Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၂.၉.၂၀၂၀

– ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီအတြက္ သေဘာတူညီမွဳရရွိၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး စပိန္ကလပ္အေနနဲ႔ မန္ခ်က္စတာ စီးတီးအသင္းရဲ႕ ယူ႐ိုသန္း ၇၀ တန္ Package ကို သေဘာတူညီလုိက္ၿပီျဖစ္ၿပီး ကနဦး ယူ႐ို ၄၅ သန္း ေပးေခ်သြားမယ္လို႔ ခန္႔မွန္းေနၾက။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူဝယ္ယူစုေဆာင္းမွဳ ေပၚလစီက ပိုမိုၿပီး ပါးနပ္လာခဲ့တဲ့လို႔ ေစာင့္ၾကည့္သူေတြက ေထာက္ျပခဲ့ၾကၿပီး ေဂ်ာ္ဂ်င္ညဳိကို မရခ်ိန္မွာ ႐ိုဒရီကို ေခၚယူထားခဲ့သလို ကူလီေဘလီနဲ႔ အဆင္မေျပခ်ိန္မွာလည္း ေဈးတူၿပီး ပုိမိုငယ္ရြယ္တဲ့ ဆီဗီလာရဲ႕ ကြန္ဒီကို ေခၚယူဖို႔ လုပ္ေဆာင္ေနမွဳကို ေထာက္ျပ။

– ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားက လီဗာပူးလ္ရဲ႕လက္ထဲက ဖလားကို ျပန္လည္ရယူဖို႔ဆုိရင္ ရာသီအစပြဲစဥ္ေတြကို ျမန္ျမန္ဆန္ဆန္နဲ႔ ပြဲတုိင္းအႏုိင္ယူၿပီး အမီလုိက္ႏုိင္ဖို႔ လုပ္ေဆာင္သြားရမွာျဖစ္ၿပီး အထေႏွးေနလုိ႔ မရဘူးလို႔ သတိေပး။

– မန္ခ်က္စတာစီးတီးရဲ႕ ဒဏ္ရာ၊ ဖ်ားနာကစားသမားေတြအေနနဲ႔ ျပန္ကစားႏုိင္မယ့္ ရက္ေတြကေတာ့ လာေပါ့တ္၊ အဲရစ္ ဂါစီယာ (စက္တင္ဘာ ၂၇)၊ ဂြန္ဒိုးဝမ္ (ေအာက္တုိဘာ ၃)၊ ဂ်ာအုိ ကန္ဆယ္လို၊ ဇင္ခ်န္ကို၊ ဘာနာဒို ေဆးလ္ဗား (ေအာက္တုိဘာ ၁၇)နဲ႔ အေဂြ႐ို ကေတာ့ ႏိုဝင္ဘာလဆန္းေလာက္လို႔ သိရ။

– မန္ခ်က္စတာစီးတီးဘက္က ယူ႐ိုသန္း ၃၀ သတ္မွတ္ထားတဲ့ ေနာက္ခံလူ အဲရစ္ ဂါစီယာကို ေခၚယူဖို႔ ဘာစီလိုနာအသင္းရဲ႕ ဘဏၰာေရး အေျခအေနေတြအရ မတတ္ႏုိင္ဘဲ အသင္းေဟာင္းကို ျပန္ခ်င္တဲ့ လာမာစီယာထြက္ကို အလြတ္နဲ႔ ရမယ့္အခ်ိန္ကိုပဲ ေစာင့္ဆုိင္း ေခၚယူရဖြယ္ရွိေန။

– မန္စီးတီးအသင္းနဲ႔ ဝုလ္ဗ္စ္နဲ႔ အေဝးကြင္းပြဲစဥ္မွာ စတင္ပြဲထြက္ခဲ့တဲ့ ေနာက္ခံလူ နာသန္ ေအကီရဲ႕ ေကာင္းမြန္ၿပီး အသိဉာဏ္ျမင့္မားတဲ့ ကစားပုံကို ပရိသတ္ေတြ သေဘာက်ေနၾကၿပီး ဘင္ဂ်မန္ မန္ဒီေၾကာင့္ပဲ သူ႕အေနနဲ႔ စိတ္ပ်က္ခဲ့ရလိမ့္မယ္လုိ႔ သုံးသပ္ေနၾက။

