Premier League

လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြ ၅ ဦး

လူလေးစားခံရတဲ့ကလပ်အသင်းတစ်သင်းရဲ့ နည်းပြဖြစ်ရတာ မလွယ်ကူဘဲ ကွင်းပြင်ပ သတင်းစာရှင်းလင်းပွဲအပြင် ကွင်းအတွင်း နည်းစနစ် ဧရိယာမှာပါ ကမ္ဘာတလွှားက သန်းပေါင်းများစွာသော သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခြင်းခံရတာဖြစ်ပါတယ်။

အသေးငယ်ဆုံး လွဲချော်မှုကိုတောင် ပုံကြီးချဲ့ခြင်းခံရနိုင်တာကြောင့် နည်းနည်းလေးမှ အမှားခံလို့မရဘဲ နည်းပြအနည်းငယ်ကသာ သန်းပေါင်းများစွာသော ပရိသတ်တွေရဲ့မျှော်မှန်းချက်တွေကို ပုခုံးထမ်းနိုင်ခဲ့ပြီး အဲဒီအနည်းငယ်ထဲက လက်ရှိ ကမ္ဘာ့အကောင်းဆုံးနည်းပြ ၅ ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၅။ ဇာဗီ-ဘာစီလိုနာ

ဘာစီလိုနာနည်းပြ ဇာဗီဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ၂ ရာသီဆက်တိုက် ထွက်ခွာခဲ့ရမှုကို မတားဆီးနိုင်ခဲ့ပေမယ့်လည်း ယခုရာသီ ဘာစီလိုနာအတွက် အပြစ်ရှာမရသူဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရီးရဲလ်မက်ဒရစ်ထက် ၃ မှတ်အသာနဲ့ ရပ်တည်နေပြီး ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ယခုရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ မကြာသေးမီက စပိန်စူပါဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကိုဗိုလ်လုပွဲမှာ ၃-၁ နဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာဟာ ဇာဗီအတွက် မှတ်တိုင်တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ ဇာဗီအတွက် စပိန်စူပါဖလားဟာ ဘာစီလိုနာနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံး ရရှိခဲ့တဲ့ ဆုဖလားဖြစ်ပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာလည်း အခြေအနေကောင်းနေပြီး ဗုဒ္ဓဟူးနေ့မှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ် ဆိုစီဒက်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

၄။ ပက် ဂွါဒီယိုလာ-မန်စီးတီး

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အစ်တီဟတ်မှာ ပြည်တွင်းအောင်မြင်မှုတွေ အများအပြားပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကို ပြီးခဲ့တဲ့ ၅ ရာသီမှာ ၄ ကြိမ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ ဂွါဒီယိုလာဟာ လွှမ်းမိုးချင်သလောက် လွှမ်းမိုးနိုင်ခြင်းမရှိပေမယ့်လည်း ၎င်းရဲ့အသင်းဟာ ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် ဆက်လက်စွမ်းဆောင်ထားနိုင်ဆဲဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ အာဆင်နယ်နဲ့ ၅ မှတ်အကွာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅၀ အထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ အက်ဖ်အေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနေခဲ့တာဖြစ်ပြီး အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ချဲလ်ဆီးကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း အုပ်စု G မှာ ၄ ပွဲနိုင် ၂ ပွဲသရေရလဒ်နဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီနဲ့ မတ်လမှာ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

