Analysis Article Carabao & FA Match Report Premier League

အစ်တီဟတ်က ခြေစမ်းပွဲမှာ အနိုင်ရတဲ့ မန်စီးတီး 1-0 အာဆင်နယ်ပွဲက ပြောစရာများ

မျှမျှတတ ယှဉ်ပြိုင်ခဲ့ကြတဲ့ အသွင်တူနှစ်သင်း
ဘောလုံးကိုမှ အသင်းစွဲ မရှိဘဲ ကြည့်ကြတဲ့ ပရိသတ်တွေအနေနဲ့ တစ်ဖက်က ကောင်းကောင်းမွန်မွန်ကစားပြီး တစ်ဖက်က ရုပ်ပျက်ဆင်းပျက် ပိတ်ကစားနေတဲ့ ပွဲမျိုးတွေကို တွေ့ဖူးကြမှာပါ။ ဒီလိုပွဲတွေက အာဆင်နယ် သို့မဟုတ် မန်စီးတီးက တစ်ဖက် ကျန်တဲ့ အသင်းက တစ်ဖက်ဖြစ်တဲ့ ပွဲမျိုးမှာ မြင်ရတတ်ပြီး ဒီနေ့မှာတော့ သူတို့နှစ်သင်း တွေ့ဆုံမှုမှာ တစ်သင်းနဲ့တစ်သင်း ဗျူဟာမြောက်ပဲ အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြသလို မျှမျှတတ ယှဉ်ပြိုင် ကစားသွားခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ပွဲကတော့ အင်္ဂလိပ် ဘောလုံးလောကအတွက် ဂုဏ်ယူနိုင်တဲ့ ပွဲမျိုးဖြစ်ပြီး ပိတ်ကစားပြီး ကောင်တာတစ်ပေါက်သာ လုပ်စားတတ်တဲ့ တချို့အသင်းတွေအတွက်တော့ ရှက်တတ်ရင် ရှက်စရာလို့လည်း ဆိုရပါလိမ့်မယ်။

လူသစ် ထရော့ဆတ် ယူဆောင်လာခဲ့တဲ့ ပုံစံသစ်နဲ့ ရင်ခုန်စရာ
အာဆင်နယ်တို့အတွက် မန်ချက်စတာနှစ်သင်းနဲ့ ဆက်တိုက်တွေ့ဆုံမှုမှာ တစ်ပွဲကို လူစားဝင်ပြီး တစ်ပွဲကို ပွဲထွက်ခွင့်ရခဲ့တဲ့ ထရော့ဆတ်ကတော့ ဒီနေ့ပွဲမှာလည်း ဘယ်တောင်ပံကနေ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အရန်ခုံမှာ ထားခဲ့တဲ့ မာတီနယ်လီနဲ့ မတူညီတဲ့ ကစားပေါက်နဲ့ အတွေ့အကြုံရင့် တိုက်စစ်ဆင်မှုကို ပေးစွမ်းခဲ့တဲ့ ဘယ်လ်ဂျီယမ်သားဟာ မန်စီးတီးရဲ့ ညာခြမ်းခံစစ်ကို ပထမပိုင်းမှာ တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပြီး အော်ဒီဂွါဒ်၊ ဇင်ချန်ကိုတို့နဲ့ အင်ပြည့်အားပြည့်သာ တွဲဖက်လာခဲ့မယ်ဆိုရင် အတော်လေး ရင်ခုန်စရာကောင်းခဲ့မှာဖြစ်သလို ဂန်းနားတွေအတွက်တော့ ထူးခြားကောင်းမွန်တဲ့ ဇန်နဝါရီ အားဖြည့်မှုလို့လည်း ဆိုနိုင်ခဲ့တာပါ။

