Analysis Match Report Premier League

အာဆင်နယ်နား မကပ်နိုင်ဘဲ ပြုတ်ကျခဲ့ရတဲ့ မန်ယူနဲ့ ပဲလေ့စ်ပွဲက ပြောစရာများ

ချန်ပီယံ စိန်ခေါ်မလိုလိုနဲ့ မဖြစ်နိုင်သေးတဲ့ မန်ယူ
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာတော့ ခရစ္စတယ်လ်ပဲလေ့စ်တို့ရဲ့ အိုးနင်းခွက်နင်း ညံ့ဖျင်းနေမှုတွေကို အခွင့်ကောင်း မယူတတ်ခဲ့ဘဲ အချိန်ကုန် လူပန်းဖြစ်နေခဲ့လို့ နာကျင်အချိန်ပိုမှာတော့ တစ်ပွဲလုံးမှာမှ တစ်ခါပဲ အန္တရာယ်များဆုံး ခြိမ်းခြောက်နိုင်ခဲ့တဲ့ အိမ်ရှင်တွေရဲ့ ဖရီးကစ်နေ ဂိုးပြန်ပေးခဲ့ရပြီး သုံးမှတ်အစား တစ်မှတ်သာ ရခဲ့တာပါ။ ဒီပွဲကို အနိုင်ရမယ်ဆိုရင် အာဆင်နယ်ထက် ပွဲပိုကစားပြီး ဒုတိယနေရာကနေ ၆ မှတ်အထိ ကပ်နိုင်မယ့် အခွင့်အရေးရှိခဲ့ပေမယ့် သရေကျခဲ့တာကြောင့် မန်စီးတီးကိုတောင် မကျော်နိုင်တော့ဘဲ နယူးကာဆယ်လ်ဆီက အဆင့် ၃ ကို ပြန်သိမ်းရုံနဲ့ ကျေနပ်ခဲ့ရတာဖြစ်လို့ ချန်ပီယံ စိန်ခေါ်နိုင်ဖို့က အဝေးကြီးမှာပဲ ရှိသေးကြောင်း သုံးသပ်ခံလိုက်ရပါတယ်။

ဖာဂူဆန်ကို လိုက်မမီဘဲ မော်ရင်ညိုနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ တန်ဟတ်
မန်ချက်စတာယူနိုက်တက်အသင်းကို ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက်တိုက် အနိုင်ရရှိအောင် လမ်းညွှန်ထားနိုင်ခဲ့တဲ့ နည်းပြ အဲရစ် တန်ဟတ် အနေနဲ့ ပြီးခဲ့တဲ့ မန်စီးတီးကို နိုင်ပွဲမှာ မော်ရင်ညိုရဲ့ ၉ ပွဲစံချိန်နဲ့ တူညီခဲ့ပေမယ့် ဒီပွဲမှာတော့ ရပ်တန့်ခဲ့ရတာကြောင့် ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ၁၀ ပွဲစံချိန်ကို လိုက်မီဖို့ကတော့ အစကနေ ပြန်စရတော့မှာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ကစားသမားတွေရဲ့ မလန်းဆန်းမှုနဲ့ ဖြုန်းတီးမှုတွေက သူတို့ကို နိုင်ပွဲနဲ့ လွဲချော်စေခဲ့ပြီး ပဲလေ့စ်တို့ ကောင်းလို့ထက် သူတို့ညံ့လို့သာ အမှတ်ခွဲပေးခဲ့ရတာပါ။

