Premier League

ပထမပိုင်းအတွင်း အငြင်းအခုံဖြစ်ခဲ့ချိန်မှာ ဖာနန်ဒက်စ်ကို ရင့်ရင့်သီးသီး ဆဲဆိုခဲ့တဲ့ အန်တိုနီ

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ အန်တိုနီနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းအတွင်း ကွင်းထဲမှာ အငြင်းအခုံဖြစ်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

မန်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို အမီလိုက်ဖို့အတွက် ဆဲလ်ဟတ်စ်ပါ့ခ်ကို သွားရောက်ပြီး နောက်ထပ်နိုင်ပွဲ ရရှိဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ် ပဲလေ့စ်အိမ်ကွင်းဟာ အသင်းကြီးတွေအတွက် အမြဲတမ်း အိပ်မက်ဆိုးဖြစ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အစောပိုင်းအချိန်တွေမှာ ကြီးမားတဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ခြင်းမရှိခဲ့ဘဲ နောက်ထပ်တစ်ကြိမ် လာလည်လို့ကောင်းတဲ့နေရာမဟုတ်ဘူးဆိုတာ သက်သေပြသခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် နာရီဝက်လောက်မှာ အန်တိုနီနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ဟာ တိုက်စစ်ဆင်မှု ပျက်ပြယ်သွားခဲ့ပြီးနောက် စကားများခဲ့ကြတာကို ရုပ်သံကင်မရာက ရိုက်ကူးမိခဲ့ပြီး ပရိသတ်တွေက လူမှုကွန်ရက်ပေါ်မှာ အဲဒီဖြစ်စဉ်ကို လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပါတယ်။ “အန်တိုနီက ဘရူနိုကို ပူတာ(မိန်းမရွှင်)လို့ ပြောလိုက်တာလား”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “အန်တိုနီရေ ဘရူနို ဖာနန်ဒက်စ်နဲ့ အငြင်းအခုံသွားမလုပ်နဲ့။ အဲဒီလူနဲ့ ဖြစ်ရင် မင်းပဲ ရှုံးလိမ့်မယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ရရှိဖို့အတွက် ဆက်လက်ကြိုးပမ်းခဲ့ပေမယ့်လည်း ပဲလေ့စ်ကသာ ဦးဆောင်ဂိုးရရှိဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ် ဒဟေးယားဟာ အော့ဒ်ဆင် အေဒူယာရဲ့ ၄၁ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ ဂိုးကန်သွင်းမှုကို အကောင်းဆုံးပုံစံနဲ့ ငြင်းပယ်ခဲ့ပြီး နောက်ဆုံးမှာတော့ မန်ယူနိုက်တက်က ၄၃ မိနစ်မှာ အဲရစ်ဆင်ရဲ့ ပေးပို့မှုကို ဖာနန်ဒက်က အလွန်ကောင်းမွန်တဲ့ရွေ့လျားမှုနဲ့ အဆုံးသတ်နိုင်ခဲ့တာကြောင့် ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ပဲလေ့စ်နဲ့ပွဲမှာသာ နိုင်ပွဲ ရရှိခဲ့မယ်ဆိုရင် အာဆင်နယ်နဲ့ ၆ မှတ်အကွာ အမှတ်ပေးဇယားဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့မှာဖြစ်ပေမယ့်လည်း ဒုတိယပိုင်း နာကျင်အချိန်ပို ၉၁ မိနစ်မှာ အိုလီဆေးရဲ့ အံ့အားသင့်ဖွယ် အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှုကြောင့် သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး လာမယ့် အာဆင်နယ်နဲ့ပွဲအတွက် ဖိအားတွေပိုမို များပြားသွားခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ အန္တိုနီနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ဟာ ခရစၥတယ္ ပဲေလ့စ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ ပထမပိုင္းအတြင္း ကြင္းထဲမွာ အျငင္းအခုံျဖစ္ခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

