Carabao & FA Premier League

မန်ယူနိုက်တက်အတွက် ပထမဆုံးဂိုးသွင်းပြီးနောက် ဝန်ခံပြောဆိုမှု ပြုလုပ်လိုက်တဲ့ ဗက်ဟော့စ်

ဗက်ဟော့စ်က မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူရတာက ထူးခြားခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်က အသင်းလိုက်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်နေခြင်းမရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နော်တင်ဟမ် ဖောရက်စ်ကို ၃-၀ နဲ့ ဗုဒ္ဓဟူးနေ့ညက ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့မှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ လက်ရှိမှာ ဝင်ဘလေက ဗိုလ်လုပွဲကို ခြေတစ်ဖက် လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်က ပထမပိုင်း ၆ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူသွားခဲ့ပေမယ့်လည်း ဖောရက်စ်က ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့ပြီး ပထမပိုင်း ပြီးဆုံးခါနီးမှာ ဗက်ဟော့စ်က နောက်ထပ် ဦးဆောင်ဂိုးကို မသွင်းခင် အကြိမ်တော်တော်များများမှာ ချေပဂိုး ရရှိလုနီးပါးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘန်လေကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ဒတ်ချ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ်က ခရစ္စတယ် ပဲလေ့စ်၊ အာဆင်နယ်တို့နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့်လည်း ဖောရက်စ်ဂိုးသမား ဟန်နက်ဆီက အန်တိုနီရဲ့ အားပါတဲ့ကန်ချက်ကို ပုတ်ထုတ်ကာကွယ်ခဲ့ချိန်မှာ အလျင်မြန်ဆုံးတုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ညပါ။ အရမ်းကောင်းတဲ့ရလဒ်ဖြစ်ပြီး ဒီပထမပွဲစဉ်အပြီးမှာ အောင်ပွဲက ဗိုလ်လုပွဲကို သွားနိုင်ဖို့ တကယ်ကောင်းမွန်တဲ့အခွင့်အရေးပါ။ ဂိုးသွင်းရတာက အမြဲတမ်း ထူးခြားပြီး ခင်ဗျား ဂိုးတွေ သွင်းယူချင်မှာပါ”

“ခင်ဗျား ဒီပထမဆုံးဂိုးကို တတ်နိုင်သလောက် မြန်မြန် ရချင်မှာပါ။ အဲဒီတော့ ကျွန်တော် တကယ်ကို ပျော်ရွှင်ခဲ့ပါတယ်။ အဲဒါကအရေးကြီးတဲ့အခိုက်အတန့်လည်းဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကို ပထမပိုင်းအပြီး နားချိန်မှာ ကောင်းမွန်တဲ့ခံစားချက် ပေးခဲ့တယ်။ ကျွန်တော်တို့ ကောင်းကောင်း စတင်နိုင်ခဲ့ပြီး အရမ်းကောင်းတဲ့ဂိုးရခဲ့တယ်။ ကျွန်တော်တို့ ထိန်းချုပ်ချင်တဲ့အတိုင်းတော့ မထိန်းချုပ်နိုင်ခဲ့ဘဲ အတက်အဆင်းတွေ အများကြီးဖြစ်အောင် လုပ်ခဲ့တယ်။ သူတို့ရဲ့ဂိုးက ခွင့်ပြုခြင်းမခံခဲ့ရတာက ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ ပြီးတော့ ပထမပိုင်းမပြီးခင် ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာက အရေးပါခဲ့ပါတယ်”

“ကျွန်တော် ပြန်လျှံထွက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဂိုးရှေ့ကို သွားခဲ့တာဖြစ်ပြီး အဲဒီအတိုင်းပဲ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ကစားခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မပျော်ရွှင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပိုပြီးတော့ ထိန်းချုပ်ချင်တယ်။ အဲဒါက ဒုတိယပိုင်းမှာ ကျွန်တော်တို့ လုပ်ခဲ့တဲ့အရာဖြစ်ပြိး အဆုံးမှာ ၃-၀ နဲ့ အနိုင်ရသွားလို့ ပိုလို့တောင် ကောင်းမွန်ခဲ့ပါတယ်။ ဒီည ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ရလဒ်ပါ။ လာမယ့်အပတ်မှာ အဆုံးသတ်ကြရအောင်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဗက္ေဟာ့စ္က မန္ခ်က္စတာယူႏိုက္တက္အတြက္ ပထမဆုံးသြင္းဂိုးကို သြင္းယူရတာက ထူးျခားခဲ့တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲစဥ္က အသင္းလိုက္စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ေနျခင္းမရွိဘူးလို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာ္တင္ဟမ္ ေဖာရက္စ္ကို ၃-၀ နဲ႔ ဗုဒၶဟူးေန႔ညက ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ ပထမအေက်ာ့မွာ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းဟာ လက္ရွိမွာ ဝင္ဘေလက ဗိုလ္လုပြဲကို ေျခတစ္ဖက္ လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ပထမပိုင္း ၆ မိနစ္မွာပဲ အဖြင့္ဂိုးကို သြင္းယူသြားခဲ့ေပမယ့္လည္း ေဖာရက္စ္က ေကာင္းေကာင္း တုံ႔ျပန္ႏိုင္ခဲ့ၿပီး ပထမပိုင္း ၿပီးဆုံးခါနီးမွာ ဗက္ေဟာ့စ္က ေနာက္ထပ္ ဦးေဆာင္ဂိုးကို မသြင္းခင္ အႀကိမ္ေတာ္ေတာ္မ်ားမ်ားမွာ ေခ်ပဂိုး ရရွိလုနီးပါးျဖစ္ခဲ့တာျဖစ္ပါတယ္။