ပုံစံကောင်း ပြန်ရလာတဲ့ ဖာနန်ဒက်စ်
ဘရူနို ဖာနန်ဒက်စ်ကတော့ ကွင်းလယ်မှာ တစ်ပွဲထက်တစ်ပွဲ ပိုမိုခြေစွမ်းပြလာခဲ့ပြီး ဒီနေ့ပွဲမှာလည်း နှစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၄၄ မိနစ်မှာ အဲရစ်ဆန်ရဲ့ ဖန်တီးမှုကနေ နေရာယူမှန်မှန်နဲ့ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရသွားခဲ့တဲ့ ပေါ်တူဂီသားအနေနဲ့ တစ်ဖက် နောက်ခံလူ ဂေးဟီ ဝင်မဖျက်နိုင်ခင် အပြင်းကန်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၄ ဂိုးမြောက်ကိုလည်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ပွဲလုံး စုတ်ပြတ်နေပြီးမှ အသည်းခွဲတဲ့ အိုလီဆေး
မိနစ် ၉၀ မပြည့်ခင်အထိ တစ်ပွဲလုံးမှာ ဘာတွေလုပ်နေမှန်း မသိတဲ့ ပဲလေ့စ်တို့ရဲ့ အိုးနင်းခွက်နင်း ကစားကွက်မှာ ဇာဟာတစ်ယောက်သာ အနည်းငယ် ခြေပေါ်ခဲ့ပေမယ့် တောင်ပံသမား အိုလီဆေးကလည်း ကွင်းလယ်ဝင်ကစားလိုက် တောင်ပံထွက်လိုက်တဲ့ ဘယ်လိုမှ အဆင်မပြေခဲ့သလို ဖန်တီးမှုတွေလည်း မလုပ်နိုင်ခဲ့ဘဲ သူ့ရဲ့ ထောင့်ကန်ဘောကနေ အသင်းခေါင်းဆောင် ဂေးဟီတစ်ယောက် ခေါင်းတိုက်ခွင့်ရတာလောက်သာ ပြောစရာရှိခဲ့တာပါ။ ဒါပေမယ့် နာကျင်အချိန်ပို တစ်မိနစ်မှာတော့ ဖရီးကစ်ကို စွန့်စားပြီး တိုက်ရိုက်ကန်သွင်းလိုက်တဲ့ သူ့ရဲ့ ခြိမ်းခြောက်မှုက ဘားတန်းအောက်ကို ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ မန်ယူဂိုးသမား ဒဟေးယား မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရပြီး သရဲနီတွေ အသည်းကွဲခဲ့ရတာဖြစ်ပါတယ်။

ကာစီမီရိုကြောင့် ရုန်းကန်ရတော့မယ့် မန်ယူ
ဒီနေ့ပွဲမှာ သူ့ကို ထည့်ကစားခဲ့တာက အသင်းရဲ့ ကွင်းလယ်အင်အား ချို့တဲ့သွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်ကို လက်ခံနိုင်ပေမယ့် တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တဲ့ ဒုတိယပိုင်းမှာတော့ စောစောစီးစီး အနားပေးပြီး ချွေတာခဲ့သင့်တာဖြစ်ပါတယ်။ ဇာဟာရဲ့ ထိုးဖောက်မှုကို အစိုးရိမ်လွန်ပြီး ဘောလုံးမထိဘဲ လူကို ဝင်ပိုင်းသလိုဖြစ်ခဲ့တဲ့ ကာစီမီရိုအနေနဲ့ ဒိုင်လူကြီး ရောဘတ်ဂျုံးစ်ရဲ့ အဝါကတ်လက်ဆောင်ကို ပိုင်ဆိုင်ခဲ့ရပြီး ပွဲစဉ် ၁၉ မလွန်ခင်မှာပဲ ပဉ္စမမြောက် အဝါကတ်ကို စုဆောင်းသွားခဲ့လို့ တစ်ပွဲပယ်ခံရတော့မှာဖြစ်လို့ အာဆင်နယ်နဲ့ အဝေးကွင်းပွဲစဉ်မှာ သူမပါဘဲ ယူနိုက်တက်တို့ အဆင်ပြေပါ့မလားဆိုတာကတော့ စိတ်ပျက်နေတဲ့ ကပ္ပတိန် ပေါ်တူဂီသားအတွက် စိုးရိမ်စရာလည်းဖြစ်ခဲ့တာပါ။