အစ်တီဟတ်က Wrestle Mania နပမ်းပွဲ
အာဆင်နယ်တို့အနေနဲ့ ပထမပိုင်းမှာ မန်စီးတီးကို ကစားကွက်ချင်းရော ပါဝါချင်းပါ ယှဉ်ကစားသွားခဲ့ပြီး ကွင်းလယ်က ဒီဘရိုင်းနား၊ ဂွန်ဒိုးဝမ်၊ ဂရီးလစ်ရှ်တို့ကို ပိတ်ဆို့ထားခဲ့ချိန်မှာ တိုက်စစ်မှူး ဟားလန်းကတော့ နောက်ခံလူ ဟိုးလ်ဒင်းနဲ့ နပမ်းလုံးခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလိပ်နောက်ခံလူအနေနဲ့ နော်ဝေတိုက်စစ်မှူးကို ခပ်ကြမ်းကြမ်းပဲ ကိုင်တွယ်သွားခဲ့တာကြောင့် မီဒီယာတွေကတော့ Wrestle Mania နပမ်းပွဲလို့ တင်စားသွားခဲ့ပြီး အာဆင်နယ်တို့ အနိုင်ရခဲ့တယ်လို့လည်း ရေးသားသွားခဲ့တာပါ။ ပွဲချိန် ၄၂ မိနစ်မှာ အဝါထိသွားလို့ မကြမ်းနိုင်တော့တဲ့ ဟိုးလ်ဒင်းကြောင့် ဒီနပမ်းပွဲက ရပ်တန့်ခဲ့ရပြီး ဒုတိယပိုင်းအစမှာတော့ ဆာလီဘာ ဝင်လာခဲ့သလို သူနဲ့ ဟားလန်းရဲ့ ပွဲကတော့ စီစဉ်ပေးသူ မရှိခဲ့ဘူးလို့လည်း ဆိုရတော့မှာဖြစ်ပါတယ်။

ပြိုင်ပွဲစုံ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးတဲ့ အာဆင်နယ်
အာဆင်နယ်တို့အနေနဲ့ အရေးမကြီးတဲ့ ပြိုင်ပွဲတွေမှာ အသင်းကြီးတွေနဲ့ တွေ့ခဲ့ရင် ထွက်ဖို့ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ကိုသာ ယှဉ်ပြိုင်သွားဖို့ ရှိနေသလို စိတ်မထင်ရင် ယူရိုပါလိဂ်ကိုပါ လွှတ်ချပစ်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ တွေ့ခဲ့ရတာပါ။ ဒီနေ့ပွဲမှာ ထရော့ဆတ် ပွဲထွက်ခဲ့သလို မာတီနယ်လီကို အနားပေးခဲ့ပြီး ကွင်းလယ်တိုက်စစ်မှာလည်း ကပ္ပတိန် အော်ဒီဂွါဒ်ကို ချန်ထားပြီး ဖာဘီယို ဗီယာရာနဲ့ ကျေနပ်ခဲ့တာဖြစ်ပါတယ်။ ဒါက နှစ်သင်းစာနီးပါး လူစုထားနိုင်တဲ့ မန်စီးတီးတို့နဲ့ ကွာခြားခဲ့တာကြောင့် အတင်အချပြုလုပ်ချိန်မှာ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းဖို့ ကြိုးစားနေတဲ့ အာတီတာအနေနဲ့ သူ့လူတွေကို ညှစ်ထုတ်ဖို့ မစွန့်စားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မင်းသား ဆမ်ဘီ လိုကွန်ဂါနဲ့ ရုပ်ရှင်ရိုက်တဲ့ ဒါရိုက်တာ အာတီတာ
