Match Report Premier League

လူတန္ကြင္းမွာ ပြဲၿပီးခါနီး ဂိုးႏွစ္ဂိုးနဲ႔ အႏုိင္ျပတ္သားခဲ့တဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္ဟာ ဒီေန႔မွာေတာ့ အေဝးကြင္းမွာ လူတန္နဲ႔ ရင္ဆုိင္ခဲ့တဲ့ပြဲကို အရန္ကစားသမား ထက္ဝက္ေလာက္ကို အသုံးျပဳၿပီး ရင္ဆိုင္ကစားလာခဲ့သလို ပထမပုိင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ရလဒ္ထြက္ေပၚခဲ့ေပမယ့္ လူစားဝင္လာတဲ့ အဓိက ကစားသမားေတြရဲ႕ သြင္းဂိုးေတြနဲ႔ အႏုိင္ျပတ္သားႏုိင္ခဲ့ပါတယ္။

အရန္ကစားသမားေတြထဲက ဂိုးသမား ဟန္ဒါဆန္၊ ေနာက္ခံလူ ဘုိင္လီနဲ႔ ဝီလီယမ္စ္၊ ကြင္းလယ္မွာ ဖရက္ဒ္၊ တိုက္စစ္မွာ မာတာ၊ လင္ဂတ္နဲ႔ အီဂါလုိတုိ႔ကို အသုံးျပဳလာခဲ့ေပမယ့္ လိဂ္အဆင့္အတန္းခ်င္း ကြာဟမွဳက စကားေျပာခဲ့ၿပီး အသာစီးရယူႏိုင္ခဲ့ပါတယ္။

ဂိုးကန္သြင္းခြင့္ ၁၉ ႀကိမ္မွာ ၁၂ ႀကိမ္ ဂိုးေပါက္တည့္ခဲ့သလို ေဘာလုံးပုိင္ဆုိင္မွဳ ၅၈ ရာခိုင္ႏွဳန္းကို မန္ခ်က္စတာသားေတြ ရရွိခဲ့တဲ့ ဒီပြဲမွာ မာတာ အဓိက ေျခစြမ္းျပခဲ့ေပမယ့္ အရန္ကစားသမားေတြနဲ႔ ဗန္ဒဘိခ္က အခ်ိတ္အဆက္ သိပ္မမိခဲ့သလို တုိက္စစ္မွဴး အီဂါလိုကေတာ့ ေခၚမိတာ မွားၿပီလို႔ ေျပာရမလိုျဖစ္ေနခဲ့ပါတယ္။

ယူႏုိက္တက္တုိ႔ ေတာက္ေလွ်ာက္တုိက္စစ္ဆင္ေနေပမယ့္ လူတန္ရဲ႕ ပိတ္ဆုိ႔ကာကြယ္မွဳေတြေၾကာင့္ ဂိုးမရခဲ့ဘဲ ခက္ခဲေနခဲ့ၿပီး ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ဝီလီယမ္စ္ကို တြန္းလွဲလို႔ ရရွိတဲ့ ပင္နယ္တီကေန မာတာက ကန္သြင္းၿပီး ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာလည္း အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ နာမည္သာရွိၿပီး ေျခစြမ္းမရွိတဲ့ ကစားသမားေတြေၾကာင့္ နည္းျပ ဆိုးလ္ရွားအေနနဲ႔ အႏုိင္ေသခ်ာေစဖို႔အတြက္ ၇၈ မိနစ္မွာ ဖာနန္ဒက္စ္၊ ဂရင္းဝုဒ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ သုံးဦးကို ဗန္ဒဘိခ္၊ မာတာနဲ႔ အီဂါလိုတုိ႔ေနရာမွာ လူစားလဲကစားခဲ့ၿပီး မိနစ္ ၈၀ မွာေတာ့ လူတန္တုိ႔ကေတာင္ ေခ်ပဂိုးျပန္ရဖို႔ နီးစပ္ခဲ့ၿပီး ဂိုးစည္းေပၚက ဖ်က္ထုတ္ႏုိင္ခဲ့လို႔ ယူႏုိက္တက္တုိ႔ သက္သာခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ လူငယ္တုိက္စစ္မွဴး ဂရင္းဝုဒ္ရဲ႕ ဂိုးေရွ႕မွာ ရရွိတဲ့ တန္ျပန္တုိက္စစ္က ေဘာလုံးကို ေနာက္က ေျပးတက္လာတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးခဲ့တဲ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္က ခံစစ္နဲ႔ အၿပဳိင္ဆြဲေျပးၿပီး လူတန္ဂိုးသမားနဲ႔အေတြ႕မွာ အနီးတုိင္ကို ကန္သြင္းၿပီး ဒုတိယဂိုး ရယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၉၂ မိနစ္မွာေတာ့ ညာေတာင္ပံမွာ ေဘာလုံးရသြားတဲ့ ဂရင္းဝုဒ္က တစ္ကိုယ္ေတာ္ထုိးေဖာက္ၿပီး လူတန္ေနာက္တန္းၾကားထဲကေန အနိမ့္ေဘာကန္သြင္းတာမွာ ဂိုးဝင္သြားခဲ့လုိ႔ ယူႏုိက္တက္တုိ႔ အေဝးကြင္း ကင္နီလ္ေဝါ့သ္႐ုတ္ဒ္မွာ သုံးဂိုး-ဂိုးမရွိႏိုင္ပြဲနဲ႔ ကာရာေဘာင္းဖလားရဲ႕ စတုတၳ အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီး ပရက္စ္တန္နဲ႔ ဘ႐ိုက္တန္တုိ႔ပဲြက အႏုိင္ရတဲ့အသင္းနဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံဖို႔ မ်ားေနေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့မှာတော့ အဝေးကွင်းမှာ လူတန်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲကို အရန်ကစားသမား ထက်ဝက်လောက်ကို အသုံးပြုပြီး ရင်ဆိုင်ကစားလာခဲ့သလို ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့သာ ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် လူစားဝင်လာတဲ့ အဓိက ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ပြတ်သားနိုင်ခဲ့ပါတယ်။