တစ်ပတ်လှည့်နေရုံနဲ့ ၈၅ သန်း တန်ပြီလား
ဒီပွဲမှာ ကပ္ပတိန် ဘရူနို ဖာနန်ဒက်စ်ရဲ့ စိတ်ပျက်မှုကို ရရှိခဲ့တဲ့သူကတော့ ကာစီမီရိုတစ်ယောက်တည်း မဟုတ်ဘဲ ပေါင် ၈၅ သန်းတန် အန်တိုနီလည်း ပါဝင်ခဲ့ပါတယ်။ ဂိုးဧရိယာထိပ်က လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ကို ကလေးကန်ချက်နဲ့ ဂိုးသမား ဂွိုင်တာဆီ ပေးခဲ့တဲ့ ဘရာဇီးလ်သား အနေနဲ့ ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကို ကရော်ကမယ်လုပ်ပြီး ကြိုးကြိုးစားစား ရယူဖို့ ပျက်ကွက်ခဲ့တာကြောင့် သူတို့ကြားမှာ မကြေလည်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ မှတ်ကျောက်တင်ခံချင်ရင်တော့ အမြန်နှုန်းနဲ့ ပြေးဖို့လွှားဖို့ဘက်မှာ ဘယ်တော့မှ ဇွဲမလျှော့မှပဲဖြစ်မှာကြောင့် ခြေထဲက ဘောလုံးကို တစ်ပတ်လှည့်တတ်ရုံနဲ့တော့ ပေးထားရတဲ့ ပြောင်းရွှေ့ကြေးကို မဆပ်နိုင်သေးဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ဗီယာရာရဲ့ တပည့်ကျော်များ လူပြက်အငြိမ့်
ပဲလေ့စ်နည်းပြ ဗီယာရာအနေနဲ့ ဒီနေ့ပွဲမှာ ဇာဟာကို ညာခြမ်း၊ အိုလီဆေးကို ဘယ်ခြမ်းနဲ့ မာတက်တာကို အထောင်ထားပြီး အေဒူယာကိုတော့ နောက်ကနေ ကွင်းလယ်နဲ့ ချိတ်ကစားခိုင်းခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ပလန်က စိုးစတူးပစ်ဖြစ်သွားခဲ့သလို ဉာဏ်ရည်နိမ့်သေးတဲ့ မာတက်တာက တောကန် ကန်သွားခဲ့ပြီး အေဒူယာကတော့ ဘောလုံးထိန်းတာတောင် တိုင်ပတ်နေခဲ့လို့ ဇာဟာတို့အဖွဲ့ တိုင်ပတ်သွားခဲ့ရတာပါ။ ဒါတောင်မှ အရန်ခုံကအနေ မာတက်တာအစား ဝင်လာပြီး ဘောလုံးအခြေခံ မကြေညက်ဘဲ စကေးလ်ပြနေတဲ့ အီဇီကြောင့် ရယ်စရာပိုဖြစ်ခဲ့ရသလို ဒီနေ့ပွဲမှာ သူတို့အနေနဲ့ အိုလီဆေးရဲ့ ဖရီးကစ်ကနေ တစ်မှတ်ပြန်ရခဲ့တာကတော့ ခြေစွမ်းနဲ့ ရလဒ် မကိုက်ညီလွန်းလို့ ပိုပြီးရယ်စရာလည်းဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်န္ပီယံ စိန္ေခၚမလိုလိုနဲ႔ မျဖစ္ႏိုင္ေသးတဲ့ မန္ယူ
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ခရစၥတယ္လ္ပဲေလ့စ္တို႔ရဲ႕ အိုးနင္းခြက္နင္း ညံ့ဖ်င္းေနမႈေတြကို အခြင့္ေကာင္း မယူတတ္ခဲ့ဘဲ အခ်ိန္ကုန္ လူပန္းျဖစ္ေနခဲ့လို႔ နာက်င္အခ်ိန္ပိုမွာေတာ့ တစ္ပြဲလုံးမွာမွ တစ္ခါပဲ အႏၲရာယ္မ်ားဆုံး ၿခိမ္းေျခာက္ႏိုင္ခဲ့တဲ့ အိမ္ရွင္ေတြရဲ႕ ဖရီးကစ္ေန ဂိုးျပန္ေပးခဲ့ရၿပီး သုံးမွတ္အစား တစ္မွတ္သာ ရခဲ့တာပါ။ ဒီပြဲကို အႏိုင္ရမယ္ဆိုရင္ အာဆင္နယ္ထက္ ပြဲပိုကစားၿပီး ဒုတိယေနရာကေန ၆ မွတ္အထိ ကပ္ႏိုင္မယ့္ အခြင့္အေရးရွိခဲ့ေပမယ့္ သေရက်ခဲ့တာေၾကာင့္ မန္စီးတီးကိုေတာင္ မေက်ာ္ႏိုင္ေတာ့ဘဲ နယူးကာဆယ္လ္ဆီက အဆင့္ ၃ ကို ျပန္သိမ္း႐ုံနဲ႔ ေက်နပ္ခဲ့ရတာျဖစ္လို႔ ခ်န္ပီယံ စိန္ေခၚႏိုင္ဖို႔က အေဝးႀကီးမွာပဲ ရွိေသးေၾကာင္း သုံးသပ္ခံလိုက္ရပါတယ္။

