Premier League

ဒုက္ခရောက်နေတဲ့အသင်းဟောင်းကို မော်ရင်ညို ကယ်တင်တော့မှာလား

ဟိုဆေး မော်ရင်ညိုရဲ့ ကိုယ်စားလှယ်တွေဟာ ပေါ်တူဂီလူမျိုးနည်းပြအနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို တတိယအကြိမ် ပြန်လာနိုင်ခြေရှိလားဆိုတာကို သိရဖို့ ချဲလ်ဆီးကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

Daily Mail ရဲ့ သတင်းအရ မော်ရင်ညိုဟာ ရိုးမားအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို စိတ်ပျက်နေပြီး ၎င်းရဲ့ဆန္ဒအတိုင်း ဖြည့်ဆည်းပေးနိုင်မယ့် ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ မော်ရင်ညိုရဲ့ ကိုယ်စားလှယ်တွေဟာ ယခုရာသီမှာ ပေါင်သန်း ၅၀၀ ကျော် သုံးစွဲထားတဲ့ ချဲလ်ဆီးအသင်းနဲ့ ပြောဆိုဆွေးနွေးနေပေမယ့်လည်း အနောက်လန်ဒန်ကလပ်အသင်းပိုင်ရှင်တွေဟာ နည်းပြ ဂရေဟမ် ပေါ့တားကို အားပေးထောက်ခံနေဆဲဖြစ်တာကြောင့် ပေါ်တူဂီလူမျိုးနည်းပြဆီကနေ ချဉ်းကပ်မှုတွေကို ပိတ်ဆို့ခဲ့တယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

ဘရိုက်တန်နည်းပြဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလပိတ်သိမ်းခဲ့ပြီးနောက် တူဟယ်ကို အံ့အားသင့်ဖွယ် ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယခုရာသီအစောပိုင်းမှာ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟိုဆေး မော်ရင်ညိုဟာ ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ် အနိုင်ရရှိခဲ့ပေမယ့်လည်း အသက် ၆၀ အရွယ် ပေါ်တူဂီလူမျိုးနည်းပြဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ချန်ပီယံလိဂ်ဖလားကို ဘယ်တုန်းကမှ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ညိုဟာ ချဲလ်ဆီးအသင်းအကြောင်းကို အမြဲတမ်း အကောင်းပြောခဲ့ပြီး BT Sport နဲ့ စကားပြောဆိုရာမှာ မန်ချက်စတာယူနိုက်တက်နဲ့ စပါးစ်တို့ကို နည်းပြခဲ့ပေမယ့်လည်း လန်ဒန်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတမ်းရှိနေမှာဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ “ဟုတ်တာပေါ့။ ကျွန်တော့်ရဲ့ အင်္ဂလိပ်အဆက်အသွယ်က ချဲလ်ဆီးပါ။ ချဲလ်ဆီးအသင်းမှာ ၂ ကြိမ်အထိ ၆ နှစ်ကြာ ရှိနေခဲ့ပြီးတဲ့နောက်မှာ အရာအားလုံးကို ကျွန်တော် ဒီလိုပဲ မြင်ပါတယ်”

ပြီးခဲ့တဲ့နှစ် Sky Sports ကို စကားပြောဆိုရာမှာ မော်ရင်ညိုက အလွန်ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းနေရတဲ့ ချဲလ်ဆီးအသင်းအတွက် အားပေးထောက်ခံမှုကို ပြသခဲ့တာ ဖြစ်ပါတယ်။

“ခက်ခဲတဲ့အခိုက်အတန့်ဖြစ်ပြီး ခင်ဗျား အဲဒါကို ဘောလုံးအဆင့်မှာတောင် ခံစားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ အလွန်ကောင်းမွန်မှုနဲ့ တည်ငြိမ်မှုအဆင့်အတန်းကို ဆုံးရှုံးခဲ့လို့ပါ။ ဒါပေမယ့် ဒါက အခုအချိန်ပါပဲ။ ခင်ဗျားသိပါတယ်။ ကျွန်တော် ဒီအသင်းက ဘယ်သူနဲ့ပဲရှိနေနေ ဒီလိုအဆင့်အတန်းမျိုးကို ရောက်ရှိနိုင်တယ်ဆိုတာကို သိတယ်။ ချဲလ်ဆီးက အမြဲတမ်း ချဲလ်ဆီးဖြစ်နေလိမ့်မယ်”

“ချဲလ်ဆီးက ချဲလ်ဆီး အမြဲဖြစ်နေလိမ့်မယ်။ ကျွန်တော့်အိမ်ကလည်း ဘောလုံးကွင်းနဲ့ မီတာ ၂၀၀ အမှာ အမြဲတမ်းရှိနေမှာဖြစ်ပြီး ပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုတွေရဲ့အသံကို ကျွန်တော် ဆက်ပြီးတော့ နားထောင်ချင်တယ်။ အဲဒီလိုပဲ ဖြစ်လာမယ်ဆိုတာ ကျွန်တော် သေချာသိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဟိုေဆး ေမာ္ရင္ညိဳရဲ႕ ကိုယ္စားလွယ္ေတြဟာ ေပၚတူဂီလူမ်ိဳးနည္းျပအေနနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို တတိယအႀကိမ္ ျပန္လာႏိုင္ေျခရွိလားဆိုတာကို သိရဖို႔ ခ်ဲလ္ဆီးကို ဆက္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