အရန်ကစားသမားတွေထဲက ဂိုးသမား ဟန်ဒါဆန်၊ နောက်ခံလူ ဘိုင်လီနဲ့ ဝီလီယမ်စ်၊ ကွင်းလယ်မှာ ဖရက်ဒ်၊ တိုက်စစ်မှာ မာတာ၊ လင်ဂတ်နဲ့ အီဂါလိုတို့ကို အသုံးပြုလာခဲ့ပေမယ့် လိဂ်အဆင့်အတန်းချင်း ကွာဟမှုက စကားပြောခဲ့ပြီး အသာစီးရယူနိုင်ခဲ့ပါတယ်။

ဂိုးကန်သွင်းခွင့် ၁၉ ကြိမ်မှာ ၁၂ ကြိမ် ဂိုးပေါက်တည့်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်းကို မန်ချက်စတာသားတွေ ရရှိခဲ့တဲ့ ဒီပွဲမှာ မာတာ အဓိက ခြေစွမ်းပြခဲ့ပေမယ့် အရန်ကစားသမားတွေနဲ့ ဗန်ဒဘိခ်က အချိတ်အဆက် သိပ်မမိခဲ့သလို တိုက်စစ်မှူး အီဂါလိုကတော့ ခေါ်မိတာ မှားပြီလို့ ပြောရမလိုဖြစ်နေခဲ့ပါတယ်။

ယူနိုက်တက်တို့ တောက်လျှောက်တိုက်စစ်ဆင်နေပေမယ့် လူတန်ရဲ့ ပိတ်ဆို့ကာကွယ်မှုတွေကြောင့် ဂိုးမရခဲ့ဘဲ ခက်ခဲနေခဲ့ပြီး ပွဲချိန် ၄၄ မိနစ်မှာတော့ ဝီလီယမ်စ်ကို တွန်းလှဲလို့ ရရှိတဲ့ ပင်နယ်တီကနေ မာတာက ကန်သွင်းပြီး ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် နာမည်သာရှိပြီး ခြေစွမ်းမရှိတဲ့ ကစားသမားတွေကြောင့် နည်းပြ ဆိုးလ်ရှားအနေနဲ့ အနိုင်သေချာစေဖို့အတွက် ၇၈ မိနစ်မှာ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့ သုံးဦးကို ဗန်ဒဘိခ်၊ မာတာနဲ့ အီဂါလိုတို့နေရာမှာ လူစားလဲကစားခဲ့ပြီး မိနစ် ၈၀ မှာတော့ လူတန်တို့ကတောင် ချေပဂိုးပြန်ရဖို့ နီးစပ်ခဲ့ပြီး ဂိုးစည်းပေါ်က ဖျက်ထုတ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ သက်သာခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ ဂိုးရှေ့မှာ ရရှိတဲ့ တန်ပြန်တိုက်စစ်က ဘောလုံးကို နောက်က ပြေးတက်လာတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က ခံစစ်နဲ့ အပြိုင်ဆွဲပြေးပြီး လူတန်ဂိုးသမားနဲ့အတွေ့မှာ အနီးတိုင်ကို ကန်သွင်းပြီး ဒုတိယဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၉၂ မိနစ်မှာတော့ ညာတောင်ပံမှာ ဘောလုံးရသွားတဲ့ ဂရင်းဝုဒ်က တစ်ကိုယ်တော်ထိုးဖောက်ပြီး လူတန်နောက်တန်းကြားထဲကနေ အနိမ့်ဘောကန်သွင်းတာမှာ ဂိုးဝင်သွားခဲ့လို့ ယူနိုက်တက်တို့ အဝေးကွင်း ကင်နီလ်ဝေါ့သ်ရုတ်ဒ်မှာ သုံးဂိုး-ဂိုးမရှိနိုင်ပွဲနဲ့ ကာရာဘောင်းဖလားရဲ့ စတုတ္ထ အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ပရက်စ်တန်နဲ့ ဘရိုက်တန်တို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံဖို့ များနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.