို့ ဖူလ်ဟမ်အသင်းက ယူရို ၁၅ သန်းနဲ့ သဘောတူညီမှုရခဲ့ပြီး ပြောင်းရွှေ့ကြေးကိုတော့ ဘာစီလိုနာအသင်းက ခွဲဝေရရှိသွားဖို့ရှိနေ။

– တော့တင်ဟမ် ဟော့စပါးစ်အသင်းရဲ့ ကွင်းလယ်လူ ဒယ်လီ အယ်လီကို ရီးရဲလ်မက်ဒရစ်အသင်းက စိတ်မဝင်စားတဲ့အတွက် အပြောင်းအရွှေ့မဖြစ်နိုင်တော့ဘဲ အစားထိုးမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ လင်ဂတ်ကိစ္စလည်း ရပ်တန့်သွား။

– တောင်ပံကစားသမား ဆန်ဂျစ် အန်ဒါကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်နဲ့ ရိုးမားဆီက အငှားခေါ်ယူအပြီးမှာ ခံစစ်ပိုင်းအတွက် အာဆင်နယ်က ဆာလီဘာနဲ့ အတွဲညီခဲ့ဖူးတဲ့ စိန့်အက်တီယန်နောက်ခံလူ ဝက်စ်လီ ဖိုဖာနာကို ခေါ်ယူဖို့ လက်စတာစီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.