တစ်ပွဲလုံး ဆက်သုံးမယ်ဆို သုံးနိုင်သေးပေမယ့် ကွင်းလယ်မှာ ပါတေး မရှိရင် ဘာဖြစ်မယ်ဆိုတာကို ဒုတိယပိုင်းအစမှာပဲ ဆမ်ဘီ လိုကွန်ဂါကို မင်းသားအဖြစ် တင်ရိုက်ပြီး အာတီတာက ပညာပြသွားခဲ့တာပါ။ ကွင်းလယ်တိုက်စစ်နှစ်ယောက်နဲ့ ခံစစ်ဗဟိုနှစ်ယောက်ကြား အလျဉ်းသင့်သလို ပူးပေါင်းလုပ်ဆောင်ရမယ့် တာဝန်အတွက် ဘယ်လ်ဂျီယမ်သားမှာ လုံလောက်တဲ့ ကစားအားရော ဦးနှောက်ပါ မရှိကြောင်းကို ဒုတိယပိုင်းမှာ တွေ့မြင်ခဲ့ရတာဖြစ်ပြီး ကွင်းလယ်ချင်း ယှဉ်ရာမှာ ဖရိုဖရဲဖြစ်နေခဲ့သလို နေသန် အာကေရဲ့ အနိုင်ဂိုးမှာလည်း လိုကွန်ဂါအနေနဲ့ လမ်းလျှောက်ပြီး ပွဲကြည့်နေခဲ့တာကြောင့် ဒီနေရာအတွက် အရန် လူသစ်တစ်ဦး ဝယ်ကို ဝယ်ရတော့မယ့်အကြောင်း သိသာထင်ရှားခဲ့ပါတယ်။

ကိုးယောက်နဲ့ ကစားပြီး မယှဉ်နိုင်ခဲ့မှု
အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ရာမှာ ပွဲကြီးမတိုးတဲ့ ဖာဘီယို ဗီယာရာရဲ့ ခြေစွမ်းနဲ့ လုပ်အားနှုန်းက ပထမပိုင်းမှာ ပါတေးရှိနေသေးလို့ မသိသာခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ညာခြမ်းတစ်ခြမ်းတည်းက ဆာကာဆီကိုတောင် ဘောလုံးမပေးနိုင်ဘဲ ဒုက္ခရောက်နေခဲ့သလို နောက်က ဆမ်ဘီ လိုကွန်ဂါရဲ့ မပြည့်ဝမှုကနေ ပေါ်တူဂီသားရဲ့ အလုပ်မဖြစ်မှုက ဘူးပေါ်သလို ပေါ်သွားခဲ့တာပါ။ သူ့ရဲ့ Pressing လိုက်ကစားနိုင်ခြင်း မရှိတာနဲ့ လိုကွန်ဂါရဲ့ နေရာယူပုံ ညံ့ဖျင်းတာတွေက အာဆင်နယ်တို့အတွက် ခံစစ်ကစားချိန်တိုင်း လူကိုးယောက်နဲ့ ကစားရသလိုဖြစ်သွားခဲ့ပြီး အော်ဒီဂွါဒ်နဲ့ ပါတေးတို့အတွက် အရန်အစီအစဉ် မရှိခဲ့ရင် အာတီတာ၊ အီဒူးနဲ့ ခရိုယန်ကီတို့အတွက် “ရိုးတဲ့ အတဲ့ကောင် ခံလိုက်ပေါ့”လို့ပဲ သီချင်းကြိုတိုက်ထားသင့်ပြီဖြစ်ပါတယ်။

