Premier League

တန်ဟက်ရဲ့အမှားကို ပြောပြခဲ့ပြီး ကျွတ်ကျဲနေတဲ့ မန်ယူနိုက်တက်ကြယ်ပွင့်ကို ဝေဖန်ခဲ့တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်ဟာ အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ဂါနာချိုကို လူစားမလဲခဲ့တဲ့ တန်ဟက်က အမှားလုပ်ခဲ့တာလို့ ခံစားနေရပြီး လုခ် ရှောက ဆာကာနဲ့ ရင်ဆိုင်ရာမှာ ကြောက်နေတဲ့ပုံပေါ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အမ်းမရိတ်စ်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အက်ဒီ နကီးတီးယား၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေကြောင့် နောက်ကနေ ပြန်လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ လီဆန်ဒရို မာတီနက်ဇ်က မန်ချက်စတာယူနိုက်တက်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပေမယ့်လည်း အာဆင်နယ်ဟာ ပွဲပြီးဆုံးခါနီးမှာ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပြီး ဖိအားတွေ ဆက်တိုက်ပေးခဲ့ပြီးနောက် မိနစ် ၉၀ မှာ နကီးတီးယားက အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်က မန်ချက်စတာယူနိုက်တက်အသင်းဟာ အရမ်း နောက်ပြန်ဆုတ်လွန်းတယ်လို့ ခံစားခဲ့ရပြီး သရေရလဒ်အတွက် ကစားဖို့ ပျော်ရွှင်နေရမယ့်အစား ဂါနာချိုကို ထည့်ပြီး အနိုင်ဂိုးသွင်းဖို့ ကြိုးပမ်းခဲ့သင့်တယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။ “ကျွန်တော်က ယူနိုက်တက်နဲ့ပတ်သက်ပြီး ဇီဇာကြောင်ခဲ့တယ်ဆိုရင် ကျွန်တော် ပြောရပါလိမ့်မယ်။ သူတို့တွေ အာဆင်နယ်ကို စဉ်းစားစရာတစ်စုံတရာပေးဖို့အတွက် ပွဲကစားချိန် ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ကျန်တဲ့အချိန်မှာ ဂါနာချိုလိုမျိုး တစ်စုံတယောက်ကို ခေါ်ယူခဲ့သင့်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”

“သူတို့တွေက ကျွန်တော်တို့အပေါ်မှာ အရမ်းစီးထားတယ်။ သူတို့တွေက ကျွန်တော်တို့ကို နေရာစုံမှာ စီးထားတယ်။ ဘာလို့လဲဆိုတော့ ပွဲပြီးခါနီးမှာ ဘာခြိမ်းခြောက်မှုမှရှိမနေတော့ဘူးဆိုတာသူတို့ သိနေခဲ့လို့ပါ။ မားကပ်စ်က အဲဒီအချိန်မှာ အင်အားပိုင်းမှာ နည်းနည်း ကျသွားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဗက်ဟော့စ်က ဘယ်တုန်းကမှ ဘယ်သူ့ဆီကနေ ပြေးထွက်မှာမဟုတ်ဘဲ ဘရူနို ဖာနန်ဒက်စ်က ညာတောင်ပံမှာ ခြေထောက်တွေမပါတဲ့ ကွင်းလယ်ကစားသမားလိုမျိုး ပိုပြီးတော့ ကစားနေတယ်။ ဂါနာချိုက အရမ်းကောင်းတဲ့ လူစားဝင်ကစားသမားဖြစ်ခဲ့ရမှာလို့ ကျွန်တော်တွေးမိခဲ့တယ်”

“ဒါတွေအားလုံးကို ဖြစ်ပြီးမှပြောရတာကြောင့် လွယ်ကူပါတယ်။ ဒါပေမယ့် သူတို့တွေက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်။ ၂-၂ ဖြစ်သွားခဲ့တဲ့အချိန်မှာ သူတို့တွေက ‘ဟင့်အင်း။ ငါတို့တွေက ဒီပွဲကို အနိုင်ရချင်တယ်။ ငါတို့တွေ အနိုင် ၃ မှတ်စလုံးကို ရယူချင်တယ်’ဆိုပြီး ပြောခဲ့တဲ့အသင်းဖြစ်ခဲ့ပါတယ်။ ဖရက်ဒ်ရဲ့ လူစားလဲလှယ်မှုက သိသာခဲ့တယ်လို့ ထင်မိခဲ့ပါတယ်။ ဒါပေမယ့် ဂါနာချိုလိုမျိုး တစ်စုံတယောက်ကို လူစားလဲလှယ်မှု ၂ ခု တပြိုင်နက်လုပ်တာက ကျွန်တော်တို့ကို ‘ငါတို့တွေလည်း ဒီမှာ အနိုင် ၃ မှတ်ကို ယူဖို့ ရှိနေတာပဲ။ ငါတို့ကို မင်း အနိုင်ယူလို့ မရနိုင်ဘူး။ ငါတို့က ဒီမှာထိုင်နေပြီး လုပ်သမျှခံနေမှာမဟုတ်ဘူး’ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်ခဲ့စေလိမ့်မယ်လို့ ထင်ပါတယ်”