ဖာဂူဆန္ကို လိုက္မမီဘဲ ေမာ္ရင္ညိဳနဲ႔ပဲ ေက်နပ္ခဲ့ရတဲ့ တန္ဟတ္
မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၉ ပြဲဆက္တိုက္ အႏိုင္ရရွိေအာင္ လမ္းၫႊန္ထားႏိုင္ခဲ့တဲ့ နည္းျပ အဲရစ္ တန္ဟတ္ အေနနဲ႔ ၿပီးခဲ့တဲ့ မန္စီးတီးကို ႏိုင္ပြဲမွာ ေမာ္ရင္ညိဳရဲ႕ ၉ ပြဲစံခ်ိန္နဲ႔ တူညီခဲ့ေပမယ့္ ဒီပြဲမွာေတာ့ ရပ္တန႔္ခဲ့ရတာေၾကာင့္ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ၁၀ ပြဲစံခ်ိန္ကို လိုက္မီဖို႔ကေတာ့ အစကေန ျပန္စရေတာ့မွာျဖစ္ပါတယ္။ ဒီေန႔ပြဲမွာ ကစားသမားေတြရဲ႕ မလန္းဆန္းမႈနဲ႔ ျဖဳန္းတီးမႈေတြက သူတို႔ကို ႏိုင္ပြဲနဲ႔ လြဲေခ်ာ္ေစခဲ့ၿပီး ပဲေလ့စ္တို႔ ေကာင္းလို႔ထက္ သူတို႔ညံ့လို႔သာ အမွတ္ခြဲေပးခဲ့ရတာပါ။

ပုံစံေကာင္း ျပန္ရလာတဲ့ ဖာနန္ဒက္စ္
ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ ကြင္းလယ္မွာ တစ္ပြဲထက္တစ္ပြဲ ပိုမိုေျခစြမ္းျပလာခဲ့ၿပီး ဒီေန႔ပြဲမွာလည္း ႏွစ္ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ၄၄ မိနစ္မွာ အဲရစ္ဆန္ရဲ႕ ဖန္တီးမႈကေန ေနရာယူမွန္မွန္နဲ႔ လြတ္လြတ္ကြၽတ္ကြၽတ္ ကန္ခြင့္ရသြားခဲ့တဲ့ ေပၚတူဂီသားအေနနဲ႔ တစ္ဖက္ ေနာက္ခံလူ ေဂးဟီ ဝင္မဖ်က္ႏိုင္ခင္ အျပင္းကန္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၄ ဂိုးေျမာက္ကိုလည္း ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

