Premier League

မက်ဆီနဲ့ရော်နယ်လ်ဒိုတို့ကို ခေါ်ယူနိုင်မယ်လို့ တစ်သင်းလုံးယုံခဲ့ကြတယ်လို့ ဖွင့်ဟခဲ့တဲ့ စီးတီးကြယ်ပွင့်ဟောင်း

မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်း ပါဘလို ဇာဘလက်တာက မန်စီးတီးတစ်သင်းလုံးဟာ ၎င်းတို့အနေနဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဇာဘလက်တာဟာ မန်ချက်စတာစီးတီးအသင်းကို ရှိတ် မန်ဆော်က မဝယ်ယူမီ နောက်ဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟောင်းဟာ ထိပ်တန်းအဆင့်အဖြစ်ကို မြင့်တက်လာတဲ့ မန်စီးတီးအတွက် နှစ်ပေါင်းများစွာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

အာဂျင်တီးနားနောက်ခံလူဟာ ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ လက်လွှဲဝယ်ယူမှုမှာ ရှင်သန်ကျန်ရစ်ခဲ့တဲ့ ရှိတ် မန်ဆော်ခေတ်မတိုင်ခင် အသင်းမှာ ရှိနေခဲ့တဲ့ ကစားသမားအနည်းငယ်ထဲက တစ်ဦးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဇာဘလက်တာက မန်ချက်စတာစီးတီးအသင်းဟာ စူပါစတား နှစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတိုကို နောက်ဆုံးမှာ ခေါ်ယူနိုင်လိမ့်မယ်လို့ အဝတ်လဲခန်းအတွင်းမှာ ဘုံသဘောတူညီမှုတွေ ရှိခဲ့ကြတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီး ညာနောက်ခံလူဟောင်းက မန်စီးတီးကစားသမားတွေအားလုံးဟာ ၎င်းတို့အနေနဲ့ အစားထိုးခံရလိမ့်မယ်လို့ ထင်မြင်ခဲ့တဲ့အကြောင်းလည်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အင်္ဂလန်ကို သွားပြီး ဆွဲဆောင်ခြင်းခံခဲ့ရတယ်။ ကျွန်တော် တွေးခဲ့မိတာက ‘ငါ အသက်လည်း ရပြီ။ ငါ့မှာ တခြားအတွေ့အကြုံတွေရှိတယ်။ စပိန်ကို ပြန်သွားဖို့ ဒါမှမဟုတ် အီတလီကို သွားဖို့ အချိန်ရှိလိမ့်မယ်’ပေါ့။ ကျွန်တော့်ရဲ့ အပြောင်းအရွှေ့အပြီး ဆယ်ရက်အကြာမှာ အဘူဒါဘီက လူတွေက အသင်းကို ဝယ်ယူသွားခဲ့တယ်။ နောက်ထပ် ၄ ရက်အကြာမှာ သူတို့တွေ ရော်ဘင်ညိုအတွက် ပေါင်သန်း ၄၀ ရင်းနှီးမြှုပ်နှံခဲ့တယ်။ အဲဒီမှာ ကျွန်တော် ‘အခု ငါ ဘာလုပ်ရမလဲ။ ငါဒီမှာပဲ နောက်ဆုံး ၆ လကို နေသွားတော့မယ်’လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ အဝတ်လဲခန်းထဲက လွတ်နေတဲ့ အခန်းတွေမှာ မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုဆိုပြီး နာမည်တွေ စကပ်ပြီး ဟာသလုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် အရူးလုပ်ခဲ့ကြတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးၾကယ္ပြင့္ေဟာင္း ပါဘလို ဇာဘလက္တာက မန္စီးတီးတစ္သင္းလုံးဟာ ၎တို႔အေနနဲ႔ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ကို ေခၚယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ခဲ့ၾကတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဇာဘလက္တာဟာ မန္ခ်က္စတာစီးတီးအသင္းကို ရွိတ္ မန္ေဆာ္က မဝယ္ယူမီ ေနာက္ဆုံး ေခၚယူခဲ့တဲ့ ကစားသမားျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ေဟာင္းဟာ ထိပ္တန္းအဆင့္အျဖစ္ကို ျမင့္တက္လာတဲ့ မန္စီးတီးအတြက္ ႏွစ္ေပါင္းမ်ားစြာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။

အာဂ်င္တီးနားေနာက္ခံလူဟာ ႀကီးမားတဲ့ ေငြေၾကးပမာဏနဲ႔ လက္လႊဲဝယ္ယူမႈမွာ ရွင္သန္က်န္ရစ္ခဲ့တဲ့ ရွိတ္ မန္ေဆာ္ေခတ္မတိုင္ခင္ အသင္းမွာ ရွိေနခဲ့တဲ့ ကစားသမားအနည္းငယ္ထဲက တစ္ဦးျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဇာဘလက္တာက မန္ခ်က္စတာစီးတီးအသင္းဟာ စူပါစတား ႏွစ္ဦးျဖစ္တဲ့ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတိုကို ေနာက္ဆုံးမွာ ေခၚယူႏိုင္လိမ့္မယ္လို႔ အဝတ္လဲခန္းအတြင္းမွာ ဘုံသေဘာတူညီမႈေတြ ရွိခဲ့ၾကတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီး ညာေနာက္ခံလူေဟာင္းက မန္စီးတီးကစားသမားေတြအားလုံးဟာ ၎တို႔အေနနဲ႔ အစားထိုးခံရလိမ့္မယ္လို႔ ထင္ျမင္ခဲ့တဲ့အေၾကာင္းလည္း ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ အဂၤလန္ကို သြားၿပီး ဆြဲေဆာင္ျခင္းခံခဲ့ရတယ္။ ကြၽန္ေတာ္ ေတြးခဲ့မိတာက ‘ငါ အသက္လည္း ရၿပီ။ ငါ့မွာ တျခားအေတြ႕အႀကဳံေတြရွိတယ္။ စပိန္ကို ျပန္သြားဖို႔ ဒါမွမဟုတ္ အီတလီကို သြားဖို႔ အခ်ိန္ရွိလိမ့္မယ္’ေပါ့။ ကြၽန္ေတာ့္ရဲ႕ အေျပာင္းအေ႐ႊ႕အၿပီး ဆယ္ရက္အၾကာမွာ အဘူဒါဘီက လူေတြက အသင္းကို ဝယ္ယူသြားခဲ့တယ္။ ေနာက္ထပ္ ၄ ရက္အၾကာမွာ သူတို႔ေတြ ေရာ္ဘင္ညိဳအတြက္ ေပါင္သန္း ၄၀ ရင္းႏွီးျမႇဳပ္ႏွံခဲ့တယ္။ အဲဒီမွာ ကြၽန္ေတာ္ ‘အခု ငါ ဘာလုပ္ရမလဲ။ ငါဒီမွာပဲ ေနာက္ဆုံး ၆ လကို ေနသြားေတာ့မယ္’လို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ အဝတ္လဲခန္းထဲက လြတ္ေနတဲ့ အခန္းေတြမွာ မက္ဆီ၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဆိုၿပီး နာမည္ေတြ စကပ္ၿပီး ဟာသလုပ္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာကိုယ္ အ႐ူးလုပ္ခဲ့ၾကတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.