Premier League

ဘလွန်ဒေါဆုကို မရရှိခဲ့တဲ့ အကောင်းဆုံးကစားသမား ၅ ဦး

ဘလွန်ဒေါဆုဟာ ဘောလုံးလောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရပြီး ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားကို ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမားအချို့ဟာ ကစားသမားဘဝမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့ပေမယ့်လည်း ဘလွန်ဒေါဆုရဲ့ မျက်ကွယ်ပြုခြင်းကို ခံခဲ့ရပြီး ကစားသမားတိုင်း လိုချင်တဲ့ ဆုကြီးကို မပိုင်ဆိုင်ရဘဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့ရတဲ့ အကောင်းဆုံး ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ဖဲရန့် ပုရှ်ကက်ရှ်

ဖီဖာဟာ ဖဲရန့် ပုရှ်က်ရှ် ကွယ်လွန်သွားပြီးနောက်မှာ ဆုတစ်ခုကို ဂုဏ်ပြုသတ်မှတ်ပေးခဲ့ပေမယ့်လည်း ဘလွန်ဒေါဆု ရရှိသင့်တယ်လို့ ဘယ်တုန်းကမှ ထင်မြင်ခြင်းမခံခဲ့ရတာဖြစ်ပါတယ်။ ပုရှ်ကက်ရှ်ဆုကို တစ်ရာသီအတွင်း အကောင်းဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ကစားသမားကို ပေးအပ်တာဖြစ်ပြီး ပုရှ်ကက်ရှ်ဟာ ၁၉၆၀ ဘလွန်ဒေါဆုပြိုင်ပွဲမှာ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင်ဖြစ်ပါတယ်။ ပုရှ်ကက်ရှ်ရဲ့ ပါရမီနဲ့ အရည်အချင်းတွေဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ဖြစ်ပေမယ့်လည်း ထိပ်ဆုံး ၃ နေရာထဲကို တစ်ကြိမ်သာ ဝင်ခဲ့ပြီး အဲဒီလိုဖြစ်ခဲ့ရတာဟာ ၎င်းရဲ့ မက်ဒရစ်အသင်းဖော် ဒီစတီဖာနိုက လူအာရုံအစိုက်ခံရဆုံးဖြစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ပုရှ်ကက်ရှ်ဟာ ဟန်ဂေရီနဲ့ စပိန်တို့မှာ ပွဲပေါင်း ၅၃၀ ကစားပေးခဲ့ရာမှာ ၅၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၁၉၅၂ မှာ အိုလံပစ်ရွှေတံဆိပ်ရခဲ့တဲ့ ဟန်ဂေရီအသင်းအတွက် အဓိကကျတဲ့ ကစားသမားလည်း ဖြစ်ခဲ့သူဖြစ်ပါတယ်။

၄။ ကန်နီ ဒဲလ်ဂလစ်ရှ်

လီဗာပူးလ်ဂန္တဝင် ဒဲလ်ဂလစ်ရှ်ဟာ ၁၉၈၃ ခုနှစ် ဘလွန်ဒေါဆုပေးပွဲမှာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာက ဘလွန်ဒေါဆုနဲ့ အနီးစပ်ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်ကာလတွေတုန်းက အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးခဲ့တဲ့ လီဗာပူးလ်အသင်းမှာ ဒဲလ်ဂလစ်ရှ်က အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ FWA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေကို ရရှိခဲ့ပါတယ်။ ဒဲလ်ဂလစ်ရှ်ဟ ၁၉၈၅ ခုနှစ်မှ လီဗာပူးလ်ရဲ့ ကစားသမား-နည်းပြဖြစ်လာခဲ့ပြီး မာဆေးဆိုဒ်အသင်းကို အင်္ဂလိပ်အမှတ်ပေးဖလား ၃ ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းကို ဥရောပဖလား ၃ ကြိမ် ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့ပြီး စကော့တလန်ပထမတန်းအမှတ်ပေးဖလားကိုလည်း ၄ ကြိမ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။