၃။ အက်ဒီဟောင်း-နယူးကာဆယ်လ် ယူနိုက်တက်

နယူးကာဆယ်လ် ယူနိုက်တက်ဟာ ဆော်ဒီ အာရေဗျ လုပ်ငန်းစုက ဝယ်ယူခြင်းခံခဲ့ရပြီးနောက်ပိုင်း အရေးကြီးတဲ့ ခေါ်ယူမှုအချို့ကို ပြုလုပ်နိုင်ခဲ့ပြီး အဲဒီထဲမှာ နည်းပြ အက်ဒီ ဟောင်းလည်း အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အက်ဒီ ဟောင်းဟာ ယခုရာသီမှာ ငှက်ကျားတွေကို ထိပ်ဆုံး ၄ နေရာ စိန်ခေါ်သူဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့သူဖြစ်ပြီး နယူးကာဆယ်လ်ဟာ စွဲမက်ဖွယ်ကောင်းတဲ့ ဘောလုံးကစားဟန်နဲ့ ကစားနေခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်လ် ယူနိုက်တက်ဟာ ယခုရာသီ ပွဲ ၂၀ ကနေ ၃၉ မှတ်အထိ ရယူထားနိုင်ခဲ့ပြီး အမှတ်ပေးဇယား တတိယနေရာမှာ အဆင့် ၄ နေရာက မန်ယူနိုက်တက်ထက် ဂိုးကွာခြားချက်အသာနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီတလျှောက်လုံး အက်ဒီဟောင်းရဲ့အသင်းဟာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ခဲ့ပြီး စက်တင်ဘာလတုန်းက လီဗာပူးလ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်လ်ယူနိုက်တက်ဟာ နိုဝင်ဘာလမှာ ချဲလ်ဆီး၊ အောက်တိုဘာလမှာ စပါးစ်တို့ကို အနိုင်ရရှိခဲ့ပြီး ဇန်နဝါရီမှာ အာဆင်နယ်၊ မန်ချက်စတာစီးတီးတို့ကို သရေ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

၂။ မီခေးလ် အာတီတာ-အာဆင်နယ်

အာဆင်နယ်နည်းပြ အာတီတာရဲ့ စိတ်ဓာတ်ပိုင်းဟာ ပြီးခဲ့တဲ့ရာသီ ထိပ်ဆုံး ၄ နေရာပြိုင်ပွဲမှာအဆင့် ၅ နေရာမှာသာ ရာသီပြီးဆုံးခဲ့ချိန်မှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နည်းပြအာတီတာကို ထုတ်ပယ်ရမယ့်အစား ယုံကြည်မှု ဆက်ပေးခဲ့တဲ့အတွက် လက်ရှိမှာတော့ အားလုံးမြင်တဲ့အတိုင်းပဲ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းအဖြစ် ပေါ်ထွက်လာခဲ့ပြီး ၁၉ ပွဲကနေ ရမှတ် ၅၀ အထိ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးကို ၅ မှတ်ဖြတ် ဦးဆောင်ထားပြီး အမှတ်ပေးဇယားစတုတ္ထနေရာက မန်ယူနိုက်တက်ကို တနင်္ဂနွေနေ့က ၃-၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယခုရာသီမှာ ထိပ်တန်းပြိုင်ဘက်တွေအားလုံးကို အနိုင်ရရှိထားခဲ့ပြီဖြစ်ပါတယ်။

၁။ လူစီယာနို စပယ်လက်တီ-နာပိုလီ

နာပိုလီဟာ ယခုရာသီမှာ ကမ္ဘာပေါ်က ဖျော်ဖြေမှုအပေးနိုင်ဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ထွက်ပေါ်လာခဲ့ပြီး နေပယ်သားတွေရဲ့ ရင်သပ်ရှုမောဖွယ်ကစားပုံအတွက် နည်းပြ စပယ်လက်တီကိုပဲ ချီးကျူးရမှာဖြစ်ပါတယ်။ ပြိုင်ဘက်တွေလိုမျိုး ဘဏ္ဍာရေးတောင့်တင်းမှု မရှိပေမယ့်လည်း နာပိုလီအသင်းဟာ စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူအဖြစ် ရပ်တည်နေပြီး ဒုတိယနေရာက အေစီမီလန်နဲ့ ၁၂ မှတ်အထိ ဖြတ်ထားနိုင်တာဖြစ်ပါတယ်။ စပယ်လက်တီရဲ့ အသင်းဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်စစ်နဲ့ စည်းကမ်းပိုင်းကောင်းမွန်တဲ့ ခံစစ် ဟန်ချက်ညီညီ ကစားနိုင်ပြီး အီတလီစီးရီးအေမှာ နာပိုလီဟာ ၁၉ ပွဲကစားပြီးနောက် သွင်းဂိုး ၄၆ ဂိုးနဲ့ အများဆုံးသွင်းယူထားသလို ပေးဂိုး ၁၄ ဂိုးနဲ့ ဂိုးအနည်းဆုံးခွင့်ပြုထားရတာဖြစ်ပါတယ်။ နာပိုလီဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း အလွန်ကောင်းမွန်တဲ့နိုင်ပွဲစံချိန်ကို ပိုင်ဆိုင်ထားပြီး အုပ်စု A ၆ ပွဲမှာ ၅ ပွဲအနိုင်နဲ့ လီဗာပူးလ်ကို ဂိုးကွာခြားချက်နဲ့ ကျော်ဖြတ်ပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက်ခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

