Premier League

မန်ယူနိုက်တက်က စိတ်ဝင်စားနေတယ်ဆိုတာ သိခဲ့တဲ့အချိန်မှာ ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ပြောပြခဲ့တဲ့ ပါ့ခ်ဂျီဆန်

ပါ့ခ်ဂျီဆန်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့စိတ်ဝင်စားမှုကို ခံနေရတယ်ဆိုတာကို သိခဲ့ရတဲ့အခိုက်အတန့်ကို ပြန်ပြောင်းပြောပြခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ ဖုန်းပြောဆိုမှုက အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ဖြစ်လာစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားဂန္တဝင်ကွင်းလယ်ကစားသမားဟာ ၂၀၀၅ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဗွီအသင်းနဲ့ အထင်ကြီးဖွယ် ၂၀၀၄-၂၀၀၅ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ်အသင်းက ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ၂၀၀၅ ယူအီးအက်ဖ်အေရဲ့အကောင်းဆုံးတိုက်စစ်ကစားသမားဆုအတွက် အက်ဒရီယာနို၊ ရော်နယ်လ်ဒင်ညိုနဲ့အတူ ဆန်ခါတင်စာရင်းထဲမှာပါဝင်ခဲ့တာဖြစ်ပါတယ်။

ပါ့ခ်ဂျီဆန်က ပီအက်စ်ဗွီအသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမတိုင်ခင် မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားနေမှုအကြောင်း ပြောကြားခြင်းခံခဲ့ရတဲ့အချိန်မှာ အံ့အားသင့်တုန်လှုပ်သွားခဲ့တာဖြစ်ပါတယ်။

“အက်ဖ်အေဖလားဗိုလ်လုပွဲမတိုင်ခင် မန်ချက်စတာယူနိုက်တက်က ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ ကြားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော့်အေးဂျင့်ကို ‘ဟာသတောင် မလုပ်နဲ့’လို့ ပြောခဲ့ပြီး ကျွန်တော် ရယ်မောခဲ့တယ်။ ကျွန်တော် အဲဒါကို မယုံကြည်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားကြယ်ပွင့်ဟောင်းက ပီအက်စ်ဗွီအတွက် နောက်ဆုံးပွဲစဉ်ကို ကစားခဲ့ပြီး အနိုင်ရရှိခဲ့ပြီးနောက်မှာ တသက်တာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဆီကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ “အိမ်ပြန်တဲ့လမ်းမှာ အေးဂျင့်က ကျွန်တော့်ကို ပြောခဲ့တယ်။ ‘ဆာအဲလက်စ် ဖာဂူဆန်က မင်း ဖုန်းခေါ်တာစောင့်နေတယ်’တဲ့။ ကျွန်တော်က ‘ဘာ။ ကျွန်တော့်ကို လာနောက်မနေနဲ့’လို့ ပြန်ပြောခဲ့တယ်။ သူက ‘ဟင့်အင်း။ အဲဒါအမှန်ပဲ’လို့ ပြောခဲ့တယ်။ ဆာအဲလက်စ်က ဖုန်းခေါ်ခဲ့ပြီး ကျွန်တော်တို့ ဖုန်းနဲ့ စကားပြောခဲ့တယ်”

“ကျွန်တော် ဖုန်းပြောရတာတော်တော်လေး ကြောက်နေခြ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက ကျွန်တော့်အင်္ဂလိပ်စကားပြောက သိပ်မကောင်းခဲ့လို့ပါ။ သူက ကျွန်တော့်ကို စကား တော်တော်နှေးနှေးလေး ပြောခြ့တယ်။ ကျွန်တော် မှတ်မိတဲ့ တစ်ခုတည်းသောအရာက အရင်တုန်းက ပီအက်စ်ဗွီကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့သူတွေ နာမည်တွေကို သူ ပြောနေခဲ့တာကိုပဲ။ ဖုန်းပြောပြီးတဲ့နောက်မှာ ကျွန်တော့်ကို မန်ယူနိုက်တက်က စိတ်ဝင်စားတယ်ဆိုတာက အမှန်ဆိုတာ သိခဲ့တယ်။ ကျွန်တော် ဘာလုပ်ရမလဲဆိုတာကို စဉ်းစားခဲ့ရတယ်”

“သာမန်ဆိုရင် ကျွန်တော်သွားချင်တယ်လို့ ပြောလိုက်ရုံပါပဲ။ ဒါပေမယ့် ဟစ်ဒင့်ခ်က သာမန်နည်းပြ မဟုတ်ခဲ့ပါဘူး။ သူက ထူးခြားတယ်။ ကျွန်တော် သူ့ရဲ့ ခွင့်ပြုချက် လိုအပ်ခဲ့တယ်။ ကျွန်တော့်ကိုယ် ကျွန်တော် စမ်းသပ်ချင်တယ်လို့ သူ့ကို ရှင်းပြခဲ့တယ်။ အဲဒီကနေ ကျွန်တော် ဘယ်နေရာလောက်အထိ သွားနိုင်မလဲဆိုတာကို သိချင်ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z

ZAWGYI:

