Premier League

ရော်နယ်လ်ဒိုနဲ့ အတူတူတွဲကစားရင် ဘောလုံးပေးမလားဆိုတာကို အဖြေပေးခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ လက်ရှိမျိုးဆက်မှာ အကောင်းဆုံး ဘောလုံးသမား ၂ ဦးဆိုတာ သံသယဖြစ်စရာမရှိဘဲ လာလီဂါမှာတုန်းက တိုက်ရိုက်ယှဉ်ပြိုင်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး ကွင်းပြင်ပမှာ လေးစားမှုအပြည့်ရှိကြတာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဘာစီလိုနာအသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မက်ဆီကို ရော်နယ်လ်ဒိုရဲ့ ကစားဟန်နဲ့ ပေါ်တူဂီကြယ်ပွင့်ဆီကို ဘောလုံးပေးမှာလားလို့ မေးမြန်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

“သူက ဂိုးမုဆိုးပါ။ သူက ဂိုးသွင်းရတာကို နှစ်သက်တယ်။ သူ ကစားတဲ့နေ့တိုင်းမှာ သူ ဂိုးသွင်းပါလိမ့မယ်။ သူ့မှာ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့အရာတွေ အများကြီးရှိပြီး အသေးငယ်ဆုံးအခွင့်အရေးကိုတောင် သူ ဂိုးအဖြစ် ပြောင်းလဲနိုင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီကို ရော်နယ်လ်ဒိုနဲ့အတူတူ တွဲကစားရင် ဘောလုံးပေးပို့မှာလားလို့ မေးမြန်းခဲ့ရာမှာ “အင်း ဘောလုံးပေးမယ်လို့ ထင်တာပဲ။ အဆုံးမှာတော့ ပေးပို့မှာပါ”လို့ အဖြေပေးခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း အင်တာဗျူးအစောပိုင်းမှာတုန်းက လီယွန်နယ် မက်ဆီနဲ့ လေးစားမှုရှိတဲ့ဆက်ဆံရေးမျိုးရှိတဲ့အကြောင်း ပြောကြားခဲ့ပြီး ၂၀၂၀ သြဂုတ်လတုန်းက ချန်ပီယံလိဂ် မဲခွဲမှုမတိုင်ခင် “ကျွန်တော်တို့ ၁၅ နှစ်လောက် ဆုပေးပွဲစင်မြင့်ကို မျှဝေခဲ့ကြတယ်။ အရင်တုန်းက အဲဒီလို ဖြစ်ခဲ့တာမျိုးရှိလားတော့ ကျွန်တော် မသိပါဘူး။ တစ်ချိန်လုံး တူညီတဲ့စင်မြင့်ပေါ်မှာ တူညီတဲ့လူတစ်ယောက်ရှိနေတာမျိုးလေ”

“ဟုတ်တာပေ့ါ။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ ကျွန်တော်တို့ ညစာတော့ အတူတူ မစားရသေးပါဘူး။ ဒါပေမယ့် အနာဂတ်မှာ စားဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ စပိန်မှာ တိုက်ပွဲဆင်နွှဲခဲ့တယ်။ ကျွန်တော် သူ့ကို တွန်းအားပေးတယ်။ သူကလည်း ကျွန်တော့်ကို တွန်းအားပေးပါတယ်။ အဲဒီတော့ အဲဒါက ဘောလုံးသမိုင်းမှာ အစိတ်အပိုင်းတစ်ခုဖြစ်လာရတာ ကောင်းမွန်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီ၊ အာဂျင်တီးနားအသင်းတို့နဲ့အတူ မမေ့နိုင်စရာ ရာသီကို ပိုင်ဆိုင်ခဲ့ပြီး အာဂျင်တီးနားဂန္တဝင်ဟာ ကာတာမှာ ကမ္ဘာ့ဖလား ရရှိခဲ့ပြီးနောက် တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် အမွေအနှစ်တွေ အခိုင်အမာ ချန်ရစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် နက်ဆာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အသင်းသစ်အတွက် ပထမဆုံးပါဝင်ကစားပေးခဲ့တဲ့ ၂ ပွဲစလုံးမှာ ဂိုးပေါက်ရှာတွေ့ခြင်းမရှိသေးဘဲ ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ လက္ရွိမ်ိဳးဆက္မွာ အေကာင္းဆုံး ေဘာလုံးသမား ၂ ဦးဆိုတာ သံသယျဖစ္စရာမရွိဘဲ လာလီဂါမွာတုန္းက တိုက္႐ိုက္ယွဥ္ၿပိဳင္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း တစ္ဦးနဲ႔တစ္ဦး ကြင္းျပင္ပမွာ ေလးစားမႈအျပည့္ရွိၾကတာျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္တုန္းက ဂ်ဴဗင္တပ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ဘာစီလိုနာအသင္းရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ မက္ဆီကို ေရာ္နယ္လ္ဒိုရဲ႕ ကစားဟန္နဲ႔ ေပၚတူဂီၾကယ္ပြင့္ဆီကို ေဘာလုံးေပးမွာလားလို႔ ေမးျမန္းျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