လူေလးစားခံရတဲ့ကလပ္အသင္းတစ္သင္းရဲ႕ နည္းျပျဖစ္ရတာ မလြယ္ကူဘဲ ကြင္းျပင္ပ သတင္းစာရွင္းလင္းပြဲအျပင္ ကြင္းအတြင္း နည္းစနစ္ ဧရိယာမွာပါ ကမာၻတလႊားက သန္းေပါင္းမ်ားစြာေသာ သံသယမ်က္လုံးေတြနဲ႔ ေစာင့္ၾကည့္ျခင္းခံရတာျဖစ္ပါတယ္။

အေသးငယ္ဆုံး လြဲေခ်ာ္မႈကိုေတာင္ ပုံႀကီးခ်ဲ႕ျခင္းခံရႏိုင္တာေၾကာင့္ နည္းနည္းေလးမွ အမွားခံလို႔မရဘဲ နည္းျပအနည္းငယ္ကသာ သန္းေပါင္းမ်ားစြာေသာ ပရိသတ္ေတြရဲ႕ေမွ်ာ္မွန္းခ်က္ေတြကို ပုခုံးထမ္းႏိုင္ခဲ့ၿပီး အဲဒီအနည္းငယ္ထဲက လက္ရွိ ကမာၻ႔အေကာင္းဆုံးနည္းျပ ၅ ဦးကို ေ႐ြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။

၅။ ဇာဗီ-ဘာစီလိုနာ

ဘာစီလိုနာနည္းျပ ဇာဗီဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ၂ ရာသီဆက္တိုက္ ထြက္ခြာခဲ့ရမႈကို မတားဆီးႏိုင္ခဲ့ေပမယ့္လည္း ယခုရာသီ ဘာစီလိုနာအတြက္ အျပစ္ရွာမရသူျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ လက္ရွိမွာ လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာ ရီးရဲလ္မက္ဒရစ္ထက္ ၃ မွတ္အသာနဲ႔ ရပ္တည္ေနၿပီး ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ယခုရာသီ စပိန္လာလီဂါၿပိဳင္ပြဲမွာ တစ္ပြဲသာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာဟာ မၾကာေသးမီက စပိန္စူပါဖလားၿပိဳင္ပြဲမွာ ရီးရဲလ္မက္ဒရစ္ကိုဗိုလ္လုပြဲမွာ ၃-၁ နဲ႔ အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့တာဟာ ဇာဗီအတြက္ မွတ္တိုင္တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။ ဇာဗီအတြက္ စပိန္စူပါဖလားဟာ ဘာစီလိုနာနည္းျပအျဖစ္ ခန႔္အပ္ခံရၿပီးေနာက္ပိုင္း ပထမဆုံး ရရွိခဲ့တဲ့ ဆုဖလားျဖစ္ၿပီး ကိုပါဒယ္ေရးဖလားၿပိဳင္ပြဲမွာလည္း အေျခအေနေကာင္းေနၿပီး ဗုဒၶဟူးေန႔မွာ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ရီးရဲလ္ ဆိုစီဒက္နဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

