Premier League

နကီးတီးယား လက်လေးနဲ့ ထိမိတာကို လဲကျခဲ့လို့ ဝေဖန်ခံနေရတဲ့ ဒဟေးယား

မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားဟာ အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့ ဟန်ဆောင်ပုံကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

ပရိသတ်တွေဟာ အမ်းမရိတ်စ်မှာ စပိန်ဂိုးသမား ဒိုင်ဗင်ထိုးနေတာကို မြင်တွေ့နေကျဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးဂိုးဖမ်းစွမ်းဆောင်ရည်တွေထဲက တစ်ခုကို ပြသခဲ့ဖူးတာဖြစ်ပါတယ်။

ဒဟေးယားဟာ တနင်္ဂနွေနေ့မှာလည်း နကီးတီးယားရဲ့ ဂိုးသွင်းယူမှုကို ငြင်းပယ်ဖို့ ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ကာကွယ်မှုအတွက် ချီးကျူးခံရမယ့်အစား မတူညီတဲ့အကြောင်းအရာအတွက် ဝေဖန်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

နကီးတီးယား အနိုင်ဂိုး မသွင်းယူမီ ၅ မိနစ်အလိုလောက်မှာ ဒေးဗစ် ဒဟေးယားဟာ ဘောလုံးကို လက်ထဲမှာ ကိုင်ထားချိန်မှာ မြက်ခင်းပြင်ပေါ်ကို ပစ်လှဲခဲ့တာဖြစ်ပြီး ပြိုင်ဘက်ဆီကနေ ဖိအားပေးခြင်းမရှိတဲ့အချိန်မှာ ဘောလုံးကို ရင်ဘတ်ထဲပိုက်ထားခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ဒဟေးယားက ဘောလုံးကို မြေကီးနဲ့ ပုတ်ပြီး ဘောလုံး ဖြန့်ဝေပေးဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပေမယ်လည်း ပြေးထွက်ခဲ့တဲ့အချိန်မှာ နကီးတီးယားက လက်မောင်းကို အသာလေး ထိခဲ့တဲ့အချိန်မှာ အချိန်ဖြုန်းချင်တဲ့ စပိန်ဂိုးသမားအတွက် အကွက်ဝင်သွားခဲ့ပြီး နာကျင်ဟန်ဆောင်ပြီး မြက်ခင်းပေါ် လဲကျခဲ့တာဖြစ်ပါတယ်။

ဒဟေးယားဟာ လက်မောင်းနဲ့ ပုခုံးနေရာတွေကို ကိုင်ပြီး မြက်ခင်းပြင်ပေါ် လူးလှိမ့်နေခဲ့ပြီး ဒိုင်လူကြီး အန်သိုနီ တေလာ ရောက်လာတဲ့အချိန်မှသာ ပြန်ထခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ အဲဒီဖြစ်စဉ်ကြောင့် အံ့အားသင့်ခဲ့ကြပြီး ဒဟေးယားဟာ အချိန်တွေကို ဖြုန်းတီးဖို့အတွက် ဒဏ်ရာရချင်ဟန်ဆောင်ခဲ့တာ သိသာလွန်းတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ကြတာ ဖြစ်ပါတယ်။

“မကြာခင် ပြန်ကောင်းလာပါစေ ဒဟေးယား။ အခု မင်းအတွက် ဆုတောင်းပေးနေပါတယ်”လို့ ပရိသတ်တစ်ဦးက ရွဲ့ခဲ့ပြီး “ဒဟေးယားဆီကနေ ဒီလို အရှက်ရစရာ စတန့်ထွင်မှုအပြီးမှာ နကီးတီးယားက အနိုင်ဂိုးကိုသွင်းယူသွားတာက ကဗျာဆန်လိုက်တာ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ေဒးဗစ္ ဒေဟးယားဟာ အာဆင္နယ္ကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ဆိုး႐ြားတဲ့ ဟန္ေဆာင္ပုံေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရပါတယ္။