၃။ အင်နီယေစတာ

အင်နီယေစတာဟာ တသက်တာအကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး စပိန်ဂန္တဝင်ဟာ ဘောလုံးကွင်းထဲမှာ ကဗျာဆန်ဆန်ရွေ့လျားမှုနဲ့အတူ ခံစစ်ကစားသမားတွေကို အလွန်သိမ်မွေ့တဲ့ လှည့်ထွက်မှုတွေနဲ့ အရူးလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အင်နီယေစတာဟာ ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ အလွန်တောက်ပတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတကာဘောလုံးလောကမှာ လွှမ်းမိုးနိုင်ခဲ့တဲ့ စပိန်အသင်းရဲ့ အကောင်းဆုံးကစားသမားဆိုတာ ငြင်းလို့မရနိုင်တာဖြစ်ပါတယ်။ အင်နီယေစတာဟာ စပိန်အသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားရရှိအောင် နယ်သာလန်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ အချိန်ပိုအသည်းခွဲဂိုးကို သွင်းယူပေးခဲ့ပြီး ယူရို ၂၀၀၈ နဲ့ ၂၀၁၂ တို့မှာ အောင်ပွဲရရှိအောင်လည်း စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အင်နီယေစတာဟာ ၂၀၁၀ ခုနှစ်မှာ ဘလွန်ဒေါဆုကို ရရှိဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းဖော် လီယွန်နယ် မက်ဆီကြောင့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

၂။ မာလ်ဒီးနီ

မာလ်ဒီးနီဟာ ခေတ်သစ်ဘောလုံးလောကမှာ မြင်တွေ့ခဲ့ဖူးသမျှထဲမှာ ပြီးပြည့်စုံတဲ့ နောက်ခံကစားသမားဖြစ်ပြီး အေစီမီလန်ဂန္တဝင်ဟာ ကလပ်အသင်းတစ်သင်းတည်းအတွက် ၂၅ ရာသီအထိ ကစားပေးခဲ့တဲ့ သစ္စာတော်ခံကစားသမားဖြစ်ပါတယ်။ အီတလီဂန္တဝင်နောက်ခံကစားသမားဟာ အေစီမီလန်အသင်းနဲ့အတူ ဆုဖလားပေါင်း ၂၅ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၅ ကြိမ်နဲ့ စီးရီးအေဖလား ၇ ကြိမ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။ မာလ်ဒီးနီဟာ ဖရန်ကို ဘာရေဆီနဲ့ တသက်တာအကောင်းဆုံးခံစစ်အတွဲတွေထဲက တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ၁၉၉၂-၁၉၉၃ စီးရီးအေရာသီမှာ ၂၁ ဂိုးသာ ဂိုးခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ အီတလီနောက်ခံလူဟာ ၎င်းရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ ခြေစွမ်းတည်ငြိမ်မှုကြောင့် အသက် ၃၉ နှစ်အရွယ်မှာ ယူအီးအက်ဖ်အေဆုပေးပွဲမှာ အကောင်းဆုံးနောက်ခံကစားသမားဆုကို ရရှိခဲ့ပြီး ကမ္ဘာတလွှားက လူငယ်ကြယ်ပွင့်တွေအတွက် စံနမူနာယူစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ မာလ်ဒီးနီဟာ အကောင်းဆုံးနောက်ခံကစားသမားဖြစ်ပေမယ့်လည်း ဘလွန်ဒေါဆုကို ဘယ်တုန်းကမှ မကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ် ဘလွန်ဒေါဆုပေးပွဲမှာ တတိယရရှိခဲ့တာက အနီးစပ်ဆုံးဖြစ်ခဲ့ပါတယ်။

