Carabao & FA Premier League

မန်စီးတီးကို ရှုံးနိမ့်ခဲ့ရတဲ့တရားခံကို အသင်းကထွက်သွားလို့ မောင်းထုတ်ခဲ့ကြတဲ့ ဂန်းနားပရိသတ်များ

အာဆင်နယ်အသင်းဟာ သောကြာနေ့ညက မန်ချက်စတာစီးတီးကို အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး ပရိသတ်တွေဟာ ဂန်းနားကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါကို ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ်။

နေသန် အာကီရဲ့ ဒုတိယပိုင်းက အလွန်ကောင်းမွန်တဲ့ ကန်ချက်က မယုံနိုင်လောက်အောင် ကစားရခက်ခဲ့တဲ့ သောကြာနေ့ညနေမှာ အိမ်ရှင် မန်ချက်စတာစီးတီးအသင်းအတွက် နိုင်ပွဲရရှိဖို့အတွက် လုံလောက်တဲ့ သွင်းဂိုး ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ထိပ်ဆုံး ၂ နေရာက အသင်း ၂ သင်းကြား ယခုရာသီမှာ ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး မန်ချက်စတာစီးတီးဟာ အမှတ်ပေးဇယားဦးဆောင်သူတွေကို အနိုင်ရရှိတာကြောင့် ရာသီဒုတိယပိုင်းအတွက် စိတ်ပိုင်းဆိုင်ရာအရ အားတက်စရာဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်အပါအဝင် အဓိကပွဲထွက်ကစားသမားအများအပြားကို အနားပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း အဓိကကွင်းလယ်ကစားသမား သောမတ်တ် ပါတေးကိုတော့ ပွဲထွက်ကစားစေခဲ့တာ ဖြစ်ပါတယ်။ လိုကွန်ဂါဟာ ပထမပိုင်းအပြီး သောမတ်စ် ပါတေးရဲ့ နေရာမှာ လူစားဝင်ကစားခွင့်ရရှိခဲ့ပြီး ယခုရာသီရဲ့ ၁၅ ပွဲမြောက် ပွဲစဉ်အဖြစ် ပါဝင်ကစားခွင့်ရခဲ့ပေမယ့်လည်း အမှတ်ရချင်တဲ့ ပွဲစဉ်တစ်ပွဲတော့ မဟုတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ကစားပုံ ပိုမိုကောင်းမွန်လာတဲ့ မန်ချက်စတာစီးတီးကို ကိုင်တွယ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး နေသန် အာကီ ဂိုးသွင်းယူတာကို တားဆီးဖို့အတွက် ပိုမိုကောင်းမွန်တဲ့ ဟန့်တားမှုမျိုး ပြုလုပ်ခဲ့သင့်တယ်ဆိုတာတော့ ငြင်းလို့မရတာဖြစ်ပါတယ်။

ဂျက်ခ် ဂရီးလစ်ရှ်က တိုမီယဆုနဲ့ ဆာကာတို့ကို အနိုင်ယူပြီး ဒတ်ချ်နောက်ခံလူကို တိုက်စစ်ဆင်ဖို့ နေရာလွတ်တွေ ဖွင့်ပေးခဲ့ချိန်မှာ လိုကွန်ဂါက နှေးကွေးလေးလံနေခဲ့ပုံပေါ်ပြီး မန်စီးတီးနောက်ခံလူရဲ့ လမ်းကြောင်းထဲကို ဝင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အာကီရဲ့ညာခြေနဲ့ ဝိုက်ကန်ချက်က ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေက ၂၀၂၁ ခုနှစ်မှာ အန်ဒါလက်ချ်အသင်းကနေ ပေါင် ၁၇.၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လိုကွန်ဂါဟာ အခွင့်အရေးအများကြီး ပေးခြင်းခံခဲ့ရတယ်လို့ ယုံကြည်နေပြီး မန်စီးတီးနဲ့ပွဲစဉ်က စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်အတွက် ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ်။

“လိုကွန်ဂါက ဒီလူစာရင်းရဲ့ အရည်အသွေးကို တကယ်ကို နိမ့်ကျစေတာပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “လိုကွန်ဂါက မန်စီးတီးရဲ့ဂိုးမှာတစ်ခုခုတော့ လုပ်နေခဲ့တယ်။ အဲဒါက ဘာလဲဆိုတာပဲ မသိတာ။ ဒါပေမယ့် သူ ကစားနေတဲ့ ဧရိယာထဲမှာ ယောင်ဝါးဝါးနဲ့ ကွင်းထဲမှာရပ်နေခဲ့တယ်။ လိုကွန်ဂါကို အငှားချရင် သူ့အတွက် တရားမျှတမယ် မထင်ဘူး။ သူ့ကို ချက်ချင်းသာ ရောင်းလိုက်ပါတော့”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ေသာၾကာေန႔ညက မန္ခ်က္စတာစီးတီးကို အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္မွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ၿပီး ပရိသတ္ေတြဟာ ဂန္းနားကြင္းလယ္လူ ဆမ္ဘီ လိုကြန္ဂါကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၾကပါတယ္။

