Other Leagues

အသင်းပြောင်းတာ တစ်လမပြည့်ခင်မှာ အနာဂတ်နဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ် မှတ်ချက်ပေးတာခံခဲ့ရတဲ့ ရော်နယ်လ်ဒို

အယ်လ် နက်ဆာနည်းပြ ရူဒီ ဂါစီယာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ယခုလအစောပိုင်းကမှ ၂ နှစ်စာချုပ်နဲ့ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အရှေ့အလယ်အပိုင်းကို ပြောင်းရွှေ့မှုက ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ဥရောပအပြင်ဘက်ကို ထွက်ကစားခဲ့တာဖြစ်ပြီး အယ်လ် နက်ဆာနည်းပြ ဂါစီယာက အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ကစားသမားဘဝကို အဆုံးသတ်ဖို့ ဥရောပကို ပြန်သွားမှာဖြစ်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုက နောက်ခံလူတွေကို တကွဲတပြားစီဖြစ်အောင် အကူအညီပေးနိုင်တာကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ ဖြည့်စွက်မှုပါ။ သူက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ သူက အယ်လ် နက်ဆာမှာ ကစားသမားဘဝကို အဆုံးသတ်မှာမဟုတ်ပါဘူး။ သူ ဥရောပကို ပြန်သွားပါလိမ့်မယ်”

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ၂ နှစ်စာချုပ်ဟာ တစ်နှစ်ကို ပေါင် ၁၇၃ သန်း တန်ကြေးရှိတယ်လို့ သိရပြီး ပေါ်တူဂီတိုက်စစ်မှူးဟာ ဆော်ဒီ ပရိုလိဂ်ကလပ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ကမ္ဘာပေါ်က လစာအမြင့်မားဆုံးကစားသမားကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ဒုတိယအကြိမ် စွန့်ခွာခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ အယ်လ် နက်ဆာကို ရောက်ရှိလာချိန်မှာ ဥရောပက အလုပ်တွေ ပြီးဆုံးသွားပြီလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဥရောပက ကျွန်တော့်ရဲ့ အလုပ်က ပြီးပါပြီ။ ကျွန်တော် အရာအားလုံးကို အနိုင်ရခဲ့တယ်။ ကျွန်တော် ဥရောပမှာ အကြီးမားဆုံးကလပ်အသင်းတွေအတွက ကစားပေးခဲ့တယ်။ ကျွန်တော့်အတွက်တော့ အခုက စိန်ခေါ်မှုအသစ်ပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာအသင်းကို မပြောင်းရွှေ့ခင် ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ စပို့တင်း လစ္စဘွန်းတို့လို အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး နောက်ဆုံးမှာတော့ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ် နက်ဆာ နည်းပြ ရူဒီ ဂါစီယာရဲ့ မှတ်ချက်ဟာ ဆော်ဒီ စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ် အစ်တီဟတ်နဲ့ပွဲစဉ်မှာ ကြီးမားတဲ့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တဲ့အတွက် ပေါ်တူဂီကြယ်ပွင့်ကို ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ပြီးနောက်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အယ္လ္ နက္ဆာနည္းျပ ႐ူဒီ ဂါစီယာဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး အံ့အားသင့္ဖြယ္ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ယခုလအေစာပိုင္းကမွ ၂ ႏွစ္စာခ်ဳပ္နဲ႔ ေဆာ္ဒီ ပ႐ိုလိဂ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ အေရွ႕အလယ္အပိုင္းကို ေျပာင္းေ႐ႊ႕မႈက ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးရဲ႕ ကစားသမားဘဝမွာ ပထမဆုံးအႀကိမ္ ဥေရာပအျပင္ဘက္ကို ထြက္ကစားခဲ့တာျဖစ္ၿပီး အယ္လ္ နက္ဆာနည္းျပ ဂါစီယာက အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ကစားသမားဘဝကို အဆုံးသတ္ဖို႔ ဥေရာပကို ျပန္သြားမွာျဖစ္တယ္လို႔ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

“ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ေနာက္ခံလူေတြကို တကြဲတျပားစီျဖစ္ေအာင္ အကူအညီေပးႏိုင္တာေၾကာင့္ အေပါင္းလကၡဏာေဆာင္တဲ့ ျဖည့္စြက္မႈပါ။ သူက ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးပါ။ သူက အယ္လ္ နက္ဆာမွာ ကစားသမားဘဝကို အဆုံးသတ္မွာမဟုတ္ပါဘူး။ သူ ဥေရာပကို ျပန္သြားပါလိမ့္မယ္”

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ၂ ႏွစ္စာခ်ဳပ္ဟာ တစ္ႏွစ္ကို ေပါင္ ၁၇၃ သန္း တန္ေၾကးရွိတယ္လို႔ သိရၿပီး ေပၚတူဂီတိုက္စစ္မႉးဟာ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ကမာၻေပၚက လစာအျမင့္မားဆုံးကစားသမားကစားသမား ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ႏိုဝင္ဘာလမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းဖို႔ သေဘာတူညီခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္ကို ဒုတိယအႀကိမ္ စြန႔္ခြာခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ အယ္လ္ နက္ဆာကို ေရာက္ရွိလာခ်ိန္မွာ ဥေရာပက အလုပ္ေတြ ၿပီးဆုံးသြားၿပီလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ဥေရာပက ကြၽန္ေတာ့္ရဲ႕ အလုပ္က ၿပီးပါၿပီ။ ကြၽန္ေတာ္ အရာအားလုံးကို အႏိုင္ရခဲ့တယ္။ ကြၽန္ေတာ္ ဥေရာပမွာ အႀကီးမားဆုံးကလပ္အသင္းေတြအတြက ကစားေပးခဲ့တယ္။ ကြၽန္ေတာ့္အတြက္ေတာ့ အခုက စိန္ေခၚမႈအသစ္ပါပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အယ္လ္ နက္ဆာအသင္းကို မေျပာင္းေ႐ႊ႕ခင္ ခ်ဲလ္ဆီး၊ ဘိုင္ယန္ျမဴးနစ္၊ စပို႔တင္း လစၥဘြန္းတို႔လို အသင္းေတြနဲ႔ သတင္းေတြ ထြက္ေပၚခဲ့သူျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

အယ္လ္ နက္ဆာ နည္းျပ ႐ူဒီ ဂါစီယာရဲ႕ မွတ္ခ်က္ဟာ ေဆာ္ဒီ စူပါဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ အယ္လ္ အစ္တီဟတ္နဲ႔ပြဲစဥ္မွာ ႀကီးမားတဲ့ အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့တဲ့အတြက္ ေပၚတူဂီၾကယ္ပြင့္ကို ျပစ္တင္ေျပာဆိုမႈေတြ ျပဳလုပ္ၿပီးေနာက္မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.