Premier League

သိုင်းလောကစိန်ခေါ်သံတွေ ပါခဲ့တဲ့ BBC ရဲ့တိုက်ရိုက်တင်ဆက်မှု

ပွဲနေ့စီစဉ်တင်ဆက်သူ ဂယ်ရီ လိုင်နီကာဟာ ဝုလ်ဗ်စ်နဲ့ လီဗာပူးလ်တို့ရဲ့ အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် BBC ရဲ့ တိုက်ရိုက်တင်ဆက်နေမှုအတွင်း နောက်ကွယ်မှာ အပြာကားထဲက ဆူညံသံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် မျက်နှာကြီး ရဲသွားခဲ့ပါတယ်။

ပေါလ် အင့်စ်နဲ့ ဒန်နီ မာဖီတို့ဟာ စတူဒီယိုထဲကနေ ပူးပေါင်းခဲ့တာဖြစ်ပြီး ဂယ်ရီ လိုင်နီကာက ၎င်းရဲ့အသံကို မြှင့်လိုက်တဲ့အချိန်မှာ ဆူညံတဲ့ အပြာကားထဲက ဆူညံသံတွေကို ကြားခဲ့ရပြီးနောက် အနည်းငယ် ရယ်မောခဲ့သေးတာဖြစ်ပါတယ်။

လိုင်နီကာက အလန် ရှီးယားရားကို စကားပြောဆိုနေချိန်အတွင်း အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပြီး စတူဒီယိုထဲမှာ သက်တောင့်သက်သာ နွေးနွေးထွေးထွေးရှိပြီး အသံက နောက်ဆုံးပျောက်ကွယ်မသွားခင် နည်းနည်းတော့ ဆူတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီဆူညံသံကို ဘယ်သူလုပ်တာလဲ ကျွန်တော် မသိဘူး။ အလန်ရေ စတူဒီယိုထဲမှာ နွေးနွေးထွေးထွေးရှိပြီး နည်းနည်းလည်း ဆူတယ်။ တစ်စုံတယောက်က တစ်ယောက်ယောက်ရဲ့ ဖုန်းကို တစ်စုံတခု ပို့ခဲ့တာလား ကျွန်တော် မသိဘူး။ အဲဒါက ဟာသလုပ်တာလို့ ကျွန်တော် ထင်တယ်။ ခင်ဗျား အိမ်ကနေ အဲဒါကို ကြားလိုက်ရလားဆိုတာ မသိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့ပြီး ဂယ်ရီ လိုင်နီကာက အဲဒီဖြစ်စဉ်ကို ၎င်းရဲ့တွစ်တာအကောင့်ကနေ တုံ့ပြန်ခဲ့ပါတယ်။ ကီးပတ်ဖုန်းဟောင်းဓာတ်ပုံကို တင်ပြီး “အင်း ကျွန်တော်တို့ ရိုက်ကူးရေးနောက်မှာ ဒီ တိတ်ပတ်ထားတဲ့ဟာကို တွေ့ခဲ့တယ်။ အဖျက်အမှောင့်တွေရှိနေတာက တော်တော်လေး ပျော်ဖို့ကောင်းတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကလည်း လူမှုကွန်ရက်ပေါ်မှာ ၎င်းတို့ရဲ့ထင်မြင်ချက်ကို မျှဝေခဲ့ကြပြီး အများစုက ၎င်းတို့ရဲ့ မိန်းမတွေဟာ ဘောလုံးပွဲမကြည့်ဘဲ အပြာကားကြည့်နေတယ်ထင်သွားခဲ့ကြတယ်လို့ ဝန်ခံခဲ့ကြပါတယ်။

“BBC က စပီကာကနေတဆင့် အပြာကားဖွင့်ပြတာ ဒါမှမဟုတ် ငါတို့တွေ အရင်ဆုံးဂိုးသွင်းတာ ဘယ်အရာက ပိုပြီး အံ့အားသင့်စရာကောင်းလဲ မသိတော့ဘူး”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “BBC 1 ရေ ကျွန်တော့် မိန်းမက မီးဖိုချောင်ကနေ ကျွန်တော့်ကို အပြာကားကြည့်နေတယ်လို့ လှမ်းအော်ပြီး စွပ်စွဲနေပြီ။ အမျိုးသားတွေအနေနဲ့ ဘောလုံးပွဲကို အေးအေးချမ်းချမ်း ကြည့်လို့မရနိုင်ဘူးလား”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပြဲေန႔စီစဥ္တင္ဆက္သူ ဂယ္ရီ လိုင္နီကာဟာ ဝုလ္ဗ္စ္နဲ႔ လီဗာပူးလ္တို႔ရဲ႕ အက္ဖ္ေအဖလားပြဲစဥ္မတိုင္ခင္ BBC ရဲ႕ တိုက္႐ိုက္တင္ဆက္ေနမႈအတြင္း ေနာက္ကြယ္မွာ အျပာကားထဲက ဆူညံသံေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ မ်က္ႏွာႀကီး ရဲသြားခဲ့ပါတယ္။