၄။ ပက္ ဂြါဒီယိုလာ-မန္စီးတီး

မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ အစ္တီဟတ္မွာ ျပည္တြင္းေအာင္ျမင္မႈေတြ အမ်ားအျပားပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလားကို ၿပီးခဲ့တဲ့ ၅ ရာသီမွာ ၄ ႀကိမ္အထိ ရရွိခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာေတာ့ ဂြါဒီယိုလာဟာ လႊမ္းမိုးခ်င္သေလာက္ လႊမ္းမိုးႏိုင္ျခင္းမရွိေပမယ့္လည္း ၎ရဲ႕အသင္းဟာ ပရိသတ္ေတြကို စိတ္လႈပ္ရွားေအာင္ ဆက္လက္စြမ္းေဆာင္ထားႏိုင္ဆဲျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕ မန္စီးတီးဟာ အာဆင္နယ္နဲ႔ ၅ မွတ္အကြာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၅၀ အထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးဟာ အက္ဖ္ေအနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ အထင္ႀကီးဖြယ္ေျခစြမ္းျပသေနခဲ့တာျဖစ္ၿပီး အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မွာ ခ်ဲလ္ဆီးကို ၄-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာလည္း အုပ္စု G မွာ ၄ ပြဲႏိုင္ ၂ ပြဲသေရရလဒ္နဲ႔ အုပ္စုဗိုလ္အျဖစ္ ရႈံးထြက္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ေဖေဖာ္ဝါရီနဲ႔ မတ္လမွာ လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

၃။ အက္ဒီေဟာင္း-နယူးကာဆယ္လ္ ယူႏိုက္တက္

နယူးကာဆယ္လ္ ယူႏိုက္တက္ဟာ ေဆာ္ဒီ အာေရဗ် လုပ္ငန္းစုက ဝယ္ယူျခင္းခံခဲ့ရၿပီးေနာက္ပိုင္း အေရးႀကီးတဲ့ ေခၚယူမႈအခ်ိဳ႕ကို ျပဳလုပ္ႏိုင္ခဲ့ၿပီး အဲဒီထဲမွာ နည္းျပ အက္ဒီ ေဟာင္းလည္း အပါအဝင္ျဖစ္ခဲ့တာျဖစ္ပါတယ္။ အက္ဒီ ေဟာင္းဟာ ယခုရာသီမွာ ငွက္က်ားေတြကို ထိပ္ဆုံး ၄ ေနရာ စိန္ေခၚသူျဖစ္ေအာင္ ေျပာင္းလဲေပးႏိုင္ခဲ့သူျဖစ္ၿပီး နယူးကာဆယ္လ္ဟာ စြဲမက္ဖြယ္ေကာင္းတဲ့ ေဘာလုံးကစားဟန္နဲ႔ ကစားေနခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္လ္ ယူႏိုက္တက္ဟာ ယခုရာသီ ပြဲ ၂၀ ကေန ၃၉ မွတ္အထိ ရယူထားႏိုင္ခဲ့ၿပီး အမွတ္ေပးဇယား တတိယေနရာမွာ အဆင့္ ၄ ေနရာက မန္ယူႏိုက္တက္ထက္ ဂိုးကြာျခားခ်က္အသာနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရာသီတေလွ်ာက္လုံး အက္ဒီေဟာင္းရဲ႕အသင္းဟာ ရႈံးပြဲတစ္ပြဲသာ ႀကဳံေတြ႕ခဲ့ၿပီး စက္တင္ဘာလတုန္းက လီဗာပူးလ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္လ္ယူႏိုက္တက္ဟာ ႏိုဝင္ဘာလမွာ ခ်ဲလ္ဆီး၊ ေအာက္တိုဘာလမွာ စပါးစ္တို႔ကို အႏိုင္ရရွိခဲ့ၿပီး ဇန္နဝါရီမွာ အာဆင္နယ္၊ မန္ခ်က္စတာစီးတီးတို႔ကို သေရ ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။