ဟားလန်းထက် ပိုအကျိုးပြုတဲ့ အယ်လ်ဗာရက်ဇ်
မန်စီးတီးတို့ရဲ့ ကစားကွက် ပုံဖော်မှုဟာ ဟားလန်းကို ဦးတည်ပြီး ချိတ်ဆက်ကစားနေတာထက် ကျန်တဲ့သူတွေ ဝိုင်းဝန်းပြီး ကစားတာက ပိုကောင်းတယ်လို့ ဝေဖန်မှုတွေ ရှိနေသလို နော်ဝေသားအနေနဲ့ သွင်းဂိုးတွေကြောင့်သာ တန်ဖိုးရှိနေခဲ့ပေမယ့် ဒီနေ့လိုမျိုး ဂိုးမသွင်းနိုင်ရင် တန်ဖိုးမဲ့သလို ဖြစ်ခဲ့ရပြီး သူဟာလည်း ဆူပါမန်း မဟုတ်ကြောင်း သိသာခဲ့တာပါ။ သူ့အစား ဒီနေ့ပွဲမှာ ချီးကျူးရမှာကတော့ ဒုတိယပိုင်းမှာ လူစားဝင်လာပြီး ကွင်းလယ်မှာ မွှေနှောက်နိုင်ခဲ့သလို အဝေးကန်ချက် တိုင်ထိသွားခဲ့တာကနေ ဂိုးရဖို့ဖြစ်စေခဲ့တဲ့ ကမ္ဘာ့ဖလားပိုင်ရှင် ဟူလီယန် အယ်လ်ဗာရက်ဇ်က ပိုအကျိုးပြုနိုင်ခဲ့ပြီး ဂွါဒီယိုလာအတွက်တော့ အခြေအနေတွေအပေါ် မူတည်ပြောင်းလဲနိုင်ခဲ့တယ်လို့ ချီးကျူးစရာလည်းဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မွ်မွ်တတ ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ အသြင္တူႏွစ္သင္း
ေဘာလုံးကိုမွ အသင္းစြဲ မရွိဘဲ ၾကည့္ၾကတဲ့ ပရိသတ္ေတြအေနနဲ႔ တစ္ဖက္က ေကာင္းေကာင္းမြန္မြန္ကစားၿပီး တစ္ဖက္က ႐ုပ္ပ်က္ဆင္းပ်က္ ပိတ္ကစားေနတဲ့ ပြဲမ်ိဳးေတြကို ေတြ႕ဖူးၾကမွာပါ။ ဒီလိုပြဲေတြက အာဆင္နယ္ သို႔မဟုတ္ မန္စီးတီးက တစ္ဖက္ က်န္တဲ့ အသင္းက တစ္ဖက္ျဖစ္တဲ့ ပြဲမ်ိဳးမွာ ျမင္ရတတ္ၿပီး ဒီေန႔မွာေတာ့ သူတို႔ႏွစ္သင္း ေတြ႕ဆုံမႈမွာ တစ္သင္းနဲ႔တစ္သင္း ဗ်ဴဟာေျမာက္ပဲ အျပန္အလွန္ ၿခိမ္းေျခာက္ခဲ့ၾကသလို မွ်မွ်တတ ယွဥ္ၿပိဳင္ ကစားသြားခဲ့ၾကတာျဖစ္ပါတယ္။ ဒီေန႔ပြဲကေတာ့ အဂၤလိပ္ ေဘာလုံးေလာကအတြက္ ဂုဏ္ယူႏိုင္တဲ့ ပြဲမ်ိဳးျဖစ္ၿပီး ပိတ္ကစားၿပီး ေကာင္တာတစ္ေပါက္သာ လုပ္စားတတ္တဲ့ တခ်ိဳ႕အသင္းေတြအတြက္ေတာ့ ရွက္တတ္ရင္ ရွက္စရာလို႔လည္း ဆိုရပါလိမ့္မယ္။