ပရိသတ္ေတြဟာ အမ္းမရိတ္စ္မွာ စပိန္ဂိုးသမား ဒိုင္ဗင္ထိုးေနတာကို ျမင္ေတြ႕ေနက်ျဖစ္ၿပီး ၂၀၁၇ ခုႏွစ္တုန္းက ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆုံးဂိုးဖမ္းစြမ္းေဆာင္ရည္ေတြထဲက တစ္ခုကို ျပသခဲ့ဖူးတာျဖစ္ပါတယ္။

ဒေဟးယားဟာ တနဂၤေႏြေန႔မွာလည္း နကီးတီးယားရဲ႕ ဂိုးသြင္းယူမႈကို ျငင္းပယ္ဖို႔ ေကာင္းမြန္တဲ့ ကာကြယ္မႈ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ကာကြယ္မႈအတြက္ ခ်ီးက်ဴးခံရမယ့္အစား မတူညီတဲ့အေၾကာင္းအရာအတြက္ ေဝဖန္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

နကီးတီးယား အႏိုင္ဂိုး မသြင္းယူမီ ၅ မိနစ္အလိုေလာက္မွာ ေဒးဗစ္ ဒေဟးယားဟာ ေဘာလုံးကို လက္ထဲမွာ ကိုင္ထားခ်ိန္မွာ ျမက္ခင္းျပင္ေပၚကို ပစ္လွဲခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္ဆီကေန ဖိအားေပးျခင္းမရွိတဲ့အခ်ိန္မွာ ေဘာလုံးကို ရင္ဘတ္ထဲပိုက္ထားခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ဒေဟးယားက ေဘာလုံးကို ေျမကီးနဲ႔ ပုတ္ၿပီး ေဘာလုံး ျဖန႔္ေဝေပးဖို႔ ျပင္ဆင္ေနခဲ့တာျဖစ္ေပမယ္လည္း ေျပးထြက္ခဲ့တဲ့အခ်ိန္မွာ နကီးတီးယားက လက္ေမာင္းကို အသာေလး ထိခဲ့တဲ့အခ်ိန္မွာ အခ်ိန္ျဖဳန္းခ်င္တဲ့ စပိန္ဂိုးသမားအတြက္ အကြက္ဝင္သြားခဲ့ၿပီး နာက်င္ဟန္ေဆာင္ၿပီး ျမက္ခင္းေပၚ လဲက်ခဲ့တာျဖစ္ပါတယ္။

ဒေဟးယားဟာ လက္ေမာင္းနဲ႔ ပုခုံးေနရာေတြကို ကိုင္ၿပီး ျမက္ခင္းျပင္ေပၚ လူးလွိမ့္ေနခဲ့ၿပီး ဒိုင္လူႀကီး အန္သိုနီ ေတလာ ေရာက္လာတဲ့အခ်ိန္မွသာ ျပန္ထခဲ့တာ ျဖစ္ပါတယ္။ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ အဲဒီျဖစ္စဥ္ေၾကာင့္ အံ့အားသင့္ခဲ့ၾကၿပီး ဒေဟးယားဟာ အခ်ိန္ေတြကို ျဖဳန္းတီးဖို႔အတြက္ ဒဏ္ရာရခ်င္ဟန္ေဆာင္ခဲ့တာ သိသာလြန္းတယ္လို႔ ေဝဖန္ျပစ္တင္ခဲ့ၾကတာ ျဖစ္ပါတယ္။

“မၾကာခင္ ျပန္ေကာင္းလာပါေစ ဒေဟးယား။ အခု မင္းအတြက္ ဆုေတာင္းေပးေနပါတယ္”လို႔ ပရိသတ္တစ္ဦးက ႐ြဲ႕ခဲ့ၿပီး “ဒေဟးယားဆီကေန ဒီလို အရွက္ရစရာ စတန႔္ထြင္မႈအၿပီးမွာ နကီးတီးယားက အႏိုင္ဂိုးကိုသြင္းယူသြားတာက ကဗ်ာဆန္လိုက္တာ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.