Daily Mail ရဲ႕ သတင္းအရ ေမာ္ရင္ညိဳဟာ ႐ိုးမားအသင္းရဲ႕ ဘ႑ာေရးအေျခအေနကို စိတ္ပ်က္ေနၿပီး ၎ရဲ႕ဆႏၵအတိုင္း ျဖည့္ဆည္းေပးႏိုင္မယ့္ ကလပ္အသင္းတစ္သင္းကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။ ေမာ္ရင္ညိဳရဲ႕ ကိုယ္စားလွယ္ေတြဟာ ယခုရာသီမွာ ေပါင္သန္း ၅၀၀ ေက်ာ္ သုံးစြဲထားတဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ေျပာဆိုေဆြးေႏြးေနေပမယ့္လည္း အေနာက္လန္ဒန္ကလပ္အသင္းပိုင္ရွင္ေတြဟာ နည္းျပ ဂေရဟမ္ ေပါ့တားကို အားေပးေထာက္ခံေနဆဲျဖစ္တာေၾကာင့္ ေပၚတူဂီလူမ်ိဳးနည္းျပဆီကေန ခ်ဥ္းကပ္မႈေတြကို ပိတ္ဆို႔ခဲ့တယ္လို႔ ယင္းသတင္းကပဲ ေဖာ္ျပခဲ့ပါတယ္။

ဘ႐ိုက္တန္နည္းျပေဟာင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလပိတ္သိမ္းခဲ့ၿပီးေနာက္ တူဟယ္ကို အံ့အားသင့္ဖြယ္ ရာထူးကေန ထုတ္ပယ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ယခုရာသီအေစာပိုင္းမွာ နည္းျပသစ္အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ဟိုေဆး ေမာ္ရင္ညိဳဟာ ခ်ဲလ္ဆီးအသင္းမွာ ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၁ ႀကိမ္ အႏိုင္ရရွိခဲ့ေပမယ့္လည္း အသက္ ၆၀ အ႐ြယ္ ေပၚတူဂီလူမ်ိဳးနည္းျပဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ခ်န္ပီယံလိဂ္ဖလားကို ဘယ္တုန္းကမွ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ေမာ္ရင္ညိဳဟာ ခ်ဲလ္ဆီးအသင္းအေၾကာင္းကို အၿမဲတမ္း အေကာင္းေျပာခဲ့ၿပီး BT Sport နဲ႔ စကားေျပာဆိုရာမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စပါးစ္တို႔ကို နည္းျပခဲ့ေပမယ့္လည္း လန္ဒန္အသင္းရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ အၿမဲတမ္းရွိေနမွာျဖစ္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။ “ဟုတ္တာေပါ့။ ကြၽန္ေတာ့္ရဲ႕ အဂၤလိပ္အဆက္အသြယ္က ခ်ဲလ္ဆီးပါ။ ခ်ဲလ္ဆီးအသင္းမွာ ၂ ႀကိမ္အထိ ၆ ႏွစ္ၾကာ ရွိေနခဲ့ၿပီးတဲ့ေနာက္မွာ အရာအားလုံးကို ကြၽန္ေတာ္ ဒီလိုပဲ ျမင္ပါတယ္”

ၿပီးခဲ့တဲ့ႏွစ္ Sky Sports ကို စကားေျပာဆိုရာမွာ ေမာ္ရင္ညိဳက အလြန္ခက္ခဲတဲ့အခ်ိန္ကာလကို ျဖတ္သန္းေနရတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ အားေပးေထာက္ခံမႈကို ျပသခဲ့တာ ျဖစ္ပါတယ္။

“ခက္ခဲတဲ့အခိုက္အတန႔္ျဖစ္ၿပီး ခင္ဗ်ား အဲဒါကို ေဘာလုံးအဆင့္မွာေတာင္ ခံစားႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ အလြန္ေကာင္းမြန္မႈနဲ႔ တည္ၿငိမ္မႈအဆင့္အတန္းကို ဆုံးရႈံးခဲ့လို႔ပါ။ ဒါေပမယ့္ ဒါက အခုအခ်ိန္ပါပဲ။ ခင္ဗ်ားသိပါတယ္။ ကြၽန္ေတာ္ ဒီအသင္းက ဘယ္သူနဲ႔ပဲရွိေနေန ဒီလိုအဆင့္အတန္းမ်ိဳးကို ေရာက္ရွိႏိုင္တယ္ဆိုတာကို သိတယ္။ ခ်ဲလ္ဆီးက အၿမဲတမ္း ခ်ဲလ္ဆီးျဖစ္ေနလိမ့္မယ္”

“ခ်ဲလ္ဆီးက ခ်ဲလ္ဆီး အၿမဲျဖစ္ေနလိမ့္မယ္။ ကြၽန္ေတာ့္အိမ္ကလည္း ေဘာလုံးကြင္းနဲ႔ မီတာ ၂၀၀ အမွာ အၿမဲတမ္းရွိေနမွာျဖစ္ၿပီး ေပ်ာ္႐ႊင္မႈေတြနဲ႔ ေအာင္ျမင္မႈေတြရဲ႕အသံကို ကြၽန္ေတာ္ ဆက္ၿပီးေတာ့ နားေထာင္ခ်င္တယ္။ အဲဒီလိုပဲ ျဖစ္လာမယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာသိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.