၁။ သီယာရီ အွန်နရီ

သီယာရီ အွန်နရီဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးဆိုတာ ငြင်းချက်ထုတ်စရာမရှိဘဲ ပြင်သစ်ဂန္တဝင်ဟာ ဘောလုံးကို ခြေထောက်ထဲမှာထားပြီး ပြိုင်ဘက်ခံစစ်ကစားသမားတွေကို ဖရိုဖရဲ ဖြစ်စေခဲ့သူ ဖြစ်ပါတယ်။ အွန်နရီဟာ ပရီးမီယားလိဂ်ဖလား ၃ ကြိမ်၊ ကမ္ဘာ့ဖလား၊ ယူရိုဖလားတို့ကို ရရှိခဲ့ပြီး တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ဖလားရရှိခဲ့တဲ့ အာဆင်နယ်ရဲ့ မရှုံးနိမ့်နိုင်သောအသင်းမှာလည်း အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ အွန်နရီဟာ ၂၀၀၃ ခုနှစ် ဘလွန်ဒေါဆုပေးပွဲမှာ အံ့အားသင့်ဖွယ် ငြင်းပယ်ခြင်းခံခဲ့ရပြီး အာဆင်နယ်ကြယ်ပွင့်ရဲ့ အဲဒီနှစ် အောင်မြင်မှုတွေဟာ မတူညီတဲ့အဆင့်အတန်းတစ်ခုအထိ ရောက်ရှိခဲ့ပေမယ့်လည်း ဂျူဗင်တပ်ကြယ်ပွင့် နက်ဗက်ကသာ ဘလွန်ဒေါဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၃ နှစ်အကြာ ၂၀၀၆ ခုနှစ် ဘလွန်ဒေါဆုပေးပွဲမှာလည်း တတိယနေရာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဘလြန္ေဒါဆုဟာ ေဘာလုံးေလာကမွာ ဂုဏ္သိကၡာအႀကီးမားဆုံး တစ္ဦးခ်င္းဆုအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရၿပီး ကမာၻေပၚက အေကာင္းဆုံးကစားသမားကို ေပးအပ္တဲ့ဆု ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကစားသမားအခ်ိဳ႕ဟာ ကစားသမားဘဝမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ျပသခဲ့ေပမယ့္လည္း ဘလြန္ေဒါဆုရဲ႕ မ်က္ကြယ္ျပဳျခင္းကို ခံခဲ့ရၿပီး ကစားသမားတိုင္း လိုခ်င္တဲ့ ဆုႀကီးကို မပိုင္ဆိုင္ရဘဲ ကစားသမားဘဝကို အဆုံးသတ္ခဲ့ရတဲ့ အေကာင္းဆုံး ကစားသမား ၅ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ဖဲရန႔္ ပုရွ္ကက္ရွ္

ဖီဖာဟာ ဖဲရန႔္ ပုရွ္က္ရွ္ ကြယ္လြန္သြားၿပီးေနာက္မွာ ဆုတစ္ခုကို ဂုဏ္ျပဳသတ္မွတ္ေပးခဲ့ေပမယ့္လည္း ဘလြန္ေဒါဆု ရရွိသင့္တယ္လို႔ ဘယ္တုန္းကမွ ထင္ျမင္ျခင္းမခံခဲ့ရတာျဖစ္ပါတယ္။ ပုရွ္ကက္ရွ္ဆုကို တစ္ရာသီအတြင္း အေကာင္းဆုံးသြင္းဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ကစားသမားကို ေပးအပ္တာျဖစ္ၿပီး ပုရွ္ကက္ရွ္ဟာ ၁၉၆၀ ဘလြန္ေဒါဆုၿပိဳင္ပြဲမွာ ဒုတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ျဖစ္ပါတယ္။ ပုရွ္ကက္ရွ္ရဲ႕ ပါရမီနဲ႔ အရည္အခ်င္းေတြဟာ ကမာၻ႔ထိပ္တန္းအဆင့္ျဖစ္ေပမယ့္လည္း ထိပ္ဆုံး ၃ ေနရာထဲကို တစ္ႀကိမ္သာ ဝင္ခဲ့ၿပီး အဲဒီလိုျဖစ္ခဲ့ရတာဟာ ၎ရဲ႕ မက္ဒရစ္အသင္းေဖာ္ ဒီစတီဖာႏိုက လူအာ႐ုံအစိုက္ခံရဆုံးျဖစ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ပုရွ္ကက္ရွ္ဟာ ဟန္ေဂရီနဲ႔ စပိန္တို႔မွာ ပြဲေပါင္း ၅၃၀ ကစားေပးခဲ့ရာမွာ ၅၁၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ၁၉၅၂ မွာ အိုလံပစ္ေ႐ႊတံဆိပ္ရခဲ့တဲ့ ဟန္ေဂရီအသင္းအတြက္ အဓိကက်တဲ့ ကစားသမားလည္း ျဖစ္ခဲ့သူျဖစ္ပါတယ္။