“ဒါပေမယ့် ကျွန်တော်တို့ လုပ်သမျှခံခဲ့တယ်။ ကျွန်တော်တို့ အဲဒီမှာ ထိုင်ပြီး ခံစားခဲ့ရတယ်။ ဒါပေမယ့် တချိန်တည်းမှာ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်က တိုးတက်လာတယ်လို့ ပြောရမှာပါ။ အာဆင်နယ်က အာတီတာကို ခန့်အပ်ခဲ့တာ အချိန်ပိုကြာခဲ့ပြီဖြစ်လို့ ဒီနည်းပြအောက်မှာ တိုးတက်မှုတွေက ပိုပြီးတော့ များပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး တောင်းဆိုမှုတွေထဲက တစ်ခုဖြစ်တဲ့ မန်ယူနိုက်တက်က ဂါနာချိုကို လူစားဝင်ကစားသမားအဖြစ် ထည့်ပြီး ပွဲကို ပြောင်းလဲဖို့က မန်ယူနိုက်တက် လုပ်ခဲ့ရမယ့်အရာတစ်ခုဆိုတာကို ညွှန်ပြနေပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သူရဲ့အရည်အချင်းကိုလည်း ညွှန်ပြနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီကလေးက လူစားဝင်ကစားသမားအဖြစ် ကစားခွင့်ပေးဖို့ တောင်းဆိုနေတယ်”

“သူ ယူနိုက်တက်အတွက် အနီရောင်ရှပ်ကို ဝတ်ဆင်တဲ့အချိန်တိုင်းမှာ ပွဲကို အကျိုးသက်ရောက်မှုရှိစေခဲ့တယ်။ အဲဒီတော့ ဘာကြောင့်သူ့ကို ကျွန်တော်တို့ လူစားဝင်ကစားသမားအနေနဲ့ မခေါ်ဘဲ နေရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။ ဖာဒီနန်က ဘူကာယို ဆာကာနဲ့ ရင်ဆိုင်ရာမှာ ခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရတဲ့ လုခ် ရှောကိုလည်း ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး “ကျွန်တော့်ရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဖြစ်တဲ့ဆာကာက လုခ် ရှောကို ကြောက်ရွံ့စေခဲ့တယ်လို့ ထင်ပါတယ်။ လုခ် ရှောကို ‘အိုး ဒီကောင်က ငါ့ကို အလွယ်တကူနဲ့ အနိုင်ယူမယ့်သူပဲ’ဆိုတဲ့ပုံစံမျိုးနဲ့ မြင်တွေ့ခဲ့ရတာ ဒါ ပထမဆုံးအကြိမ်ပဲ။ သူ ဆာကာကို အချိန်အများကြီး နေရာလွတ်တွေ အများကြီးပေးခဲ့တယ်။ သူ့ကို မရင်ဆိုင်ခင် ပြေးလွှားပြီး ပင်နယ်တီဧရိယာထဲကို ဝင်ခွင့်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ အလဲထိုးတာ မခံချင်လို့ပါ။ သူသာ ဆာကာကို ရင်ဆိုင်မယ်ဆိုရင် သူ့ကို လှည့်သွားလိမ့်မယ်လို့ သူ တွေးမိခဲ့ပါလိမ့်မယ်။ ဒါပေမယ့်လည်း လုခ် ရှောက ဒီအချိန်အထိတော့ ယူနိုက်တက်အတွက် အံ့မခန်းဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ရီယို ဖာဒီနန္ဟာ အာဆင္နယ္ကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အတြင္း ဂါနာခ်ိဳကို လူစားမလဲခဲ့တဲ့ တန္ဟက္က အမွားလုပ္ခဲ့တာလို႔ ခံစားေနရၿပီး လုခ္ ေရွာက ဆာကာနဲ႔ ရင္ဆိုင္ရာမွာ ေၾကာက္ေနတဲ့ပုံေပၚခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အမ္းမရိတ္စ္မွာ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း အက္ဒီ နကီးတီးယား၊ ဆာကာတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ေနာက္ကေန ျပန္လိုက္ကစားခဲ့ရတာ ျဖစ္ပါတယ္။ လီဆန္ဒ႐ို မာတီနက္ဇ္က မန္ခ်က္စတာယူႏိုက္တက္အတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးခဲ့ေပမယ့္လည္း အာဆင္နယ္ဟာ ပြဲၿပီးဆုံးခါနီးမွာ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့ၿပီး ဖိအားေတြ ဆက္တိုက္ေပးခဲ့ၿပီးေနာက္ မိနစ္ ၉၀ မွာ နကီးတီးယားက အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဖာဒီနန္က မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အရမ္း ေနာက္ျပန္ဆုတ္လြန္းတယ္လို႔ ခံစားခဲ့ရၿပီး သေရရလဒ္အတြက္ ကစားဖို႔ ေပ်ာ္႐ႊင္ေနရမယ့္အစား ဂါနာခ်ိဳကို ထည့္ၿပီး အႏိုင္ဂိုးသြင္းဖို႔ ႀကိဳးပမ္းခဲ့သင့္တယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။ “ကြၽန္ေတာ္က ယူႏိုက္တက္နဲ႔ပတ္သက္ၿပီး ဇီဇာေၾကာင္ခဲ့တယ္ဆိုရင္ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္။ သူတို႔ေတြ အာဆင္နယ္ကို စဥ္းစားစရာတစ္စုံတရာေပးဖို႔အတြက္ ပြဲကစားခ်ိန္ ၁၅ မိနစ္၊ မိနစ္ ၂၀ ေလာက္ က်န္တဲ့အခ်ိန္မွာ ဂါနာခ်ိဳလိုမ်ိဳး တစ္စုံတေယာက္ကို ေခၚယူခဲ့သင့္တာျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္”