ဘန္ေလကေန အငွားနဲ႔လာေရာက္ကစားေနတဲ့ ဒတ္ခ်္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့အပတ္က ခရစၥတယ္ ပဲေလ့စ္၊ အာဆင္နယ္တို႔နဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိေပမယ့္လည္း ေဖာရက္စ္ဂိုးသမား ဟန္နက္ဆီက အန္တိုနီရဲ႕ အားပါတဲ့ကန္ခ်က္ကို ပုတ္ထုတ္ကာကြယ္ခဲ့ခ်ိန္မွာ အလ်င္ျမန္ဆုံးတုံ႔ျပန္ႏိုင္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔အတြက္ အရမ္းေကာင္းတဲ့ညပါ။ အရမ္းေကာင္းတဲ့ရလဒ္ျဖစ္ၿပီး ဒီပထမပြဲစဥ္အၿပီးမွာ ေအာင္ပြဲက ဗိုလ္လုပြဲကို သြားႏိုင္ဖို႔ တကယ္ေကာင္းမြန္တဲ့အခြင့္အေရးပါ။ ဂိုးသြင္းရတာက အၿမဲတမ္း ထူးျခားၿပီး ခင္ဗ်ား ဂိုးေတြ သြင္းယူခ်င္မွာပါ”

“ခင္ဗ်ား ဒီပထမဆုံးဂိုးကို တတ္ႏိုင္သေလာက္ ျမန္ျမန္ ရခ်င္မွာပါ။ အဲဒီေတာ့ ကြၽန္ေတာ္ တကယ္ကို ေပ်ာ္႐ႊင္ခဲ့ပါတယ္။ အဲဒါကအေရးႀကီးတဲ့အခိုက္အတန႔္လည္းျဖစ္ခဲ့တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ကို ပထမပိုင္းအၿပီး နားခ်ိန္မွာ ေကာင္းမြန္တဲ့ခံစားခ်က္ ေပးခဲ့တယ္။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း စတင္ႏိုင္ခဲ့ၿပီး အရမ္းေကာင္းတဲ့ဂိုးရခဲ့တယ္။ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္ခ်င္တဲ့အတိုင္းေတာ့ မထိန္းခ်ဳပ္ႏိုင္ခဲ့ဘဲ အတက္အဆင္းေတြ အမ်ားႀကီးျဖစ္ေအာင္ လုပ္ခဲ့တယ္။ သူတို႔ရဲ႕ဂိုးက ခြင့္ျပဳျခင္းမခံခဲ့ရတာက ကြၽန္ေတာ္တို႔ ကံေကာင္းခဲ့ပါတယ္။ ၿပီးေတာ့ ပထမပိုင္းမၿပီးခင္ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာက အေရးပါခဲ့ပါတယ္”

“ကြၽန္ေတာ္ ျပန္လွ်ံထြက္လာမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ဂိုးေရွ႕ကို သြားခဲ့တာျဖစ္ၿပီး အဲဒီအတိုင္းပဲ ျဖစ္လာခဲ့တယ္။ ကြၽန္ေတာ္တို႔ ပထမပိုင္းမွာ ကစားခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ မေပ်ာ္႐ႊင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ပိုၿပီးေတာ့ ထိန္းခ်ဳပ္ခ်င္တယ္။ အဲဒါက ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ လုပ္ခဲ့တဲ့အရာျဖစ္ၿပိး အဆုံးမွာ ၃-၀ နဲ႔ အႏိုင္ရသြားလို႔ ပိုလို႔ေတာင္ ေကာင္းမြန္ခဲ့ပါတယ္။ ဒီည ကြၽန္ေတာ္တို႔အတြက္ အရမ္းေကာင္းတဲ့ရလဒ္ပါ။ လာမယ့္အပတ္မွာ အဆုံးသတ္ၾကရေအာင္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.