လူသစ္ ထေရာ့ဆတ္ ယူေဆာင္လာခဲ့တဲ့ ပုံစံသစ္နဲ႔ ရင္ခုန္စရာ
အာဆင္နယ္တို႔အတြက္ မန္ခ်က္စတာႏွစ္သင္းနဲ႔ ဆက္တိုက္ေတြ႕ဆုံမႈမွာ တစ္ပြဲကို လူစားဝင္ၿပီး တစ္ပြဲကို ပြဲထြက္ခြင့္ရခဲ့တဲ့ ထေရာ့ဆတ္ကေတာ့ ဒီေန႔ပြဲမွာလည္း ဘယ္ေတာင္ပံကေန အေကာင္းဆုံး ေျခစြမ္းကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ အရန္ခုံမွာ ထားခဲ့တဲ့ မာတီနယ္လီနဲ႔ မတူညီတဲ့ ကစားေပါက္နဲ႔ အေတြ႕အႀကဳံရင့္ တိုက္စစ္ဆင္မႈကို ေပးစြမ္းခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားဟာ မန္စီးတီးရဲ႕ ညာျခမ္းခံစစ္ကို ပထမပိုင္းမွာ ေတာ္ေတာ္ေလး ဒုကၡေပးႏိုင္ခဲ့ၿပီး ေအာ္ဒီဂြါဒ္၊ ဇင္ခ်န္ကိုတို႔နဲ႔ အင္ျပည့္အားျပည့္သာ တြဲဖက္လာခဲ့မယ္ဆိုရင္ အေတာ္ေလး ရင္ခုန္စရာေကာင္းခဲ့မွာျဖစ္သလို ဂန္းနားေတြအတြက္ေတာ့ ထူးျခားေကာင္းမြန္တဲ့ ဇန္နဝါရီ အားျဖည့္မႈလို႔လည္း ဆိုႏိုင္ခဲ့တာပါ။

အစ္တီဟတ္က Wrestle Mania နပမ္းပြဲ
အာဆင္နယ္တို႔အေနနဲ႔ ပထမပိုင္းမွာ မန္စီးတီးကို ကစားကြက္ခ်င္းေရာ ပါဝါခ်င္းပါ ယွဥ္ကစားသြားခဲ့ၿပီး ကြင္းလယ္က ဒီဘ႐ိုင္းနား၊ ဂြန္ဒိုးဝမ္၊ ဂရီးလစ္ရွ္တို႔ကို ပိတ္ဆို႔ထားခဲ့ခ်ိန္မွာ တိုက္စစ္မႉး ဟားလန္းကေတာ့ ေနာက္ခံလူ ဟိုးလ္ဒင္းနဲ႔ နပမ္းလုံးခဲ့ရတာျဖစ္ပါတယ္။ အဂၤလိပ္ေနာက္ခံလူအေနနဲ႔ ေနာ္ေဝတိုက္စစ္မႉးကို ခပ္ၾကမ္းၾကမ္းပဲ ကိုင္တြယ္သြားခဲ့တာေၾကာင့္ မီဒီယာေတြကေတာ့ Wrestle Mania နပမ္းပြဲလို႔ တင္စားသြားခဲ့ၿပီး အာဆင္နယ္တို႔ အႏိုင္ရခဲ့တယ္လို႔လည္း ေရးသားသြားခဲ့တာပါ။ ပြဲခ်ိန္ ၄၂ မိနစ္မွာ အဝါထိသြားလို႔ မၾကမ္းႏိုင္ေတာ့တဲ့ ဟိုးလ္ဒင္းေၾကာင့္ ဒီနပမ္းပြဲက ရပ္တန႔္ခဲ့ရၿပီး ဒုတိယပိုင္းအစမွာေတာ့ ဆာလီဘာ ဝင္လာခဲ့သလို သူနဲ႔ ဟားလန္းရဲ႕ ပြဲကေတာ့ စီစဥ္ေပးသူ မရွိခဲ့ဘူးလို႔လည္း ဆိုရေတာ့မွာျဖစ္ပါတယ္။