မန္ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္ကို အမီလိုက္ဖို႔အတြက္ ဆဲလ္ဟတ္စ္ပါ့ခ္ကို သြားေရာက္ၿပီး ေနာက္ထပ္ႏိုင္ပြဲ ရရွိဖို႔ ႀကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။

ခရစၥတယ္ ပဲေလ့စ္အိမ္ကြင္းဟာ အသင္းႀကီးေတြအတြက္ အၿမဲတမ္း အိပ္မက္ဆိုးျဖစ္ခဲ့တာျဖစ္ၿပီး ဗုဒၶဟူးေန႔ညမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အေစာပိုင္းအခ်ိန္ေတြမွာ ႀကီးမားတဲ့အခြင့္အေရးေတြ ဖန္တီးႏိုင္ျခင္းမရွိခဲ့ဘဲ ေနာက္ထပ္တစ္ႀကိမ္ လာလည္လို႔ေကာင္းတဲ့ေနရာမဟုတ္ဘူးဆိုတာ သက္ေသျပသခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ နာရီဝက္ေလာက္မွာ အန္တိုနီနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ဟာ တိုက္စစ္ဆင္မႈ ပ်က္ျပယ္သြားခဲ့ၿပီးေနာက္ စကားမ်ားခဲ့ၾကတာကို ႐ုပ္သံကင္မရာက ႐ိုက္ကူးမိခဲ့ၿပီး ပရိသတ္ေတြက လူမႈကြန္ရက္ေပၚမွာ အဲဒီျဖစ္စဥ္ကို လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကပါတယ္။ “အန္တိုနီက ဘ႐ူႏိုကို ပူတာ(မိန္းမ႐ႊင္)လို႔ ေျပာလိုက္တာလား”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “အန္တိုနီေရ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ အျငင္းအခုံသြားမလုပ္နဲ႔။ အဲဒီလူနဲ႔ ျဖစ္ရင္ မင္းပဲ ရႈံးလိမ့္မယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဦးေဆာင္ဂိုး ရရွိဖို႔အတြက္ ဆက္လက္ႀကိဳးပမ္းခဲ့ေပမယ့္လည္း ပဲေလ့စ္ကသာ ဦးေဆာင္ဂိုးရရွိဖို႔ အနီးစပ္ဆုံး ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ေဒးဗစ္ ဒေဟးယားဟာ ေအာ့ဒ္ဆင္ ေအဒူယာရဲ႕ ၄၁ မိနစ္မွာ အလြန္ေကာင္းမြန္တဲ့ ဂိုးကန္သြင္းမႈကို အေကာင္းဆုံးပုံစံနဲ႔ ျငင္းပယ္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ မန္ယူႏိုက္တက္က ၄၃ မိနစ္မွာ အဲရစ္ဆင္ရဲ႕ ေပးပို႔မႈကို ဖာနန္ဒက္က အလြန္ေကာင္းမြန္တဲ့ေ႐ြ႕လ်ားမႈနဲ႔ အဆုံးသတ္ႏိုင္ခဲ့တာေၾကာင့္ ၁-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနၿပီး ပဲေလ့စ္နဲ႔ပြဲမွာသာ ႏိုင္ပြဲ ရရွိခဲ့မယ္ဆိုရင္ အာဆင္နယ္နဲ႔ ၆ မွတ္အကြာ အမွတ္ေပးဇယားဒုတိယေနရာကို တက္လွမ္းႏိုင္ခဲ့မွာျဖစ္ေပမယ့္လည္း ဒုတိယပိုင္း နာက်င္အခ်ိန္ပို ၉၁ မိနစ္မွာ အိုလီေဆးရဲ႕ အံ့အားသင့္ဖြယ္ အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းမႈေၾကာင့္ သေရ ၁ မွတ္နဲ႔သာ ေက်နပ္ခဲ့ရၿပီး လာမယ့္ အာဆင္နယ္နဲ႔ပြဲအတြက္ ဖိအားေတြပိုမို မ်ားျပားသြားခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.