“သူတို႔ေတြက ကြၽန္ေတာ္တို႔အေပၚမွာ အရမ္းစီးထားတယ္။ သူတို႔ေတြက ကြၽန္ေတာ္တို႔ကို ေနရာစုံမွာ စီးထားတယ္။ ဘာလို႔လဲဆိုေတာ့ ပြဲၿပီးခါနီးမွာ ဘာၿခိမ္းေျခာက္မႈမွရွိမေနေတာ့ဘူးဆိုတာသူတို႔ သိေနခဲ့လို႔ပါ။ မားကပ္စ္က အဲဒီအခ်ိန္မွာ အင္အားပိုင္းမွာ နည္းနည္း က်သြားတာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဗက္ေဟာ့စ္က ဘယ္တုန္းကမွ ဘယ္သူ႔ဆီကေန ေျပးထြက္မွာမဟုတ္ဘဲ ဘ႐ူႏို ဖာနန္ဒက္စ္က ညာေတာင္ပံမွာ ေျခေထာက္ေတြမပါတဲ့ ကြင္းလယ္ကစားသမားလိုမ်ိဳး ပိုၿပီးေတာ့ ကစားေနတယ္။ ဂါနာခ်ိဳက အရမ္းေကာင္းတဲ့ လူစားဝင္ကစားသမားျဖစ္ခဲ့ရမွာလို႔ ကြၽန္ေတာ္ေတြးမိခဲ့တယ္”

“ဒါေတြအားလုံးကို ျဖစ္ၿပီးမွေျပာရတာေၾကာင့္ လြယ္ကူပါတယ္။ ဒါေပမယ့္ သူတို႔ေတြက ပိုေကာင္းတဲ့အသင္းျဖစ္ခဲ့ပါတယ္။ ၂-၂ ျဖစ္သြားခဲ့တဲ့အခ်ိန္မွာ သူတို႔ေတြက ‘ဟင့္အင္း။ ငါတို႔ေတြက ဒီပြဲကို အႏိုင္ရခ်င္တယ္။ ငါတို႔ေတြ အႏိုင္ ၃ မွတ္စလုံးကို ရယူခ်င္တယ္’ဆိုၿပီး ေျပာခဲ့တဲ့အသင္းျဖစ္ခဲ့ပါတယ္။ ဖရက္ဒ္ရဲ႕ လူစားလဲလွယ္မႈက သိသာခဲ့တယ္လို႔ ထင္မိခဲ့ပါတယ္။ ဒါေပမယ့္ ဂါနာခ်ိဳလိုမ်ိဳး တစ္စုံတေယာက္ကို လူစားလဲလွယ္မႈ ၂ ခု တၿပိဳင္နက္လုပ္တာက ကြၽန္ေတာ္တို႔ကို ‘ငါတို႔ေတြလည္း ဒီမွာ အႏိုင္ ၃ မွတ္ကို ယူဖို႔ ရွိေနတာပဲ။ ငါတို႔ကို မင္း အႏိုင္ယူလို႔ မရႏိုင္ဘူး။ ငါတို႔က ဒီမွာထိုင္ေနၿပီး လုပ္သမွ်ခံေနမွာမဟုတ္ဘူး’ဆိုတဲ့ ၿခိမ္းေျခာက္မႈမ်ိဳး ျဖစ္ခဲ့ေစလိမ့္မယ္လို႔ ထင္ပါတယ္”

