Premier League

တန်ဟက်ရဲ့နောက်ဆုံးမှတ်ချက်အပြီးမှာ ဖီးလ် ဂျုံးစ်နဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့ ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အဲရစ် တန်ဟက်က နောက်ခံကစားသမားရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ရှားရှားပါးပါး နောက်ဆုံးရအခြေအနေကို ပြောကြားခဲ့ပြီးနောက် ဖီးလ် ဂျုံးစ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်မှုမြင့်တက်လာနေပါတယ်။

အသက် ၃၀ အရွယ်နောက်ခံကစားသမားဟာ ၂၀၁၉-၂၀၂၀ ရာသီကုန်ကတည်းက မန်ချက်စတာယူနိုက်တက်အတွက် ၅ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အဲဒီ ၅ ပွဲစလုံးဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်း ရန်းနစ်ခ်လက်အောက်မှာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ ရက်ဒင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဖီးလ် ဂျုံးစ်ဟာ တစ်ရာသီလုံးမှာ လေ့ကျင့်ရေးအစီအစဉ်တစ်ခုတောင် ပြည့်အောင် မဆင်းနိုင်ခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အိုင်းယက်စ်နည်းပြဟောင်းဟာ လာမယ့် ၅ လအတွင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဖီးလ် ဂျုံးစ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ပြီးပြီလားလို့ မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

“ဟင့်အင်း။ အခုအချိန်အထိတော့ မဆုံးဖြတ်ရသေးပါဘူး။ စာချုပ်ဆုံးဖြတ်ချက်က နွေရာသီအတွက်ပါ။ ဒါပေမယ့် တစ်ရာသီလုံးက သူ ဒဏ်ရာရရှိနေခဲ့ပါတယ်”လို့ တုံ့ပြန်ခဲ့ပြီး ဖီးလ် ဂျုံးစ်အနေနဲ့ ယူနိုက်တက်အတွက် နောက်ထပ်တစ်ကြိမ် ကစားပေးနိုင်ဦးမလားလို့ မေးမြန်းခဲ့ရာမှာတော့ “ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော် ပြောနိုင်တာက သူ ဒီရာသီ ပထမဆုံးလေ့ကျင့်ရေးနေ့ကတည်းက လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ပါဘူး။ အဲဒီတော့ ခင်ဗျားအတွက် လျင်လျင်မြန်မြန် ပြန်လည်ကောင်းမွန်လာဖို့နဲ့ လျင်လျင်မြန်မြန် ပြန်လည်ကစားပေးနိုင်တဲ့အခြေအနေရှိဖို့က အခွင့်အရေးမရှိတော့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖီးလ် ဂျုံးစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ဆက်တိုက် ရရှိခဲ့သူဖြစ်ပြီး အဲရစ် တန်ဟက်ရဲ့မှတ်ချက်စကားကြောင့် လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြားမှာ အငြင်းအခုံ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

“ကျွန်တော် ဖီးလ် ဂျုံးစ်အတွက် ခံစားမိတယ်။ ခု မှတ်ချက်ပေးနေတဲ့ ဘယ်သူကမှ သူ့ရဲ့ ဒဏ်ရာပြဿနာ အတိမ်အနက်ကို မသိကပေမယ့် သူက ကံမကောင်းခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီဆိုတာတော့ ရှင်းလင်းနေခဲ့ပါတယ်။ အဲဒါက သူ့ရဲ့ အပြစ်လည်း မဟုတ်ပါဘူး။ အသင်းက သူ့ရဲ့သမိုင်းကြောင်းကို သိသိနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “တစ်စုံတယောက်က ဒီလိုပြောခဲ့တာ ဝမ်းသာပါတယ်။ သူက ရိုးသားတဲ့ ကစားသမားပါ။ သူက ဒဏ်ရာတွေနဲ့ဆိုးဆိုးရွားရွားကံဆိုးခဲ့တာပါ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း ထောက်ခံခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ အဲရစ္ တန္ဟက္က ေနာက္ခံကစားသမားရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး ရွားရွားပါးပါး ေနာက္ဆုံးရအေျခအေနကို ေျပာၾကားခဲ့ၿပီးေနာက္ ဖီးလ္ ဂ်ဳံးစ္ရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္မႈျမင့္တက္လာေနပါတယ္။