တစ္ပြဲလုံး စုတ္ျပတ္ေနၿပီးမွ အသည္းခြဲတဲ့ အိုလီေဆး
မိနစ္ ၉၀ မျပည့္ခင္အထိ တစ္ပြဲလုံးမွာ ဘာေတြလုပ္ေနမွန္း မသိတဲ့ ပဲေလ့စ္တို႔ရဲ႕ အိုးနင္းခြက္နင္း ကစားကြက္မွာ ဇာဟာတစ္ေယာက္သာ အနည္းငယ္ ေျခေပၚခဲ့ေပမယ့္ ေတာင္ပံသမား အိုလီေဆးကလည္း ကြင္းလယ္ဝင္ကစားလိုက္ ေတာင္ပံထြက္လိုက္တဲ့ ဘယ္လိုမွ အဆင္မေျပခဲ့သလို ဖန္တီးမႈေတြလည္း မလုပ္ႏိုင္ခဲ့ဘဲ သူ႔ရဲ႕ ေထာင့္ကန္ေဘာကေန အသင္းေခါင္းေဆာင္ ေဂးဟီတစ္ေယာက္ ေခါင္းတိုက္ခြင့္ရတာေလာက္သာ ေျပာစရာရွိခဲ့တာပါ။ ဒါေပမယ့္ နာက်င္အခ်ိန္ပို တစ္မိနစ္မွာေတာ့ ဖရီးကစ္ကို စြန႔္စားၿပီး တိုက္႐ိုက္ကန္သြင္းလိုက္တဲ့ သူ႔ရဲ႕ ၿခိမ္းေျခာက္မႈက ဘားတန္းေအာက္ကို ထိၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ မန္ယူဂိုးသမား ဒေဟးယား မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရၿပီး သရဲနီေတြ အသည္းကြဲခဲ့ရတာျဖစ္ပါတယ္။

ကာစီမီ႐ိုေၾကာင့္ ႐ုန္းကန္ရေတာ့မယ့္ မန္ယူ
ဒီေန႔ပြဲမွာ သူ႔ကို ထည့္ကစားခဲ့တာက အသင္းရဲ႕ ကြင္းလယ္အင္အား ခ်ိဳ႕တဲ့သြားမွာစိုးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ကို လက္ခံႏိုင္ေပမယ့္ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တဲ့ ဒုတိယပိုင္းမွာေတာ့ ေစာေစာစီးစီး အနားေပးၿပီး ေခြၽတာခဲ့သင့္တာျဖစ္ပါတယ္။ ဇာဟာရဲ႕ ထိုးေဖာက္မႈကို အစိုးရိမ္လြန္ၿပီး ေဘာလုံးမထိဘဲ လူကို ဝင္ပိုင္းသလိုျဖစ္ခဲ့တဲ့ ကာစီမီ႐ိုအေနနဲ႔ ဒိုင္လူႀကီး ေရာဘတ္ဂ်ဳံးစ္ရဲ႕ အဝါကတ္လက္ေဆာင္ကို ပိုင္ဆိုင္ခဲ့ရၿပီး ပြဲစဥ္ ၁၉ မလြန္ခင္မွာပဲ ပၪၥမေျမာက္ အဝါကတ္ကို စုေဆာင္းသြားခဲ့လို႔ တစ္ပြဲပယ္ခံရေတာ့မွာျဖစ္လို႔ အာဆင္နယ္နဲ႔ အေဝးကြင္းပြဲစဥ္မွာ သူမပါဘဲ ယူႏိုက္တက္တို႔ အဆင္ေျပပါ့မလားဆိုတာကေတာ့ စိတ္ပ်က္ေနတဲ့ ကပၸတိန္ ေပၚတူဂီသားအတြက္ စိုးရိမ္စရာလည္းျဖစ္ခဲ့တာပါ။