၄။ ကန္နီ ဒဲလ္ဂလစ္ရွ္

လီဗာပူးလ္ဂႏၲဝင္ ဒဲလ္ဂလစ္ရွ္ဟာ ၁၉၈၃ ခုႏွစ္ ဘလြန္ေဒါဆုေပးပြဲမွာ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တာက ဘလြန္ေဒါဆုနဲ႔ အနီးစပ္ဆုံးျဖစ္ခဲ့တာျဖစ္ပါတယ္။ ၁၉၈၀ ျပည့္ႏွစ္ကာလေတြတုန္းက အဂၤလိပ္ေဘာလုံးေလာကကို လႊမ္းမိုးခဲ့တဲ့ လီဗာပူးလ္အသင္းမွာ ဒဲလ္ဂလစ္ရွ္က အေရးအပါဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ၁၉၈၃ ခုႏွစ္မွာ PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုနဲ႔ FWA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုေတြကို ရရွိခဲ့ပါတယ္။ ဒဲလ္ဂလစ္ရွ္ဟ ၁၉၈၅ ခုႏွစ္မွ လီဗာပူးလ္ရဲ႕ ကစားသမား-နည္းျပျဖစ္လာခဲ့ၿပီး မာေဆးဆိုဒ္အသင္းကို အဂၤလိပ္အမွတ္ေပးဖလား ၃ ႀကိမ္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ လီဗာပူးလ္အသင္းကို ဥေရာပဖလား ၃ ႀကိမ္ ရရွိေအာင္လည္း ကူညီေပးႏိုင္ခဲ့ၿပီး စေကာ့တလန္ပထမတန္းအမွတ္ေပးဖလားကိုလည္း ၄ ႀကိမ္အထိ ရရွိခဲ့တာျဖစ္ပါတယ္။

၃။ အင္နီေယစတာ

အင္နီေယစတာဟာ တသက္တာအေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး စပိန္ဂႏၲဝင္ဟာ ေဘာလုံးကြင္းထဲမွာ ကဗ်ာဆန္ဆန္ေ႐ြ႕လ်ားမႈနဲ႔အတူ ခံစစ္ကစားသမားေတြကို အလြန္သိမ္ေမြ႕တဲ့ လွည့္ထြက္မႈေတြနဲ႔ အ႐ူးလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အင္နီေယစတာဟာ ကလပ္အသင္းအတြက္ေရာ ႏိုင္ငံအသင္းအတြက္ပါ အလြန္ေတာက္ပတဲ့ ကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ၿပီး ၂၀၀၈ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္အတြင္း ႏိုင္ငံတကာေဘာလုံးေလာကမွာ လႊမ္းမိုးႏိုင္ခဲ့တဲ့ စပိန္အသင္းရဲ႕ အေကာင္းဆုံးကစားသမားဆိုတာ ျငင္းလို႔မရႏိုင္တာျဖစ္ပါတယ္။ အင္နီေယစတာဟာ စပိန္အသင္းကို ၂၀၁၀ ကမာၻ႔ဖလားရရွိေအာင္ နယ္သာလန္နဲ႔ ကစားခဲ့တဲ့ ဗိုလ္လုပြဲမွာ အခ်ိန္ပိုအသည္းခြဲဂိုးကို သြင္းယူေပးခဲ့ၿပီး ယူ႐ို ၂၀၀၈ နဲ႔ ၂၀၁၂ တို႔မွာ ေအာင္ပြဲရရွိေအာင္လည္း စြမ္းေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။ အင္နီေယစတာဟာ ၂၀၁၀ ခုႏွစ္မွာ ဘလြန္ေဒါဆုကို ရရွိဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဘာစီလိုနာအသင္းေဖာ္ လီယြန္နယ္ မက္ဆီေၾကာင့္ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။