ေပါလ္ အင့္စ္နဲ႔ ဒန္နီ မာဖီတို႔ဟာ စတူဒီယိုထဲကေန ပူးေပါင္းခဲ့တာျဖစ္ၿပီး ဂယ္ရီ လိုင္နီကာက ၎ရဲ႕အသံကို ျမႇင့္လိုက္တဲ့အခ်ိန္မွာ ဆူညံတဲ့ အျပာကားထဲက ဆူညံသံေတြကို ၾကားခဲ့ရၿပီးေနာက္ အနည္းငယ္ ရယ္ေမာခဲ့ေသးတာျဖစ္ပါတယ္။

လိုင္နီကာက အလန္ ရွီးယားရားကို စကားေျပာဆိုေနခ်ိန္အတြင္း အေျခအေနကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး စတူဒီယိုထဲမွာ သက္ေတာင့္သက္သာ ေႏြးေႏြးေထြးေထြးရွိၿပီး အသံက ေနာက္ဆုံးေပ်ာက္ကြယ္မသြားခင္ နည္းနည္းေတာ့ ဆူတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဒီဆူညံသံကို ဘယ္သူလုပ္တာလဲ ကြၽန္ေတာ္ မသိဘူး။ အလန္ေရ စတူဒီယိုထဲမွာ ေႏြးေႏြးေထြးေထြးရွိၿပီး နည္းနည္းလည္း ဆူတယ္။ တစ္စုံတေယာက္က တစ္ေယာက္ေယာက္ရဲ႕ ဖုန္းကို တစ္စုံတခု ပို႔ခဲ့တာလား ကြၽန္ေတာ္ မသိဘူး။ အဲဒါက ဟာသလုပ္တာလို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ား အိမ္ကေန အဲဒါကို ၾကားလိုက္ရလားဆိုတာ မသိပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲဒီဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ လ်င္လ်င္ျမန္ျမန္ပဲ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ဂယ္ရီ လိုင္နီကာက အဲဒီျဖစ္စဥ္ကို ၎ရဲ႕တြစ္တာအေကာင့္ကေန တုံ႔ျပန္ခဲ့ပါတယ္။ ကီးပတ္ဖုန္းေဟာင္းဓာတ္ပုံကို တင္ၿပီး “အင္း ကြၽန္ေတာ္တို႔ ႐ိုက္ကူးေရးေနာက္မွာ ဒီ တိတ္ပတ္ထားတဲ့ဟာကို ေတြ႕ခဲ့တယ္။ အဖ်က္အေမွာင့္ေတြရွိေနတာက ေတာ္ေတာ္ေလး ေပ်ာ္ဖို႔ေကာင္းတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း လူမႈကြန္ရက္ေပၚမွာ ၎တို႔ရဲ႕ထင္ျမင္ခ်က္ကို မွ်ေဝခဲ့ၾကၿပီး အမ်ားစုက ၎တို႔ရဲ႕ မိန္းမေတြဟာ ေဘာလုံးပြဲမၾကည့္ဘဲ အျပာကားၾကည့္ေနတယ္ထင္သြားခဲ့ၾကတယ္လို႔ ဝန္ခံခဲ့ၾကပါတယ္။

“BBC က စပီကာကေနတဆင့္ အျပာကားဖြင့္ျပတာ ဒါမွမဟုတ္ ငါတို႔ေတြ အရင္ဆုံးဂိုးသြင္းတာ ဘယ္အရာက ပိုၿပီး အံ့အားသင့္စရာေကာင္းလဲ မသိေတာ့ဘူး”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “BBC 1 ေရ ကြၽန္ေတာ့္ မိန္းမက မီးဖိုေခ်ာင္ကေန ကြၽန္ေတာ့္ကို အျပာကားၾကည့္ေနတယ္လို႔ လွမ္းေအာ္ၿပီး စြပ္စြဲေနၿပီ။ အမ်ိဳးသားေတြအေနနဲ႔ ေဘာလုံးပြဲကို ေအးေအးခ်မ္းခ်မ္း ၾကည့္လို႔မရႏိုင္ဘူးလား”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.