ေနသန္ အာကီရဲ႕ ဒုတိယပိုင္းက အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္က မယုံႏိုင္ေလာက္ေအာင္ ကစားရခက္ခဲ့တဲ့ ေသာၾကာေန႔ညေနမွာ အိမ္ရွင္ မန္ခ်က္စတာစီးတီးအသင္းအတြက္ ႏိုင္ပြဲရရွိဖို႔အတြက္ လုံေလာက္တဲ့ သြင္းဂိုး ျဖစ္ခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ထိပ္ဆုံး ၂ ေနရာက အသင္း ၂ သင္းၾကား ယခုရာသီမွာ ပထမဆုံးေတြ႕ဆုံမႈျဖစ္ၿပီး မန္ခ်က္စတာစီးတီးဟာ အမွတ္ေပးဇယားဦးေဆာင္သူေတြကို အႏိုင္ရရွိတာေၾကာင့္ ရာသီဒုတိယပိုင္းအတြက္ စိတ္ပိုင္းဆိုင္ရာအရ အားတက္စရာျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာဟာ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္အပါအဝင္ အဓိကပြဲထြက္ကစားသမားအမ်ားအျပားကို အနားေပးဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္လည္း အဓိကကြင္းလယ္ကစားသမား ေသာမတ္တ္ ပါေတးကိုေတာ့ ပြဲထြက္ကစားေစခဲ့တာ ျဖစ္ပါတယ္။ လိုကြန္ဂါဟာ ပထမပိုင္းအၿပီး ေသာမတ္စ္ ပါေတးရဲ႕ ေနရာမွာ လူစားဝင္ကစားခြင့္ရရွိခဲ့ၿပီး ယခုရာသီရဲ႕ ၁၅ ပြဲေျမာက္ ပြဲစဥ္အျဖစ္ ပါဝင္ကစားခြင့္ရခဲ့ေပမယ့္လည္း အမွတ္ရခ်င္တဲ့ ပြဲစဥ္တစ္ပြဲေတာ့ မဟုတ္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ကစားပုံ ပိုမိုေကာင္းမြန္လာတဲ့ မန္ခ်က္စတာစီးတီးကို ကိုင္တြယ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ေနသန္ အာကီ ဂိုးသြင္းယူတာကို တားဆီးဖို႔အတြက္ ပိုမိုေကာင္းမြန္တဲ့ ဟန႔္တားမႈမ်ိဳး ျပဳလုပ္ခဲ့သင့္တယ္ဆိုတာေတာ့ ျငင္းလို႔မရတာျဖစ္ပါတယ္။

ဂ်က္ခ္ ဂရီးလစ္ရွ္က တိုမီယဆုနဲ႔ ဆာကာတို႔ကို အႏိုင္ယူၿပီး ဒတ္ခ်္ေနာက္ခံလူကို တိုက္စစ္ဆင္ဖို႔ ေနရာလြတ္ေတြ ဖြင့္ေပးခဲ့ခ်ိန္မွာ လိုကြန္ဂါက ေႏွးေကြးေလးလံေနခဲ့ပုံေပၚၿပီး မန္စီးတီးေနာက္ခံလူရဲ႕ လမ္းေၾကာင္းထဲကို ဝင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အာကီရဲ႕ညာေျခနဲ႔ ဝိုက္ကန္ခ်က္က ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြက ၂၀၂၁ ခုႏွစ္မွာ အန္ဒါလက္ခ်္အသင္းကေန ေပါင္ ၁၇.၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ လိုကြန္ဂါဟာ အခြင့္အေရးအမ်ားႀကီး ေပးျခင္းခံခဲ့ရတယ္လို႔ ယုံၾကည္ေနၿပီး မန္စီးတီးနဲ႔ပြဲစဥ္က စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္အတြက္ ျပစ္တင္ႀကိမ္းေမာင္းခဲ့ၾကပါတယ္။

“လိုကြန္ဂါက ဒီလူစာရင္းရဲ႕ အရည္အေသြးကို တကယ္ကို နိမ့္က်ေစတာပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “လိုကြန္ဂါက မန္စီးတီးရဲ႕ဂိုးမွာတစ္ခုခုေတာ့ လုပ္ေနခဲ့တယ္။ အဲဒါက ဘာလဲဆိုတာပဲ မသိတာ။ ဒါေပမယ့္ သူ ကစားေနတဲ့ ဧရိယာထဲမွာ ေယာင္ဝါးဝါးနဲ႔ ကြင္းထဲမွာရပ္ေနခဲ့တယ္။ လိုကြန္ဂါကို အငွားခ်ရင္ သူ႔အတြက္ တရားမွ်တမယ္ မထင္ဘူး။ သူ႔ကို ခ်က္ခ်င္းသာ ေရာင္းလိုက္ပါေတာ့”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.