အသက္ ၃၀ အ႐ြယ္ေနာက္ခံကစားသမားဟာ ၂၀၁၉-၂၀၂၀ ရာသီကုန္ကတည္းက မန္ခ်က္စတာယူႏိုက္တက္အတြက္ ၅ ပြဲသာ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး အဲဒီ ၅ ပြဲစလုံးဟာ ၿပီးခဲ့တဲ့ရာသီေႏွာင္းပိုင္း ရန္းနစ္ခ္လက္ေအာက္မွာ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာ ရက္ဒင္းအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ အက္ဖ္ေအဖလားပြဲစဥ္မတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ဖီးလ္ ဂ်ဳံးစ္ဟာ တစ္ရာသီလုံးမွာ ေလ့က်င့္ေရးအစီအစဥ္တစ္ခုေတာင္ ျပည့္ေအာင္ မဆင္းႏိုင္ခဲ့ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အိုင္းယက္စ္နည္းျပေဟာင္းဟာ လာမယ့္ ၅ လအတြင္းမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဖီးလ္ ဂ်ဳံးစ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်မွတ္ၿပီးၿပီလားလို႔ ေမးျမန္းျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

“ဟင့္အင္း။ အခုအခ်ိန္အထိေတာ့ မဆုံးျဖတ္ရေသးပါဘူး။ စာခ်ဳပ္ဆုံးျဖတ္ခ်က္က ေႏြရာသီအတြက္ပါ။ ဒါေပမယ့္ တစ္ရာသီလုံးက သူ ဒဏ္ရာရရွိေနခဲ့ပါတယ္”လို႔ တုံ႔ျပန္ခဲ့ၿပီး ဖီးလ္ ဂ်ဳံးစ္အေနနဲ႔ ယူႏိုက္တက္အတြက္ ေနာက္ထပ္တစ္ႀကိမ္ ကစားေပးႏိုင္ဦးမလားလို႔ ေမးျမန္းခဲ့ရာမွာေတာ့ “ကြၽန္ေတာ္ မေျပာႏိုင္ပါဘူး။ ကြၽန္ေတာ္ ေျပာႏိုင္တာက သူ ဒီရာသီ ပထမဆုံးေလ့က်င့္ေရးေန႔ကတည္းက ေလ့က်င့္ေရးမဆင္းႏိုင္ခဲ့ပါဘူး။ အဲဒီေတာ့ ခင္ဗ်ားအတြက္ လ်င္လ်င္ျမန္ျမန္ ျပန္လည္ေကာင္းမြန္လာဖို႔နဲ႔ လ်င္လ်င္ျမန္ျမန္ ျပန္လည္ကစားေပးႏိုင္တဲ့အေျခအေနရွိဖို႔က အခြင့္အေရးမရွိေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဖီးလ္ ဂ်ဳံးစ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ျပင္းထန္တဲ့ ဒဏ္ရာေတြ ဆက္တိုက္ ရရွိခဲ့သူျဖစ္ၿပီး အဲရစ္ တန္ဟက္ရဲ႕မွတ္ခ်က္စကားေၾကာင့္ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြၾကားမွာ အျငင္းအခုံ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဖီးလ္ ဂ်ဳံးစ္အတြက္ ခံစားမိတယ္။ ခု မွတ္ခ်က္ေပးေနတဲ့ ဘယ္သူကမွ သူ႔ရဲ႕ ဒဏ္ရာျပႆနာ အတိမ္အနက္ကို မသိကေပမယ့္ သူက ကံမေကာင္းခဲ့တာ အခ်ိန္ေတာ္ေတာ္ၾကာခဲ့ၿပီဆိုတာေတာ့ ရွင္းလင္းေနခဲ့ပါတယ္။ အဲဒါက သူ႔ရဲ႕ အျပစ္လည္း မဟုတ္ပါဘူး။ အသင္းက သူ႔ရဲ႕သမိုင္းေၾကာင္းကို သိသိနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆုံးျဖတ္ခဲ့တာပါ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “တစ္စုံတေယာက္က ဒီလိုေျပာခဲ့တာ ဝမ္းသာပါတယ္။ သူက ႐ိုးသားတဲ့ ကစားသမားပါ။ သူက ဒဏ္ရာေတြနဲ႔ဆိုးဆိုး႐ြား႐ြားကံဆိုးခဲ့တာပါ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း ေထာက္ခံခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.