Premier League

လန်ဒန် ၂ သင်းရဲ့ကမ်းလှမ်းမှုကို ဘရိုက်တန်က ငြင်းပြီးနောက် အနာဂတ်အတွက် ဆုံးဖြတ်ခဲ့တဲ့ ကိုင်ဆေဒို

ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုက ယခုလမှာ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ထဲက တစ်သင်းကို ရအောင် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘရိုက်တန်အသင်းဟာ အီကွေဒေါကွင်းလယ်ကစားသမားအတွက် လန်ဒန်ကလပ်အသင်း ၂ သင်းဆီက ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာဖြစ်ပေမယ့်လည်း ကိုင်ဆေဒိုက နှစ်သင်းထဲက တစ်သင်းကို ပြောင်းရွှေ့နိုင်အောင် တွန်းအားပေးလုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘရိုက်တန်အသင်းရဲ့ နောက်ဆုံး ငြင်းပယ်ခြင်းကို ခံခဲ့ရတဲ့အသင်းဖြစ်ပြီး ဂန်းနားတွေဟာ မွိုက်စ် ကိုင်ဆေဒိုအတွက် ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုင်ဆေဒိုဟာ ဘရိုက်တန်အသင်းရဲ့ အရေးပါတဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့သူဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်စားပေးထားရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

အီကွေဒေါကွင်းလယ်ကစားသမားဟာ ယခုလမှာ အိပ်မက်ထားတဲ့ အပြောင်းအရွှေ့ကို ပြုလုပ်နိုင်ဖို့အတွက် အပြောင်းအရွှေ့ပြုလုပ်ခွင့်တောင်းဆိုသွားဖို့ စဉ်းစားနေပြီး လာမယ့်နွေရာသီမှာ အာဆင်နယ် သို့မဟုတ် ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ အခွင့်အရေးမရမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီး ၂ သင်းစလုံးဟာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဒီကလန် ရိုက်စ်တို့ကလည်း ၂ သင်းစလုံးနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းဟာ ကိုင်ဆေဒိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ ဝန်းကျင် ရရှိဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းနိုင်ပြီး အီကွေဒေါကွင်းလယ်ကြယ်ပွင့်ကသာ အသင်းကထွက်ဖို့ လိုလိုလားလား လုပ်ဆောင်လာရင် တားဆီးဖို့အတွက် ခက်ခဲလိမ့်မယ်ဆိုတာကို သိရှိနေတာ ဖြစ်ပါတယ်။

ကိုင်ဆေဒိုဟာ ၂၀၂၁ ခုနှစ်မှာ အင်ဒီပန်ဒီယန်တေး ဒဲလ် ဗာယေးကနေ ပေါင် ၄.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပြီး အဲဒီအချိန်ကစပြီး အသင်းအတွက် လက်ရှိအချိန်အထိ ၃၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ယခုလမှာ လီအန်ဒရို ထရော့ဆာ့ဒ်ကို အာဆင်နယ်အသင်းဆီ ဆုံးရှုံးခဲ့ရပြီးဖြစ်ပြီး ကိုင်ဆေဒိုကလည်း လန်ဒန်ကို နောက်ထပ် ထွက်ခွာမယ့် ကစးသမားဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္ကြင္းလယ္ၾကယ္ပြင့္ မြိဳက္စ္ ကိုင္ေဆဒိုက ယခုလမွာ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ထဲက တစ္သင္းကို ရေအာင္ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဘ႐ိုက္တန္အသင္းဟာ အီေကြေဒါကြင္းလယ္ကစားသမားအတြက္ လန္ဒန္ကလပ္အသင္း ၂ သင္းဆီက ကမ္းလွမ္းမႈေတြကို ျငင္းပယ္ခဲ့တာျဖစ္ေပမယ့္လည္း ကိုင္ေဆဒိုက ႏွစ္သင္းထဲက တစ္သင္းကို ေျပာင္းေ႐ႊ႕ႏိုင္ေအာင္ တြန္းအားေပးလုပ္ေဆာင္သြားဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္ဟာ ဘ႐ိုက္တန္အသင္းရဲ႕ ေနာက္ဆုံး ျငင္းပယ္ျခင္းကို ခံခဲ့ရတဲ့အသင္းျဖစ္ၿပီး ဂန္းနားေတြဟာ မြိဳက္စ္ ကိုင္ေဆဒိုအတြက္ ေပါင္သန္း ၆၀ နဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကိုင္ေဆဒိုဟာ ဘ႐ိုက္တန္အသင္းရဲ႕ အေရးပါတဲ့ အဖြဲ႕ဝင္ျဖစ္လာခဲ့သူျဖစ္ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၂၁ ပြဲ ပါဝင္စားေပးထားရာမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့သူျဖစ္ပါတယ္။

အီေကြေဒါကြင္းလယ္ကစားသမားဟာ ယခုလမွာ အိပ္မက္ထားတဲ့ အေျပာင္းအေ႐ႊ႕ကို ျပဳလုပ္ႏိုင္ဖို႔အတြက္ အေျပာင္းအေ႐ႊ႕ျပဳလုပ္ခြင့္ေတာင္းဆိုသြားဖို႔ စဥ္းစားေနၿပီး လာမယ့္ေႏြရာသီမွာ အာဆင္နယ္ သို႔မဟုတ္ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ဖို႔ အခြင့္အေရးမရမွာကို စိုးရိမ္ေနတယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ထိပ္တန္းအသင္းႀကီး ၂ သင္းစလုံးဟာ ကြင္းလယ္ကို အင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းေနၾကတာျဖစ္ၿပီး အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ဒီကလန္ ႐ိုက္စ္တို႔ကလည္း ၂ သင္းစလုံးနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။ ဘ႐ိုက္တန္အသင္းဟာ ကိုင္ေဆဒိုအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၈၀ ဝန္းက်င္ ရရွိဖို႔ ႀကိဳးပမ္းေကာင္း ႀကိဳးပမ္းႏိုင္ၿပီး အီေကြေဒါကြင္းလယ္ၾကယ္ပြင့္ကသာ အသင္းကထြက္ဖို႔ လိုလိုလားလား လုပ္ေဆာင္လာရင္ တားဆီးဖို႔အတြက္ ခက္ခဲလိမ့္မယ္ဆိုတာကို သိရွိေနတာ ျဖစ္ပါတယ္။

ကိုင္ေဆဒိုဟာ ၂၀၂၁ ခုႏွစ္မွာ အင္ဒီပန္ဒီယန္ေတး ဒဲလ္ ဗာေယးကေန ေပါင္ ၄.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကစားသမားျဖစ္ၿပီး အဲဒီအခ်ိန္ကစၿပီး အသင္းအတြက္ လက္ရွိအခ်ိန္အထိ ၃၁ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘ႐ိုက္တန္ဟာ ယခုလမွာ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ကို အာဆင္နယ္အသင္းဆီ ဆုံးရႈံးခဲ့ရၿပီးျဖစ္ၿပီး ကိုင္ေဆဒိုကလည္း လန္ဒန္ကို ေနာက္ထပ္ ထြက္ခြာမယ့္ ကစးသမားျဖစ္ေကာင္း ျဖစ္လာႏိုင္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.