“သူက ဂိုးမုဆိုးပါ။ သူက ဂိုးသြင္းရတာကို ႏွစ္သက္တယ္။ သူ ကစားတဲ့ေန႔တိုင္းမွာ သူ ဂိုးသြင္းပါလိမ့မယ္။ သူ႔မွာ တိုက္စစ္မႉးတစ္ေယာက္အေနနဲ႔ ေကာင္းမြန္တဲ့အရာေတြ အမ်ားႀကီးရွိၿပီး အေသးငယ္ဆုံးအခြင့္အေရးကိုေတာင္ သူ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီကို ေရာ္နယ္လ္ဒိုနဲ႔အတူတူ တြဲကစားရင္ ေဘာလုံးေပးပို႔မွာလားလို႔ ေမးျမန္းခဲ့ရာမွာ “အင္း ေဘာလုံးေပးမယ္လို႔ ထင္တာပဲ။ အဆုံးမွာေတာ့ ေပးပို႔မွာပါ”လို႔ အေျဖေပးခဲ့တာ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကလည္း အင္တာဗ်ဴးအေစာပိုင္းမွာတုန္းက လီယြန္နယ္ မက္ဆီနဲ႔ ေလးစားမႈရွိတဲ့ဆက္ဆံေရးမ်ိဳးရွိတဲ့အေၾကာင္း ေျပာၾကားခဲ့ၿပီး ၂၀၂၀ ၾသဂုတ္လတုန္းက ခ်န္ပီယံလိဂ္ မဲခြဲမႈမတိုင္ခင္ “ကြၽန္ေတာ္တို႔ ၁၅ ႏွစ္ေလာက္ ဆုေပးပြဲစင္ျမင့္ကို မွ်ေဝခဲ့ၾကတယ္။ အရင္တုန္းက အဲဒီလို ျဖစ္ခဲ့တာမ်ိဳးရွိလားေတာ့ ကြၽန္ေတာ္ မသိပါဘူး။ တစ္ခ်ိန္လုံး တူညီတဲ့စင္ျမင့္ေပၚမွာ တူညီတဲ့လူတစ္ေယာက္ရွိေနတာမ်ိဳးေလ”

“ဟုတ္တာေပ့ါ။ ကြၽန္ေတာ္တို႔မွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတယ္။ ကြၽန္ေတာ္တို႔ ညစာေတာ့ အတူတူ မစားရေသးပါဘူး။ ဒါေပမယ့္ အနာဂတ္မွာ စားျဖစ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ စပိန္မွာ တိုက္ပြဲဆင္ႏႊဲခဲ့တယ္။ ကြၽန္ေတာ္ သူ႔ကို တြန္းအားေပးတယ္။ သူကလည္း ကြၽန္ေတာ့္ကို တြန္းအားေပးပါတယ္။ အဲဒီေတာ့ အဲဒါက ေဘာလုံးသမိုင္းမွာ အစိတ္အပိုင္းတစ္ခုျဖစ္လာရတာ ေကာင္းမြန္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီ၊ အာဂ်င္တီးနားအသင္းတို႔နဲ႔အတူ မေမ့ႏိုင္စရာ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီး အာဂ်င္တီးနားဂႏၲဝင္ဟာ ကာတာမွာ ကမာၻ႔ဖလား ရရွိခဲ့ၿပီးေနာက္ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ အေမြအႏွစ္ေတြ အခိုင္အမာ ခ်န္ရစ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္ နက္ဆာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္းသစ္အတြက္ ပထမဆုံးပါဝင္ကစားေပးခဲ့တဲ့ ၂ ပြဲစလုံးမွာ ဂိုးေပါက္ရွာေတြ႕ျခင္းမရွိေသးဘဲ ေဝဖန္မႈေတြ ခံေနရတာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.