Premier League

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကျော်ဖြတ်သွားခဲ့တဲ့ ဟားလန်းရဲ့ စံချိန်သစ်

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး သုံးဂိုးစလုံးကို ဒိုင်ခံပြီး ဟက်ထရစ်သွင်းယူပေးခဲ့သလို စံချိန်သစ်တွေကိုလည်း ပိုင်ဆိုင်သွားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

နော်ဝေတိုက်စစ်မှူးအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၂၅ ဂိုး ရှိလာခဲ့တာဖြစ်ပြီး သူ့အတွက် စတုတ္ထအကြိမ်မြောက် ဟက်ထရစ်ကို ပိုင်ဆိုင်သွားနိုင်ခဲ့သလို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သုံးကြိမ်သာ ရရှိထားတဲ့ မှတ်တမ်းကို ရာသီဝက် ၁၉ ပွဲတည်းနဲ့ ဖြတ်ကျော်သွားနိုင်ခဲ့တာပါ။

ဟားလန်းအနေနဲ့ မြို့ခံအသင်းရဲ့ နောက်ထပ် မှတ်တမ်းဟောင်းတစ်ခုဖြစ်တဲ့ ဟက်ထရစ် လေးကြိမ်သွင်းဖို့ အချိန်ယူခဲ့ရတဲ့ ပွဲမှတ်တမ်းကိုလည်း အနည်းဆုံးနဲ့ ကျော်ဖြတ်သွားနိုင်ပြီး လက်ရှိ ပီအက်စ်ဗီနည်းပြ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းရဲ့ ၆၅ ပွဲ စံချိန်ကို လေးပုံတစ်ပုံဝန်းကျင်သာ ရှိတဲ့ ၁၉ ပွဲနဲ့ ချိုးဖျက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဟက်ထရစ် လေးကြိမ်ကို ပွဲအနည်းဆုံးနဲ့ ရရှိခဲ့တဲ့ ဟားလန်းရဲ့နောက်မှာ ရောက်ရှိသွားခဲ့ကြသူတွေကတော့ မန်ယူရဲ့ ဗန်နစ္စတယ်လ်ရွိုင်း (၆၅ ပွဲ)၊ လီဗာပူးလ်ရဲ့ လူးဝစ် ဆွာရက်ဇ် (၈၁ ပွဲ)၊ ဘလက်ဘန်းရဲ့ အလန် ရှီးရား (၈၁ ပွဲ)နဲ့ လီဗာပူးလ်ရဲ့ ရော်ဘီ ဖောင်လာ (၈၉ ပွဲ)တို့ ဖြစ်ကြပါတယ်။

မန်စီးတီးတိုက်စစ်မှူးအနေနဲ့ သူ့ရဲ့ အစ်တီဟတ်က စီနီယာဖြစ်တဲ့ ဆာဂျီယို အဂွေရိုရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုး ၂၅ ဂိုးရဖို့ အကြိမ် ၁၅၀ ကန်သွင်းခဲ့ရတဲ့ မှတ်တမ်းဟောင်းကိုလည်း ၇၄ ကြိမ်တည်းနဲ့ ချိုးဖျက်သွားနိုင်ခဲ့ပြီး သူ့ရဲ့ နောက်ထပ် လိုက်မီဖို့နဲ့ ချိုးဖျက်ရမယ့် စံချိန်ကတော့ ၁၉၉၅-၉၆ ရာသီမှာ အလန်ရှီးရားက ဘလက်ဘန်းနဲ့ တင်ရှိထားခဲ့တဲ့ တစ်ရာသီအတွင်း ဟက်ထရစ် ၅ ကြိမ် စံချိန်ကိုပဲ ပစ်မှတ်ထားရတော့မှာပါ။

ဟားလန်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဟက်ထရစ်ရှင် စာရင်းမှာ အဆင့် ၁၅ နေရာကို ၁၉ ပွဲနဲ့ တက်လှမ်းနိုင်ခဲ့ပြီး ဟက်ထရစ် မရတာ တစ်နှစ်ကျော်နေပြီဖြစ်တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားနဲ့ တူညီသွားခဲ့သလို ၂၀၂၃ ခုနှစ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ဟက်ထရစ်ရှင်အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ၂၅ ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ ဟားလန်းအနေနဲ့ ပြီးခဲ့တဲ့ လေးရာသီက ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ ဂိုးသွင်းမှတ်တမ်းတွေထက်လည်း သာလွန်သွားခဲ့ပြီဖြစ်သလို အနီးဆုံးနေရာက တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီကိန်းကိုလည်း ၁၀ ဂိုးဖြတ်ထားနိုင်ခဲ့တာကြောင့် နှစ်စဉ်ချီးမြှင့်တဲ့ ဒီဆုကိုလည်း ကြိုပေးထားရင် ကောင်းလိမ့်မယ်လို့ လူပြောများနေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟားလန္းအေနနဲ႔ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ညက ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းနဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အသင္းအတြက္ အႏိုင္ဂိုး သုံးဂိုးစလုံးကို ဒိုင္ခံၿပီး ဟက္ထရစ္သြင္းယူေပးခဲ့သလို စံခ်ိန္သစ္ေတြကိုလည္း ပိုင္ဆိုင္သြားႏိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။