– ဝုလ္ဗ္စ္နဲ႔ ပြဲမွာ မန္စီးတီးအသင္းရဲ႕ အရန္ခုံမွာ ပါဝင္လာခဲ့တဲ့ လူငယ္တုိက္စစ္မွဴး လီယမ္ ဒီလက္ပ္ဟာ လ်င္ျမန္ၿပီး ဂိုးသြင္းႏုိင္တဲ့ တုိက္စစ္သမားတစ္ဦးျဖစ္ေပမယ့္ လက္ပစ္ေဘာေတြနဲ႔ ေက်ာ္ၾကားခဲ့တဲ့ သူ႕ဖခင္ ႐ိုရီရဲ႕ အေမြကိုေတာ့ မရရွိခဲ့ဘူးလို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဆီဗီလာနောက်ခံလူ ဂျူးလ် ကွန်ဒီအတွက် သဘောတူညီမှုရရှိပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး စပိန်ကလပ်အနေနဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ယူရိုသန်း ၇၀ တန် Package ကို သဘောတူညီလိုက်ပြီဖြစ်ပြီး ကနဦး ယူရို ၄၅ သန်း ပေးချေသွားမယ်လို့ ခန့်မှန်းနေကြ။

– မန်ချက်စတာစီးတီးအသင်းရဲ့ လူဝယ်ယူစုဆောင်းမှု ပေါ်လစီက ပိုမိုပြီး ပါးနပ်လာခဲ့တဲ့လို့ စောင့်ကြည့်သူတွေက ထောက်ပြခဲ့ကြပြီး ဂျော်ဂျင်ညိုကို မရချိန်မှာ ရိုဒရီကို ခေါ်ယူထားခဲ့သလို ကူလီဘေလီနဲ့ အဆင်မပြေချိန်မှာလည်း ဈေးတူပြီး ပိုမိုငယ်ရွယ်တဲ့ ဆီဗီလာရဲ့ ကွန်ဒီကို ခေါ်ယူဖို့ လုပ်ဆောင်နေမှုကို ထောက်ပြ။

– ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက လီဗာပူးလ်ရဲ့လက်ထဲက ဖလားကို ပြန်လည်ရယူဖို့ဆိုရင် ရာသီအစပွဲစဉ်တွေကို မြန်မြန်ဆန်ဆန်နဲ့ ပွဲတိုင်းအနိုင်ယူပြီး အမီလိုက်နိုင်ဖို့ လုပ်ဆောင်သွားရမှာဖြစ်ပြီး အထနှေးနေလို့ မရဘူးလို့ သတိပေး။

– မန်ချက်စတာစီးတီးရဲ့ ဒဏ်ရာ၊ ဖျားနာကစားသမားတွေအနေနဲ့ ပြန်ကစားနိုင်မယ့် ရက်တွေကတော့ လာပေါ့တ်၊ အဲရစ် ဂါစီယာ (စက်တင်ဘာ ၂၇)၊ ဂွန်ဒိုးဝမ် (အောက်တိုဘာ ၃)၊ ဂျာအို ကန်ဆယ်လို၊ ဇင်ချန်ကို၊ ဘာနာဒို ဆေးလ်ဗား (အောက်တိုဘာ ၁၇)နဲ့ အဂွေရို ကတော့ နိုဝင်ဘာလဆန်းလောက်လို့ သိရ။

– မန်ချက်စတာစီးတီးဘက်က ယူရိုသန်း ၃၀ သတ်မှတ်ထားတဲ့ နောက်ခံလူ အဲရစ် ဂါစီယာကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဏာရေး အခြေအနေတွေအရ မတတ်နိုင်ဘဲ အသင်းဟောင်းကို ပြန်ချင်တဲ့ လာမာစီယာထွက်ကို အလွတ်နဲ့ ရမယ့်အချိန်ကိုပဲ စောင့်ဆိုင်း ခေါ်ယူရဖွယ်ရှိနေ။

– မန်စီးတီးအသင်းနဲ့ ဝုလ်ဗ်စ်နဲ့ အဝေးကွင်းပွဲစဉ်မှာ စတင်ပွဲထွက်ခဲ့တဲ့ နောက်ခံလူ နာသန် အေကီရဲ့ ကောင်းမွန်ပြီး အသိဉာဏ်မြင့်မားတဲ့ ကစားပုံကို ပရိသတ်တွေ သဘောကျနေကြပြီး ဘင်ဂျမန် မန်ဒီကြောင့်ပဲ သူ့အနေနဲ့ စိတ်ပျက်ခဲ့ရလိမ့်မယ်လို့ သုံးသပ်နေကြ။

– ဝုလ်ဗ်စ်နဲ့ ပွဲမှာ မန်စီးတီးအသင်းရဲ့ အရန်ခုံမှာ ပါဝင်လာခဲ့တဲ့ လူငယ်တိုက်စစ်မှူး လီယမ် ဒီလက်ပ်ဟာ လျင်မြန်ပြီး ဂိုးသွင်းနိုင်တဲ့ တိုက်စစ်သမားတစ်ဦးဖြစ်ပေမယ့် လက်ပစ်ဘောတွေနဲ့ ကျော်ကြားခဲ့တဲ့ သူ့ဖခင် ရိုရီရဲ့ အမွေကိုတော့ မရရှိခဲ့ဘူးလို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.