ပါ့ခ္ဂ်ီဆန္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕စိတ္ဝင္စားမႈကို ခံေနရတယ္ဆိုတာကို သိခဲ့ရတဲ့အခိုက္အတန႔္ကို ျပန္ေျပာင္းေျပာျပခဲ့ၿပီး ဆာအဲလက္စ္ ဖာဂူဆန္နဲ႔ ဖုန္းေျပာဆိုမႈက အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ ျဖစ္လာေစခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေတာင္ကိုရီးယားဂႏၲဝင္ကြင္းလယ္ကစားသမားဟာ ၂၀၀၅ ခုႏွစ္ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဗြီအသင္းနဲ႔ အထင္ႀကီးဖြယ္ ၂၀၀၄-၂၀၀၅ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကလပ္အသင္းက ေခၚယူခ်င္ခဲ့တာျဖစ္ၿပီး ၂၀၀၅ ယူအီးအက္ဖ္ေအရဲ႕အေကာင္းဆုံးတိုက္စစ္ကစားသမားဆုအတြက္ အက္ဒရီယာႏို၊ ေရာ္နယ္လ္ဒင္ညိဳနဲ႔အတူ ဆန္ခါတင္စာရင္းထဲမွာပါဝင္ခဲ့တာျဖစ္ပါတယ္။

ပါ့ခ္ဂ်ီဆန္က ပီအက္စ္ဗြီအသင္းနဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမတိုင္ခင္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စိတ္ဝင္စားေနမႈအေၾကာင္း ေျပာၾကားျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အံ့အားသင့္တုန္လႈပ္သြားခဲ့တာျဖစ္ပါတယ္။

“အက္ဖ္ေအဖလားဗိုလ္လုပြဲမတိုင္ခင္ မန္ခ်က္စတာယူႏိုက္တက္က ကြၽန္ေတာ့္ကို စိတ္ဝင္စားေနတယ္လို႔ ၾကားခဲ့ရတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ေအးဂ်င့္ကို ‘ဟာသေတာင္ မလုပ္နဲ႔’လို႔ ေျပာခဲ့ၿပီး ကြၽန္ေတာ္ ရယ္ေမာခဲ့တယ္။ ကြၽန္ေတာ္ အဲဒါကို မယုံၾကည္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ေတာင္ကိုရီးယားၾကယ္ပြင့္ေဟာင္းက ပီအက္စ္ဗြီအတြက္ ေနာက္ဆုံးပြဲစဥ္ကို ကစားခဲ့ၿပီး အႏိုင္ရရွိခဲ့ၿပီးေနာက္မွာ တသက္တာအေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးဆီကေန ဖုန္းေခၚဆိုမႈကို လက္ခံရရွိခဲ့ပါတယ္။ “အိမ္ျပန္တဲ့လမ္းမွာ ေအးဂ်င့္က ကြၽန္ေတာ့္ကို ေျပာခဲ့တယ္။ ‘ဆာအဲလက္စ္ ဖာဂူဆန္က မင္း ဖုန္းေခၚတာေစာင့္ေနတယ္’တဲ့။ ကြၽန္ေတာ္က ‘ဘာ။ ကြၽန္ေတာ့္ကို လာေနာက္မေနနဲ႔’လို႔ ျပန္ေျပာခဲ့တယ္။ သူက ‘ဟင့္အင္း။ အဲဒါအမွန္ပဲ’လို႔ ေျပာခဲ့တယ္။ ဆာအဲလက္စ္က ဖုန္းေခၚခဲ့ၿပီး ကြၽန္ေတာ္တို႔ ဖုန္းနဲ႔ စကားေျပာခဲ့တယ္”

“ကြၽန္ေတာ္ ဖုန္းေျပာရတာေတာ္ေတာ္ေလး ေၾကာက္ေနျခ့တယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ့္အဂၤလိပ္စကားေျပာက သိပ္မေကာင္းခဲ့လို႔ပါ။ သူက ကြၽန္ေတာ့္ကို စကား ေတာ္ေတာ္ေႏွးေႏွးေလး ေျပာျခ့တယ္။ ကြၽန္ေတာ္ မွတ္မိတဲ့ တစ္ခုတည္းေသာအရာက အရင္တုန္းက ပီအက္စ္ဗြီကေန ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့သူေတြ နာမည္ေတြကို သူ ေျပာေနခဲ့တာကိုပဲ။ ဖုန္းေျပာၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ့္ကို မန္ယူႏိုက္တက္က စိတ္ဝင္စားတယ္ဆိုတာက အမွန္ဆိုတာ သိခဲ့တယ္။ ကြၽန္ေတာ္ ဘာလုပ္ရမလဲဆိုတာကို စဥ္းစားခဲ့ရတယ္”

“သာမန္ဆိုရင္ ကြၽန္ေတာ္သြားခ်င္တယ္လို႔ ေျပာလိုက္႐ုံပါပဲ။ ဒါေပမယ့္ ဟစ္ဒင့္ခ္က သာမန္နည္းျပ မဟုတ္ခဲ့ပါဘူး။ သူက ထူးျခားတယ္။ ကြၽန္ေတာ္ သူ႔ရဲ႕ ခြင့္ျပဳခ်က္ လိုအပ္ခဲ့တယ္။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ စမ္းသပ္ခ်င္တယ္လို႔ သူ႔ကို ရွင္းျပခဲ့တယ္။ အဲဒီကေန ကြၽန္ေတာ္ ဘယ္ေနရာေလာက္အထိ သြားႏိုင္မလဲဆိုတာကို သိခ်င္ခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z