တစ္ပတ္လွည့္ေန႐ုံနဲ႔ ၈၅ သန္း တန္ၿပီလား
ဒီပြဲမွာ ကပၸတိန္ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ စိတ္ပ်က္မႈကို ရရွိခဲ့တဲ့သူကေတာ့ ကာစီမီ႐ိုတစ္ေယာက္တည္း မဟုတ္ဘဲ ေပါင္ ၈၅ သန္းတန္ အန္တိုနီလည္း ပါဝင္ခဲ့ပါတယ္။ ဂိုးဧရိယာထိပ္က လြတ္လြတ္ကြၽတ္ကြၽတ္ ကန္ခြင့္ကို ကေလးကန္ခ်က္နဲ႔ ဂိုးသမား ဂြိဳင္တာဆီ ေပးခဲ့တဲ့ ဘရာဇီးလ္သား အေနနဲ႔ ဖာနန္ဒက္စ္ရဲ႕ ေပးပို႔မႈကို ကေရာ္ကမယ္လုပ္ၿပီး ႀကိဳးႀကိဳးစားစား ရယူဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ သူတို႔ၾကားမွာ မေၾကလည္မႈေတြ ျဖစ္ပြားခဲ့တာပါ။ ပရီးမီးယားလိဂ္မွာ မွတ္ေက်ာက္တင္ခံခ်င္ရင္ေတာ့ အျမန္ႏႈန္းနဲ႔ ေျပးဖို႔လႊားဖို႔ဘက္မွာ ဘယ္ေတာ့မွ ဇြဲမေလွ်ာ့မွပဲျဖစ္မွာေၾကာင့္ ေျခထဲက ေဘာလုံးကို တစ္ပတ္လွည့္တတ္႐ုံနဲ႔ေတာ့ ေပးထားရတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို မဆပ္ႏိုင္ေသးဘူးလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

ဗီယာရာရဲ႕ တပည့္ေက်ာ္မ်ား လူျပက္အၿငိမ့္
ပဲေလ့စ္နည္းျပ ဗီယာရာအေနနဲ႔ ဒီေန႔ပြဲမွာ ဇာဟာကို ညာျခမ္း၊ အိုလီေဆးကို ဘယ္ျခမ္းနဲ႔ မာတက္တာကို အေထာင္ထားၿပီး ေအဒူယာကိုေတာ့ ေနာက္ကေန ကြင္းလယ္နဲ႔ ခ်ိတ္ကစားခိုင္းခဲ့တာပါ။ ဒါေပမယ့္ သူ႔ရဲ႕ ပလန္က စိုးစတူးပစ္ျဖစ္သြားခဲ့သလို ဉာဏ္ရည္နိမ့္ေသးတဲ့ မာတက္တာက ေတာကန္ ကန္သြားခဲ့ၿပီး ေအဒူယာကေတာ့ ေဘာလုံးထိန္းတာေတာင္ တိုင္ပတ္ေနခဲ့လို႔ ဇာဟာတို႔အဖြဲ႕ တိုင္ပတ္သြားခဲ့ရတာပါ။ ဒါေတာင္မွ အရန္ခုံကအေန မာတက္တာအစား ဝင္လာၿပီး ေဘာလုံးအေျခခံ မေၾကညက္ဘဲ စေကးလ္ျပေနတဲ့ အီဇီေၾကာင့္ ရယ္စရာပိုျဖစ္ခဲ့ရသလို ဒီေန႔ပြဲမွာ သူတို႔အေနနဲ႔ အိုလီေဆးရဲ႕ ဖရီးကစ္ကေန တစ္မွတ္ျပန္ရခဲ့တာကေတာ့ ေျခစြမ္းနဲ႔ ရလဒ္ မကိုက္ညီလြန္းလို႔ ပိုၿပီးရယ္စရာလည္းျဖစ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.