“ဒါေပမယ့္ ကြၽန္ေတာ္တို႔ လုပ္သမွ်ခံခဲ့တယ္။ ကြၽန္ေတာ္တို႔ အဲဒီမွာ ထိုင္ၿပီး ခံစားခဲ့ရတယ္။ ဒါေပမယ့္ တခ်ိန္တည္းမွာ ကြၽန္ေတာ္တို႔ မန္ခ်က္စတာယူႏိုက္တက္က တိုးတက္လာတယ္လို႔ ေျပာရမွာပါ။ အာဆင္နယ္က အာတီတာကို ခန႔္အပ္ခဲ့တာ အခ်ိန္ပိုၾကာခဲ့ၿပီျဖစ္လို႔ ဒီနည္းျပေအာက္မွာ တိုးတက္မႈေတြက ပိုၿပီးေတာ့ မ်ားပါတယ္။ ကြၽန္ေတာ့္ရဲ႕ ပထမဆုံး ေတာင္းဆိုမႈေတြထဲက တစ္ခုျဖစ္တဲ့ မန္ယူႏိုက္တက္က ဂါနာခ်ိဳကို လူစားဝင္ကစားသမားအျဖစ္ ထည့္ၿပီး ပြဲကို ေျပာင္းလဲဖို႔က မန္ယူႏိုက္တက္ လုပ္ခဲ့ရမယ့္အရာတစ္ခုဆိုတာကို ၫႊန္ျပေနပါတယ္။ ဒါေပမယ့္ တခ်ိန္တည္းမွာပဲ သူရဲ႕အရည္အခ်င္းကိုလည္း ၫႊန္ျပေနတာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒီကေလးက လူစားဝင္ကစားသမားအျဖစ္ ကစားခြင့္ေပးဖို႔ ေတာင္းဆိုေနတယ္”

“သူ ယူႏိုက္တက္အတြက္ အနီေရာင္ရွပ္ကို ဝတ္ဆင္တဲ့အခ်ိန္တိုင္းမွာ ပြဲကို အက်ိဳးသက္ေရာက္မႈရွိေစခဲ့တယ္။ အဲဒီေတာ့ ဘာေၾကာင့္သူ႔ကို ကြၽန္ေတာ္တို႔ လူစားဝင္ကစားသမားအေနနဲ႔ မေခၚဘဲ ေနရမွာလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဖာဒီနန္က ဘူကာယို ဆာကာနဲ႔ ရင္ဆိုင္ရာမွာ ခက္ခဲတဲ့ အခ်ိန္ေတြကို ရင္ဆိုင္ခဲ့ရတဲ့ လုခ္ ေရွာကိုလည္း ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ၿပီး “ကြၽန္ေတာ့္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားျဖစ္တဲ့ဆာကာက လုခ္ ေရွာကို ေၾကာက္႐ြံ႕ေစခဲ့တယ္လို႔ ထင္ပါတယ္။ လုခ္ ေရွာကို ‘အိုး ဒီေကာင္က ငါ့ကို အလြယ္တကူနဲ႔ အႏိုင္ယူမယ့္သူပဲ’ဆိုတဲ့ပုံစံမ်ိဳးနဲ႔ ျမင္ေတြ႕ခဲ့ရတာ ဒါ ပထမဆုံးအႀကိမ္ပဲ။ သူ ဆာကာကို အခ်ိန္အမ်ားႀကီး ေနရာလြတ္ေတြ အမ်ားႀကီးေပးခဲ့တယ္။ သူ႔ကို မရင္ဆိုင္ခင္ ေျပးလႊားၿပီး ပင္နယ္တီဧရိယာထဲကို ဝင္ခြင့္ေပးခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူ အလဲထိုးတာ မခံခ်င္လို႔ပါ။ သူသာ ဆာကာကို ရင္ဆိုင္မယ္ဆိုရင္ သူ႔ကို လွည့္သြားလိမ့္မယ္လို႔ သူ ေတြးမိခဲ့ပါလိမ့္မယ္။ ဒါေပမယ့္လည္း လုခ္ ေရွာက ဒီအခ်ိန္အထိေတာ့ ယူႏိုက္တက္အတြက္ အံ့မခန္းျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.