၂။ မာလ္ဒီးနီ

မာလ္ဒီးနီဟာ ေခတ္သစ္ေဘာလုံးေလာကမွာ ျမင္ေတြ႕ခဲ့ဖူးသမွ်ထဲမွာ ၿပီးျပည့္စုံတဲ့ ေနာက္ခံကစားသမားျဖစ္ၿပီး ေအစီမီလန္ဂႏၲဝင္ဟာ ကလပ္အသင္းတစ္သင္းတည္းအတြက္ ၂၅ ရာသီအထိ ကစားေပးခဲ့တဲ့ သစၥာေတာ္ခံကစားသမားျဖစ္ပါတယ္။ အီတလီဂႏၲဝင္ေနာက္ခံကစားသမားဟာ ေအစီမီလန္အသင္းနဲ႔အတူ ဆုဖလားေပါင္း ၂၅ လုံးအထိ ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္နဲ႔ စီးရီးေအဖလား ၇ ႀကိမ္အထိ ရရွိခဲ့တာျဖစ္ပါတယ္။ မာလ္ဒီးနီဟာ ဖရန္ကို ဘာေရဆီနဲ႔ တသက္တာအေကာင္းဆုံးခံစစ္အတြဲေတြထဲက တစ္ခုကို တည္ေဆာက္ႏိုင္ခဲ့ၿပီး ၁၉၉၂-၁၉၉၃ စီးရီးေအရာသီမွာ ၂၁ ဂိုးသာ ဂိုးခြင့္ျပဳေပးခဲ့ရတာ ျဖစ္ပါတယ္။ အီတလီေနာက္ခံလူဟာ ၎ရဲ႕ ႀကီးက်ယ္ခမ္းနားမႈနဲ႔ ေျခစြမ္းတည္ၿငိမ္မႈေၾကာင့္ အသက္ ၃၉ ႏွစ္အ႐ြယ္မွာ ယူအီးအက္ဖ္ေအဆုေပးပြဲမွာ အေကာင္းဆုံးေနာက္ခံကစားသမားဆုကို ရရွိခဲ့ၿပီး ကမာၻတလႊားက လူငယ္ၾကယ္ပြင့္ေတြအတြက္ စံနမူနာယူစရာျဖစ္ခဲ့တာျဖစ္ပါတယ္။ မာလ္ဒီးနီဟာ အေကာင္းဆုံးေနာက္ခံကစားသမားျဖစ္ေပမယ့္လည္း ဘလြန္ေဒါဆုကို ဘယ္တုန္းကမွ မကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၀၃ ခုႏွစ္ ဘလြန္ေဒါဆုေပးပြဲမွာ တတိယရရွိခဲ့တာက အနီးစပ္ဆုံးျဖစ္ခဲ့ပါတယ္။

၁။ သီယာရီ အြန္နရီ

သီယာရီ အြန္နရီဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆုံးတိုက္စစ္မႉးဆိုတာ ျငင္းခ်က္ထုတ္စရာမရွိဘဲ ျပင္သစ္ဂႏၲဝင္ဟာ ေဘာလုံးကို ေျခေထာက္ထဲမွာထားၿပီး ၿပိဳင္ဘက္ခံစစ္ကစားသမားေတြကို ဖ႐ိုဖရဲ ျဖစ္ေစခဲ့သူ ျဖစ္ပါတယ္။ အြန္နရီဟာ ပရီးမီယားလိဂ္ဖလား ၃ ႀကိမ္၊ ကမာၻ႔ဖလား၊ ယူ႐ိုဖလားတို႔ကို ရရွိခဲ့ၿပီး တစ္ရာသီလုံး ရႈံးပြဲမရွိဘဲ ဖလားရရွိခဲ့တဲ့ အာဆင္နယ္ရဲ႕ မရႈံးနိမ့္ႏိုင္ေသာအသင္းမွာလည္း အဓိကကစားသမားတစ္ဦးအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ အြန္နရီဟာ ၂၀၀၃ ခုႏွစ္ ဘလြန္ေဒါဆုေပးပြဲမွာ အံ့အားသင့္ဖြယ္ ျငင္းပယ္ျခင္းခံခဲ့ရၿပီး အာဆင္နယ္ၾကယ္ပြင့္ရဲ႕ အဲဒီႏွစ္ ေအာင္ျမင္မႈေတြဟာ မတူညီတဲ့အဆင့္အတန္းတစ္ခုအထိ ေရာက္ရွိခဲ့ေပမယ့္လည္း ဂ်ဴဗင္တပ္ၾကယ္ပြင့္ နက္ဗက္ကသာ ဘလြန္ေဒါဆုကို ရရွိသြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ၃ ႏွစ္အၾကာ ၂၀၀၆ ခုႏွစ္ ဘလြန္ေဒါဆုေပးပြဲမွာလည္း တတိယေနရာသာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.