ေနာ္ေဝတိုက္စစ္မႉးအေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ ၁၉ ပြဲ ကစားအၿပီးမွာ သြင္းဂိုး ၂၅ ဂိုး ရွိလာခဲ့တာျဖစ္ၿပီး သူ႔အတြက္ စတုတၳအႀကိမ္ေျမာက္ ဟက္ထရစ္ကို ပိုင္ဆိုင္သြားႏိုင္ခဲ့သလို ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ သုံးႀကိမ္သာ ရရွိထားတဲ့ မွတ္တမ္းကို ရာသီဝက္ ၁၉ ပြဲတည္းနဲ႔ ျဖတ္ေက်ာ္သြားႏိုင္ခဲ့တာပါ။

ဟားလန္းအေနနဲ႔ ၿမိဳ႕ခံအသင္းရဲ႕ ေနာက္ထပ္ မွတ္တမ္းေဟာင္းတစ္ခုျဖစ္တဲ့ ဟက္ထရစ္ ေလးႀကိမ္သြင္းဖို႔ အခ်ိန္ယူခဲ့ရတဲ့ ပြဲမွတ္တမ္းကိုလည္း အနည္းဆုံးနဲ႔ ေက်ာ္ျဖတ္သြားႏိုင္ၿပီး လက္ရွိ ပီအက္စ္ဗီနည္းျပ ႐ုဒ္ ဗန္နစၥတယ္လ္႐ြိဳင္းရဲ႕ ၆၅ ပြဲ စံခ်ိန္ကို ေလးပုံတစ္ပုံဝန္းက်င္သာ ရွိတဲ့ ၁၉ ပြဲနဲ႔ ခ်ိဳးဖ်က္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ဟက္ထရစ္ ေလးႀကိမ္ကို ပြဲအနည္းဆုံးနဲ႔ ရရွိခဲ့တဲ့ ဟားလန္းရဲ႕ေနာက္မွာ ေရာက္ရွိသြားခဲ့ၾကသူေတြကေတာ့ မန္ယူရဲ႕ ဗန္နစၥတယ္လ္႐ြိဳင္း (၆၅ ပြဲ)၊ လီဗာပူးလ္ရဲ႕ လူးဝစ္ ဆြာရက္ဇ္ (၈၁ ပြဲ)၊ ဘလက္ဘန္းရဲ႕ အလန္ ရွီးရား (၈၁ ပြဲ)နဲ႔ လီဗာပူးလ္ရဲ႕ ေရာ္ဘီ ေဖာင္လာ (၈၉ ပြဲ)တို႔ ျဖစ္ၾကပါတယ္။

မန္စီးတီးတိုက္စစ္မႉးအေနနဲ႔ သူ႔ရဲ႕ အစ္တီဟတ္က စီနီယာျဖစ္တဲ့ ဆာဂ်ီယို အေဂြ႐ိုရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုး ၂၅ ဂိုးရဖို႔ အႀကိမ္ ၁၅၀ ကန္သြင္းခဲ့ရတဲ့ မွတ္တမ္းေဟာင္းကိုလည္း ၇၄ ႀကိမ္တည္းနဲ႔ ခ်ိဳးဖ်က္သြားႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ေနာက္ထပ္ လိုက္မီဖို႔နဲ႔ ခ်ိဳးဖ်က္ရမယ့္ စံခ်ိန္ကေတာ့ ၁၉၉၅-၉၆ ရာသီမွာ အလန္ရွီးရားက ဘလက္ဘန္းနဲ႔ တင္ရွိထားခဲ့တဲ့ တစ္ရာသီအတြင္း ဟက္ထရစ္ ၅ ႀကိမ္ စံခ်ိန္ကိုပဲ ပစ္မွတ္ထားရေတာ့မွာပါ။

ဟားလန္းအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဟက္ထရစ္ရွင္ စာရင္းမွာ အဆင့္ ၁၅ ေနရာကို ၁၉ ပြဲနဲ႔ တက္လွမ္းႏိုင္ခဲ့ၿပီး ဟက္ထရစ္ မရတာ တစ္ႏွစ္ေက်ာ္ေနၿပီျဖစ္တဲ့ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားနဲ႔ တူညီသြားခဲ့သလို ၂၀၂၃ ခုႏွစ္မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ ပထမဆုံး ဟက္ထရစ္ရွင္အျဖစ္လည္း ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒီရာသီမွာ ၂၅ ဂိုး သြင္းယူထားႏိုင္ခဲ့တဲ့ ဟားလန္းအေနနဲ႔ ၿပီးခဲ့တဲ့ ေလးရာသီက ေ႐ႊဖိနပ္ဆုကို ရယူႏိုင္ခဲ့တဲ့ ဂိုးသြင္းမွတ္တမ္းေတြထက္လည္း သာလြန္သြားခဲ့ၿပီျဖစ္သလို အနီးဆုံးေနရာက ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီကိန္းကိုလည္း ၁၀ ဂိုးျဖတ္ထားႏိုင္ခဲ့တာေၾကာင့္ ႏွစ္စဥ္ခ်ီးျမႇင့္တဲ့ ဒီဆုကိုလည္း ႀကိဳေပးထားရင္ ေကာင္းလိမ့္မယ္လို႔ လူေျပာမ်ားေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.