၂။ မီေခးလ္ အာတီတာ-အာဆင္နယ္

အာဆင္နယ္နည္းျပ အာတီတာရဲ႕ စိတ္ဓာတ္ပိုင္းဟာ ၿပီးခဲ့တဲ့ရာသီ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲမွာအဆင့္ ၅ ေနရာမွာသာ ရာသီၿပီးဆုံးခဲ့ခ်ိန္မွာ ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ နည္းျပအာတီတာကို ထုတ္ပယ္ရမယ့္အစား ယုံၾကည္မႈ ဆက္ေပးခဲ့တဲ့အတြက္ လက္ရွိမွာေတာ့ အားလုံးျမင္တဲ့အတိုင္းပဲ ရလဒ္ေကာင္းေတြ ပိုင္ဆိုင္ေနၿပီျဖစ္ပါတယ္။ အာဆင္နယ္ဟာ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးၿပိဳင္ပြဲျဖစ္တဲ့ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးအသင္းအျဖစ္ ေပၚထြက္လာခဲ့ၿပီး ၁၉ ပြဲကေန ရမွတ္ ၅၀ အထိ ရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ မန္စီးတီးကို ၅ မွတ္ျဖတ္ ဦးေဆာင္ထားၿပီး အမွတ္ေပးဇယားစတုတၳေနရာက မန္ယူႏိုက္တက္ကို တနဂၤေႏြေန႔က ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ယခုရာသီမွာ ထိပ္တန္းၿပိဳင္ဘက္ေတြအားလုံးကို အႏိုင္ရရွိထားခဲ့ၿပီျဖစ္ပါတယ္။

၁။ လူစီယာႏို စပယ္လက္တီ-နာပိုလီ

နာပိုလီဟာ ယခုရာသီမွာ ကမာၻေပၚက ေဖ်ာ္ေျဖမႈအေပးႏိုင္ဆုံးအသင္းေတြထဲက တစ္သင္းအျဖစ္ ထြက္ေပၚလာခဲ့ၿပီး ေနပယ္သားေတြရဲ႕ ရင္သပ္ရႈေမာဖြယ္ကစားပုံအတြက္ နည္းျပ စပယ္လက္တီကိုပဲ ခ်ီးက်ဴးရမွာျဖစ္ပါတယ္။ ၿပိဳင္ဘက္ေတြလိုမ်ိဳး ဘ႑ာေရးေတာင့္တင္းမႈ မရွိေပမယ့္လည္း နာပိုလီအသင္းဟာ စီးရီးေအအမွတ္ေပးဇယားဦးေဆာင္သူအျဖစ္ ရပ္တည္ေနၿပီး ဒုတိယေနရာက ေအစီမီလန္နဲ႔ ၁၂ မွတ္အထိ ျဖတ္ထားႏိုင္တာျဖစ္ပါတယ္။ စပယ္လက္တီရဲ႕ အသင္းဟာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ တိုက္စစ္နဲ႔ စည္းကမ္းပိုင္းေကာင္းမြန္တဲ့ ခံစစ္ ဟန္ခ်က္ညီညီ ကစားႏိုင္ၿပီး အီတလီစီးရီးေအမွာ နာပိုလီဟာ ၁၉ ပြဲကစားၿပီးေနာက္ သြင္းဂိုး ၄၆ ဂိုးနဲ႔ အမ်ားဆုံးသြင္းယူထားသလို ေပးဂိုး ၁၄ ဂိုးနဲ႔ ဂိုးအနည္းဆုံးခြင့္ျပဳထားရတာျဖစ္ပါတယ္။ နာပိုလီဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာလည္း အလြန္ေကာင္းမြန္တဲ့ႏိုင္ပြဲစံခ်ိန္ကို ပိုင္ဆိုင္ထားၿပီး အုပ္စု A ၆ ပြဲမွာ ၅ ပြဲအႏိုင္နဲ႔ လီဗာပူးလ္ကို ဂိုးကြာျခားခ်က္နဲ႔ ေက်ာ္ျဖတ္ၿပီး အုပ္စုဗိုလ္အျဖစ္ ရႈံးထြက္တက္ခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.