ၿပိဳင္ပြဲစုံ ယွဥ္ၿပိဳင္ႏိုင္စြမ္း မရွိေသးတဲ့ အာဆင္နယ္
အာဆင္နယ္တို႔အေနနဲ႔ အေရးမႀကီးတဲ့ ၿပိဳင္ပြဲေတြမွာ အသင္းႀကီးေတြနဲ႔ ေတြ႕ခဲ့ရင္ ထြက္ဖို႔ ျပင္ဆင္ထားခဲ့တာျဖစ္ၿပီး သူတို႔အေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္နဲ႔ ယူ႐ိုပါလိဂ္ကိုသာ ယွဥ္ၿပိဳင္သြားဖို႔ ရွိေနသလို စိတ္မထင္ရင္ ယူ႐ိုပါလိဂ္ကိုပါ လႊတ္ခ်ပစ္ဖို႔ အဆင္သင့္ျဖစ္ေနတယ္ဆိုတာ ေတြ႕ခဲ့ရတာပါ။ ဒီေန႔ပြဲမွာ ထေရာ့ဆတ္ ပြဲထြက္ခဲ့သလို မာတီနယ္လီကို အနားေပးခဲ့ၿပီး ကြင္းလယ္တိုက္စစ္မွာလည္း ကပၸတိန္ ေအာ္ဒီဂြါဒ္ကို ခ်န္ထားၿပီး ဖာဘီယို ဗီယာရာနဲ႔ ေက်နပ္ခဲ့တာျဖစ္ပါတယ္။ ဒါက ႏွစ္သင္းစာနီးပါး လူစုထားႏိုင္တဲ့ မန္စီးတီးတို႔နဲ႔ ကြာျခားခဲ့တာေၾကာင့္ အတင္အခ်ျပဳလုပ္ခ်ိန္မွာ ယွဥ္ၿပိဳင္ဖို႔ မျဖစ္ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာ ရလဒ္ေကာင္းဖို႔ ႀကိဳးစားေနတဲ့ အာတီတာအေနနဲ႔ သူ႔လူေတြကို ညႇစ္ထုတ္ဖို႔ မစြန႔္စားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မင္းသား ဆမ္ဘီ လိုကြန္ဂါနဲ႔ ႐ုပ္ရွင္႐ိုက္တဲ့ ဒါ႐ိုက္တာ အာတီတာ
တစ္ပြဲလုံး ဆက္သုံးမယ္ဆို သုံးႏိုင္ေသးေပမယ့္ ကြင္းလယ္မွာ ပါေတး မရွိရင္ ဘာျဖစ္မယ္ဆိုတာကို ဒုတိယပိုင္းအစမွာပဲ ဆမ္ဘီ လိုကြန္ဂါကို မင္းသားအျဖစ္ တင္႐ိုက္ၿပီး အာတီတာက ပညာျပသြားခဲ့တာပါ။ ကြင္းလယ္တိုက္စစ္ႏွစ္ေယာက္နဲ႔ ခံစစ္ဗဟိုႏွစ္ေယာက္ၾကား အလ်ဥ္းသင့္သလို ပူးေပါင္းလုပ္ေဆာင္ရမယ့္ တာဝန္အတြက္ ဘယ္လ္ဂ်ီယမ္သားမွာ လုံေလာက္တဲ့ ကစားအားေရာ ဦးေႏွာက္ပါ မရွိေၾကာင္းကို ဒုတိယပိုင္းမွာ ေတြ႕ျမင္ခဲ့ရတာျဖစ္ၿပီး ကြင္းလယ္ခ်င္း ယွဥ္ရာမွာ ဖ႐ိုဖရဲျဖစ္ေနခဲ့သလို ေနသန္ အာေကရဲ႕ အႏိုင္ဂိုးမွာလည္း လိုကြန္ဂါအေနနဲ႔ လမ္းေလွ်ာက္ၿပီး ပြဲၾကည့္ေနခဲ့တာေၾကာင့္ ဒီေနရာအတြက္ အရန္ လူသစ္တစ္ဦး ဝယ္ကို ဝယ္ရေတာ့မယ့္အေၾကာင္း သိသာထင္ရွားခဲ့ပါတယ္။

ကိုးေယာက္နဲ႔ ကစားၿပီး မယွဥ္ႏိုင္ခဲ့မႈ
အသင္းႀကီးေတြနဲ႔ ယွဥ္ၿပိဳင္ရာမွာ ပြဲႀကီးမတိုးတဲ့ ဖာဘီယို ဗီယာရာရဲ႕ ေျခစြမ္းနဲ႔ လုပ္အားႏႈန္းက ပထမပိုင္းမွာ ပါေတးရွိေနေသးလို႔ မသိသာခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ညာျခမ္းတစ္ျခမ္းတည္းက ဆာကာဆီကိုေတာင္ ေဘာလုံးမေပးႏိုင္ဘဲ ဒုကၡေရာက္ေနခဲ့သလို ေနာက္က ဆမ္ဘီ လိုကြန္ဂါရဲ႕ မျပည့္ဝမႈကေန ေပၚတူဂီသားရဲ႕ အလုပ္မျဖစ္မႈက ဘူးေပၚသလို ေပၚသြားခဲ့တာပါ။ သူ႔ရဲ႕ Pressing လိုက္ကစားႏိုင္ျခင္း မရွိတာနဲ႔ လိုကြန္ဂါရဲ႕ ေနရာယူပုံ ညံ့ဖ်င္းတာေတြက အာဆင္နယ္တို႔အတြက္ ခံစစ္ကစားခ်ိန္တိုင္း လူကိုးေယာက္နဲ႔ ကစားရသလိုျဖစ္သြားခဲ့ၿပီး ေအာ္ဒီဂြါဒ္နဲ႔ ပါေတးတို႔အတြက္ အရန္အစီအစဥ္ မရွိခဲ့ရင္ အာတီတာ၊ အီဒူးနဲ႔ ခ႐ိုယန္ကီတို႔အတြက္ “႐ိုးတဲ့ အတဲ့ေကာင္ ခံလိုက္ေပါ့”လို႔ပဲ သီခ်င္းႀကိဳတိုက္ထားသင့္ၿပီျဖစ္ပါတယ္။

ဟားလန္းထက္ ပိုအက်ိဳးျပဳတဲ့ အယ္လ္ဗာရက္ဇ္
မန္စီးတီးတို႔ရဲ႕ ကစားကြက္ ပုံေဖာ္မႈဟာ ဟားလန္းကို ဦးတည္ၿပီး ခ်ိတ္ဆက္ကစားေနတာထက္ က်န္တဲ့သူေတြ ဝိုင္းဝန္းၿပီး ကစားတာက ပိုေကာင္းတယ္လို႔ ေဝဖန္မႈေတြ ရွိေနသလို ေနာ္ေဝသားအေနနဲ႔ သြင္းဂိုးေတြေၾကာင့္သာ တန္ဖိုးရွိေနခဲ့ေပမယ့္ ဒီေန႔လိုမ်ိဳး ဂိုးမသြင္းႏိုင္ရင္ တန္ဖိုးမဲ့သလို ျဖစ္ခဲ့ရၿပီး သူဟာလည္း ဆူပါမန္း မဟုတ္ေၾကာင္း သိသာခဲ့တာပါ။ သူ႔အစား ဒီေန႔ပြဲမွာ ခ်ီးက်ဴးရမွာကေတာ့ ဒုတိယပိုင္းမွာ လူစားဝင္လာၿပီး ကြင္းလယ္မွာ ေမႊေႏွာက္ႏိုင္ခဲ့သလို အေဝးကန္ခ်က္ တိုင္ထိသြားခဲ့တာကေန ဂိုးရဖို႔ျဖစ္ေစခဲ့တဲ့ ကမာၻ႔ဖလားပိုင္ရွင္ ဟူလီယန္ အယ္လ္ဗာရက္ဇ္က ပိုအက်ိဳးျပဳႏိုင္ခဲ့ၿပီး ဂြါဒီယိုလာအတြက္ေတာ့ အေျခအေနေတြအေပၚ မူတည္ေျပာင္းလဲႏိုင္ခဲ့တယ္လို႔ ခ်ီးက်ဴးစရာလည္းျဖစ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.